Day: June 2, 2015

အမေရိကန်နှင့် ဥရောပတွင် အွန်လိုင်းစတိုးများ Xiaomi ဖွင့်လှစ်မည်

Xiaomi သည် လာမည့်ရက် အနည်းငယ်အတွင်း အွန်လိုင်း Mi.com စတိုးများကို အမေရိကန်နှင့် ဥရောပတို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သော်လည်း ဖုန်းများကိုမူ ဝယ်ယူနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။ အဆိုပါ စတိုးများကို  ဇွန်  ၂ ရက် ယူကေ၊ ပြင်သစ်နှင့် ဂျာမနီတို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အမေရိကန် နိုင်ငံတွင် ဇွန် ၁ ရက်မှသာ စတိုးကိုဖွင့်လှစ် သွားမည်ဖြစ်သည်။  ၎င်း Xiaomi စတိုးများတွင် Mi Power Bank, Mi Headphone များနှင့် Mi Band အပါအဝင် အခြား accessory များကိုလည်း ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် iPhone 6 များကို အနည်းဆုံး ၃.၅  ကြိမ်ခန့် […]

Read More

Mac OS ပေါ်တွင် Partition အသစ်တစ်ခုအား ဖန်တီးပြုလုပ်ခြင်း

Mac OS အသုံးပြုသူတွေအ နေနဲ့မိမိရဲ့ Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်မှာ Partition နောက်ထပ်တစ်ခုကို ထပ်မံပြုလုပ် လိုတယ်ဆိုရင် အလွယ်တကူနဲ့ ပြုလုပ်ဖန်တီး နိုင်မှာဖြစ်ပါတယ်။ Mac OS အသုံးပြုထားတဲ့ Partition ကနေ Data တွေ သိမ်းဆည်းဖို့အတွက် နောက်ထပ် Partition တစ်ခုကို ဖန်တီးပြုလုပ် လိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Mac OS ပေါ်မှာ Partition တစ်ခု ပြုလုပ်ဖို့အတွက် ပထမဆုံး Dork ပေါ်မှာ Launchpad ကိုဖွင့်လိုက်ပါ။ Launchpad ဖွင့်ပြီးရင် Disk Utility ဆိုတာကို ရှာပြီးဖွင့်လိုက်ပါ။ Disk Utility ထဲမှာ လက်ရှိကိုယ်သုံးနေတဲ့ Hard […]

Read More

တရုတ်နိုင်ငံ၏ အကြီးမားဆုံး အငှားယာဉ် app ကုမ္ပဏီတွင် Weibo ရင်းနှီးမြှုပ်နှံမှု ပြုလုပ်

Twitter နှင့် အလားသဏ္ဌာန်တူသည့် တရုတ်နိုင်ငံ၏ လူမှုရေးကွန်ရက် Weibo သည် နိုင်ငံတွင်းရှိ အကြီးမားဆုံး အငှားယာဉ် app ကုမ္ပဏီ Didi Kuaidi တွင် ကန်ဒေါ်လာ ၁၄၂ သန်း ရင်းနှီးမြှုပ်နှံ ခဲ့သည်။ Didi Kuaidi သည် တရုတ်နိုင်ငံ၏ အငှားယာဉ် ဝန်ဆောင်မှုပေးသည့် ထိပ်တန်း app များဖြစ်သော Didi Dache နှင့် Kuaidi Dache တို့ကို ပိုင်ဆိုင်သည်။ အဆိုပါ ကော်ပိုရေးရှင်း ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လက်ခံရာတွင် စည်းကမ်းဆိုင်ရာ အတည်ပြုချက်များကို မရရှိသေးပေ။ ထိုရင်းနှီး မြှုပ်နှံမှုသည် စည်းကမ်းပြည့်ဝသော အငှားယာဉ်များကို ပိုမိုစီးနင်းလိုသည့် ဈေးကွက်၏ ၉၉ ရာခိုင်နှုန်းခန့်ကို စိုးမိုးထားနိုင်မည် ဖြစ်သည်။ ထို့အပြင် […]

Read More

Snapchat သုံးစွဲသူများ နေ့စဉ်ဗွီဒီယို ကြည့်ရှုသူ ၂ ဘီလီယံခန့်ရှိ

Snapchat သုံးစွဲသူများသည် နေ့စဉ်နှင့်အမျှ ဗွီဒီယို ၂ ဘီလီယံခန့် ကြည့်ရှုကြောင်း Bloomberg မှပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် Snapchat အမှုဆောင် အရာရှိချုပ် အီဗန်စပီဂျယ်က ပြောကြားသွားခဲ့သည်။ ထိုသို့ Snapchat သုံးစွဲသူများ၏ နေ့စဉ်ဗွီဒီယို ကြည့်ရှုမှု အရေအတွက် ထက်ဝက်ခန့်သည် Facebook တွင် ၎င်း၏ သုံးစွဲသူများ ဗွီဒီယိုကြည့်ရှုသည့်နှုန်း ဖြစ်သည်။ သို့သော်လည်း Snapchat ၏ဗွီဒီယို ကြည့်ရှုမှုနှုန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ၌ ဗွီဒီယို feature နောက်ပိုင်း လေးနှစ်အကြာတွင် တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။ Facebook အနေဖြင့် ဗွီဒီယို feature ကို ၂၀၀၄ ခုနှစ် တစ်ဝိုက်က စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် Snapchat […]

Read More

မြန်မာကျောင်းသူတစ်ဦး ယူကေ တက္ကသိုလ်ကြီး ခြောက်ခုမှ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ ကမ်း

မြန်မာနိုင်ငံမှကျောင်းသူ တစ်ဦး ယူကေတက္ကသိုလ်ကြီးခြောက်ခုမှ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ ကမ်းလှမ်းခံရကြောင်း သိရသည်။ အဆိုပါကျောင်းသူ၏ အမည်မှာ မကြည်ဆုမွန်ဖြစ်ပြီး CROWN Education တွင် American College Program (Global Assessment Certificate – GAC) ကို တက်ရောက်ပြီးသော ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။ “ပညာရေးဘာသာရပ်နဲ့က ၂ ကျောင်း၊ ဗိသုကာဘာသာရပ်နဲ့က ၄ ကျောင်း Acceptance Letter ရထားပါတယ်။ GAC ကို ၂၀၁၄ ဖေဖော်ဝါရီကနေ ဒီဇင်ဘာ ၂၀၁၄ ထိ CROWN Education မှာ တက်ခဲ့တယ်။ အမှတ်က GPA 3.6 ရရှိပြီး Outstanding Award ကိုလည်း ရရှိခဲ့ပါတယ်” ဟု မကြည်ဆုမွန်က […]

Read More

မြန်မာနိုင်ငံတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ကာကွယ်ရန် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနသစ် ဖွဲ့စá

မြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများနှင့် ပြည်သူများ၏ အွန်လိုင်းအသုံးပြုမှုများအတွက် လုံခြုံရေးပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက သတင်း အချက်အလက်နှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ဟူ၍ အသစ်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မေလ ၂၉ ရက်က နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်သက်က တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။ “၂၀၁၅ ဇန်န၀ါရီ ၁၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂/၂၀၁၅ မှ အတည်ပြုခဲ့ပြီးဖြစ်သည့် ဖွဲ့စည်းပုံအသစ်အရ ၁.၄.၂၀၁၅ မှ စတင်ပြီးဖွဲ့ လိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးရုံး(အမြဲတမ်း အတွင်းဝန်ရုံး)၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး […]

Read More

၂၀၁၄ ခုနှစ် ဧပြီလ သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ ၃၂.၉ ရာခိုင်နှုန်á

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၄ ခုနှစ် ဧပြီလတွင် လူဦးရေနှင့် မြန်မာနိုင်ငံ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း ၅၁.၅ သန်းရှိပြီး တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ ၃၂.၉ ရာခိုင်နှုန်းသည် လက်ကိုင်ဖုန်း သုံးစွဲလျက် ရှိကြောင်း ပြည်သူ့အင်အား ဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်သော သန်းခေါင်စာရင်းက ညွှန်းဆိုသော မြန်မာ့ပုံရိပ်အရ သိရသည်။ “တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံးရဲ့ ၃၃ ရာခိုင်နှုန်းဟာ လက်ကိုင်ဖုန်းသုံးစွဲကြောင်း တွေ့ရပါတယ်။ လက်ကိုင်ဖုန်းရှိတဲ့ အိမ်ထောင်စုအချိုးအနေနဲ့ မြို့ပြမှာ ၆၃.၅ ရာခိုင်နှုန်းဖြစ်ပြီး ကျေးလက်မှာ ၂၁ ရာခိုင်နှုန်း ရှိပါတယ်” ဟု မေလ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ MICC […]

Read More

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ်လကုန် အထိ မိုဘိုင်းဖုန်း သိပ်သည်းဆ ၅၄ ရာခိုင်နှုန်းရှိပြီ ဟ

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ် လ ၃၁ ရက်အထိ စာရင်းအရ မိုဘိုင်းဖုန်း သိပ်သည်းဆမှာ ၅၄ ရာခိုင်နှုန်းအထိ တိုးတက်လာပြီဖြစ်ကြောင်း မေလ ၂၉ ရက်က နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနရုံး၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲအပြီးတွင် သတင်းစာ ဆရာများ၏ အမေးကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးစောထူးသာက ပြန်လည်ဖြေကြားခဲ့သည်။ “၂၀၁၅ မတ်လ ၃၁ ရက် အထိကို MPT အနေနဲ့ ဆင်းမ်ကတ်ပေါင်း ၁၈ သန်းကျော် (၁၈၃၆၆၀၃၆) ရောင်းချပြီး ဖြစ်သလို Ooredoo အနေ နဲ့ ဆင်းမ်ကတ်ပေါင်း သုံးသန်းကျော် (၃,၃၂၉,၀၀၀) နဲ့ Telenor အနေနဲ့ […]

Read More

ကမ္ဘာ့အသေးငယ်ဆုံး 128GB USB 3.0 flash drive ကို SanDisk မိတ်ဆက်

သိုလှောင်မှုထုတ်ကုန်များဖြင့် နာမည်ကျော် လူသိများသည့် SanDisk ကုမ္ပဏီသည် ကမ္ဘာ့အသေးငယ်ဆုံး USB 3.0 flash drive ဖြစ်သော 128GB SanDisk Ultra Fit USB 3.0 flash drive ကို မိတ်ဆက်ပေးခဲ့သည်။ တစ်လက်မ၏ လေးပုံသုံးပုံ အရွယ်ခန့်သာရှိသော အဆိုပါ flash drive ၏ အရွယ်အစားမှာ အကျယ် ၀.၆၃ လက်မနှင့် အမြင့် ၀.၃၅ လက်မ ဖြစ်သည်။ SanDisk ၏ 128GB drive သည် သိုလှောင်မှု ပမာဏ ပိုမိုလိုအပ်သည့် notebook သုံးစွဲသူများထံ အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ drive ကို အမြဲတမ်း တပ်ဆင် […]

Read More

Windows 10 ကို ဇူလိုင်လ ၂၉ ရက်တွင် ဖြန့်ချိရန် Microsoft စီစဉ်

Microsoft သည် Windows 10 operating system သစ်ကို ဇူလိုင်လ ၂၉ ရက်တွင် ဖြန့်ချိရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ operating system ဒုဥက္ကဋ္ဌ တယ်ရီမိုင်ယာဆန်က ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ ဆော့ဖ်ဝဲကုမ္ပဏီကြီးသည် ယခင်က Windows 10 ကို နွေရာသီတွင် နိုင်ငံပေါင်း ၁၉၀ ထံ၌ ဘာသာစကား ၁၁၁ မျိုးဖြင့် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။ Microsoft သည် Windows 10 technical preview ဗားရှင်းကို စမ်းသပ်သုံးစွဲသူ အချို့ထံ နှစ်ကုန်ပိုင်းက ဖြန့်ချိခဲ့သည်။ ၎င်း OS ကို စီးပွားရေးလုပ်ငန်းများနှင့် လူသုံးကုန်အတွက် ရည်ရွယ်ဖန်တီးထားပြီး desktop များ၊ laptop များ၊ […]

Read More