Day: May 22, 2015

Chinese Wall

Chinese wall ဆိုသည်မှာ နှစ်ခုနှင့် အထက် ပိုမိုသော အစုအဝေးများကို သီးခြားဖြစ်အောင် ပြုလုပ်သည့် အတားဆီး တစ်ခု၊ ပုံမှန်အားဖြင့် အချက်အလက်စီးဆင်းမှုကို ကန့်သတ်ချုပ်ချယ်သည့် အတားအဆီး တစ်ခု ဖြစ်သည်။ ၎င်းအစုအဝေးများကို အဆောက်အဦ ဧရိယာ ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ၊ ပေါ်လစီများနှင့် ကန့်သတ်ပိုင်းခြားထားနိုင်သော်လည်း တကယ်တမ်းတွင် Chinese Wall က အမြင်သဘောထားပေါ်တွင်သာ အခြေခံသည်။ Chinese wall အယူအဆကို ဘဏ္ဍာရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ software ဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းဆိုင်ရာ စီမံထိန်းချုပ်မှု၊ ကွန်ရက် လုံခြုံရေး၊ ဥပဒေနှင့် သတင်းပညာ အပါအဝင် အမျိုးမျိုးသော နယ်ပယ်တွေ၌ အသုံးပြုကြသည်။ Chinese wall ဟူသော အသုံးအနှုန်းကို ၁၉၂၉ ခုနှစ် စတော့ဈေးကွက် […]

Read More

Volkswagen Touareg 2015 က Hybrid စနစ်နဲ့ပါရနိုင်တဲ့ လမ်းကြမ်းမောင်း SUV မော်ဒယ်

Volkswagen ရဲ့ မော်ဒယ်တွေက ပြည်တွင်းနဲ့ စိမ်းနေတာ တော်တော်လေးတော့ ကြာနေပြီ။ ဒါပေမဲ့ လူတိုင်းကတော့ VW ကို သိနေတုန်းပါပဲ။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ တစ်ချိန်က ပြည်တွင်းမှာ အစီးများ၊ အသုံးများနေချိန်ကတည်းက ကောင်းလို့ပေါ့။ ဒါဆို VW ရဲ့ မော်ဒယ်တွေက ကောင်းရဲ့သားနဲ့ ဘာလို့ ဒီနေ့ဈေးကွက်မှာ သိပ်မရှိတော့တာလဲ၊ မေးချင်ပါသလား၊ အဲ့ဒီအတွက် အဖြေကတော့ သူကိုယ်တိုင်က မြန်မာပြည်ဈေးကွက်ကို မော်တော်ကား တင်သွင်းမှု လျော့ချလိုက်လို့၊ မတင်သွင်းတော့လို့၊ နောက်ပြီး ဘေးနားကနေ ဂျပန်ကားတွေ ဒီဇိုင်းဆန်း၊ ပုံစံစုံစုံနဲ့ ဈေးကွက် ဝင်လာတာတွေကြောင့်ပါ။ ကောင်းပါပြီ၊ ဒါဆို ဒီနေ့  ကျွန်တော်တို့ မေ့ထားတာ ကြာပြီဖြစ်တဲ့ VWရဲ့ မော်ဒယ်တစ်ခုဖြစ်တဲ့ Touareg နဲ့ ပြန်ပြီး […]

Read More

Global Business Challenge (GBC) 2015 Competition

Global Business Challenge (GBC) 2015 Competition ကိုတော့ မေလ ၁၅ ရက်က Sule Shangrila Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Connectivity Infrastructure for Data Centre and Broadband Delivery အခမဲ့ ဟောပြောဆွေးနွေးပွဲ

Connectivity Infrastructure for Data Centre and Broadband Delivery အခမဲ့ ဟောပြောဆွေးနွေးပွဲကိုတော့ မေလ ၁၃ ရက်က Sule Shangrila Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Panasonic Showroom & Services Center Mandalay ဖွင့်ပွဲအခမ်းအနား

Panasonic Showroom & Services Center Mandalay ဖွင့်ပွဲ အခမ်းအနားကိုတော့ မေလ ၅ ရက်က ဆိုင်သစ်တည်ရှိရာ မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၆ လမ်းထောင့်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

CST/ berger Auto Level

လမ်းတံတား ဆောက်လုပ်ရေး၊ အဆောက်အအုံများနှင့် ဆည်၊ ကန်များ တည်ဆောက်ရေးသမားများနှင့် အင်ဂျင်နီယာလုပ်ငန်းသုံးရန်အတွက် အသစ်ဝင်ရောက်လာသော Digital Auto Level ဖြစ်သည်။ 30x magnifer telescope  ဖြစ်သောကြောင့်  အသုံးပြုချင်သော Focus တိုင်းကို သိသာထင်ရှားစွာဖြင့် မြင်တွေ့နိုင်မည်ဖြစ်သည်။ Setting Accuracy အနေဖြင့် +/_ 0.3” ဖြင့် သုံးစွဲနိုင်မည် ဖြစ်သည်။ Working range ကို 120 M ပေးထားသည်။ လုပ်ငန်းတွင်း ဆောင်သွားနိုင်မည့် carry box ပါဝင်မည်ဖြစ်သည်။ အလေးချိန်မှာ 1.8 Kg ရှိမည် ဖြစ်သည်။ တန်ဖိုးမှာ ၁၆၃,၀၀၀ ကျပ် ဖြစ်ပြီး [email protected] Computer ဖုန်း – ၀၁- ၂၅၂၆၂၇ […]

Read More

LG Washing Maching (8KG)

အဝတ်အထည်များ အားလုံးကို လက်ဖြင့် လျှော်ဖွပ်သကဲ့သို့ လုပ်ဆောင်ပေးမည့် 6 Motion DD Direct Drive စနစ် ထည့်သွင်းထားသော  LG အမှတ်တံဆိပ် Model-F1496TDT4 (8KG) မော်ဒယ် အဝတ်လျှော်စက်ဖြစ်သည်။ အဝတ်လျှော်စက်တွင် ပါဝင်သည့် ရေနွေးငွေ့စွမ်းအားမှာ အဝတ်အထည်များကို မီးပူတိုက်ထားသကဲ့သို့ ကြေမွမှုမရှိဘဲ အနံ့အသက်များကို မိနစ် ၂၀ အတွင်း ပျောက်ကင်းစေသည်ဟု သိရသည်။ သတ္တု ဖြင့် ပြုလုပ်ထားသည့် တုန်ခါမှုခံနိုင်သော ဒေါက်သုံးခုရှိသည့်အတွက်ကြောင့် အိမ်တွင်းတုန်ခါမှုကို နည်းပါးစေမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအင်ကို တစ်နှစ်လျှင် ၁၀၄ ကီလိုဝပ်သက်သာစေ သလို ရေလီတာတစ်နှစ်လျှင် ၃၁၂၀  လီတာမှ ၄၁၆၀ လီတာအထိ သက်သာစေသည့်အတွက် သုံးစွဲသူများအနေဖြင့် များစွာ အဆင်ပြေမည်ဟု သိရသည်။ မော်တာကို ၁၀ နှစ်အာမခံဖြင့် […]

Read More

Switch Audio Converter For Mac

Mac OS အသုံးပြုသည့်သူများအတွက် အသံဖိုင်များအား Convert ပြုလုပ်ချင်သည့်အခါတွင် အသုံးတည့်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Audio File များအား Convert ပြုလုပ်ရာတွင် အလွယ်တကူနှင့် လုပ်ဆောင်နိုင်စေရန်အတွက် စီစဉ်ဖန်တီးပေးထားသည့် App တစ်ခုလည်း ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေနှင့် အခမဲ့ Download လုပ်ယူနိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 1.71MB ခန့်သာ ရှိမည်ဖြစ်သည်။ Mac OS X 10.3 မှ 10.10 အထိ ထည့်သွင်း အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Township

မြို့ရွာတည်ထောင်သည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည့် Township ဂိမ်းသည် ကစားသည့်သူများ စိတ်ကျေနပ်စရာကောင်းမည့် Graphic ကို အသုံးပြုထားသည်။ မိမိ၏ မြို့ကို တည်ဆောက်ပြီး မွေးမြူရေး လုပ်ငန်း များကိုလည်း လုပ်ကိုင်ပေးရမည်ဖြစ်သည်။ အဆိုပါ ဂိမ်းကို ထည့်သွင်းကစားလိုသူများအနေဖြင့် iTunes တွင် Download လုပ်ယူနိုင်မည်ဖြစ်ပြီး Download လုပ်ယူရမည့်ဖိုင်အရွယ်အစားမှာ 91.7 MB အရွယ်အစားရှိမည် iOS Version 5.1.1 တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ရာသီဥတုနှင့် ပတ်သက်၍ SMS ပေးပို့နိုင်ရန် Telenor က စီစဉ်

Telenor Myanmar သည် ရာသီဥတုနှင့် ပတ်သက်သော သတင်းအချက် အလက်များကို မိုဘိုင်းဖုန်း အသုံးပြုသူများထံ SMS စနစ်ဖြင့် ပေးပို့နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ လက်ရှိအချိန်၌ အဆိုပါ အ စီအစဉ်ကို အကောင်အထည် ဖော်ဆိုနိုင်ရန် ကြိုးစားနေချိန် ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်နိုင်မည့် အချိန်ကာလကို ပြောဆိုနိုင်သေးခြင်း မရှိကြောင်း Telenor ၏ CEO ဖြစ်သူက ဆိုသည်။ “ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ မသိသေးဘူး။ ဖြစ်လာခဲ့ရင် Public Service ပါပဲ။ ပိုက်ဆံပေးစရာ မလိုပါဘူး”ဟု ၎င်း ကဆိုသည်။ Telenor ၏ အစီအစဉ် အရ ရာသီဥတုအတွက် အန္တရာယ် ဆိုးဝါးသော ရွာပေါင်း ၁၄၀ ကို စတင် ဝန်ဆောင်မှု […]

Read More