Day: May 4, 2015

Engine Yard

Engine Yard သည် အချုပ်အချယ်ကင်းသည့် platform as a service (PaaS) ထောက်ပံ့ပေးသူ တစ်ဦးဖြစ်သည်။ PaaS ထောက်ပံ့သူများသည် cloud တွင် အသုံးချမည့် application များကို ဖန်တီးစမ်းသပ်သည့် developer များနှင့် DevOps များအတွက် လိုအပ်သည့် tool များ ထောက်ပံ့ပေးသည်။ Engine Yard သည် AWS EC2, Microsoft Azure နှင့် အခြားသော cloud infrastructure များပေါ်တွင် အသုံးပြုနိုင်မည့် application များကို အလိုအလျောက်သုံးနိုင်ခြင်း၊ သီးသန့်စီစဉ်ထားခြင်းနှင့် အသုံးချခြင်းတို့အတွက် ဝန်ဆောင်မှုများ ထောက်ပံ့ပေးသည်။ အဆိုပါ platform သည် Java, Ruby on Rails, PHP […]

Read More

Samsung Galaxy S6

Device Support ; Samsung Price ; 749,000 ks (32GB) အားသာချက် ဖုန်းရဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ Finger Print စနစ် ပါဝင်တဲ့အပြင် Finger Print စနစ်မှာလည်း အွန်လိုင်း ငွေပေးချေခြင်း စနစ်ကို အသုံးပြု နိုင်ပါတယ်။ အရည်အသွေး ကောင်းမွန်တဲ့ Screen ကြောင့် ကြည်လင် တောက်ပတဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားကြည့်ရှု နိုင်တဲ့အပြင် ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ် တွေဟာလည်း မြင့်မား ကောင်းမွန်တာ တွေ့ရပါတယ်။ ကင်မရာ ပိုင်းမှာလည်း အရည်အသွေး မြင့်မားတဲ့ ကင်မရာ စနစ်တွေကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် ကင်မရာ အသုံးပြု Function […]

Read More

ဗြိတိသျှ ကောင်စီ၏ အခမဲ့ online IELTS သင်တန်းဖွင့်မည်

မေလအတွက် ဗြိတိသျှ ကောင်စီ၏ အခမဲ့ online IELTS သင်တန်းကို မေလ ၁၁ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ ၆ ပတ် ကြာမြင့်မည်ဖြစ်ပြီး Chris Cavey (Lead Educator) မှ ၁ ပတ်လျှင် ၂ နာရီ သင်ကြားပေးမည် ဖြစ်သည်။ IELTS တွင် ဖြေဆိုရသော reading, writing, speaking နှင့် listening အပိုင်းတိုင်း အတွက် video tutor နှင့် အတွေ့အကြုံရှိ IELTS နည်းပြ ဆရာများမှ အကြံပေးသင်ကြား ပေးသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ IELTS စာမေးပွဲအတွက် လေ့လာသင်ယူ နေသူများနှင့်လည်း အတွေ့အကြုံများ ဖလှယ်နိုင်သည့် […]

Read More

ထုတ်ကုန် ၁ ဘီလီယံခန့်တွင် Windows 10 အသုံးပြုလာရန် Microsoft ရည်မှန်း

Microsoft သည်လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ထုတ်ကုန် ဘီလီယံ ပေါင်းများစွာတွင် Windows 10 အသုံးပြုလာရန် ရည်မှန်းထားကြောင်း သိရသည်။ Windows 10 ဖြန့်ချိအပြီး ၂ နှစ်သို့မဟုတ် ၃ နှစ်အတွင်း Windows 10 ကိုထုတ်ကုန် ၁ ဘီလီယံတွင် အသုံးပြုလာ ကြမည်ဖြစ်ကြောင်း Microsoft  ၏ operation systems ဆိုင်ရာ ဒုဥက္ကဋ္ဌ တယ်ရီမေရီဆန်က ဆန်ဖရန်စ္စကိုမြို့တွင် ပြုလုပ်ခဲ့သော Build developer ကွန်ဖရင့်၌ ပြောဆိုခဲ့သည်။ Microsoft သည် Windows 10 ကိုယခုနှစ် နွေရာသီတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း မတ်လက ထုတ်ပြန်ခဲ့သော်လည်း Microsoft ၏စီးပွားဖက် ချစ်ပ်ကုမ္ပဏီ AMD  […]

Read More

Apple Watch store မှ app ၃,၀၀၀ ကျော်ရယူ အသုံးပြုနိုင်မည်

Apple Watch ကိုအသုံးပြု သူများသည် ၎င်းတို့၏ စမတ်နာရီအတွက် Apple Watch store မှ app အရေအတွက် ၃,၀၀၀ ကျော်ကိုရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Apple Watch အတွက် App Store ကို ကြာသပတေးနေ့က စတင်အသုံးပြုခွင့် ပြုခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်တွင် app အရေအတွက် တစ်သိန်းကျော် ရှိလာလိမ့်မည်ဟု App store လေ့လာဆန်းစစ်ရေး ကုမ္ပဏီ appFigures မှဆိုခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲ ခန့်ကတည်းက စမတ်နာရီများကို ရောင်းချခဲ့သည့် Samsung ၏ Gear wearables app store တွင် app အရေအတွက် ၃,၀၀၀ ခန့်သာရှိသည်။ Apple Watch […]

Read More

အသစ်ဖြန့်ချိမည့် Web browser ၏အမည်ကို Microsoft ထုတ်ပြန်

Microsoft ၏ web browser သစ်၏ အမည်မှာ Edge ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ browser ကို Windows 10 နှင့်အတူ တင်ပို့ပေးသွားမည် ဖြစ်ပြီး Internet Explorer နေရာတွင် အစားထိုးသွားမည် ဖြစ်ကြောင်း Microsoft ၏ operating systems ပူးပေါင်းလုပ်ကိုင်မှုဆိုင်ရာ ဒုဥက္ကဋ္ဌဂျိုးဘဲလ်ဖီအိုရီက ကုမ္ပဏီ၏နှစ်စဉ်ပြုလုပ်နေကျ Build developers ကွန်ဖရင့်တွင် ပြောကြား သွားခဲ့သည်။ Edge browser သည် ယခင် browser ထက် ပိုမိုမြန်ဆန်ပြီး notation tool လည်း ပါဝင်လာကာ သုံးစွဲသူများ စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ရန် digital assistant Cortana ကိုလည်း ထည့်သွင်း ပေးထားကြောင်း […]

Read More

ခေတ်စားလာသော စမတ်နာရီများ

၂၀၁၅ အထိ ခေတ်စားနေသေးတဲ့ အကောင်းဆုံးစမတ်နာရီတွေထဲမှာ LG, Samsung, Sony တို့က ထုတ်လုပ်တဲ့ စမတ်နာရီများမှာ အများစုပါဝင်ကြပါတယ်။ ဒီလိုပြောလိုက်တဲ့အတွက် ဒါတွေက အကောင်းစားတွေလို့တော့ ပြောလို့မရပါဘူး။ အခုမှ စမတ်နာရီက ခေတ်စခါစသာ ရှိသေးတဲ့အတွက် လိုအပ်ချက်တွေကတော့ ရှိနေပါအုံးမယ်။ စာတိုပို့တာတွေ၊ ဖုန်းခေါ်တာနဲ့ ဖြေတာတွေအပြင် အီးမေးလ်ရောက်ကြောင်း သတိပေးတာတွေကို လုပ်လာနိုင်ပါပြီ။ သတိပေးတဲ့အချက်နဲ့ App တွေက စမတ်ဖုန်းတွေနဲ့ အကောင်းဆုံး အားကစား သုံးလက်ပတ်တွေရဲ့ အဓိက ကွာခြားချက် ဖြစ်ပါတယ်။ လက်ရှိမှာ Apple နာရီလည်း ဈေးကွက်ထဲကို ရောက်လာတော့မှာပါ။ Apple ရဲ့ထုံးစံအတိုင်း ဒီဂျစ်တယ် လက်ပတ်နာရီခေတ်ကို ပွင့်လာစေမယ့် သော့တစ်ချောင်း ဖြစ်လာမယ်လို့ Apple Watch ကို လူတိုင်းက မျှော်လင့်ထားကြပါတယ်။ အခုအချိန်မှာတော့ […]

Read More

PulseAudio Equalizer ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Ubuntu OS သုံးစွဲသူများ Ubuntu OS ပေါ်ကနေ Audio အသံပိုင်း ကောင်းကောင်းကို ခံစားနားဆင် နိုင်ရန်အတွက် Audio Equalizer ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ PulseAudio Equalizer ကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ အသံကို ချိန်ညှိကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS မှာPulse Audio Equalizer ကို ထည့်သွင်း ဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့  Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl […]

Read More