Day: June 9, 2015

Laptop တစ်လုံးဝယ်ယူရာတွင် သိထားရမည့် အချက် (၈) ချက်

အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ laptop ဟာ အလုပ်မှာပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ်၊ လမ်းပေါ်မှာပဲ ဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ အကောင်းဆုံး tool တစ်ခု ဖြစ်ပါတယ်။ Standalone tablet များနဲ့ စမတ်ဖုန်းတွေ ခေတ်စားနေချိန်မှာ ဗီဒီယိုကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ စာတမ်းတစ်စောင် ပြုစုခြင်း စတာတွေကို ပြုလုပ်တဲ့ အခါမှာ laptop ပေါ်ကနေ ပြုလုပ်တာက အကောင်းဆုံး ဖြစ်တယ်ဆိုတာကို လူအများစုက နားလည်လက်ခံထားကြပါတယ်။ ဒါကြောင့် laptop တစ်လုံးကို ဝယ်ယူတဲ့အခါမှာ မိမိနဲ့ သင့်တော်မယ့် laptop အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် သိထားရမယ့် အခြေခံအချက် (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။ (၁) Platform ကို ရွေးပါ — Mac လား […]

Read More

Asus Fonepad 7 K012

အားသာချက် အင်တာနက် သုံးစွဲမယ့် သူတွေအတွက် 3G ရော 2G ပါ အထောက်အပံ့ပေးနိုင်တဲ့ Dual SIM Slot ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Intel Processor ကို အသုံးပြုထားတာကြောင့် လုပ်ငန်းပိုင်း လုပ်ဆောင်မှုမှာ ပိုမိုကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အားနည်းချက် ကင်မရာပိုင်းမှာ Megapixel များတဲ့ ကင်မရာကို အသုံးပြုထားတာ မဟုတ်တဲ့အတွက် ကင်မရာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ကတော့ သိပ်စိတ်တိုင်းကျ စေမှာမဟုတ်ပါဘူး။ သုံးသပ်ချက် သယ်ဆောင်ရ လွယ်ကူပြီး ခရီးမကြာခဏ သွားတတ်တဲ့ သူများအတွက်တော့ အသုံးဝင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒီ Tablet ဟာ Intel Atom Processor ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် […]

Read More

Windows 8.1 တွင် System Restore အတွက်နေရာ သတ်မှတ်ပေးခြင်း

Windows System Restore နည်းပညာဟာ Windows XP ကတည်းက စတင်ထည့်သွင်းထားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။  ယခုဖော်ပြ ပေးမှာကတော့ Windows 8 နဲ့ 8.1 ကို အသုံးပြု သူတွေအတွက် System Restore ပြုလုပ်ထားနိုင်မယ့် နေရာကို ကိုယ်နှစ်သက်သလို ပြင်ဆင်ထားနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Windows 7 ကနေ Windows 8.1 အထိ ကွန်ပျူတာစနစ် တစ်ခုခုဖြစ်ပါက System Restore ကနေပြန်လည် ပြင်ဆင်နိုင်စေရန်အတွက် Restore Point ပြုလုပ်ပြီး သိမ်းဆည်းထား နိုင်ပါတယ်။ Windows 8 နဲ့ 8.1 တို့မှာတော့ System Restore ပြုလုပ် သိမ်းဆည်းနိုင်မယ့် Point တွေကို ကိုယ်လိုအပ်တဲ့ […]

Read More

Linux ကွန်ပျူတာများကို အဝေးမှနေ၍ အလွယ်တကူ ချိတ်ဆက်နိုင်ရန် Windows လုပ်ဆောင်မည်

Windows နှင့် Linux အခြေခံ ကွန်ပျူတာများ အချင်းချင်း လွယ်ကူစွာ ချိတ်ဆက်နိုင်ရန်အတွက် Secure Shell protocol နှင့် shell sessions ဟုခေါ်ဆိုသည့် SSH ထောက်ပံ့မှုများပေးရန် Power Shell အဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။ လက်ရှိ Windows နှင့် Linux ကွန်ပျူတာအကြား လုပ်ဆောင်ချက်များသည် အကန့်အသတ်သာ ရှိသေးပြီး ၎င်း feature အသုံးပြု နိုင်မည့်အချိန်ကိုပြောရန် စောနေသေးကြောင်း Microsoft ၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာ အိန်ဂျယ်ကယ်ဗို ကပြောဆိုခဲ့သည်။  ထိုသို့ပြောင်းလဲမှုသည် ခေါင်းဆောင်မှုနှင့် ယဉ်ကျေးမှုများကို ပြောင်းလဲပစ်နိုင်ကြောင်း ကယ်ဗိုက မှတ်ချက်ပေး ပြောကြားခဲ့သည်။  Microsoft ၏အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် ယခင်အကြီးအကဲများထက် […]

Read More

Computex 2015 တွင် ထုတ်ကုန်သစ်များကို Microsoft မိတ်ဆက်

Microsoft သည် Windows 10 အတွက် ရည်ရွယ်ကာ ဖန်တီးထားသည့် Asus, Toshiba နှင့် FoxConn တို့မှထုတ်လုပ်ခဲ့သော ထုတ်ကုန်များကို Computex 2015 ပြပွဲ၌ မိတ်ဆက်ခဲ့သည်။ အဆိုပါ ထုတ်ကုန်များသည် Computex 2015 ပြပွဲတွင် Microsoft ကမိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်သည်။ Microsoft ၏မိန့်ခွန်းတွင် Windows 10 တွင် ပါဝင်လာမည့် Cortana, Edge နှင့် Windows Hello များအကြောင်းကို ကုမ္ပဏီ၏ ပူးပေါင်းရေးဆိုင်ရာ ဒုဥက္ကဌ နစ်ခ်ပါကာက အဓိက ပြောကြားခဲ့သည်။ ယခုမိတ်ဆက်ခဲ့သည့် ထုတ်ကုန်အချို့သည် Windows 10 ထွက်ရှိ လာသောအခါတွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ပြီး ထုတ်ကုန်သစ်အတွင်း operating […]

Read More

မောင်မင်းခန့်နိုင်၏ Student Life

ဒီအပတ်မှာတော့ Info Myanmar College မှာ Pre Higher National Diploma UK ကို တက်ရောက်နေတဲ့ မောင်မင်းခန့်နိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အမည်၊ အသက်၊ ပညာအရည်အချင်းနဲ့ ဘယ်ဇာတိလဲ။ ကျွန်တော့်နာမည်က မောင်မင်းခန့်နိုင်ပါ။ ကျွန်တော့်အသက်က ၁၅ နှစ်ပါ။ ကျွန်တော် ၁၀ တန်း ဖြေထားပါ တယ်။ ကျွန်တော်က အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း မှာ နေပါတယ်။ Info Myanmar College မှာ HND Foundation တက်ရောက်နေတယ်လို့ သိရတယ်။ HND Foundation မှာ ဘာတွေသင်ယူရလဲ။ ဆက်တက်ရမယ့် HND က ဘယ်နိုင်ငံကပေးတာလဲ။ HND Foundation  […]

Read More

လာမည့်နှစ်အတွင်း ဒသမတန်း စာသင်ခန်းများတွင် စာသင်ကြားမှုနှင့် ကျောင်း တက်ရောက်မှုအား ကျောင်း

လာမည့်နှစ်အတွင်း ဒသမတန်း စာသင်ခန်းများတွင် စာသင်ကြားမှုနှင့် ကျောင်းတက်ရောက်မှုအား ကျောင်းတက်ရာခိုင်နှုန်းဖြင့် ထိန်းချုပ်မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ကျောင်းတက်ရာခိုင်နှုန်းကို ၇၅ ရာခိုင်နှုန်းဖြင့် ထိန်းချုပ်၍ ဖေဖော်ဝါရီလ ၁၈ ရက်အထိ တွက်ချက်ရမည်ဟု ညွှန်ကြားထားပြီး ဖေဖော်ဝါရီလ ၁၈ ရက်အထိ ကျောင်းတက် ရာခိုင်နှုန်း တွက်ချက်ရခြင်းသည် ဒုတိယနှစ် ဝက်ဆုံး စာမေးပွဲ စစ်ဆေးသည်အထိ ကျောင်းတက်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။ ဆရာ၊ ဆရာမများအနေဖြင့် ပြန်လှန် သင်ကြားခြင်းဖြင့် ဒုတိယနှစ်ဝက် မစစ်ဆေးမီ အချိန်အထိ သင်ကြားမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာမေးပွဲမတိုင်မီ နှစ်လ၊ သုံးလအလိုမှစ၍ ဆရာ၊ ဆရာမများအား စာသင်ကြားခြင်း မပြုရန် ခွင့်ပြုထားခြင်း မရှိဘဲ  ကျောင်းသား၊ ကျောင်းသူများအပေါ် အရေးယူ […]

Read More

Microsoft Office အား Google Chrome တွင် ထည့်သွင်း အသုံးပြုခြင်း

Microsoft Office အသုံးပြုသူများ အနေနှင့် Chrome Browser ကို အသုံးပြုနေချိန်တွင် Browser မှ တစ်ဆင့် Microsoft Word ကို တစ်ခါတည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Chrome Browser မှ Microsoft Office ကို အသုံးပြုဖို့အတွက် Word Online ဆိုတဲ့ Chrome Extension ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Extension ဟာ Chrome Browser ပေါ်မှာတင် Microsoft Word ကို အသုံးပြုနိုင်စေရန် အတွက် အထောက်အပံ့ပေးနိုင်တဲ့ Extension တစ်ခုပဲဖြစ်ပါတယ်။ Word Online ကို အသုံးပြုဖို့အတွက် Chrome Browser ကို ဖွင့်လိုက်ပါ။ […]

Read More

မလေးရှား ပညာရေးဝန်ကြီးဌာန၏ (၁၀) ကြိမ်မြောက် ပညာရေးစုံညီပွဲတော် ကျင်းပမည်

JenkoGroup of Educare Services မှ ဦးစီးကျင်းပမည့် မလေးရှားပညာရေးဝန်ကြီးဌာန၏ (၁၀) ကြိမ်မြောက် ပညာရေးစုံညီပွဲတော်ကို ဇွန်လ ၁၃ ရက်၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ Rose Garden ဟိုတယ်၊ ရန်ကုန်တွင်လည်းကောင်း၊ ဇွန်လ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဆီဒိုးနားဟိုတယ်၊ မန္တလေးတွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ပွဲတွင် ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ အခမဲ့စစ်ဆေးပေးခြင်း (Free English Placement Test) များကိုလည်း စစ်ဆေးပေးသွားမည်ဖြစ်သည်။ အဆိုပါ စုံညီပွဲတွင် မလေးရှားနိုင်ငံ၏ နာမည်ကြီးတက္ကသိုလ်များဖြစ်သော […]

Read More

iOS 9 တွင် ပါဝင်လာမည့် အကောင်းဆုံး feature သစ် (၅) မျိုး

Apple သည် တနင်္လာနေ့က ကျင်းပခဲ့သော WWDC 2015 တွင် နှစ်ကုန်ပိုင်း၌ မျိုးဆက်သစ် iPhone များနှင့်အတူ ဖြန့်ချိမည့် iOS ဗားရှင်းသစ်ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။ ၎င်းဗားရှင်းကို ယနေ့မှစတင်ကာ developer account တစ်ခုရှိသူတိုင်း စတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။ iOS 9 တွင် Apple က feature သစ်များကို ထည့်သွင်းပေးခဲ့ပြီး ၎င်းအနက် အကောင်းဆုံး feature သစ် (၅) မျိုးကို ဖော်ပြလိုက်ပါသည်။ (၁) ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသည့် Siri Siri သည် iOS 8 တွင် ပိုမိုကောင်းမွန်လာခဲ့သော်လည်း iOS 9 တွင် အပြောင်းအလဲများ ထပ်မံ ပြုလုပ်ထားသည်။ iOS […]

Read More