Day: June 8, 2015

Sony Xperia M4 Aqua

အားသာချက် ဈေးနှုန်းသင့်တင့်ပြီး ရေစိုခံ အကြမ်းခံနိုင်ရည် ရှိတဲ့အတွက် အသုံးပြုသူတွေ စိတ်ကျေနပ်စေမှာပါ။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်ပိုင်း တွေမှာလည်း အဆင်ပြေ ကောင်းမွန်တာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို တပ်ဆင်အသုံးပြု ထားတာဖြစ်ပြီး RAM ပိုင်းမှာလည်း မြင့်မားကောင်းမွန်ပါတယ်။ အားနည်းချက် ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်က နည်းပါတယ်။ မှတ်ဉာဏ်ဟာ 8GB ပါဝင်ပေမယ့် အသုံးပြုတဲ့ အချိန်မှာတော့ 4GB ကျော်လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုချင်တယ်ဆိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုရ ပါလိမ့်မယ်။ နည်းပညာ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်မှာ Stamana […]

Read More

အခန်းတွင်းရှိ လေထုညစ်ညမ်းမှုကို စောင့်ကြည့်ပေးသော Laser Egg gadget ကို တရုတ်ကုမ္ပဏီ မိတ်ဆက်

ဘေကျင်းအခြေစိုက် Origins Technology သည် Laser Egg ဟုအမည်ရသော နောက်ဆုံးပေါ် ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ထုတ်ကုန်သည် အိမ်နှင့်အသေးစား လုပ်ငန်းများတွင် လေထုညစ်ညမ်းမှုကို တိကျစွာစောင့်ကြည့် ပေးမည်။ ၎င်း gadget ကို ယွမ် ၃၇၉ (ကန်ဒေါ်လာ ၆၂) ဖြင့်ရောင်းချ သွားမည်ဖြစ်ပြီး ဘက်ထရီ ပါဝင်သည့်အပြင် လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ ထို့အပြင် gadget ၏မျက်နှာစာ display တွင်လက်ရှိ တိုင်းတာရရှိသည့် လေအရည်အသွေးကို ပြသပေးမည် ဖြစ်သည်။ Origins ကုမ္ပဏီသည် Laser Egg ဖြန့်ချိရန်အတွက် ပြင်ပရှိလေ အရည်အသွေး တိုင်းတာပေးသော တရုတ်နိုင်ငံ၏ နာမည်ကျော် app တစ်ခုနှင့် ပူးပေါင်း၍ ကိုယ်ပိုင် app […]

Read More

စက္ကူကဲ့သို့ လိပ်ထားနိုင်သော OLED display ကို LG မိတ်ဆက်မည်

LG Display သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် ကျင်းပမည့် 2015 Society for Information Display conference တွင် ၁၈ လက်မအရွယ်ရှိ ကွေးလွယ်ဆန့်လွယ်သော display ကို မိတ်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ display သည် စာရွက်တစ်ရွက်ကဲ့သို့ ပါးလွှာမှုရှိပြီး ၎င်း၏လုပ်ဆောင်ချက်များကို မထိခိုက်ဘဲ အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်ကြောင်း LG Display ကဖော်ပြခဲ့သည်။ အဆိုပါ OLED display ကို LG Display ၏အကြီးအကဲ နည်းပညာအရာရှိ အင်ဗြောင်ဂန်း မိန့်ခွန်းပြောဆို လျက်ရှိသည့် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် မိတ်ဆက်သွားမည် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည် CES ပြပွဲတွင် OLED […]

Read More

အရောင်များကပြောသော ခံစားချက်များ (Vocabulary Lesson)

ဘာသာစကားတိုင်းမှာ အရောင်နဲ့ ပတ်သက်တဲ့အသုံးတွေ ရှိတတ်ပါတယ်။ အရောင်အသွေးဆိုတာ ကမ္ဘာတစ်ဝန်းမှာ ရှိတယ်။ အဲ့ဒီတော့ နေ့စဉ်သုံး စကားတွေမှာ အရောင်တွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း ကျွန်တော်တို့ရဲ့ စရိုက်၊ အမူအကျင့်၊ လှုပ်ရှားမှုတွေ ခိုင်းနှိုင်းကာ ပမာပေး ပြောဆိုကြပါတယ်။ အရင်တစ်ခေါက်တုန်းက English မှာ အဖြူနှင့် အမည်းနဲ့ ဆိုင်တဲ့အသုံးတချို့ကို တင်ပြခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ အခြားအရောင်နဲ့ဆိုင်တာလေးတွေကို ဆက်လက် တင်ပြချင်ပါတယ်။ အင်္ဂလိပ်မှာ ပန်းရောင်ကို ကျန်းမာရေးနဲ့ ခိုင်းနှိုင်းပြောကြတယ်။ တစ်စုံတစ်ယောက်က ကျန်းမာရေး ကောင်းတယ်ဆိုရင် “in the pink”လို့ ပြောကြတယ်။ ကျန်းမာရေးကို pink နဲ့ ဘာကြောင့် တင်စားသလဲဆိုတာ ခန့်မှန်းရလွယ်ကူပါတယ်။ အသားအရေ အဖြူရောင်ရှိတဲ့ အနောက်နိုင်ငံသားတွေက သူတို့ရဲ့မျက်နှာက ကြည်လင်နေပြီး ပန်းရောင်သန်းနေရင် သွေးလေမှန်ပြီး […]

Read More

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းတွင် စက်တင်ဘာလအတွင်း သင်တန်းများ စတင်ဖွင့်လှစ်မည်

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (Singapore Myanmar Vocational Training Institute SMVTI) ကို ရန်ကုန်မြို့ နတ်မောက်လမ်းရှိ အမှတ် (၁) စက်မှုလက်မှု အထက်တန်းကျောင်း၌ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလအတွင်း သင်တန်းများကို စတင်ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။  နိုင်ငံတော်သမ္မတ၏ စင်ကာပူခရီးစဉ်အတွင်း သဘောတူဆွေးနွေးချက်အရ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (Singapore Myanmar Vocational Traning Institute SMVTI) ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ သင်တန်းများ (Hospitality and Tourism) လျှပ်စစ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ (Electrical and Electronic)၊ […]

Read More

Microsoft ၏ ပညာရေးဆိုင်ရာ အစီအစဉ်တစ်ခု ဇွန် ၂၆ ရက်စတင်မည်

မြန်မာနိုင်ငံအတွင်း ပညာရေး ဆိုင်ရာအစီအစဉ်တစ်ခု ဇွန် ၂၆ ရက် စတင်မည်ဖြစ်ကြောင်း Microsoft ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez က ပြောကြားသည်။ Innovative School နှင့် Innovative Educator အစီအစဉ်များဖြစ်ပြီး ပြည်တွင်းရှိ နည်းပညာဆိုင်ရာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ဆိုက်ဘာနည်းပညာ ဆိုင်ရာ များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ဇွန် ၂၆ မှစတင် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ “ပညာရေးနဲ့ ဆိုင်တဲ့လှုပ်ရှားမှု တစ်ခု အဖြစ် ဆောင်ရွက် တာ ဖြစ်ပါတယ်။ Microsoft  သုံးနေတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေပါဝင်မှာပါ၊ သူတို့တွေကို နိုင်ငံခြားမှာရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ […]

Read More

Yahoo Maps ဝက်ဘ်ဆိုက်ကို ဇွန်လကုန်တွင် ရပ်ဆိုင်းမည်

လွန်ခဲ့သည့် ၈ နှစ်က Yahoo မှ မိတ်ဆက်ပေးခဲ့သည့် Maps ဆိုက်ကို ဇွန်လကုန်တွင် ရပ်ဆိုင်းသွားမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။ သို့သော်လည်း အဆိုပါ ဝန်ဆောင်မှုကို အပြီးတိုင် ရပ်ဆိုင်းမည် မဟုတ်ကြောင်းနှင့် Yahoo search engine, Flickr photo-sharing ဆိုက်များအပါအဝင် ကုမ္ပဏီ၏ အခြားသော ဝန်ဆောင်မှုအချို့တွင် မြေပုံစနစ်ကို ဆက်လက် ထောက်ပံ့ပေးသွားမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။ အဆိုပါ ကြေညာချက်သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မာရီဆာမေယာက Yahoo ၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မေယာသည် ၂၀၁၂ ခုနှစ်က Yahoo ၏ အမှုဆောင်အရာရှိချုပ် ရာထူးကို စတင်ရယူခဲ့ပြီးနောက် ကုမ္ပဏီ၏ မိုဘိုင်းဝန်ဆောင်မှုများကို […]

Read More

Fuji Xerox နှင့် Gakken Holding တို့မှ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ပူးပေါင်း၍ သင်ကြားရေးစာအုပ်များ ပေးအပ်á

Fuji Film Group ၏ Fuji Xerox Co.,ltd နှင့် Gakken Holding Co.,ltd တို့မှ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ပညာရေးကွာဟချက် ထိန်းညှိနိုင်ရေးအတွက် ရည်ရွယ်သော သင်ကြားရေး စာအုပ်များ ထောက်ပံ့ပေးမှုကို ဇွန်လ ၃ ၇က်နေ့ မနက် ၁၀ နာရီက လှိုင်သာယာ အလယ်ရွာရှိ အမှတ် (၁) မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

Read More

Microsoft ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez နှင့် တွေ့ဆုံခြ

Microsoft ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez နှင့် နည်းပညာသတင်းထောက်အချို့တို့ မေလ (၂၈) ရက်နေ့ က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်မှ ပြောကြားချက်၊ မေးမြန်းဖြေကြားချက်များ ဖြစ်ပါသည်။ မေး- Microsoft က Cyber လုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဆောင်ရွက်ချက်တွေကို သိလိုပါတယ်။ ဖြေ- Microsoft အနေနဲ့ Cyber လုံခြုံရေးနဲ့ပတ်သက်ပြီး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ပညာရေးလုပ်ငန်းတွေမှာ Cyber နဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေလုပ်သွားမှာပါ။ ဆောင်ရွက်တဲ့အခါ အစိုးရအနေနဲ့ ပါဝင်ပတ်သက်မှုကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် Cyber Security Law က ဘယ်မှာလဲ။ အဲဒါတွေလည်း လိုအပ်တယ်။ နောက်ပြီး Public Private […]

Read More