Day: May 27, 2015

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသိအမှတ်ပြု Network Associate Examination ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းမှ အသိအမှတ်ပြု Network Associate Examination စာမေးပွဲကို ဇွန်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာ ရှင်များအဖြစ် အသက်မွေးဝမ်း ကျောင်းပြုလိုသော ကျောင်းသား၊ ကျောင်းသူများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည် စစ်ဆေးသော စာမေးပွဲများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲသည် Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်ပြီး စာမေးပွဲ အောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်နိုင်သည့် အခြေအနေသို့ ရောက်မည် ဖြစ်သည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် […]

Read More

iDevice တွင် စာရိုက်ချိန်၌ Keyboard အား Shortcut စနစ်ဖြင့် အသုံးပြုခြင်း

iDevice တွေမှာ Keyboard စနစ်ကို အသုံးပြုတဲ့အခါ ကိုယ်ရိုက်ချင်တဲ့ စာသားတစ်ခုကို ပြီးဆုံးသည်ထိ ရိုက်ဖို့မလိုအပ်ပဲ ကိုယ်တိုင် သတ်မှတ်ချက်စာလုံးတွေနဲ့ အတိုကောက် စာသားတစ်ခုကို ရိုက်လိုက်ရုံနဲ့ ကိုယ်ရေးချင်တဲ့ စာသားတွေကို ဖော်ပြပေးနိုင်မယ့် Shortcut စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုအသုံးပြုခြင်း နည်းလမ်းကိုတော့ Keyboard Shortcut စနစ်အသုံးပြုခြင်းလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံး Setting ထဲသို့ဝင်ပါ။ Setting ထဲမှာရှိနေတဲ့ General ထဲကို ဝင်လိုက်ပါ။ General ထဲရောက်ရင်တော့ General ရဲ့ အောက်ဘက်နားမှာ ရှိနေတဲ့ Keyboard ဆိုတဲ့ စနစ်ထဲကို ဝင်လိုက်ပါ။ Keyboard ထဲကို ဝင်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။ အောက်ဘက်မှာ ရှိနေတဲ့ […]

Read More

Red Dot ဆိုင်များကို နယ်မြို့များတွင်ပါ ဖွင့်လှစ်မည်

Red Dot ဆိုင်များကို နယ်မြို့များတွင်ပါ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၏ Chief Marketing Officer Mr.Andy Whelan က ပြောသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တ လး၊ နေပြည်တော်တို့တွင် ဆိုင်ပေါင်း ၃,၀၀၀ ရှိနေပြီး ဖုန်းငွေဖြည့်ကတ် အမျိုးအစားများအားလုံးကို အဆိုပါ Red Dot ဆိုင်များမှ ငွေဖြည့်ပေးလျက်ရှိကြောင်း ဆိုသည်။ ” Red Dot ဆိုင်တွေကို နယ်မြို့တွေမှာပါ တိုးချဲ့သွားမှာဖြစ်ပါတယ်။ လက်ရှိ ပုသိမ်နဲ့ ပဲခူးတို့မှာလည်း တိုးချဲ့ ထားပါတယ်။ နယ်မြို့တွေ အများကြီးတိုးချဲ့တယ်ဆိုရင် လိုအပ် တဲ့ဝန်ဆောင်မှုတွေ အလုံအလောက် မပေးနိုင်မှာဖြစ်တဲ့အတွက် မြို့ ကြီးတွေကိုပဲ ဦးစားပေးဆောင်ရွက်တာပါ။ နယ်တွေက လက်တွဲချင်တဲ့ ဆိုင်တွေရှိရင် လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု […]

Read More

ပြည်တွင်းအတွက် HTC ၏ မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးအား မိတ်ဆက်

HTC ၏ One M9 နှင့် Desire 626G+ မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးကို ပြည်တွင်း၌ ယခုလ ၂၆ ရက်က HTC မြန်မာနှင့် KMD တို့ ပူးပေါင်း၍ မိတ်ဆက်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲတွင် HTC One M9 နှင့် Desire 626G+ တို့၏ အားသာချက်များနှင့် ဖုန်းစွမ်းဆောင်ရည်များကို တာဝန်ရှိသူများမှ အသီးသီး ရှင်းလင်းပြောပြခဲ့ကြပြီး ပွဲသို့ တက်ရောက်လာသော အရောင်း ကိုယ်စားလှယ်များနှင့် ကြိုတင်မှာယူစနစ်ဖြင့် မှာယူသူများအတွက်လည်း ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ “M9 မှာ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် Sapphire Glass နဲ့ ဖုံးထားတဲ့ 20 MP ကင်မရာ၊ အသံပိုင်းအတွက် […]

Read More

Lenovo Tab 2 A7-10

တန်ဖိုး – ကျပ် ၁၅၆,၀၀၀ အားသာချက် – အင်တာနက် သုံးစွဲမယ့် သူတွေအတွက်တော့ GSM SIM Card ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် SIM Slot ပါဝင်မှာဖြစ်ပါတယ်။ အရွယ်အစားကလည်း သွားလေရာ အလွယ်တကူ သယ်ယူသွားနိုင်မယ့် အရွယ်အ စားဖြစ်တဲ့အတွက် မကြာခဏ ခရီးသွားသူများအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ အားနည်းချက် – ကင်မရာမှာ Front Camera တစ်ခုထဲသာ ပါဝင်မှာဖြစ်ပြီး၊ Megapixels လည်း နည်းတာကို တွေ့မြင်နိုင် မှာဖြစ်ပါတယ်။ သုံးသပ်ချက် – ဈေးနှုန်း သင့်တင့်ပြီး လုပ်ငန်းသုံးတာမက အပျင်းပြေ ဂိမ်းဆော့ကစား လိုသူများအတွက်လည်း ရုပ်ထွက်ကောင်းကောင်းနဲ့ ဂိမ်းကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသံပိုင်း စနစ်ကိုလည်း ကောင်းမွန်အောင် စီစဉ်ပေးထားတဲ့အတွက် […]

Read More

How to write the business specification and technical specification relative to ERP System ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ How to write the business specification and technical specification relative to ERP System ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၆ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ လှိုင်မြို့နယ်၊ MICT Park အခန်း (၂၀၅) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် United State of America မှ ERP Expert ဖြစ်သူ ဦးကျော်စွာမှ ဆွေးနွေး ပြောကြား သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များ၊ ကွန်ပျူတာ နည်းပညာကို […]

Read More

MIC Youth Education Fair 2015

Myanmar Imperial College Youth Education Fair 2015 ကိုတော့ မေလ ၁၇ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ် ပဲခူးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Canon Maxify MB5070 Printer

Canon အမှတ်တံဆိပ် Maxify MB5070 မော်ဒယ် Printer ဖြစ်သည်။ Print ထုတ်ရာတွင် မြန်ဆန်မှုရှိပြီး Color Print ကိုလည်း ထုတ်ပေးနိုင်မည် ဖြစ်သည်။ A4 စာရွက် ရွက်ရေ ၂၅၀  ထည့်နိုင်သော Paper Cassette ပါရှိသည်။ Wireless Print ထုတ်နိုင်သည်။ Black Cartridge   ရွက်ရေ ၁၀၀၀  ထုတ်နိုင်ပြီး Colour Cartridge ရွက်ရေ ၇၀၀ ထုတ်နိုင်သည်။ XL cartridge များကို အသုံးပြုခြင်းဖြင့် ရွက်ရေ ပိုမိုထုတ်နိုင်ပြီး ကုန်ကျစရိတ်တစ်ဝက်ခန့် ပိုမိုသက်သာစေမည်ဟု သိရသည်။ ကျောကပ် Print ထုတ်လိုသူများအနေဖြင့် Auto 2-sided print ထုတ်နိုင်သလို Dropbox, Google Drive […]

Read More

Transcend Car Video Recorder

Transcend Car Video Recorder သည် ကားစက်နှိုးသည့် အချိန်မှစတင်ပြီး အလိုအလျောက် ပါဝါပွင့်ကာ စတင် Record လုပ်ပေးမည်ဖြစ်ပြီး ကားစက်ရပ်သည်နှင့်တစ်ပြိုင်နက် အလိုအလျောက် ပါဝါပိတ်သွားမည် ဖြစ်သည်။ Built-in Battery ပါဝင်ပြီး Power ပိတ်ပြီး နောက်ပိုင်းတွင် မိနစ် ၃၀ အပို record ပြုလုပ်နိုင်မည် ဖြစ်သည်။ မှန်ဘီလူးများမှာ Snapshots feature ကို ကောင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ၂.၄ လက်မအရွယ် color LCD screen ပါရှိသည်။ G-sensor ပါဝင်သည်။ DrivePro PC Tool for Windows ကိုလည်း အခမဲ့ လွယ်ကူစွာ Download ရယူနိုင်မည် ဖြစ်သည်။ အာမခံ […]

Read More

OCTAVE

OCTAVE (Operationally Critical Threat, Asset, and Vulnerability Evaluation) ဆိုသည်မှာ ဆိုက်ဘာ တိုက်ခိုက်မှုများကို ကာကွယ်ရန် စီစဉ်ခြင်းနှင့် ဆိုက်ဘာ တိုက်ခိုက်မှု ဘေးအန္တရာယ်ကို စိစစ် တွက်ချက်ပေးမည့် လုံခြုံရေးစနစ် တစ်ခု ဖြစ်သည်။ ၎င်းစနစ်သည် အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ တိုက်ခိုက်မှု၏ အကျိုးဆက်များကို တွက်ချက်ခြင်းနှင့် တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့အတွက် အထောက်အကူဖြစ်စေမည့် စနစ်ဟု ဆိုနိုင်သည်။ OCTAVE ကို အဖွဲ့အစည်း အတွင်းရှိ လူများ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကို မြှင့်တင်ပေးနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ OCTAVE ကို အဆင့် သုံးဆင့် သတ်မှတ်ထားသည်။ ပထမအဆင့်က Asset အခြေခံ Threat Profile များ တည်ဆောက်ခြင်း၊ […]

Read More