Day: June 4, 2015

Fttx ရောင်းချမှု ရပ်ဆိုင်း

ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပြည်တွင်း Local Service Provider (LSP) များမှ ရောင်းချပေးလျက်ရှိသော Fttx ( Fiber to the Home) အင်တာနက်လိုင်းကို ရောင်းချမှု ရပ်ဆိုင်းထားကြောင်း သိရသည်။ မေလ ၁၈ ရက်မှစတင်၍ Fttx လိုင်းများ ရောင်းချခြင်းကို ရပ်ဆိုင်းထားရှိရန် ရတနာပုံတယ်လီပို့က ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်နေသည့် LSP များကို ညွှန်ကြားချက် ထုတ်ခဲ့ခြင်းဖြစ်သည်ဟု Red link ကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သူ ကိုမျိုးမြင့်ညွှန့်က ပြောသည်။ “၁၈ ရက်နေ့ကစပြီး အရောင်းရပ်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဘယ်တော့ ပြန်ရောင်းခွင့်ရမယ်ဆိုတာ ကတော့ ရတနာပုံအပေါ်မှာ မှုတည်ပါတယ်။ Fttx က အခု ဆိုရင်လည်း နေရာအနှံ့ကိုတော့ မရောက်သေးပါဘူး။ တချို့နေရာတွေဆိုရင် တံတားတွေကို […]

Read More

အပူလွန်ကဲမှု ဖြစ်ပွားသည့် Beats Pill XL စပီကာများကို Apple ပြန်လည်သိမ်းဆည်း

အပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားနိုင်သည့်အတွက် Beat Pill XL စပီကာများ အသုံးပြုခြင်းကို ရပ်ဆိုင်းရန် Apple က သုံးစွဲသူများထံ သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။ Apple သည် အဆိုပါ စပီကာများကို ပြန်လည်သိမ်းဆည်းပြီး ဝယ်ယူထားသူများထံ ငွေပြန်အမ်းသွားမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ၎င်းစပီကာများတွင် ပါဝင်သည့် ဘက်ထရီသည် အပူလွန်ကဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ Beats Pill XL စပီကာများတွင် စပီကာသံပန်း၌ Beats “b” အမှတ်တံဆိပ် ပါဝင်ပြီး လက်ကိုင်တွင် beats pill XL ဟု ရေးသားထားသည်။ ၎င်းကို အနက်ရောင်၊ အပြာရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အဖြူရောင်တို့ဖြင့် ရရှိနိုင်သည်။ Apple […]

Read More

be Tab 10 Pro Road Show ကျင်းပပြုလုပ်မည်

be Tab 10 Pro Road Show ကို မေလ ၁၈ ရက် မှဇွန်လ ၂၁ ရက်အထိ Technoland, KMD, Citicom, King Power နှင့် Idea Link အရောင်းဆိုင်များတွင် အလည့်ကျကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Road Show တွင် be Tab 10 Pro Wifi ကို USD 259 ဖြင့် ဝယ်ယူနိုင်ပြီး 16 GB micro SD Card နှင့် Fujitsu Wireless Mouse, be Tab 10 Pro Wifi + 3G […]

Read More

Huawei P8 အပါအဝင် အခြားနောက်ဆုံးပေါ် Device များအား အရှေ့တောင်အာရှသို့ မိတ်ဆက်

Huawei P8 အပါအဝင် အခြားနောက်ဆုံးပေါ် Device များအား အရှေ့တောင်အာရှသို့ မိတ်ဆက်ပွဲအခမ်း အနားကို မေလ ၂၈ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Centara Grand Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အရှေ့တောင်အာရှရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဖိတ်ကြားထားသော ဧည့်သည်တော် ၅၀၀ ကျော်က Huawei ၏ နောက်ဆုံးပေါ် စမတ်ဖုန်း၊ ဝတ်ဆင်နိုင်သော ထုတ်ကုန်ပစ္စည်းများ (Wearable Devices) စသည်တို့၏ ဆန်းသစ်တီထွင်မှုများ၊ နည်းပညာသစ်များကို တက်ရောက်လေ့လာခဲ့ကြသည်။ ၎င်း P8 သည် 4G Android စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ယခင် ဖုန်းများထက် ပိုမိုပါးလွှာပြီး 2600mAh ဘက်ထရီနှင့် 64-bit Octa-Core Chipset […]

Read More

Hardware Emulation

Hardware emulation ဆိုသည်မှာ hardware ထုတ်ကုန်တစ်ခုကို အခြား hardware ထုတ်ကုန် တစ်ခုကဲ့သို့ အသုံးပြုနိုင်သည့် အသွင်ဖြင့် တုပပြုလုပ်ခြင်း ဖြစ်သည်။ Hardware emulator တစ်ခုကို ကွဲပြားခြားနားသည့် အခြားသော hardware platform တစ်ခုလုံးအနေဖြင့် အသုံးပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ထားသည်။ ယေဘုယျအားဖြင့် Hardware emulation ကို ကွန်ပျူတာ hardware နှင့် software တို့၏ အပြစ်ရှာဖွေခြင်းနှင့် system တစ်ခုကို အတည်ပြုခြင်းတို့အတွက် အသုံးပြုကြသည်။ Administrator တစ်ယောက်သည် virtual machine တစ်ခုအတွင်း အထောက်အပံ့ မပေးထားသည့် operating system တစ်ခုကို အသုံးပြုလိုသည့်အခါ hardware emulation ကို အသုံးပြုရသည်။ ၎င်းဖြစ်စဉ်တွင် virtual machine […]

Read More

MBA Program နှစ်(၂၀) ပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပ

MBA Program နှစ် (၂၀)ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား၊ ဓာတ်ပုံပြပွဲနှင့် ပတ္တမြားစာကြည့်တိုက် မွမ်းမံပြင် ဆင်ဖွင့်လှစ်ပွဲကို နံနက် ၈း၃၀ မှ ၁၀း၃၀ အထိလည်းကောင်း၊ MBA HR Forum ကျင်းပခြင်းကို နံနက် ၁၀း၃၀ မှ ညနေ ၅း၀၀ နာရီ အထိလည်းကောင်း လှိုင်နယ်မြေအတွင်းရှိ ပတ္တမြားဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

U20 နှင့် ပတ်သက်သည့် သတင်းများကို SMS ဖြင့် ရယူနိုင်

U20 ဘောလုံးအသင်းနှင့် ပတ်သက်သည့် သတင်းများကို SMS ဖြင့် ပေးပို့သွားမည်ဟု Ooredoo က ကြေညာသည်။ အဆိုပါ ဝန်ဆောင်မှုကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရယူနိုင်မည်ဖြစ်ပြီး ဝန်ဆောင်ခအနေဖြင့် ၈၉၀ ကျပ် ကျသင့်မည်ဟု သိရသည်။ U 20 နှင့် ပတ်သက်သည့် သတင်းများကို ပြိုင်ပွဲပြီးဆုံးမည့် ဇွန်လ ၂၀ ရက်အထိ ပေးပို့သွားမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် သတင်းအချက်အလက် ရယူလိုပါက ၄၅၄၅ သို့ ON MU20 ဟု ပေး ပို့ရမည်ဖြစ်သည်။

Read More

The Witcher 3 – Wild Hunt

ပိုလန်နိုင်ငံမှာ ၂၀၀၂ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Game Studio CD Projekt RED ဟာ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူတို့ရဲ့ ပွဲဦးထွက် Action RPG ဂိမ်း The Witcher ကြောင့် နာမည်ရခဲ့သလို နောက်ဆက်တွဲအနေနဲ့လည်း စာရေးဆရာ Andrzej Sapkowski ရဲ့ The Witcher Novel ဇာတ်လမ်းတွေကို မှီငြမ်းထားတဲ့ ဂိမ်းတွေကို ဆက်လက် ဖြန့်ချိခဲ့တာ တွေ့ရမှာပါ။ ဒါပေမဲ့ The Witcher နှင့် The Witcher 2 – Assassin’s of Kings က ပုံမှန်ကစားနေကျ core gamers တွေကြားထဲမှာ နာမည်ရထားပြီးသား ဆိုပေမယ့် CD Projekt […]

Read More

LG 3D Blu-ray Home Theater

စွမ်းအားပြည့် LG အမှတ်တံဆိပ် BH-7540W မော်ဒယ် 5.1 Channel 3D Blu-ray Home Theater အမျိုးအစားဖြစ်ပြီး အမြင့်ဆုံး 1200Watts အထိ ထုတ်ပေးနိုင်မည် ဖြစ်သည်။ Front စပီကာနှစ်လုံး၊ Center စပီကာတစ်လုံး၊ Sub-woofer တစ်လုံး၊ surround နှစ်လုံးတို့အား Hi-Fi system ဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည့်အတွက်ကြောင့် အိမ်အတွင်း အသေးစားရုပ်ရှင်ရုံတစ်ရုံကဲ့သို့ ခံစားနိုင်မည် ဖြစ်သည်။ USB ဖြင့် သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုကြည့်ခြင်းများကို မိမိစိတ်ကြိုက် ပြုလုပ်နိုင်မည်ဖြစ်သည်။ အသံကွဲအက်ခြင်းမရှိသော Aramid Fiber ကို အသုံးပြုထားခြင်းကြောင့်  သဘာဝ အကျဆုံးအသံကို ပေးစွမ်းနိုင်သည်ဟု သိရသည်။ ကြိုးမဲ့စနစ်ဖြင့်လည်း ချိတ်ဆက် နားထောင်နိုင်မည် ဖြစ်သည်။ […]

Read More

Solar Energy Kit

အိမ်သုံး၊ ဆိုင်သုံးအနေဖြင့် အသုံးပြုနိုင်ပြီး အဓိကအနေဖြင့် လျှပ်စစ်မီးမရသောနေရာများတွင် အလင်းရောင်ကောင်းကောင်း ရနိုင်အောင် ထုတ်လုပ်ပေးထားသော Solar Home System တစ်မျိုး ဖြစ်သည်။ Solar Plate တစ်ခုပါဝင်ပြီး နေရောင်တိုက်ရိုက်၊ ဒါမှမဟုတ် အလင်းရောင်ရှိသော နေရာမျိုးတွင်ပါထားပြီး အားပြန် သွင်းပေးနိုင်မည် ဖြစ်သည်။ လက်ကိုင်ပါဝင်သည်။ သွားလေရာ အလွယ်တကူ သယ်သွားနိုင်သော Battery Pack တစ်ခု ပါဝင်ပြီး DC Output နှစ်ခုပါဝင်သည်။ အလင်းအားကောင်းပြီး အဖြူ ရောင် LED မီးနှစ်ခုပါဝင်သည်။ ကြိုး ၁၀ ပေစီ ပါဝင်သည့်အတွက် စိတ်ကြိုက်ရွေ့လျားနိုင်မည် ဖြစ်သည်။ မီးတစ်လုံးတည်း အသုံးပြုမည်ဆိုပါက နာရီ ၃၀၊ မီးနှစ်လုံးအသုံးပြုမည်ဆိုပါက ၁၅ နာရီ ဆက်တိုက် […]

Read More