Day: May 18, 2015

၂၀၁၅ ခုနှစ် Hinrich ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ခေါင်းဆောင် ပညာသင်ဆု

adidas အုပ်စု adidas ပစ္စည်း များအား ထုတ်လုပ်ပေးနေသည့် လုပ်ငန်းရှင်များနှင့် Hinrich Foundation မှ ပံ့ပိုးပေးသည့် ၂၀၁၅ ခုနှစ် Hinrich ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုခေါင်းဆောင် ပညာသင်ဆုအား လျှောက်ထားနိုင်ပြီ ဖြစ်သည်။ Global Production Engineering and Management မဟာဘွဲ့ဒီဂရီအား ဗီယက်နမ်နိုင်ငံရှိ Vietnamese-German University (VGU) တွင် ပညာသင်ကြားလိုသော မြန်မာ နိုင်ငံသားများ အတွက် ရာနှုန်းပြည့် ပညာသင်ဆု ရရှိနိုင်မည့် အခွင့်အရေး ဖြစ်သည်။ မြန်မာနိုင်ငံ အတွက် ယခုနှစ်တွင် ပညာသင်ဆုလေးဆု ပေးအပ်သွားမည်ဖြစ်ပြီး Hinrich Foundation နှင့် ပညာသင်ဆု ပူးတွဲထောက်ပံ့ရေးကုမ္ပဏီများသည် သင်တန်းကြေးနှင့် သင်တန်းဆက်စပ် ကုန်ကျစရိတ်၊ နေထိုင်စရိတ်နှင့် ဆက်စပ်စရိတ်၊ လေယာဉ်စရိတ်၊ […]

Read More

Myanmar Lego League 2015 ပြိုင်ပွဲတွင် ချန်ပီယံအဖွဲ့အား ငွေကျပ် ငါးသိန်းနှင့်အထက် ချီးမြှင့်မည်

Myanmar Lego League 2015 ပြိုင်ပွဲတွင် ဆုရရှိသည့် ချန်ပီယံအဖွဲ့အား ငွေကျပ် ငါးသိန်းနှင့် အထက် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲဝင်များအနေ ဖြင့် LEGO ပစ္စည်းအခက်အခဲရှိပါက လည်း Fun & Learn Centre မှ ကူညီစီစဉ် ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ကြိုတင် စာရင်း ပေးသွင်းနိုင်မည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အဖွဲ့တစ်ဖွဲ့လျှင် မှတ်ပုံတင်ကြေး အနေဖြင့် ငွေကျပ်တစ်သောင်းကို မေလ ၁ ရက်မှ ၃၀ ရက်အထိ လူကိုယ်တိုင် သွားရောက် စာရင်းပေးသွင်းကာ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ MLL- 2015 ပြိုင်ပွဲ စည်းကမ်းချက်များ အနေဖြင့် ပြိုင်ပွဲဝင် အဖွဲ့များကို အသက် ၉ […]

Read More

Sony Xperia Z3 Purple

အားသာချက် ဖုန်းမှာ ဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းတွင်းအသုံးပြု စနစ်ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာဖွဲ့စည်းထားတဲ့ CPU, GPU နဲ့ ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် ဒီဖုန်းမှာတော့ Sony ရဲ့အသုံးပြုနေကျ BRAVIA Engine ကို အသုံးမပြုဘဲ X-Reality Engine စနစ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဂရပ်ဖစ်စနစ်မှာ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားနိုင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်ပါတယ်။ […]

Read More

ဇွန်လတွင် လူမှုရေး ကွန်ရက်တစ်ခု ပါဝင်သည့် Apple Music ဝန်ဆောင်မှု စတင်သွားမည်ဟုဆို

Apple အနေဖြင့် Apple Music ဝန်ဆောင်မှုကို စတင်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ Worldwide Developers Conference တွင် ကြေညာခဲ့ကြောင်း 9to5Mac ၏သတင်း ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ Apple သည် Beats Music ကို အခြေခံထားသည့် ၎င်းဝန်ဆောင်မှုကို လာမည့်လ နှောင်းပိုင်းတွင် iOS ၌ ဖြန့်ချိရန် စီစဉ်နေကြောင်း သတင်းက ဖော်ပြခဲ့သည်။ အဆိုပါ Apple Music ဝန်ဆောင်မှုကို ဒီဇိုင်းပိုင်း ပြန်လည် ပြင်ဆင်ထားသည့် Music app ဗားရှင်းတွင် ပါဝင်လာဖွယ်ရှိသည်။ Apple Music ကို Mac နှင့် Android ဗားရှင်း များတွင်လည်း ဖြန့်ချိပေး သွားဖွယ်ရှိသည်။ ထို့အပြင် Apple […]

Read More

သတင်းများ လျင်မြန်စွာ ဖတ်ရှုနိုင်ရန် Instant Articles feature ကို Facebook မိတ်ဆက်

Facebook သည် သုံးစွဲသူများ၏ မိုဘိုင်းထုတ်ကုန်များဖြင့် လူမှုရေး မီဒီယာပေါ်တွင် သတင်းများ လျင်မြန်စွာ ဖတ်ရှုနိုင်ရန် Instant Articles feature သစ်တစ်မျိုးကို ဖြန့်ချိခဲ့သည်။ Instant  Articles သည် Facebook feed အတွင်းရှိ လင့်ခ်ကိုနှိပ်၍ သတင်းများ ဖတ်ရှုရာတွင် အခက်တွေ့ သူများအတွက် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်း feature သစ်သည် Facebook မိုဘိုင်း app တွင် သတင်းဖတ်ရှုရာတွင် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ပြီး မိုဘိုင်း ဝက်ဘ်ပေါ်ရှိ ဆောင်းပါးအများစုကို သာမန်အမြန်နှုန်းထက် ၁၀ ဆ လျင်မြန်သည့် နှုန်းဖြင့် ဖော်ပြ ပေးမည်ဖြစ်သည်။ ထိုသို့ ဝက်ဘ်ဆိုက်ပေါ်ရှိ သတင်းများကို လျင်မြန်စွာ ဖော်ပြပေးမည့်အပြင်  သတင်းတွင် ပါဝင်သည့် […]

Read More

ဖုန်းငွေဖြည့်ကတ်သုံးစွဲသူများ ၅ ရာခိုင်နှုန်း ကုန်သွယ် လုပ်ငန်းခွန် ဆောင်ရတော့မည်

ဖုန်းငွေဖြည့်ကတ် သုံးစွဲသူများအနေဖြင့် ဇွန်လ (၁) ရက်နေ့မှစတင်ကာ ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရတော့မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor၊ Ooredoo မိုဘိုင်းဖုန်း သုံးစွဲသူများ အားလုံး အဆိုပါ အခွန်ကို ပေးဆောင်ရ မည် ဖြစ်ကြောင်း သိရသည်။ “MEC က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအောက်မှာ ဖြစ်တဲ့ အတွက် MEC ဖုန်းသုံးစွဲသူတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟုမြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။ ဇွန် (၁) ရက်နေ့မှ စတင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရ ကိုယ်စား ဖုန်းအော်ပရေတာများက သုံးစွဲသူများထံမှ ကောက်ခံပြီး အစိုးရသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်း […]

Read More

MCC Kids 2015 သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပ

MCC ရုံးချုပ်မှ ကြီးမှူးပြီး ရန်ကုန်မြို့အတွင်းရှိ MCC စင်တာ များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ MCC စင်တာများအတွက် ၂၀၁၅ ခုနှစ် နွေရာသီအတွင်း ဖွင့်လှစ်ခဲ့သော Computer For Kids သင်တန်းများ အတွက် စုပေါင်းသင်တန်းဆင်းပွဲနှင့် ထူးချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို  မေလ ၁၅ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ခြင်း အခမ်းအနား တွင် MCC Education  CEO ဦးငြိမ်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ MCC Education Services, Director ဒေါ်နွယ်နွယ်ဦးမှ MCC Kids 2015 Programme နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ […]

Read More

System Mechanic Free (Free)

http://goo.gl/UDW03u  ဆော့ဖ်ဝဲအမျိုးအစား – Maintenance Optimization Software ဗားရှင်း – 14.5.1.37 ဖိုင်အရွယ်အစား – 46.5 MB အသုံးပြုနိုင်သည့် OS -Windows XP/Vista/7/8 ကွန်ပျူ တာလုပ်ဆောင်ချက်များ ကျဆင်းမှု မရှိစေရန်အတွက် အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုပေးနိုင်သလို ကွန်ပျူတာအတွင်း ဖြစ်ပေါ်နေသော ပြဿ     နာများကိုလည်း နောက်ကွယ်ကနေ ရှင်းလင်း ဖယ်ရှားပေးနေမယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသော ကွန်ပျူ တာများတွင် လုံခြုံမှုရှိစေရန်အတွက် စောင့်ကြပ်ကြည့်ရှုပေးနိုင်ရန်လည်း စီစဉ်ပေးထားပါတယ်။ Registry ပြဿ     နာများကိုလည်း ရှာဖွေ၍ ပြင်ဆင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Read More