Day: May 7, 2015

ဧပြီလအတွင်း ကုမ္ပဏီ ၇ ခုကို ဆက်သွယ်ရေး လိုင်စင် ချထားပေး

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးလိုင်စင် လာရောက်လျှောက်ထားသူများကို စိစစ်၍ လိုင်စင်များ ချထားပေးနေကြောင်း၊ ဧပြီလအတွင်း လိုင်စင်ချထားပေးခဲ့သည့် ကုမ္ပဏီအရေအတွက်မှာ ၇ ခုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလိုင်စင်များကို ၂၀၁၅ ခုနှစ် နှစ်အစပိုင်းမှ စတင်၍ လိုင်စင်များ ထုတ်ပေးနေခဲ့ခြင်းဖြစ်ပြီး ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် နည်း ပညာကုမ္ပဏီ အားလုံးကို လိုင်စင်သက်တမ်း ၁၅ နှစ်အကြာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပေးအပ်ခဲ့သော လိုင်စင်အမျိုးအစားများအရ Nationwide Telecommunications Licences ၊ Network Facilities Service Licence ( Individual and Class) ၊Application Services Licence ဟူ၍ သုံးမျိုးခွဲခြားကာ ပေးအပ်ခဲ့သည်ဟု သိရသည်။ ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်များအနက် […]

Read More

ကမ္ဘာ့ရောင်းအား အကောင်းဆုံး စမတ်ဖုန်း သရဖူဘွဲ့ကို Apple ထံမှ Samsung ပြန်လည်ရရှိ

တောင်ကိုရီးယား စမတ်ဖုန်း ကုမ္ပဏီ Samsung သည် Apple ကို ကျော်ဖြတ်၍ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာကြောင်း သုတေသနတစ်ခုမှ ဖော်ပြခဲ့သည်။ Samsung သည် ၂၀၁၅ ခုနှစ် ပထမ သုံးလပတ်အတွင်း ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်း အလုံးရေ ၈၃.၂ သန်း တင်ပို့ ရောင်းချခဲ့ရာ ၎င်းအရေအတွက်သည် စမတ်ဖုန်း ဈေးကွက်၏ ၂၄ ရာခိုင်နှုန်းရှိကြောင်း ဈေးကွက် သုတေသန ကုမ္ပဏီ Strategy Analytics မှ ဖော်ပြခဲ့သည်။ Samsung ၏ ဈေးကွက်ဝေစုသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဈေးကွက်ဝေစု အနည်းငယ် လျော့ကျခဲ့သည်။ သို့သော်လည်း Apple သည် ပထမ သုံးလပတ်အတွင်း စံချိန်တင် […]

Read More

Telecenter ၁၅ ခုကို ဖွင့်လှစ်နိုင်ခဲ့ဟုဆို

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် Light House ဟု အမည်ပေးထားသော Telecenter အရေအတွက် ၂၀၀ ကို ဖွင့်လှစ်ပေးသွားမည်ဟု ကတိပြုထားသည့် Telenor သည် လက်ရှိအချိန်၌ Telecenter ၁၅ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီဟု သိရသည်။ ဒလ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ ပန်းတနော်၊ သာယာဝတီ၊ ဘားအံ၊ ပဲခူး၊ နတ်တလင်း ၊ ပြည်၊ လယ်ဝေး၊ ပျဉ်းမနား၊ ကျောက်ပန်းတောင်း၊ ရေစကြို၊ မတ္တရာ စသည့်မြို့များ၌ Telecenter များကို တည်ထောင် ခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်၌ တောင်ကြီးမြို့တွင်လည်း ဖွင့်လှစ်သွားမည်ဟု သိရသည်။ Telecenter အရေအတွက် ၂၀၀ ကို ပြည်တွင်းရှိ အရပ်ဘက် နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Myanmar ICT […]

Read More

US ICT Council Myanmar က ပြည်တွင်းရှိ ကဏ္ဍမျိုးစုံကို အကူအညီများ ပေးအပ်မည်

အမေရိကန်အခြေစိုက် နာမည်ကြီး နည်းပညာကုမ္ပဏီ ၅ ခု စုစည်းထားသော US ICT Council Myanmar သည် ပြည်တွင်းရှိ ကဏ္ဍမျိုးစုံကို အကူအညီများ ပေးအပ်သွားရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများက ပြောသည်။ ယခုလ ပထမပတ်အတွင်း နေပြည်တော်၌ High Level Seminar တစ်ခုကို ကျင်းပခဲ့ပြီး အဆိုပါ Seminar ၌ Council ၏ အကူအညီပေးအပ်ရေး အစီအစဉ်များကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း အသီးသီးမှ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ “Microsoft ဆိုရင် ပညာရေးကဏ္ဍကို ကူညီမယ်။ အခြားကုမ္ပဏီကလည်း အခြားကဏ္ဍတွေကို ကူညီမယ်။ ဒါတွေကို အားလုံးကလည်း သဘောတူတယ်။ […]

Read More

LB Link အမှတ်တံဆိပ် Wireless N Router မိတ်ဆက်ပွဲပြုလုပ်

တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော B-LINK ELECTRONIC CO.,LTD မှ ထုတ်လုပ်သည့် LB Link အမှတ်တံဆိပ် Wireless N Router နှင့် ဆက်စပ်ပစ္စည်းများ မိတ်ဆက်ပွဲကို မေလ ၆ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၉၀) ရှိ ကျိုင်းတုံစားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲတွင် B-LINK ELECTRONIC CO.,LTD မှ Mr.Raymond Xi (Sales Director) က LB Link ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် တင်သွင်းဖြန့်ချိ ခွင့်ရရှိမည့် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် STERLING SILVER SOLUTIONS ကုမ္ပဏီကို […]

Read More

Mortal Kombat X

NetherRealm Studios ရဲ့ Mortal Kombat X ဂိမ်းသစ်ဟာ video game generations လွတ်သွားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ အဆက်မပြတ်ထွက်ရှိခဲ့တဲ့ Mortal Kombat ဂိမ်းစီးရီးရဲ့ ဆယ်ခွေမြောက် ဂိမ်းသစ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ ဇာတ်လမ်း ပုံစံအသစ် (Reboot) အဖြစ် ပြန်လည်စတင်ခဲ့တဲ့ Mortal Kombat 9 ရဲ့ တိုက်ရိုက်အဆက်လည်း ဖြစ်တဲ့အတွက် MK9 တုန်းကလို စိတ်ဝင်စားစရာကောင်းတဲ့ singleplayer storyline cutscenes တွေ သွက်လက်တဲ့ versus fighting gameplay တွေ သေချာပေါက် ပြန်လည်ပါဝင်ထားပါတယ်။ အရင် PlayStation 2 တို့ Nintendo Game Cube ဂိမ်းစက်တို့မှာကတော့ Mortal Kombat […]

Read More

Samsung 40” 3D Smart TV

Samsung  အမှတ်တံဆိပ် လက်မ ၄၀ အရွယ်အစား Full HD (1920 x 1080) Resolution အမျိုးအစာ3းD Smart TV ဖြစ်သည်။ 3D Hyper Real Engine ကို အသုံးပြုထားသောကြောင့် 3D ဇာတ်ကားများကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ လှုပ်ရှားမှု ပုံရိပ်တိုင်း ကြည်လင်ပြတ်သားပြီးထစ်ခြင်း မရှိသော Clear Motion Rate 400 Hz နည်းပညာဖြင့် ဖွဲ့စည်းထားသည်။ Wireless Lan Built in နှင့် Browser ပါဝင်သောကြောင့် ကြိုက်နှစ်သက်သည့် ဝက်ဘ်ဆိုက်များ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ Smart Internet TV ဖြစ်သောကြောင့် (Facebook, Youtube, […]

Read More

General-purpose gadget pouch

ELECOM အမှတ်တံဆိပ် TB-01GPBK/RD မော်ဒယ် General – purpose gadget pouch ဖြစ်သည်။ Phone, Tablet များနှင့် သက်ဆိုင်သော Accessories များကို ထားရှိနိုင်မည် ဖြစ်သည်။ သာမန်ပြုတ်ကျ မှုများကို ဒဏ်ခံနိုင်ရန်အတွက် ကော်သား အထူခံ၍ ချည်သားဖြင့် ချုပ်လုပ်ထားသည်။ ချုပ်ရိုး၊ ချုပ်သားခိုင်ခံ၍ သေသပ်လှပပြီး အကြမ်းခံနိုင်မည့်အိတ် ဖြစ်သည်။ အိတ်အတွင်းပိုင်းတွင် Hard Disk အကြီး၊ Power Bank, Cable, Adapter အစရှိသည့် Accessories များစွာကို ထားရှိနိုင်မည် ဖြစ်သည်။ Double Zipper ဖြစ်သောကြောင့် ပစ္စည်းများကို အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်ပြီး အိတ်အတွင်း ပစ္စည်းများတစ်ခုနှင့် တစ်ခု […]

Read More

သွားလိုရာလမ်းသို့ တက္ကစီမျှဝေစီးနင်းနိုင်မည့် Application စတင်အသုံးပြုနိုင်

မိမိသွားလိုသည့်နေရာသို့ တက္ကစီငှားရမ်းသွားမည်ဆိုပါက မိမိသွားလိုရာ လမ်းကြောင်းတူသူနှင့် မျှဝေစီးနင်း နိုင်မည့် Application ကို ယနေ့မှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါ Application ကို ဆောင်ရွက်သည့် Synapse မှ Senior Web Developer ကိုသီဟတင်မောင်အေးက ပြောသည်။ အဆိုပါ Application အသုံးပြုနိုင်ရန်အတွက် ဖေ့ဘုတ်အကောင့် သို့မဟုတ် ဂျီမေးလ်တို့ လိုအပ်မည်ဖြစ်ပြီး အခမဲ့ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။ “ကိုယ်က Junction Square ကိုသွားမယ်ဆိုရင် အဲဒီလမ်းကြောင်းနဲ့ တက္ကစီတူတူစီးလို့ ဖြစ်တဲ့နေရာ လှည်းတန်းလိုမျိုး နီးစပ်ရာအကွာအဝေးကို ရှာပေးပြီး တက္ကစီမျှဝေစီးနိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူစိမ်းယောက်ျားလေးတွေနဲ့ ရောမစီးချင်ဘူးဆိုရင် Application ထဲမှာ Ladies Only Options ကို ရွေးချယ်ထားပြီး အမျိုးသမီးတွေချည်း စီးနိုင်မှာဖြစ်ပါတယ်” ဟု […]

Read More

ရန်ကုန်မြို့တွင် MPT ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ဆိုင်တစ်ဆိုင်ထပ်မံဖွင့်

ရန်ကုန်မြို့တွင် MPT ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ဆိုင်တစ်ဆိုင် ထပ်မံဖွင့်လိုက်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်ခွဲကို တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမတွင် မေလ ၃ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင်တွင် MPT Simcard နှင့်ပတ်သက်သော ဝန်ဆောင်မှုများ၊ Top up card နှင့်ပတ်သက်သော ဝန်ဆောင်မှုများ၊ Customer Care တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ြ မန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံတစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်တွင် […]

Read More