Day: May 20, 2015

အမေရိကန်နိုင်ငံ Worcester Polytechnic Institute မှ ပေးအပ်သည့် ပညာသင်ဆုကို မြန်မာကျောင်းသား တစ်ဦး ရရှိ

အမေရိကန်နိုင်ငံ မက်စာချူဆက်ပြည်နယ်ရှိ Worcester Polytechnic Institute မှ ပေးအပ်သည့် Merit Scholarship ကို မြန်မာကျောင်းသား တစ်ဦးဖြစ် သည့် မောင်ခန့်ဝင်းထက်မှ ရရှိခဲ့ကြောင်း သိရသည်။ “၁၀ တန်းကို ၂၀၁၂-၂၀၁၃ ခုနှစ်က ၅ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ CROWN Education က ဖွင့်တဲ့ GAC ကို ဖေဖောဝါရီကနေပြီး ၂၀၁၄ ဒီဇင်ဘာလအထိ တက်ပြီး SAT နှင့် TOEFL ကို ၂၀၁၄ မှာ ဖြေတယ်။ ၂၀၁၅ ဇန်နဝါရီလမှာ အွန်လိုင်းကနေပဲ US ကျောင်းလျှောက်လိုက်တာ ဧပြီလ ၁ ရက်က ဒီပညာသင်ဆု ရတယ်လို့ အကြောင်းပြန် သိရပါတယ်” ဟု မောင်ခန့်ဝင်းထက်က ပြောသည်။ […]

Read More

iDevice များမှာ Apple ID Password ပြန်လည်ရယူခြင်း

iDevice များတွင် အသုံးပြုသော Apple ID ၏ Password မေ့သွားသူများအတွက် မိမိရဲ့ Apple ID Password ကို ပြန်လည်ရရှိနိုင်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ့်ရဲ့ ID အကောင့်ရဲ့ Password ကို Restart ချလိုက်တဲ့  နည်းလမ်းဖြစ်ပြီး အကောင့်အဟောင်းရဲ့ Username ကိုတော့ သိရှိနေဖို့လိုအပ် ပါလိမ့်မယ်။ အကောင့်အသစ် ပြန်လည်ပြုလုပ်ခြင်း မဟုတ်ပဲ အကောင့်အဟောင်းရဲ့ Password ကိုပဲ ပြန်လည် ပြုလုပ်မှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ကိုယ့်ရဲ့ Device ထဲမှာရှိနေတဲ့ Setting ထဲကိုသွားပါ။ Setting ထဲမှာ iTune & App Store ဆိုတဲ့ စနစ်ထဲကို ဝင်လိုက်ပါ။ […]

Read More

YouTube ဂိမ်းဗီဒီယို ၁၀ ခုတွင် Minecraft ထိပ်ဆုံး၌ ရပ်တည်

အွန်လိုင်းဗွီဒီယို ဝက်ဘ်ဆိုက် YouTube သည် သက်တမ်း ၁၀ နှစ်ပြည့်အဖြစ် လူများစွာ ကြည့်ရှုခဲ့သည့် အရေအတွက်ပေါ် အခြေခံတွက်ချက်ပြီး အကောင်းဆုံးဂိမ်း ၁၀ ခုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ စာရင်းတွင် Minecraft ဂိမ်းသည် Grand Theft Auto, Call of Duty, FIFA နှင့် The Sims ကဲ့သို့ နာမည်ကျော် ဂိမ်းများကို ကျော်ဖြတ်၍ ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Sandbox ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ချိခဲ့သည့် Minecraft ဂိမ်းသည် ယခင်ကလည်း YouTube ၏ နာမည်ကျော်ကြားမှု အရှိဆုံး စာရင်းတွင် မကြာခဏ ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ်ကလည်း Minecraft ဂိမ်းသည် ဘီယွန်စေးနှင့် […]

Read More

Windows 10 က Microsoft Windows Operating System ၏ နောက်ဆုံးဗားရှင်း ဖြစ်လာမည်

Windows 10 သည် Micro-soft Windows operating system ၏နောက်ဆုံး ဗားရှင်းဖြစ်လာမည်ဟု Microsoft developer တစ်ဦးက ပြောကြားလိုက်သည်။ ကုမ္ပဏီ၏ Ignite ကွန်ဖရင့်စ်တွင် developer ဖြစ်သူ ဂျယ်ရီနစ်ဆင်က “အခုအချိန်မှာ ကျွန်တော်တို့က Windows 10 ကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ Windows 10 ဟာ Windows ရဲ့ နောက်ပိတ်ဆုံး ဗားရှင်းဖြစ်ပါတယ်။ Windows 10 အတွက် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင် သွားမှာပါ” ဟု ပြောကြားခဲ့သည်။ ထို့အတွက်ကြောင့် Windows 11 ဟူ၍ ထွက်ရှိလာတော့မည် မဟုတ်ဘဲ app များနှင့် browser များကဲ့သို့ပင် Windows 10 အတွက် update […]

Read More

မြန်မာ ဖောင့်ခြောက်မျိုး အထိ အသုံးပြုနိုင်မည့် BeeTalk Mobile Application ဗားရှင်းအသစ် ရယူနိုင်

မြန်မာဖောင့်ခြောက်မျိုးအထိ အသုံးပြုနိုင်မည့် BeeTalk Mobile Application ဗားရှင်းအသစ်အား စတင်ထုတ်လုပ်လိုက်ကြောင်း သိရသည်။ Zawgyi-One, Zawgyi-Two, Zawgyi-Three, BauhausITC, Sakkal Majalla နှင့် Padauk မြန်မာ ဖောင့်တို့အား အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application ၏ feature တစ်ခုဖြစ်သော Doodle အတွင်း လက်ဖြင့် စာရေးသားခြင်းကိုသာ ပြုလုပ်နိုင်ပြီး ယခုထွက်ရှိလာသော ဗားရှင်းအသစ်တွင် ကိုယ်တိုင်လုပ် ရုပ်ပုံများအား ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ BeeTalk အကောင့်တွင် Update ပြုလုပ်နိုင်သည့် Setting မှ ဗားရှင်းပြောင်းလဲနိုင်သကဲ့သို့ Application အား ထပ်မံဒေါင်းလုပ်ပြုလုပ်၍လည်း ဗားရှင်း ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ BeeTalk Application အား Play Store တွင် […]

Read More

စားသုံးသူများထံမှ ၅ ရာခိုင်နှုန်းကို အော်ပရေတာများ မဖြစ်မနေ ကောက်ခံရမည်

မိုဘိုင်းဖုန်းလိုင်း အသုံးပြုရန် ဘီလ်ဖြည့်သွင်းသည့် ပမာဏအပေါ် မူတည်၍ အခွန် ၅ ရာခိုင်နှုန်း ကောက်ခံခြင်းသည် ဥပဒေအရ ပြဋ္ဌာန်းထားခြင်း ဖြစ်သည့်အတွက် ဆက်သွယ်ရေး အော်ပရေတာ များသည် အဆိုပါအခွန်ကို မဖြစ်မနေ ကောက်ခံရမည်ဟု သိရသည်။ “ဥပဒေမှာ စားသုံးသူတွေဆီက ကောက်ခံရမှာလို့ ပြဋ္ဌာန်းထားပါတယ်။ အော်ပရေတာတွေအနေနဲ့ ပြည်သူတွေဆီက မကောက်ဘဲ ကိုယ်တိုင်ပဲပေးလိုက်မယ် ဆိုတာကတော့ ဥပဒေအရ လုပ်ပိုင်ခွင့် မရှိပါဘူး” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ ဆက်သွယ်ရေး အော်ပရေတာများအကြား တစ်ဦးနှင့်တစ်ဦး ဈေးကွက်ပြိုင်ဆိုင်မှုများ ပြုလုပ်နေကြသော်လည်း စားသုံးသူ ပေးဆောင်ရသည့် အခွန်နှင့် ပတ်သက်၍ ကောက်ခံခြင်း မပြုဘဲ ပြိုင်ဆိုင်နိုင်မည် မဟုတ်ကြောင်း ဦးသန်းထွန်းအောင်က ပြောဆိုခြင်းဖြစ်သည်။ ဆက်သွယ်ရေးစနစ်အတွက် အသုံးပြုသည့် ဘီလ်ပမာဏအပေါ် […]

Read More

နှစ်လအတွင်း MPT ဆင်းမ်ကတ် အသုံးပြုသူ ၃ သန်းနီးပါး လျော့ကျ

တယ်လီကွန်းဈေးကွက်၌ ဆက်သွယ်ရေးအော်ပရေတာများ ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် နောက်ပိုင်း MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) ၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် နှစ်လကြာကာလအတွင်း အသုံးပြုသူ အရေအတွက် ၃ သန်းနီးပါး လျော့ကျသွားခဲ့သည်ဟု သိရသည်။ MPT သည် ဇန်နဝါရီလအတွင်း အသုံးပြုသူအရေအတွက် ၁၁ သန်းကို ပိုင်ဆိုင်ထားရှိခဲ့သော်လည်း မတ်လအကုန်တွင် အသုံးပြုသူ အရေအတွက် ၈.၄ သန်းကိုသာ ပိုင်ဆိုင်တော့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် သိရသည်။ သတင်းဖော်ပြချက်များအရ Telenor သည် အသုံးပြုသူ အရေအတွက် ၆.၄ သန်းကို မေလ စာရင်းဇယားအရ ပိုင်ဆိုင်ထားပြီး Ooredoo အနေဖြင့် အသုံးပြုသူ အရေအတွက် ၃.၃ သန်းကို မတ်လ စာရင်းဇယားများအရ အသီးသီး ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ […]

Read More

iPhone 6 နှင့် 6 Plus အတွက် Lightning Dock ကို Apple မိတ်ဆက်

Apple သည် iPhone 6 နှင့် iPhone 6 Plus အတွက် ကိုယ်ပိုင် Lightning Dock ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ dock သည် Apple ၏ နောက်ဆုံးပေါ် iPhone များ မိတ်ဆက်ပေးခဲ့ပြီး ကိုးလအကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ဈေးကွက်အတွင်းရှိ third-party dock များစွာနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယခင် dock များနှင့် မတူသည်မှာ အသစ်မိတ်ဆက်ပေးခဲ့သည့် Lightning Dock သည် iPhone 6 နှင့် 6 Plus နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်ရန် ပြုလုပ်ထားပြီး iPhone ကို case ဖြင့် အသုံးပြုလျှင်ပင် dock ၌ […]

Read More

နံရံကပ်စက္ကူကဲ့သို့ အသုံးပြုနိုင်မည့် အထူ ၁ မီလီမီတာသာရှိသော တီဗွီတစ်မျိုးကို LG Display ပြသ

LG ၏ screen ထုတ်လုပ်သည့် ဌာနခွဲဖြစ်သော LG Display သည် အထူ ၁ မီလီမီတာ အောက်သာ ရှိသော တီဗွီတစ်မျိုးကို ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ တီဗွီသည် ၅၅ လက်မအရွယ် OLED (organic light-emitting diode) display တစ်ခုဖြစ်ပြီး အလေးချိန် ၁.၉ ကီလိုဂရမ်ရှိကာ အထူမှာ ၁ မီလီမီတာ အောက်သာ ရှိသည်။ ၎င်းကို နံရံပေါ်ရှိ သံလိုက်ပြားတစ်ခုတွင် ကပ်ခြင်းဖြင့် အသုံးပြုနိုင်ပြီး ဖယ်ရှားလိုပါက screen ကို သံလိုက်ပြားမှ ခွာခြင်းဖြင့် ပြုလုပ်နိုင်မည်ဟု သိရသည်။ ဆက်လက်ပြီး LG Display ၏ OLED လုပ်ငန်းဌာနမှ ဆန်ဒုန်ယောင်က […]

Read More

IT Business Solutions Seminar

Infratech Systems Co.,Ltd မှ ကြီးမှူးကျင်းပသော IT Business Solutions Seminar ကိုတော့ မေလ ၁၂ ရက်က Summit Parkview Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More