Day: May 25, 2015

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများ အတွက် Summer Pre HND နှင့် HND (UK) Computing အကြောင်း

နွေရာသီကျောင်းပိတ်ရက် အတွင်း ကျောင်းသားလူငယ်များ အနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ရည်ရွယ်၍ အင်္ဂလန်နိုင်ငံ၏ အကြီးမားဆုံးပညာရေး အဖွဲ့အစည်းဖြစ်သည့် Edexcel UK နှင့် Info Myanmar College တို့ ပူးပေါင်းဖွင့်လှစ်သည့် Summer Pre HND နှင့် HND (Computing) UK အကြောင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြပေးမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွက် ယခင်နှစ်များကဲ့သို့ Certification များမဟုတ်ဘဲ Diploma Level အထိ သွားနိုင်စေရန် Summer Pre HND စီစဉ်ထားသည်ဟု ဆိုသည်။ နိုင်ငံ တကာတွင် အခွင့်အလမ်း အကောင်းဆုံး ကွန်ပျူတာ ဘာသာရပ်ဖြစ်သော Network & Software ၂ […]

Read More

BSc (Hons) Business in Information Technology (Greenwich University, UK) ကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သူ မမြတ်ပွင့်ကေခိုင်၏ Student Life

ဒီအပတ်မှာတော့ BSc (Hons) Business in Information Technology (Greenwich University, UK) ကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သူ မမြတ်ပွင့်ကေခိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အမည်နဲ့ လက်ရှိလုပ်ကိုင်နေ တဲ့ ကုမ္ပဏီနဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့အပိုင်း သိပါရစေ။ ကေခိုင့်အမည်ကတော့ မြတ်ပွင့်ကေခိုင်ပါ။ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီကတော့ Digital Solution Myanmar Co.,Ltd ဖြစ်ပါတယ်။ IT and Telecom ကို service ပေး တဲ့ ကုမ္ပဏီပါ။ Thailand အခြေစိုက် International Company တစ်ခုပါ။ ကေခိုင် တာဝန်ယူရတဲ့ အပိုင်းကတော့ Sales Engineer အပိုင်းပါ။ Customers အပိုင်းနဲ့ […]

Read More

HTC One 9

အားသာချက် ဖုန်းမှာထည့်သွင်း အသုံးပြု ဖွဲ့စည်းထားတဲ့ CPU, GPU, Memory အစရှိတဲ့ စနစ်ပိုင်းတွေမှာ မြင့်မားကောင်းမွန် ပါတယ်။ ကင်မရာ ပိုင်းမှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာဖြစ်ပြီး ရှေ့ကင်မရာ ပိုင်းမှာလည်း  ပိုမိုကောင်းမွန် လာပါတယ်။ မြန်မာစာဖောင့် စနစ်အတွက် ပိုမိုကောင်းမွန်တဲ့ မြန်မာစာ စနစ်တွေ တိုးမြှင့်ပါဝင် လာတဲ့အပြင် ကီးဘုတ်စနစ် ပိုင်းမှာလည်း အရင်ထွက်ခဲ့တဲ့ HTC တွေနဲ့ လုံးဝကွဲပြား ခြားနားတဲ့ မြန်မာစာ ကီးဘုတ်ပုံစံ အသစ်ကို မြင်တွေ့ရမှာပါ။ အသံစနစ်ပိုင်း အတွက်လည်း ပုံမှန်ပါဝင်နေကျ Boom Sound စနစ်ကို Dolby Audio Surround နဲ့အတူ အဆင့်မြှင့်တင် ပေါင်းစပ်ပေးထားပါတယ်။ အားနည်းချက် ဖုန်းတစ်ခုလုံးဟာ ချောမွေ့တောက်ပြောင်တဲ့ […]

Read More

ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်များ ဖန်တီးရန် ARM နှင့် Unicef ပူးေ

ဗြိတိန်ချစ်ပ် ကုမ္ပဏီ ARM နှင့် Unicef (United Nations Children’s Fund) သည် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် နေထိုင်သည့် ဆင်းရဲနွမ်းပါးသူ အချို့အတွက် နည်းပညာ ထုတ်ကုန်များ ဖန်တီးရန် ပူးပေါင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ပူးပေါင်း ဆောင်ရွက်မှု၏ ပထမဆုံး အားထုတ်မှုအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း နေထိုင်သည့် လူများအတွက် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်သစ်များ  ဖန်တီးနိုင်ရန် ဒီဇိုင်နာများကို ဖိတ်ခေါ်ပြီး “Wearables for Good” ပြိုင်ပွဲ ကျင်းပခဲ့သည်။ ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များ ထုတ်လုပ်လိုသည့် ရည်ရွယ်ချက်မှာ လိုချင်မှုကြောင့် မဟုတ်ဘဲ လိုအပ်ချက်ရှိသော လူများအတွက် ဖန်တီးလိုသောကြောင့် ဖြစ်ကြောင်း Unicef Innovation အကြီးအကဲ အီရစ်ကာကိုချီက နယူးယောက် သိပ္ပံအကယ်ဒမီ၌ ပြုလုပ်ခဲ့သည့်ပွဲ၌ […]

Read More

မိုဘိုင်း ရှာဖွေမှုအတွင်း tweet များကို အချိန်နှင့် တစ်ပြေးညီ Google ဖော်ပြပေးနေ

ပြီးခဲ့သည့် အင်္ဂါနေ့က Google ၏မိုဘိုင်း ရှာဖွေမှုတွင် အချိန်နှင့် တစ်ပြေးညီ ဖြစ်ပေါ်နေသော tweet များကို ပြသပေးနေပြီ ဖြစ်ကြောင်းသိရသည်။ Google နှင့် Twitter တို့သည် ရှာဖွေမှုအတွင်း သင့်တော်သည့် tweet များကို မည်သို့ဖော်ပြ ပေးနေကြောင်း blog post များ၌ အသီးသီးထုတ်ပြန် ပေးခဲ့သည်။ သုံးစွဲသူများ အနေဖြင့် ၎င်းတို့ မိုဘိုင်းဖုန်းများတွင် Obama ဟူ၍ ရှာဖွေလိုက်ပါက ရှာဖွေမှုအတွင်း အိုဘားမား၏ twitter account မှနောက်ဆုံး tweet ကိုဖော်ပြ ပေးမည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် trend  ခေါင်းစဉ်ရှိ  tweet များကို ရှာဖွေရန် hashtag (#) ကိုလည်း ထည့်သွင်းရှာဖွေ နိုင်သည်။ သုံးစွဲသူက […]

Read More

မည်သည့် မျက်နှာပြင်၌မဆို အသုံးပြုနိုင်သည့် Phree စမတ်ဘောပင်

လေဆာဖြင့် လမ်းညွှန်သည့် စနစ်ပါဝင်သည့် Phree စမတ်ဘောပင်သည် မည်သည့် မျက်နှာပြင်တွင်မဆို ပုံများရေးဆွဲခြင်း သို့မဟုတ် မှတ်စုမှတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း ရန်ပုံငွေရှာဖွေသော Kickstarter ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် Phree စမတ်ဘောပင်သည် Kickstarter ဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ ငွေကြေးရရှိစေရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းစမတ် ဘောပင်သည် မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို အသုံးပြုနိုင်သောကြောင့် စမတ်ဖုန်း သို့မဟုတ် tablet ပေါ်၌ ပုံများရေးဆွဲခြင်း သို့မဟုတ် မှတ်စုများ သိမ်းဆည်းနိုင်သည်။ Phree စမတ် ဘောပင်အား အစ္စရေးနိုင်ငံ အခြေစိုက် OTM Technologies ကုမ္ပဏီက 3D လေဆာနည်းပညာ အသုံးပြု၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။  အဆိုပါ stylus သည် လေဆာဖြင့် ကြားဖြတ်ဝင်ရောက် […]

Read More

ပါးလွှာသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Kenbo Fly O21 စမတ်ဖုန်း ဈေးကွက် ဝင်ရောက်မည်

ပါးလွှာသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော Kenbo အမှတ်တံဆိပ် Fly O21 မော်ဒယ် စမတ်ဖုန်းကို ဇွန်လ လဆန်းပိုင်းတွင် ပြည်တွင်း ဈေးကွက်၌ ဝယ်ယူနိုင် မည် ဖြစ်ကြောင်း Kenbo Smartphone Myanmar မှသိရသည်။ အဆိုပါ မော်ဒယ်သစ် စမတ်ဖုန်းသည် GSM နှစ်ကတ်သုံးဖုန်း အမျိုးအစားဖြစ်ပြီး 2G နှင့် 3G ကွန်ရက် နှစ်မျိုးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။  မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိသော HD IPS Display ကို အသုံးပြုထားပြီး အမြန်နှုန်း 1.3 GHz ရှိ Quad-core CPU၊ 2GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် Internal Memory 16GB ပါဝင်မည့် […]

Read More

MEC ဖုန်းများလည်း ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ပေးဆောင်ရမည့် အထဲတွင် ပါဝင်

MEC ဖုန်းများလည်း ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ပေးဆောင်ရမည့် အထဲတွင် ပါဝင်ကြောင်းသိရသည်။ ဖုန်းငွေဖြည့်ကတ်သုံးစွဲသူများ အနေဖြင့် ဇွန်လ (၁) ရက်နေ့မှ စတင်ကာ ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရတော့မည် ဖြစ်ရာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ Telenor၊ Ooredoo ဖုန်းများ ပါဝင်သကဲ့သို့ MEC ဖုန်းများလည်း ပါဝင်မည်ဖြစ်သည်။  “MEC  ကမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအောက်မှာဖြစ်တယ်၊ MPT  ဖုန်းတွေ အတွက် အခွန်ဆောင်ရမယ် ဆိုရင် MEC  ဖုန်းသုံးစွဲသူတွေလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)  မှ တာဝန်ရှိသူ က ပြောသည်။ MEC ဆင်းမ်ကတ်များ၏ တန်ဖိုးမှာ ကျပ် ၁၅၀၀ ဖြစ်သည်။ MECTEL မှ လက်ရှိ သတ်မှတ်ထားသည့် ဖုန်းခေါ်ဆိုခနှင့် ဝန်ဆောင်မှု […]

Read More

ထူးချွန် ထက်မြတ်တဲ့ကျောင်းသား/သူ ဖြစ်အောင် ဘယ်လိုကြိုးစား အားထုတ်လဲ

ကောင်းဇော်ထက် အဓိကကတော့ ကျွန်တော်နေ့စဉ်ပေးတဲ့စာကို အကြွေးမကျန်ရအောင် ကျက်မှတ်ခဲ့ပါတယ်။ ပြီးတော့ဆရာကြီး ဦးသန်းစိန်ကျောင်းမှာ ရှိတဲ့ အတွေ့ အကြုံရှိ ဝါရင့် ဆရာ ဆရာမများရဲ့လမ်းညွှန်ချက် အတိုင်း လေ့လာကျက်မှတ်ခဲ့တယ်။ ကျွန်တော်ကကျ န်းမာရေးကိုလည်း အထူးလိုက်စားခဲ့ ပါတယ်။ မိဘတွေရဲ့ ဆုံးမသြဝါဒပေးမှုကို နာခံပြီး ဘာသာတရားကိုကိုင်းရှိုင်းခဲ့ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော့်ကို လမ်းညွှန်ပေးခဲ့တာကတော့ ပြင်ပဗဟုသုတအောင်မြင်ရေးစာအုပ်တွေပဲ ဖြစ်ပါတယ်။ စာတွေ ကျက်မှတ်ရာမှာ မပျင်းရအောင် တွက်စာနဲ့ ကျက်စာကို တစ်လှည့်စီ လေ့လာခဲ့တယ်။ မြန်မာစာအတွက်ကတော့ နေ့စဉ်စာစီစာကုံးနှစ်ပုဒ်ဖတ်ပြီး တစ်ပတ်ကို တစ် ပုဒ်နှုန်းနဲ့ လေ့ကျင့်ခဲ့ပါတယ်။ အင်္ဂလိပ် အတွက်ကတော့ ဒီအတိုင်း essay, letter တွေကို အပတ်စဉ်လေ့ကျင့်ခဲ့ပါတယ်။ ကျွန်တော် နေ့စဉ် ဘာသာစုံအောင် ကြိုးစားပြီး လေ့လာ ကျက်မှတ်ခဲ့ပါတယ်။ ပြီးတော့ […]

Read More

Razer Blade (2015 version)

အားသာချက် Razer Blade တွင် ထူးခြားစွာ ကောင်းမွန်သော display အပြင် လွယ်ကူစွာ အသုံးပြုနိုင်သည့် keyboard  နှင့်  touchpad  လည်းပါဝင်လာသည်။ Razer Blade သည် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသည့် laptop တစ်မျိုးဖြစ်သည်။ အားနည်းချက် Razer Blade laptop ကို အချိန်အနည်းငယ်မျှ အသုံးပြုပါက ပူလာမည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် laptop ၏အပူချိန် ကျသွားရန် ပန်ကာသုံးစွဲရန် လိုအပ်သည်။ ထိုသို့ laptop ၏ အပူချိန် မြင့်တက်လာရခြင်းမှာ ထုတ်ကုန်၏ ပါးလွှာပေါ့ပါးမှုရှိသော ကိုယ်ထည်ကြောင့် ဖြစ်သည်။ အသေးစိတ်ဖော်ပြချက် အကယ်၍ သုံးစွဲသူများ အနေဖြင့် ဂိမ်းကစားခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုရန်အတွက် Razer Blade […]

Read More