Day: May 12, 2015

5G ခရီး မနီးလှသေးပါ

ကမ္ဘာ့မိုဘိုင်း ညီလာခံ MWC- 2015 မှာ ကြိုးမဲ့ကွန်ရက် မျိုးဆက်သစ် 5G နဲ့ ပတ်သက်တဲ့ နမူနာ သရုပ်ပြချက် တော်တော်များများကို မြင်တွေ့ခွင့် ရခဲ့ကြတယ်။  ဒီမျိုးဆက်သစ် မိုဘိုင်းနည်း ပညာကတော့ 4G ဒါမှမဟုတ် LTE နည်းပညာတို့ရဲ့ အလွန်မှာ အဆင့်မြှင့်တင် ဆောင်ရွက်လာမှာ ဖြစ်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ လက်ရှိအသုံးပြုခွင့် ရနေကြတဲ့ နည်းပညာတွေကို လေ့လာကြည့်မယ်ဆိုရင် တိုးတက်ဖွံ့ဖြိုးနေပါ တယ်ဆိုတဲ့ နိုင်ငံတွေမှာပင် 4G စနစ်ကို အပြည့်အဝ အသုံးပြုခွင့် မရနိုင်ကြသေးပေ။ 3G စနစ်က နေ 4G စနစ်ဒါမှမဟုတ် LTE စနစ်ကိုမြှင့်တင် ဆောင်ရွက်နေကြဆဲ နိုင်ငံအများအပြား ရှိနေကြ ပါသေးတယ်။ တချို့နိုင်ငံတွေ မှာ 2G ကိုပင် […]

Read More

တာရှည် အသုံးပြုနိုင်မည့် စမတ်နာရီ ဘက်ထရီကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိရန် Swatch စီစဉ်

၂၀၁၆ ခုနှစ်အတွင်း တာရှည်စွာ အသုံးပြုနိုင်မည့် စမတ်နာရီ ဘက်ထရီကို ထုတ်လုပ်ဖြန့်ချိရန် စီစဉ်နေကြောင်း Swatch ၏အမှုဆောင် အရာရှိချုပ် နစ်ခ်ဟေးယက်ခ်က ဆွစ်ဇာလန်သတင်း Handelszeitung သို့ ပြောကြားခဲ့သည်။ Swatch သည် ပြီးခဲ့သည့် နှစ်များတွင် စမတ်နာရီ၏ ဘက်ထရီ သက်တမ်းကို တိုးတက်မှုရှိအောင် ဖန်တီးရန် အာရုံစိုက် လုပ်ဆောင်လျက် ရှိသည်။ ပြီးခဲ့သည် ဖေဖော်ဝါရီလက Swatch သည် လာမည့်သုံးလအတွင်း စမတ်နာရီ တစ်မျိုး ထုတ်လုပ်ရန် သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းတွင်စွမ်းအင် ထောက်ပံ့မှုပေးပြီး ပျော့ပြောင်းမှု ရှိသည့် power  pack  များနှင့် ကွေးနိုင်သော ဘက်ထရီများ ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိမည့် ဘက်ထရီများသည် ကားများတွင်လည်း အသုံးပြုနိုင်ကြောင်း […]

Read More

iOS အတွက် Camera 51 app ဖြန့်ချိ

ပြီးခဲ့သည့် နွေရာသီက Android တွင်ဖြန့်ချိခဲ့သော Camera51 app သည် iOS အတွက်လည်း ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ app သည်မည်သူမဆို အလွယ်တကူဖြင့် အကောင်းဆုံး ပုံများကို ရိုက်ကူးနိုင်ရန် အထောက်အပံ့ ပေးမည်ဖြစ်သည်။ Camera 51 သည် ဓာတ်ပုံရိုက်ကူး ရုံသာမက editing tool များကို အသုံးပြုပြီးနောက် လူမှုရေး မီဒီယာများတွင် ဝေမျှနိုင်မည် ဖြစ်သည်။ ထို့အပြင်၎င်း app သည် ဓာတ်ပုံ ကောင်းစွာရိုက်ကူး နိုင်ရန်အတွက် သုံးစွဲသူ၏ ကင်မရာကို အပေါ်အောက်၊ ဘယ်ညာ လမ်းညွှန်ပေးမည် ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် လမ်းညွှန်မြားနောက် ကင်မရာကို ရွေ့လျား၍ aim box အတွင်း စမတ်ဖုန်း […]

Read More

Windows Command Prompt တွင် Auto Complete ကို Disable ပြုလုပ်ခြင်း

အကယ်၍ သင်ဟာ Windows Operating System ရဲ့ Command Prompt ကို မကြာခဏ အသုံးပြုနေတဲ့ Super User တစ်ယောက်ဆိုရင်  Windows ရဲ့ Command Prompt ထဲမှာ အလုပ်လုပ်ရင်း Tab Key ကို နှိပ်ရတဲ့အခါမှာ Auto Complete Feature ကြောင့် မလိုအပ်တဲ့ ဖိုင်တွေကို ခေါ်မိမှာပါ။ ဒီလိုအချိန်မျိုးမှာ Windows ရဲ့ Command Prompt မှာ Tab Key ကို အသုံးပြုနိုင်ဖို့အတွက် Auto Complete ကိုယာယီ Disable ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Command Prompt ရဲ့ Auto Complete Feature ကို  ယာယီပိတ်ထား […]

Read More

Ransomware

Ransomware ဆိုတာသည်မှာ အချက်အလက် ခိုးယူသော malware ဖြစ်သည်။ ၎င်း malware သည် တိုက်ခိုက်ခံရသူ၏ အချက်အလက်နှင့် decrypt လုပ်ထားသော ငွေပေးချေမှုများကို တိုက်ခိုက်သူများက encrypt လုပ်ပြီး အကျိုးရှိရှိ အသုံးချနိုင်သည်။ Ransomware program သည် e-mail attachment အပြင် ကူးစက်ခံထားရသည့် program နှင့် ထိန်းချုပ်ခံထားရသည့် website တို့မှတစ်ဆင့် ထည့်သွင်းနိုင်သည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များဖြင့် အသုံးပြုသည့် malware ကို တစ်ခါတစ်ရံတွင် cryptovirus, cryptotrojan နှင့် cryptoworm ဟူ၍ ခေါ်ဆိုကြသည်။ Ransomware သည် အသစ်ထွက်ပေါ်လာသည့် malware အမျိုးအစား မဟုတ်ပေ။ Cryptovirology: Extortion-Based Security Threats and […]

Read More

v6.84 Patch Update

The International Dota 2 Championship TI5 ပြိုင်ပွဲကြီးနဲ့အတူ v6.84 Patch Update ကိုလည်း မေလ ၁ ရက်နေ့နံနက်မှာ တရားဝင် ထုတ်လွှင့်ခဲ့ပါတယ်။ Update တရားဝင် မထွက်ခင် Bug ရှာဖို့အတွက် Valve ဟာ Update ကို ၃ ရက်ခန့်ကြိုပြီး Test Client မှာ တင်ပေးလေ့ရှိပါတယ်။ အဆိုပါ ကာလတုန်းက Update မှာ ပါဝင်လာမယ့် Item အသစ် ၈ မျိုးနဲ့ Aghanim’s Scepter Upgradeable Hero များစွာကိုလည်း ထည့်သွင်းပေးလိုက်တဲ့အတွက် v6.84 Patch Update ဟာ Dota သမိုင်းကြောင်းတစ်လျှောက် အဆိုးရွားဆုံးနဲ့ Imba (Imbalance) […]

Read More

ဖုန်းသုံးစွဲ သူတိုင်းအတွက် Power Bank

iKANOO Bluetooth Speaker and External Power Bank iKANOO အမှတ်တံဆိပ် Bluetooth Speaker and External Power Bank ဖြစ်သည်။ Bluetooth Function ပါဝင်သော မည့်သည့်ထုတ်ကုန် ပစ္စည်းဖြင့်မဆို ချိတ်ဆက်အသုံးပြု နိုင်သည်။ သီချင်း နားထောင်ခြင်းများကို ပြုလုပ်နိုင်သည့် Speaker နှင့် မိုဘိုင်းဖုန်းများကို အလွယ်တကူ အားသွင်းယူခြင်းများ ပြုလုပ်နိုင်သော External Power Bank တစ်ခုလည်း တွဲဖက်ပါဝင် မည်ဖြစ်သည်။ အရွယ်အစား သေးငယ်ပြီး သွားလေရာသို့ အလွယ်တကူ သယ်ဆောင် သွားနိုင်မည် ဖြစ်သည်။ Speaker အသံထွက် အရည်အသွေးလည်း အထူးကောင်းမွန်မည် ဖြစ်သည်။ နှစ်မျိုးအသုံးပြု နိုင်တဲ့အတွက် သုံးစွဲသူများ အကြိုက်တွေ့စေ နိုင်မည်ဖြစ်သည်။ […]

Read More

မလေးရှားနိုင်ငံ KDU တွင် Diploma in Business ဘာသာရပ်ကို တက်ရောက်နေသည့် မအေးစုပိုင်၏ Student Life

ဒီအပတ်မှာတော့ မလေးရှားနိုင်ငံ ပီနန်မြို့ရှိ KDU မှာ Diploma in Business ဘာသာရပ်ကို တက်ရောက်နေတဲ့ မအေးစုပိုင်ရဲ့ Student Lifeဘ ကို ဖော်ပြပေး မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ပညာအရည် အချင်းကို ပြောပြပေးပါ။   ၂၀၁၃ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ပညာသင်ဆုရခဲ့တယ်လို့ သိရတယ်။ ဘယ်လောက်ရာခိုင်နှုန်းကို ဘယ်သာသာရပ်အတွက် ရရှိခဲ့တာလဲ။ ပညာသင်ဆုက ၅၀ ရာခိုင်နှုန်းရခဲ့တယ်။ ဘာသာရပ်က Diploma in Business ပါ။ KDU (ပီနန်) ကောလိပ်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း ပြောပြပါဦး။  KDU (ပီနန်) အကြောင်းကို သမီး မလေးရှား Taylor’s တက္ကသိုလ်မှာ Intensive English Program […]

Read More

Free Video Editor (Free)

http://goo.gl/YEy3aK  ဆော့ဖ်ဝဲအမျိုးအစား – Video  Editing Software ဗားရှင်း – 1.4.11.301 ဖိုင်အရွယ်အစား – 28.8 MB အသုံးပြုနိုင်သည့် OS -Windows Vista/7/8 Video Editing ဆော့ဖ်ဝဲကို ရှာဖွေနေသူများအတွက် အသုံးဝင်မယ့် အခမဲ့ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Video File Format အများအပြားကို အထောက်အပံ့ပေးထားပြီး Editing Tool တွေကို ပြည့်စုံစွာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဗီဒီယိုတွေကို ဖန်တီးပြုလုပ်နိုင်စေဖို့အတွက်လည်း စီစဉ်ပေးနိုင်မယ့် Video Editing ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို Windows Vista မှစတင်ပြီး သုံးစွဲနိုင်ရန် စီစဉ်ပေးထားပါတယ်။

Read More