Day: June 1, 2015

စင်ကာပူနိုင်ငံရှိ BCA Academy ၏ ပညာရေးဆွေးနွေးပွဲ ပြုလုပ်

စင်ကာပူနိုင်ငံရှိ BCA Academy ၏ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် ပညာရေးဆွေးနွေးပွဲကို မေလ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာကျောင်းသား၊ ကျောင်းသူများ စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာကောင်းများအဖြစ် ရပ်တည်နိုင်မည့် အခွင့်အရေးတစ်ခုအဖြစ် စင်ကာပူနိုင်ငံရှိ BCA Academy (Building and Construction Authority) တွင် တက်ရောက် သင်ကြားနိုင်ပြီး ထိုကျောင်းတွင် သင်ယူနိုင်သော အင်ဂျင်နီယာဘာသာရပ် ၈ ခု အကြောင်း ဆွေးနွေးခဲ့သည်။ BCA Academy ၏ ဒီပလိုမာ သင်တန်းကာလမှာ ၃ နှစ်ကြာမြင့်မည်ဖြစ်ပြီး ၂ နှစ်ခွဲပြီးဆုံးချိန်တွင် Job Attachment […]

Read More

စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို စစ်ဆေးခြင်းသည် ပညာရေး စနစ်အတွက် အထောက်အကူပြု၊ မပြု လွှတ်တော် á

စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို စစ်ဆေးခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို တိုးတက်စေပြီး ပညာရေးစနစ် အတွက် အထောက်အကူပြု၊ မပြုသိလိုခြင်းနှင့် စပ်လျဉ်း၍ မေးခွန်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၅၃) ရက် မြောက်နေ့ တွင် မေးမြန်းခဲ့ကြောင်း သိရသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံးခဲ့သော မူလတန်းအဆင့် စတုတ္ထတန်းနှင့် အလယ်တန်းအဆင့် အဋ္ဌမတန်းတို့တွင် စာမေးပွဲများအား စစ်ဆေးခြင်းသည် အခြေခံ ပညာကဏ္ဍ အရည်အသွေးမြင့်မားရေးအတွက် များစွာ အထောက်အကူပြု ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် က ဖြေကြားခဲ့ကြောင်း သိရသည်။ ယခင်က အဆင့်လိုက် အရည်အသွေးကို ထိန်းချုပ်ပေးသော စာမေးပွဲများ မရှိခဲ့သည့် အတွက် သင်ကြားရေးယူခဲ့သည့် ဆရာ၊ […]

Read More

WeChat ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်

လူမှုဆက်သွယ်ရေး Application တစ်ခုဖြစ်သော WeChat ကို မြန်မာဘာသာဖြင့် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း We Chat Myanmar မှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ Application သည် ၂၀၁၁ ခုနှစ်က စတင်မိတ်ဆက်ခဲ့သော လူမှုဆက်သွယ်ရေး Application တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ တစ်လလျှင် ပုံမှန်အသုံးပြုသူ အရေ အတွက် ၅၄၉ သန်းခန့်ရှိသည်ဟု သိရသည်။ လက်ရှိအချိန်၌ We Chat ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများနှင့် စာသား သို့မဟုတ် အသံ သို့မဟုတ် ဗီဒီယိုစနစ်တို့ကို အသုံးချ၍ ဆက်သွယ်ပြောဆိုနိုင်သည့်အပြင် မြန်မာစတေကာများ ပေးပို့ခြင်းဖြင့်လည်း ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ထို့အပြင် WeChatMyanmar စာမျက်နှာနှင့် ချိတ်ဆက်ပြီး ၎င်းတို့၏ သတင်းများကို လေ့လာခြင်း […]

Read More

Huawei P8 ဖုန်းသစ်အား အရှေ့တောင်အာရှနိုင်ငံများသို့ စတင်မိတ်ဆက်

Huawei P8 ဖုန်းသစ်အား အရှေ့တောင်အာရှနိုင်ငံများသို့ စတင်မိတ်ဆက်သည့် အခမ်းအနားကို မေလ ၂၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Centara Grand Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲမှာတော့ Huawei P8 အပြင် Huawei P8 Max, Huawei Talk Band 2, Huawei Power Bank များကို မိတ်ဆက်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများအပြင် မြန်မာနိုင်ငံ၏ Brand Ambassador ဖြစ်သော သရုပ်ဆောင် ဝတ်မှုန်ရွှေရည်လည်း တက်ရောက်ခဲ့သည်။

Read More

Apple MacBook Air (13-inch, 2015)

အားသာချက် Apple ၏ MacBook Air 2015 ဗားရှင်းတွင် မျိုးဆက်သစ် ပရိုဆက်ဆာ ပါဝင်လာသောကြောင့် ဘက်ထရီ သက်တမ်းပိုမို ကောင်းမွန်လာသည်။ ထို့အပြင် MacBook Air ကို ပါးလွှာပေါ့ပါးသည့် သတ္တုဖြင့်ဖန်တီး ထားသည်။ အားနည်းချက် MacBook Air 2015 သည် လွန်ခဲ့သည့်နှစ် အနည်းငယ်က ထွက်ရှိခဲ့သော MacBook Air ကို ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားသည့် laptop တစ်မျိုးဖြစ်သည်။ လက်ရှိအချိန်တွင် ထွက်ပေါ်နေသည့် laptop များသည် အသုံးချမှု၊ ဘက်ထရီ သက်တမ်းနှင့် ဒီဇိုင်းပိုင်းတွင် MacBook Air ထက် ပိုမိုဆန်းသစ်လျက် ရှိသည်။ MacBook Air ၏အရည်အသွေး နိမ့်ပါးသည့် မျက်နှာပြင်ကြောင့် သုံးစွဲရာတွင် […]

Read More

Ubuntu Desktop တွင် Conky Color ကို ထည့်သွင်းခြင်း

Ubuntu OS သုံးစွဲ နေသူတွေအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ Desktop သွင်ပြင်ကို အသုံးမပြုချင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊  မြင်ကွင်း အပြောင်းအလဲတွေကို အစားထိုးသုံးစွဲလိုတဲ့ အခါမှာဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ Themes ပေါင်းများစွာ ရှိမှာ ဖြစ်ပါတယ်။ Conky ဟာ CPU, Motherboard, Hard Disk အစရှိသည်တို့ရဲ့ အပူချိန်များကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Conky Color ကို ထည့်သွင်းတော့မယ်ဆိုရင် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ  ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + […]

Read More

iOS နှင့် Android ထုတ်ကုန်များအတွက် virtual assistant Cortana ကို Microsoft ဖြန့်ချိမည်

Microsoft သည်၎င်း၏ virtual personal assistant Cortana ကို iOS နှင့် Android platform များသို့ ဖြန့်ချိသွားတော့မည် ဖြစ်သည်။ Microsoft ၏ operating systems အဖွဲ့အကြီးအကဲ ဂျိုးဘဲလ်ဖီအိုရီက Cortana သည်ယခုနှစ်တွင် Windows 10 ၌ထွက်ရှိပြီးနောက် Android နှင့် iOS ထုတ်ကုန်များအတွက် ထွက်ရှိလာမည်ဖြစ်ကြောင်း blog post မှ ရေးသားခဲ့သည်။ ဖုန်းနှင့်အတူ တွဲဖက်အသုံးပြုရသော Cortana သည် Windows 10 တွင်လည်း ပါဝင်လာပြီး  သုံးစွဲသူများ၏ မိုဘိုင်းထုတ်ကုန်များ သို့မဟုတ် တစ်ကိုယ်ရေ ကွန်ပျူတာများအကြား sync ပြုလုပ်၍ အသုံးပြုနိုင်မည်ဟု ဘဲလ်ဖီအိုရီက ပြောဆိုခဲ့သည်။ Windows phone သုံးစွဲသူများအနေဖြင့် […]

Read More

ယခုနှစ်တွင် Nexus ဖုန်းသစ်နှစ်မျိုးကို Google ဖြန့်ချိဖွယ် ရှိဟုဆို

Google သည် ယခုနှစ်တွင် Nexus ဖုန်းသစ်နှစ်မျိုးကို ဖြန့်ချိရန် စီစဉ်နေကြောင်း အမည်မသိ ရင်းမြစ်တစ်ခုက Android Police ဘလော့ဆိုက်သို့ ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ သတင်းများမှာ ကောလာဟလများအဖြစ် ထွက်ပေါ်လျက် ရှိသည်။ အဆိုပါ Nexus ဖုန်းနှစ်မျိုးအနက် တစ်မျိုးမှာ LG က ဖန်တီးခဲ့ခြင်းဖြစ်ပြီး လျို့ဝှက်အမည်မှာ LG Angler ဖြစ်ကာ မျက်နှာပြင် အရွယ်အစား ၅.၂ လက်မရှိကြောင်း Android Police က ဖော်ပြခဲ့သည်။ အခြား Nexus ဖုန်းတစ်မျိုးကို တရုတ်စမတ်ဖုန်း ကုမ္ပဏီ Huawei ကထုတ်လုပ်ပြီး လျို့ဝှက်အမည် Bullhead ဖြစ်ကာ မျက်နှာပြင် အရွယ်အစား ၅.၇ လက်မရှိကြောင်း သိရသည်။ အကယ်၍ အထက်ပါ […]

Read More

HTC One M9 မိတ်ဆက်ပွဲ ကျင်းပ

HTC One M9 မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂၆ ရက်  မွန်းလွဲ  ၂ နာရီမှ ညနေ ၄ နာရီအထိ  ဆူးလေရှန်ဂရီလာ ဟိုတယ် (Ballroom 2) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

PS4 ဂိမ်းစက်များကို Bundle စနစ်ဖြင့် ရောင်းချ

Sony ၏ ဂိမ်းစက်သစ်ဖြစ်သော PS4 console များကို bundle စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး Infamous Second Son, Killzone Shadow Fall နှင့် Assassin’s Creed Unity အစရှိသော မူရင်းဂိမ်းခွေများထဲမှ တစ်ခွေရွေးချယ်နိုင်မည့် bundle များကို ပရိုမိုးရှင်းဈေးဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ နောက်ဆုံးပေါ် PlayStation 4 ဂိမ်းခွေများဖြစ်သော The Witcher 3, Bloodborne  နှင့် The Order 1886 အစရှိသော ဂိမ်းခွေများကိုလည်း ဝယ်ယူနိုင်မည်ဟု သိရသည်။ မူရင်းဂိမ်းခွေတစ်ခွေ တွဲဖက်ဝယ်ယူနိုင်မည့် PS4 ဂိမ်းစက် Bundle များကို ပရိုမိုးရှင်းဈေး ၆ဝဝ,ဝဝဝ ကျပ်ဖြင့် GAME HIVE ဖုန်း […]

Read More