Day: May 6, 2015

Singapore Institute of Management တွင် Diploma in Management Studies ကို တက်ရောက်ခဲ့သော မောင်ထွဋ်မြတ်နောင်၏ Student Life

ဒီအပတ်မှာတော့ Singapore Institute of Management မှာ Diploma in Management Studies ကို တက်ရောက်ခဲ့တဲ့ မောင်ထွဋ်မြတ်နောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကျောင်းတက်ဖို့အတွက် ဘယ်လိုကြိုတင် ပြင်ဆင်မှုမျိုးတွေ လုပ်ခဲ့ရလဲ။ ကျောင်းတက်ဖို့ ပထမဦးဆုံး အနေနဲ့ IELTS လိုအပ်တဲ့အတွက် IELTS ဖြေဆိုခဲ့ပါတယ်။ IELTS ပြီးတော့ အင်္ဂလိပ်စာကိုပဲ အဓိကထား ပြင်ဆင်ခဲ့ပါတယ်။ ဘယ်ဘာသာရပ်ကို တက်ရောက်ခဲ့တာပါလဲ။ ဘာကြောင့် ဒီဘာသာရပ်ကို တက်ဖို့ ရွေးချယ် ဖြစ်ခဲ့တာလဲ။ ကျွန်တော် တက်ရောက်ခဲ့တဲ့ ဘာသာရပ်ကတော့ Diploma in Management Studies ပါ။ ဒီ Management ဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း ရယ်ရွယ်ချက်က ကျွန်တော် […]

Read More

LG ဖုန်းအား အဝေးထိန်း Remote Control အဖြစ် အသုံးပြုခြင်း

LG ဖုန်းကို Remote Control အဝေးထိန်း စနစ်အဖြစ် အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ မိုဘိုင်းဖုန်းတွေကို Remote Control အဖြစ် အသုံးပြုနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ နည်းပညာမြင့် စမတ်ဖုန်း တော်တော်များများမှာ Remote Control စနစ်ဟာ ပါဝင်လာနေခဲ့ပါပြီ။ မိုဘိုင်းဖုန်း တစ်လုံးကို Remote Control အဖြစ် အသုံးပြု နိုင်ဖို့အတွက် App တွေလည်း ရှိနေပါတယ်။ သို့ပေမယ့် အချို့ App တွေဟာ ဖုန်းနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် Remote စနစ်ကို အသုံးပြု လို့ မရတာမျိုးတွေ များပါတယ်။ ဖုန်းမှာတစ်ပါတည်း ပါဝင်လာတဲ့ Remote Control စနစ်တွေကတော့ အကောင်းဆုံး အသုံးပြုနိုင်တဲ့ […]

Read More

စမတ်ဖုန်း ပြန်ထုတ်ရန် အစီအစဉ် မရှိဟု Nokia ငြင်းဆို

Nokia အနေဖြင့် ၂၀၁၆ ခုနှစ်တွင် စမတ်ဖုန်းများ ပြန်လည် ထုတ်လုပ်ရန် စီစဉ်နေကြောင်းဟူ၍ သတင်းများ၏ ဖော်ပြနေမှုကို NokiaTechnologies က ငြင်းဆိုလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ၎င်းတို့အနေဖြင့် စမတ်ဖုန်းများ ပြန်လည် ထုတ်လုပ်ရန် အစီအစဉ် မရှိကြောင်း Nokia Technologies က ထုတ်ပြန်သွားခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံရှိ R&D စက်ရုံတွင် ဟန်းဆက်များ ပြန်လည် ထုတ်လုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ၏ ဖော်ပြမှုကို သတိပြုမိကြောင်း၊ အဆိုပါ သတင်းများသည် မှားယွင်းလျက် ရှိသည့်အပြင် သတင်းများတွင် ပါဝင်သည့် Nokia ကွန်ရက် အမှုဆောင်၏ ပြောကြားချက် များမှာလည်း မမှန်ကန်ကြောင်း ထုတ်ပြန်သွားခဲ့သည်။ Nokia သည် ၂၀၁၆ […]

Read More

Google News ကို အဆင့်မြှင့်တင်ရန် ထုတ်ဝေသူများနှင့် Google ဆွေးနွေးမှုများ ပြုလုပ်

Google သည် ၎င်းသတင်း ဝန်ဆောင်မှုကို အဆင့်မြှင့် တင်ရန်အတွက် ဥရောပရှိ ထုတ်ဝေ သူများနှင့် ပဏာမ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးမှုတွင် Google သည် ဒီဂျစ်တယ် ဂျာနယ်လစ်ဇင် ပြောင်းလဲခြင်းနှင့် စာဖတ်သူများအတွက် သင့်တော်မည့် သတင်း အကြောင်းအရာများ ဖန်တီးနိုင်မည့် စီမံကိန်းများကို လာမည့်သုံးနှစ်အတွင်း အကောင်အထည် ဖော်ရန်အတွက် လာမည့်သုံးနှစ်အတွင်း ကန်ဒေါ်လာ ၁၆၄ သန်း ငွေကြေးထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ Google အနေဖြင့် သုံးစွဲသူများသို့ သတင်း အကြောင်းအရာများစွာ ဖော်ပြပေးခြင်းနှင့် ဒီဂျစ်တယ် ဂျာနယ်လစ်ဇင် ပြောင်းလဲနိုင်ရန် ငွေကြေးထောက်ပံ့ ပေးခြင်းဖြစ်သည်။ ထုတ်ဝေသူနှင့် အယ်ဒီတာ များထံမှ အမြင်များတွင် စမ်းသပ်မှုများကို လုပ်ကိုင်လိုခြင်းကို တွေ့ရှိရကြောင်း၊ သို့သော်လည်း […]

Read More

SM3 Directory ၌ မြို့ ပေါင်း ၂၀ ကျော်၏ အချက်အလက်များ ပါဝင်လာမည်ဟုဆို

မိုဘိုင်းဖုန်းသုံးလမ်းညွှန် Application တစ်ခုဖြစ်သည့် SM3 သည် ဇူလိုင်လ၌ Update Data များ ထွက်ရှိလာမည်ဖြစ်ပြီး အဆိုပါ Update Data ၌ မြို့ပေါင်း ၂၀ ကျော် (သို့မဟုတ်) မြို့ပေါင်း ၃၀ နီးပါးအတွက် လမ်းညွှန်ဖုန်းနံပါတ်များ ပါဝင်လာမည်ဟု သိရသည်။ လက်ရှိအချိန်၌ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ – ညောင်ဦး၊ တောင်ကြီးမြို့များအတွက်သာ လမ်းညွှန်ဖုန်းနံပါတ်များ ပါဝင်ပြီး အသစ်ထပ်မံဖြည့်သွင်းပေးမည့် အချက်အလက်များ၌ မြို့ပေါင်း ၂၀ (သို့မဟုတ်) မြို့ပေါင်း ၃၀ မှ အချက်အလက်များ ပါဝင်လာမည်ဟု သိရသည်။ “ဇူလိုင်မှာ မြို့ပေါင်း ၃၀ လောက်က Data တွေ ပါလာမယ်လို့ထင်တယ်။ အခုကတော့ Data သွင်းနေတုန်း […]

Read More

Xiaomi Mi 4i ကို အာရှ၌ မေလ ၁၂ ရက်တွင် စတင်ရောင်းချမည်

အမေရိကန်ဒေါ်လာ ၂၀၅ ဖြင့် ရောင်းချလျက်ရှိသည့် Xiaomi Mi 4i ကို ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံများတွင် မေလ ၁၂ ရက်၌ ရောင်းချသွားမည်ဟု တရုတ်စမတ်ဖုန်းကုမ္ပဏီမှ ကြေညာခဲ့သည်။ ထိုင်ဝမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင် ရောင်းချမည့်ရက်ကို မကြာမီ ကြေညာသွားမည်ဟု Xiaomi မှ ပြောကြားခဲ့သည်။ Xiaomi သည် Mi 4i ကို အိန္ဒိယနိုင်ငံတွင် စတင်ရောင်းချခဲ့စဉ်က ၁၅ စက္ကန့်အတွင်း အလုံးရေ ၄၀,၀၀၀ ရောင်းချခဲ့ရသည်။ Android 5.0 အသုံးပြုထားသည့် Mi 4i တွင် full-HD display နှင့် octa-core Qualcomm Snapdragon 615 ပရိုဆက်ဆာအပြင် 3,120mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။ ကျောဘက်တွင် […]

Read More

MEC နံပါတ်အလှ ဆင်းမ်ကတ်များ လေလံတင်ရောင်းချပွဲ ဆက်လက်ပြုလုပ်သွားရန်စီစဉ်

MEC နံပါတ်အလှ ဆင်းမ်ကတ်များ လေလံတင်ရောင်းချပွဲ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သိရသည်။ MEC နံပါတ်အလှ ဆင်းမ်ကတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို မေလ ၄ ရက်နှင့် ၅ ရက်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ “၄ ရက်နေ့က ဆင်းမ်ကတ် ၂၅ ကတ်၊ ၅ ရက်နေ့က ဆင်းမ်ကတ် ၂၁ ကတ်၊ စုစုပေါင်း ၄၆ ကတ် ရောင်းချခဲ့တယ်။ ရောင်းချလို့ရတဲ့တန်ဖိုးတွေက အများဆုံးသိန်းနှစ်ဆယ် ဖြစ်ပါတယ်” ဟု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နှစ်ရက်အတွင်း ဆင်းမ်ကတ် ၄၆ ကတ်ကို ငွေကျပ် ၁၃၇ သိန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးဂဏန်းခြောက်လုံးပူး ဆင်းမ်ကတ်ကို ငွေကျပ်သိန်းနှစ်ဆယ်ဖြင့် […]

Read More

စာချုပ်မရှိသော ဆင်းမ်ကတ်များ ကတ်အခွံတွင်ပါရှိသောအမှတ်ဖြင့် ကတ်ပျောက်လျှောက်ထားနိုင်

စာချုပ်မရှိသော ဆင်းမ်ကတ်များ ကတ်အခွံတွင်ပါရှိသောအမှတ်ဖြင့် ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်ဝယ်ယူခြင်းတွင် ယခင်က စာချုပ်ပါဝင်ခဲ့သော်လည်း ယခု နောက်ပိုင်းရောင်းချသည့် ဆင်းမ်ကတ်များ ဝယ်ယူရာတွင် စာချုပ်မလိုအပ်ပေ။ အဆိုပါ နောက်ဆုံးထွက် ရှိထားသော ဆင်းမ်ကတ်များ ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားရန်မှာ ကတ်အခွံတွင်ပါရှိသော PIN/PUK အမှတ်တို့ပြသပြီး ထုတ်ယူနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ကတ်ပျောက်လျှောက်ထားခြင်းကို ၁,၅၀၀ ကျပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားခြင်းများအတွက် စာချုပ်ရှိပါက ဖုန်းစာချုပ်၊ မှတ်ပုံတင် မိတ္တု၊ မူရင်းတို့ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ စာချုပ်မရှိပါက မပျောက်ဆုံးမီ နောက်ဆုံးခေါ်ဆိုထားသော ဖုန်းခေါ်ဆိုမှု သုံးကြိမ်ကိုပြကာ သက်ဆိုင်ရာဆက်သွယ်ရေးရုံးသို့ ပြန်လည်လျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ MPT […]

Read More

Lenovo Thinkpad 8

တန်ဖိုး – ကန်ဒေါ်လာ ၃၉၉ အားသာချက် – Tablet တစ်လုံး အနေနဲ့သာမက တစ်ကိုယ်ရေသုံး ကွန်ပျူတာကဲ့သို့ပါ အသုံးပြုနိုင်မှာ ဖြစ်ပြီး Stroage ကလည်း များများထည့်သွင်း နိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် အခြေခံ သတ်မှတ်ထားတဲ့ Port တွေကိုလည်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ အားနည်းချက် – ၈ လက်မ အရွယ်အစား Tablet တွေထဲမှာတော့ ဈေးနှုန်းမြင့်မားတဲ့ Tablet တစ်လုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ သုံးသပ်ချက် – မကြာခဏ ခရီးသွားပြီး အလုပ်လုပ်ကိုင် နေသူများအတွက်တော့ အသုံးတည့်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်မှာပါ။ သယ်ဆောင်ရ လွယ်ကူပြီး Windows Operating System ကို အသုံးပြု ထားတာကြောင့် […]

Read More

Facebook က တိုးတက်မှုများြ ပုလုပ်ရန် နည်းလမ်းကောင်း တစ်ခုဖြစ်သည်ဟု Telenor ၏ ဈေးကွက်ဆိုင်ရာ အကြီးအကဲ á

လူမှုကွန်ရက်ဆိုသည်မှာ သူငယ်ချင်းများနှင့် မိသားစုများအကြား အပြန်အလှန်ဆက်သွယ်သည့် ဆိုက်တစ်ခုဖြစ်ရုံသာမက တိုးတက်မှုများ လုပ်ဆောင်သွားရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်ဟု Telenor မှ ဈေးကွက်ဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Mehrotra က ပြောသည်။ Telenor အနေဖြင့် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ကို အသုံးချ၍ ၎င်းတို့၏ စားသုံးသူများနှင့် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတစ်ခုကို ပြုလုပ်ခဲ့သည့်နောက်ပိုင်း Mr. Mehrotra က ယခုကဲ့ သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ “လူမှုကွန်ရက်ဆိုတာ အပြန်အလှန် ဆက်သွယ်တဲ့ ဆိုက်တစ်ခုတင် မဟုတ်ဘဲ ကျွန်တော်တို့ကို အားပေး နေသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ စီးပွားရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ Telenor ၏ အမှုဆောင်အရာရှိချုပ်နှင့် ဈေးကွက်ဆိုင်ရာ အကြီးအကဲဖြစ်သူတို့သည် မကြာသေးခင်က Telenor […]

Read More