Day: May 8, 2015

မိုဘိုင်းဖုန်းမှ မြန်မာ့အသံရေဒီယို နားဆင်နိုင်မည့်အစီအစဉ်

မိုဘိုင်းဖုန်းမှ မြန်မာ့အသံရေဒီယို နားဆင်နိုင်မည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို မေ ၁၅ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နားဆင်လိုသူများအနေဖြင့် ဖုန်း ၀၁-၂၃၉၉၁၀၃ ကိုနှိပ်၍ Subscribe လုပ်ရမည်ဖြစ်ကြောင်း သိရသည်။ စက္ကန့် ၉၀ စာ မြန်မာ့အသံ ရေဒီယိုသတင်းများကို နံနက် ၈ နာရီတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတစ်ကြိမ်၊ ည ၇ နာရီတစ်ကြိမ် တစ်နေ့လျှင်သုံးကြိမ် နားဆင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို မြန်မာ့အသံနှင် ရုပ်မြင်သံကြားနှင့် Blue Ocean Operating Management Company Limited တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Read More

ရှေ့မီးကြီးများကို ပြင်ဆင်ခြင်း အပိုင်း (၂)

ဒါပေမဲ့ အဆိုပါ အထက်မီးနဲ့ မောင်းနှင်မှုက တစ်ဖက် ယာဉ်မောင်းနှင်သူတွေကို အနှောင့်အယှက်တော့ မဖြစ်ပါစေနဲ့။ ဒီတော့ တစ်ဖက်က ယာဉ်မောင်းနှင်သူကို အနှောင့်အယှက် မဖြစ်ရအောင် ကိုယ့်ရဲ့ ဆိုင်ကယ်မီးက တစ်ဖက်ယာဉ်မောင်းနှင် သူရဲ့ အကြည့်အာရုံကို အလင်းမကျရောက်စေဖို့ လိုအပ်ပါတယ်။ ဒီတော့ ချိန်ညှိမှုအတွက် အတိုင်းအတာကို သိထား၊ မှတ်ထားမယ်ဆိုရင် ကိုယ်လည်း အဆင်ပြေမှာ ဖြစ်သလို တစ်ဖက်ယာဉ်မောင်းတွေလည်း ပြဿ     နာမဖြစ်တော့ပါဘူး။ ကျွန်တော်တို့ မော်ဒယ်စုံဆိုင်ကယ် တစ်စီးအတွက် ပုံမှန်ထားရှိသင့်တဲ့ ရှေ့မီးကြီး မီးဖြန့်ပမာဏ ကတော့ အောက်မီးအတွက် ဆိုရင် အကောင်းဆုံး စူးရောက်မှု ပေ ၂၀-၂၅ နဲ့ အထက်မီးဆိုရင် အကောင်းဆုံး အလင်းရောင် စူးရောက်မှု ပေ ၄၀-၅၀ ထားရှိမောင်းနှင်ဖို့ ဖြစ်ပါတယ်။ ဒီပမာဏဟာဆိုရင် အထက်မီးတင်လိုက်သည့်တိုင်အောင် […]

Read More

Cyberbullying

Cyberbullying ဆိုသည်မှာ ဆဲလ်ဖုန်းများ၊ instant messaging များ၊ email များ၊ chat room များနှင့် Facebook, Twitter ကဲ့သို့သော social networking ဆိုက်များကို အသုံးပြုကာ တစ်စုံတစ်ယောက်ကို အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခြင်း ဖြစ်သည်။ Cyberbullying ကို နည်းပညာများနှင့် ပိုမို အကျွမ်းတဝင်ရှိသူ လူငယ်များက ပြုလုပ်လေ့ရှိသည်။ ပြဿနာကို ပိုဆိုးစေသည့် အချက်မှာ အနိုင်ကျင့်မှုတစ်ရပ်ပြုလုပ်သူက ၎င်း၏ စစ်မှန်သော အထောက်အထားကို ဖုံးကွယ်ထားနိုင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လျှို့ဝှက်ထားမှုက ဇစ်မြစ်ကို ခြေရာခံရ ခက်ခဲစေပြီး မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်းထက် cyberbullying ပြုလုပ်ခြင်းကို ပိုမို အားပေးအားမြှောက်ဖြစ်စေသည်။ Cyberbullying အပြုအမူများတွင် ခြိမ်းခြောက်မှု ပြုလုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ […]

Read More

စမတ်ဖုန်းအလွန်အကျွံသုံးစွဲမှုကြောင့် အိမ်ထောင်ရေးပျက်ပြားနိုင်ဟု တရုတ်စစ်တမ်းတစ်ခုဆို

ညနေခင်းတွင် အိမ်ထောင်ဖက်တစ်ဦးက မိုဘိုင်းဖုန်း အလွန်အကျွံ သုံးစွဲသည့်အခါ အိမ်ထောင်ရေး ပျက်ပြားနိုင်သည့် အန္တရာယ်ရှိကြောင်း တရုတ်နိုင်ငံ၏ အမျိုးသမီးအဖွဲ့ချုပ် (ACWF) ၏ စစ်တမ်းတစ်စောင်တွင် ဖော်ပြခဲ့သည်။ စမတ်ဖုန်းအသုံးပြုမှု မြင့်မားလာသည်နှင့်အမျှ မိဘနှင့်သားသမီး ဆက်ဆံရေးတွင် အနုတ်လက္ခဏာ များဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် လူတိုင်းအနေဖြင့် တစ်ညလျှင် ၎င်းတို့၏ မိုဘိုင်းဖုန်းများကို တစ်နာရီခန့် ပိတ်ထားကာ မိသားစုများနှင့် အတူရှိနေသင့်ကြောင်း အဆိုပါ စစ်တမ်းတွင် အကြံပြုထားသည်။ ACWF ၏ စစ်တမ်းသည် လူပေါင်း ၃၁,၃၄၄ ဦးအပေါ် စာရင်းကောက်ယူ၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး သုတေသီများက မိသားစုများ တွေ့ဆုံချိန်တွင် ဖုန်းများအလွန်အကျွံ အသုံးပြုလေ့ရှိသူများကို တွေ့ရှိရကြောင်း ဆိုခဲ့သည်။ အိမ်ထောင်ရေးတစ်ခုတွင် အမျိုးသားက ၎င်း၏စမတ်ဖုန်းကို အိမ်ထောင်ဖက်ထက် ပိုမိုအာရုံစိုက်နေပါက အိမ်ထောင်ရေး ထိခိုက်နိုင်ကြောင်း၊ […]

Read More

Ford Mustang ရဲ့ ပြိုင်ဘက် Dodge Charger ဆိုတာ …

အမေရိကန် အခြေစိုက် ကားကုမ္ပဏီတွေ ဖြစ်တဲ့ Ford နဲ့ Dodge ဆိုတာက ဟိုအရင်ကတည်းက မော်ဒယ်တစ်ခုနဲ့တစ်ခု အပြိုင်ထုတ်လုပ် ရောင်းချလာတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်သလို ဈေးကွက်မှာလည်း သူတို့ရဲ့ အပြိုင်ကားတွေက နေရာရအောင်မြင်လေ့ရှိတာတွေ့နိုင်ပါတယ်။ ဘောလုံးလောကရဲ့ စကားလုံးမျိုးနဲ့ ပြောရမယ်ဆိုရင် အမေရိကန် ဒါဘီတွေ ဖြစ်တာကြောင့် ပြိုင်ဆိုင်ထုတ်လုပ် မှုတွေ ပြင်းထန် တာတွေ့ရသလို တစ်ဖက်ကလည်း ထုတ်လုပ်ရောင်းချကြတဲ့ မော်ဒယ်တွေက စွမ်းဆောင်ရည်တွေ မြင့်မားကြပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တော့ Dodge က Ford လောက် နာမည်မရလှဘဲ အမေရိက ဈေးကွက်တစ်ခုတည်းမှာသာ အောင်မြင်တာတွေ့ရပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် ပြောမယ့် Charger ကတော့ အမေရိက ဈေးကွက်မှာတင် မဟုတ်ဘဲ Muscle […]

Read More

Portable EVD Player

JBK အမှတ်တံဆိပ်ဖြင့် စကရင်အရွယ်အစား ၁၃.၉ ရှိသော Portable EVD Player ဖြစ်သည်။ ၂၇၀ ဒီဂရီ လှည့်ကာ အသုံးပြုနိုင်ပြီး ခရီးသွားသည့် အခါတွင်ဖြစ်စေ၊ မိမိတစ်ဦးတည်း သီးသန့် အနားယူ အပန်းဖြေသည့်အခါတွင်ဖြစ်စေ အသုံးပြုနိုင်မည် ဖြစ်သည်။ အခွေမရွေး ထည့်သွင်းအသုံးပြုနိုင်သည့် စက်အမျိုးအစားဖြစ်သည်။ ထို့အပြင် SD Card ထည့်သွင်း၍လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဂိမ်းကိုလည်း ဆော့ကစားနိုင်မည် ဖြစ်သည်။ ကိုဘီနိုး IT, Mobile, Game Sale & Service ဖုန်း – ၀၉၇၃၂၂၄၉၈၉ နှင့် ၃၈၀၅၃၆ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

LIEQI Telephone Lens

လှပသောရှုခင်းပုံများကို စိတ်ကြိုက်ရိုက်ကူးချင်သူများနှင့် အဝေးမှ ပုံရိပ်များကို ဆွဲယူကာ မှတ်တမ်းတင်ရိုက်ကူးချင်သူများအတွက် LIEQI အမှတ်တံဆိပ်  Lens တစ်မျိုး ဝင်ရောက်လာသည်။ ကင်မရာပါဝင်သော မည်သည့် Digital Device ဖြင့်မဆို ချိတ်ဆက်အသုံးပြုနိုင်သော  Universal Clip Lens အမျိုးအစား ဖြစ်သည်။ တွဲဖက်အသုံးပြုသည့် Device တွင် ပါဝင်သော Camera Lens ထက်၈ဆ ပိုမိုဆွဲယူပြီး မိမိစိတ်ကြိုက်ပုံရိပ်များကို ရိုက်ကူးနိုင်မည် ဖြစ်သည်။  Lens  ကို ထည့်သွင်းသိမ်းဆည်းထားနိုင်မည့် အိတ်တွဲလျက် ပါဝင်သည်။  တန်ဖိုးမှာ ၁၂,၈၀၀ ကျပ်ဖြစ်သည်။ [email protected] Computer II ဖုန်း – ၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

iBootsUp for Mac

အလုပ်လုပ်ဆောင်ချက်နှေးကွေးနေသည့် Mac OS အသုံးပြုထားသည့် ကွန်ပျူ တာများတွင် ထည့်သွင်းသုံးစွဲနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် iBootsUp ဆော့ဖ်ဝဲဟာ Hard Disk အတွင်း အသုံးပြုမှုများနှင့် Memory သုံးစွဲမှုများကို လျော့ချပေးနိုင်မည် ဖြစ်သည်။ ဒါ့အပြင် အဆိုပါ ဆော့ဖ်ဝဲမှာ Security အတွက် Firewall စနစ်ပါဝင်မှာဖြစ်ပြီး System အတွင်းက မလိုလားအပ်တဲ့ ဖိုင်များကိုလည်း ရှင်းလင်းဖယ်ရှားနိုင်ရန် စီစဉ်ပေးထားတာကို တွေ့ မြင်ရမည် ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေနဲ့ အခမဲ့ Download ပြုလုပ်နိုင်မှာဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ 5.95MB ခန့်သာရှိမည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Flock

အသေးစားစီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မယ့် Flock Chat App သည် တစ်ဦးနှင့်တစ်ဦး Message များ ပို့ဆောင်သည့်အခါတွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ ထို့ပြင် Group Chat အနေနှင့် လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖိုင်များကိုလည်း Sharing ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းအတွင်းမှ လူများနှင့် အလွယ်တကူ အလုပ်လုပ်ဆောင်နိုင်ရန်အတွက် စီစဉ်ပေးထားပြီး အခမဲ့ အသုံးပြုနိုင်မည့် App တစ်ခုလည်းဖြစ်သည်။ Mobile Version နှင့် PC Version ဆိုပြီး ခွဲခြားထုတ်လုပ်ပေးထားသည်။ Android Version 4.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် App တစ်ခုလည်းဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More