Day: May 28, 2015

Telenor ကို တိုင်းရင်းသား အဖွဲ့တစ်ခုက ခေါ်ယူတွေ့ဆုံခဲ့သည် ဟုဆို

ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ရန် ကြိုးစားနေသည့် Telenor ကို တိုင်းရင်းသား အဖွဲ့တစ်ခုက လုပ်ငန်းစဉ် ရပ်တန့်၍ ၎င်းတို့နှင့် လာရောက်တွေ့ဆုံရန် ခေါ်ယူခဲ့သည်ဟု သိရသည်။ “အကြီးအကဲဖြစ်သူနဲ့ တွေ့ချင်တယ်ဆိုလို့ သွားတွေ့ခဲ့ပါတယ်။ ဖိုက်ဘာလိုင်းတွေ ချတယ်။ ဒါပေမဲ့ သူတို့ဆီကိုတော့ မရောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ မေးကြ တယ်။ ဘယ်နှစ်တွေမှာဆိုရင် ဘယ်လို ဖြစ်လာမယ်ဆိုတာ ရှင်းပြလိုက်တော့ အဆင်ပြေသွားတယ်” ဟု Telenor ၏ CEO ဖြစ်သူက ပြောသည်။ ကွန်ရက်ချဲ့ထွင်ခြင်းကို လုပ်ကိုင်နေစဉ် လုပ်ငန်းစဉ်ရပ်တန့်ရန်နှင့် ၎င်းတို့နှင့် လာရောက်တွေ့ဆုံရန် ပြောဆိုခဲ့သည့် တိုင်းရင်းအဖွဲ့ နာမည်ကို Telenor က ထုတ်ပြန်ပြော ဆိုခဲ့ခြင်း မရှိသော်လည်း ၎င်းတို့သည် တိုင်းရင်းသားဒေသခံများနှင့် ထိတွေ့ဆက်ဆံနိုင်ရန်အတွက် ဝန်ထမ်းများကို သီးသန့်ခန့်အပ်ခြင်းများ ပြုလုပ် […]

Read More

Yangon Heartz Business Solution မှကြီးမှူးကျင်းပမည့် Brain Storming Workshop ပြုလုပ်မည်

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲသူ များပြားလာမှုနှင့်အတူ e-commerce and online Shopping (အင်တာနက်မှ ဈေးရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ ) သည်လည်း တိုးတက်လာလျက် ရှိရာ အဆိုပါ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေသူများ အနေဖြင့် လက်ရှိအခြေ အနေထက် ကောင်းမွန်သော ဝန်ဆောင်မှုများကို သုံးစွဲသူများထံသို့ ဆက်လက် ပေးအပ်နိုင်ရန် အတွက် Yangon Heartz Business Solution မှကြီးမှူးကျင်းပသည့် Brain Storming Workshop ကို ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ရှိ အခန်း (၂၀၅) ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Workshop တွင် […]

Read More

Ooredoo နှင့် Telenor က အင်တာနက် အသုံးပြုခကို အပြိုင်အဆိုင်ဈေးလျော့

ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ်ရေ အော်ပရေတာ နှစ်ခုဖြစ်သော Ooredoo နှင့် Telenor တို့သည် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခကို တစ်ဦးနှင့်တစ်ဦး အပြိုင် အဆိုင် ဈေးနှုန်း လျော့ချပေးခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ မိုဘိုင်းဖုန်းအင်တာ နက်အသုံးပြုခကို အပြိုင် အဆိုင် ဈေးနှုန်း လျော့ ချ ပေးခြင်းကြောင့် ယခင်က 1MB လျှင် ၁၀ ကျပ် ပေးဆောင်နေရသည့် မိုဘိုင်းဖုန်း အင်တာနက်ဘီလ်များသည် ယခု အခါ 1MB လျှင် ၆ ကျပ် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ကြောင်း သိရသည်။ Ooredoo သည် ပုံမှန်မိုဘိုင်း အင်တာနက်အသုံးပြုသူများအတွက် ဘီလ်ဈေးနှုန်းကို ယခုကဲ့သို့ လျော့ချပေးခဲ့သည့် အပြင် Package အနေဖြင့် အသုံးပြုသူများကိုလည်း […]

Read More

MPU က Electronic Bill Payment ကို စတင်

ကတ်ပေါင်း ၁ သန်းနီးပါး ထုတ်ဝေအသုံးပြုနေသည့် MPU ကတ်ကို အသုံးချ၍ Electronics Bill Payment စနစ်များကို စတင်အကောင်အထည်ဖော် ဆောင် ရွက်နေပြီဖြစ်ကြောင်း ငွေပေးချေမှု လုပ်ငန်းတစ်ခုဖြစ်သည့် 2C2P မှ သိရသည်။ လက်ရှိအချိန်၌ မိုဘိုင်းဖုန်း ဘီလ်ပေးချေခြင်းကို စတင်ဝန်ဆောင်မှု ပေးအပ်နေပြီဖြစ်သော်လည်း မကြာခင်တွင် လျှပ်စစ်မီတာ ဘီလ်များနှင့် အခြားသော အခွန်အခများကို အွန်လိုင်းစနစ်ဖြင့် ထပ်မံပေးချေနိုင်တော့မည်ဟု 2C2P က သတင်းထုတ်ပြန်ခဲ့သည်။ easyBills အမည်ဖြင့် အဆိုပါ ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာ များနှင့် ချိတ်ဆက်၍ ရယူအသုံးပြုလိုပါက easybills.com.mm တွင် ရယူအသုံးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ easybills ၌ MEC ဖုန်းလိုင်းများ အပါအဝင် […]

Read More

DmC Definitive Edition

PS2 လိုမျိုး 6th Generation Console ခေတ်ကနေ 8th Generation Console (PS3, Xbox 360 etc.,) ခေတ်အပြောင်းမှာ High Definition (720p, 1080p) ဂိမ်းတွေ စထွက် တာမို့ 6th Gen မှာ ထွက်ပြီးသား ဂိမ်းတွေကို 7th Generation  အတွက် HD Remastered ဂိမ်းတွေ ပြန်ထွက်လာတာ သိပ်မဆန်းတော့ပေမယ့် 7th Gen က ဂိမ်းတွေ ကိုလည်း 8th Generation (PS4, Xbox One etc.,) မှာ ဆက်တိုက် ပြန်ထုတ်လာတာ gaming business model တစ်ခုလို ဖြစ်လာတာ တွေ့ရပါတယ်။ […]

Read More

Z3+ ကို ကမ္ဘာတစ်ဝန်းထံ တင်ပို့ရောင်းချမည်ဟု Sony ကြေညာ

ဧပြီလက Sony မှ မိတ်ဆက်ပေးခဲ့သည့် Sony Xperia Z4 ကို ဂျပန်နိုင်ငံတွင်သာ ရောင်းချခဲ့သော်လည်း ၎င်းနှင့် အလားတူသည့် Xperia Z3+ စမတ်ဖုန်းသစ်ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။ Z3+ တွင် ၅.၂ လက်မ full HD screen နှင့် 20.7-megapixel ကင်မရာအပြင် octa-core Snapdragon 810 processor, 3GB RAM, 32GB storage နှင့် Android 5.0 ကို အသုံးပြုထားသည်။ အရှေ့ဘက်ကင်မရာက 5-megapixel ဖြစ်ပြီး 2,900mAH ဘက်ထရီဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီကို ၂ ရက်ခန့် အသုံးပြုနိုင်မည်ဟု Sony မှ ပြောကြားထားသည်။ […]

Read More

Vaccum Cleaner

လူကိုယ်တိုင် အပင်ပန်းခံ စရာမလိုဘဲ Remote တစ်ချက်နှိပ်ရုံဖြင့် အခန်းတွင်းရှိ ဖုန်များအားလုံးကို ဖယ်ရှားပေးမည့် LG ၏ ဆန်းသစ်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော ဖုန်စုပ်စက် ဖြစ်သည်။ စက်၏ အပေါ်ပိုင်း၊ အောက်ပိုင်း၊ ဘေးပတ်ပတ်လည်တို့တွင်ရှိသော ကင်မရာ ၇ လုံးမှ ဖုန်ရှိသည့် နေရာများကိုရှာ ဖွေဖယ်ရှားပေးမည်ဟု သိရသည်။ စက်တွင် အပိုလေအိတ်မပါဝင်ဘဲ  ၀.၄ လီတာ ဆံ့သော အမှိုက်ကန်ကို ထည့်သွင်းပေးထားသည်။ ထို့အပြင် ကြမ်းပြင်တွင်ရှိသော ပိုးမွှားများနှင့် အနံ့ဆိုးများကို စစ်ထုတ်ပြီး ကောင်းမွန်သော လေကို ပြန်ထုတ်ပေးသောကြောင့် ရောဂါများ ရန်မှလည်း ကာကွယ်ပေးသည်ဟု သိရသည်။ မော်တာကိုလည်း 60dh အသုံးပြုထားသည့်အတွက် ဆူညံမှုကို သက်သာစေသည်ဟု သိရသည်။ နှစ်နာရီအားသွင်းရုံဖြင့် ၁၂ နာရီကြာ အသုံးပြုနိုင်မည် […]

Read More

USB Memory Stick

Master Card ပုံစံ USB Memory Stick ဖြစ်သည်။ ပိုက်ဆံအိတ်ထဲသို့ အလွယ်တကူ ထည့်သွင်းယူဆောင်သွားနိုင်သည့်အတွက် Memory Stick ပျောက်ရှခြင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။ Internal Memory 8GB နှင့် 32GB ဟူ၍ နှစ်မျိုးရရှိနိုင်ပြီး တန်ဖိုးမှာ 8GB  ၁၈,၀၀၀ ကျပ်နှင့် 32GB – ၂၃,၀၀၀ ကျပ် ဖြစ်သည်။ Smart Online Store ဖုန်း – ၀၉ ၇၉၇၉၅၀၁၀၀ ၌ ဆက် သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

လာမည့်နှစ်ဝက်တွင် အဝေးထိန်းလေယာဉ် တစ်မျိုးကို ဖြန့်ချိရန် GoPro စီစဉ်နေ

GoPro သည် အဝေးထိန်းလေယာဉ် ဈေးကွက်အတွင်းသို့ ကိုယ်ပိုင် ထုတ်ကုန်တစ်မျိုးဖြင့် ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း အမှုဆောင်အရာရှိချုပ် နစ်ဝုဒ်မန်းက Code Confrerence တွင် ကြေညာခဲ့သည်။ ကုမ္ပဏီအနေဖြင့် အဆိုပါ အဝေးထိန်းလေယာဉ်ကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြန့်ချိရန် စီစဉ်နေကြောင်း၊ ၎င်းသည် အကောင်းဆုံး GoPro ထုတ်ကုန် ဖြစ်ကြောင်း ဝုဒ်မန်းက ပြောကြားခဲ့သည်။ ၎င်းထုတ်ကုန်ကို ရောင်းချမည့် ဈေးနှုန်းအား ဝုဒ်မန်းက ကြေညာခဲ့ခြင်း မရှိသော်လည်း DJI, Parrot နှင့် 3D Robotics တို့မှ အဝေးထိန်းလေယာဉ်များ၏ ဈေးနှုန်းများနှင့် တူညီဖွယ်ရှိသည်။ ထို့အပြင် GoPro ၏ အဝေးထိန်းလေယာဉ်ကို ဖြန့်ချိချိန်တွင် ဆက်စပ်ထုတ်ကုန်အချို့ကိုလည်း မိတ်ဆက်ပေးသွားမည်ဟု ဝုဒ်မန်းက ပြောကြားခဲ့သည်။ Ref: TheVerge

Read More

Microsoft Edge

Microsoft Edge သည် Windows 10 အတွက် ဖန်တီးထားသည့် web browser ဖြစ်သည်။ Edge browser ကို Windows 95 တွင် စတင်မိတ်ဆက်ပေးခဲ့ပြီး ဆယ်စုနှစ် နှစ်စုခန့် Windows operating systems များ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ခဲ့သော Internet Explorer (IE) နေရာတွင် အစားထိုးမည် ဖြစ်သည်။ Edge ကို ဝက်ဘ်ဝန်ဆောင်မှုများအတွက် ရည်ရွယ်ထားသည့် ဝက်ဘ်စံသတ်မှတ်ချက်များပေါ်တွင် အခြေခံကာ တည်ဆောက်ထားသည်။ Microsoft သည် လက်ရှိတွင် Edge ကို အစောပိုင်း Windows ဗားရှင်းများနှင့် Windows operating system မဟုတ်သည့် ဗားရှင်းများအတွက် ထောက်ပံ့ရန် အစီအစဉ်မရှိသေးကြောင်း ဆိုသည်။ အစောပိုင်း […]

Read More