Day: April 30, 2015

ဧရာဝတီဘဏ်နှင့် VISA ကုမ္ပဏီတို့ပူးပေါင်း၍ World Travel Prepaid Card ကို စတင်ရောင်းချ

ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ်သည် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော VISA နှင့် ပူးပေါင်း၍ World Travel Prepaid Card ကို ၎င်းတို့၏ ဘဏ်ခွဲအသီးသီး၌ စတင်ရောင်းချပေးနေသည်ဟု သိရသည်။ “ကတ်အရေအတွက်ကို ကန့်သတ်ပြီးရောင်းချမှာပါ။ ကတ်အရေအတွက် ၂ ထောင် ရောင်းပေးမှာဖြစ်ပါတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ ဒီလိုမျိုးကတ်တွေကို အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးဖူးတယ်” ဟု ဧရာဝတီဘဏ်မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးမန်းစိုးထွန်းဝင်းက ပြောသည်။ အဆိုပါ Prepaid Card များသည် မြန်မာနိုင်ငံအတွင်း အသုံးပြုမည်ဆိုပါက အွန်လိုင်းစနစ် ငွေပေးချေခြင်း တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည် ဖြစ်သော်လည်း နိုင်ငံခြား တိုင်းပြည်များသို့ သယ်ဆောင် အသုံးပြုမည်ဆိုပါက VISA အမှတ်တံဆိပ် ရှိနေသော နေရာအသီးသီး တွင် […]

Read More

ယာဉ်များအား အွန်လိုင်းမှ ကြီးကြပ်ကွပ်ကဲ မောင်းနှင်မည့် ပြည်တွင်း ပထမဦးဆုံး ယာဉ်လိုင်းြေá€

ယာဉ်များအား အွန်လိုင်းမှကြီးကြပ်ကွပ်ကဲ မောင်းနှင်မည့် ပြည်တွင်းပထမဦးဆုံးယာဉ်လိုင်း ပြေးဆွဲသွား မည်ဖြစ်ကြောင်း စန်းရောင်နီ Road Transport ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးစန်းထွန်းက ပြောသည်။ အဆိုပါယာဉ်လိုင်းကို ဗိုလ်တထောင်မှ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝင်းအထိ ပြေးဆွဲသွားမည်ဖြစ်ပြီး မေလ ၃ ရက်မှ စတင်မည်ဖြစ်ကြောင်း၊ ယာဉ်စီးခမှာ ခရီးစဉ် စ၊ ဆုံး ၂၀၀ ကျပ်၊ ခရီးစဉ် တစ်ဖြတ်အတွက် ၅၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ “လက်ရှိမှာတော့ ယာဉ်စီးခကို iPay ကတ်စနစ်နဲ့ပဲ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ယာဉ်စီးရေ ၂၅ စီးနဲ့ စတင်ပြေးသွားမယ်။ လမ်းတစ်လျှောက် ပြေးနေတဲ့ယာဉ်တွေကို အွန်လိုင်းကနေ ကြီးကြပ်ကွပ်ကဲနိုင်မယ့် Intelligence Transportation System (ITS) စနစ်ကို အသုံးပြုမှာဖြစ်ပါတယ်” ဟု ဦးစန်းထွန်းက […]

Read More

စီးတီးမတ်ဆိုင် သုံးဆိုင်တွင် MPU ကတ်ဖြင့် စတင်ဈေးဝယ်ယူနိုင်

စီးတီးမတ်ဆိုင် သုံးဆိုင်တွင် MPU ကတ်ဖြင့် စတင်ဈေးဝယ်ယူနိုင်ပြီဖြစ်ကြောင်း City Mart Holding ကုမ္ပဏီလီမိတက်၏ မားကတ်တင်း ဒါရိုက်တာ ဒေါ်မေဇင် စိုးထက်က ပြောသည်။ City Mart မြေနီကုန်း၊ City Mart Junction 8 နှင့် City Mart Junction Maw Tin တို့တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ “ကတ်အသုံးပြုမှု ဖွံ့ဖြိုးလာတဲ့အချိန်မှာ ငွေသယ်သက်သာအောင် MPU ကတ်တွေကို ဈေးဝယ်စဉ် အသုံးပြုနိုင်ဖို့ ဆောင်ရွက်လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်မေဇင်စိုး ထက်က ပြောသည်။ အဆိုပါ ဆိုင်သုံးဆိုင်တွင် ဧပြီလကုန်မှစ၍ အသုံးပြုနိုင်ရန် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ MPU ကတ်များဖြင့် ချိတ်ဆက်ထားသောဘဏ်များ ကွန်ရက် အချင်းချင်း ငွေ ထုတ်ခြင်း၊ ဈေးဝယ်စင်တာများတွင် […]

Read More

Cherry Mobile Topaz ကို အထူးလျှော့ဈေးဖြင့် ရောင်းချမည်

ဖိလစ်ပိုင်နိုင်ငံထုတ် အမှတ်တံဆိပ်ဖြစ်သော Cherry Mobile ၏ နွေရာသီအထူးပရိုမိုးရှင်းအနေဖြင့် Cherry Mobile Topaz မော်ဒယ်စမတ်ဖုန်းကို အထူးလျှော့ဈေးဖြင့် ၂၀၁၅ ခုနှစ် မေလ ၁ ရက်မှ ၃၁ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်အရ ယင်းကာလအတွင်း တန်ဖိုး ၅ဝ,ဝဝဝ ကျပ်ရှိသော Cherry Mobile Topaz မော်ဒယ်စမတ်ဖုန်းအား ၃၃,၉ဝဝ ကျပ်ဖြင့် Cherry Moible Showroom များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ Topaz မော်ဒယ် စမတ်ဖုန်းသည် Telenor, Ooredoo နှင့် MPT အမျိုးအစား GSM SIM ကတ်များ ထည့်သွင်းအသုံးပြုနိုင်သော 3G ဟန်းဆက်ဖြစ်ပြီး GSM SIM ကတ်နှစ် ကတ် […]

Read More

Samsung က myME ကို ထောက်ပံ့မှုများ ပြုလုပ်

Samsung Electronic သည် လက်ဖက်ရည်ဆိုင်များရှိ ကလေးငယ်များကို လိုက်လံစာသင်ကြား ပေးနေသော myME ကို Tablet များအပါအဝင် အခြားသော ထောက်ပံ့မှု များ ပေးအပ်ခဲ့သည်ဟု သိရသည်။ လှည့်လည်သင်ကြားရေးအတွက် မော်တော်ယဉ်တစ်စီးနှင့် Tablet အလုံး ၂၀ အပါအဝင် သင်ကြားရေး အထောက်အကူဖြစ်သော စားပွဲ၊ ထိုင်ခုံများနှင့် TV တို့ကို Samsung က ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ “myME မှာ အခြေခံသင်တဲ့ အဆင့်ရှိတယ်။ မူလတန်း၊ အလယ်တန်း အောင်ပြီးသူတွေကိုတော့ Level 1 အနေနဲ့ သင်တယ်။ နောက်တစ်ဆင့်ကတော့ Level 2 အဆင့်ပါ။ အဲဒီမှာ အခြေခံကွန်ပျူတာ၊ အင်တာနက် စတာတွေအတွက် Tablet တွေသုံးပြီး သင်မှာပါ။ သင်ရိုးညွှန်းတမ်းတွေလည်း […]

Read More

စမတ်ဖုန်းများအတွက် Android အခြေခံ OS တစ်မျိုးကို Tencent မိတ်ဆက်

Beta အနေဖြင့် သုံးလဖြန့်ချိခဲ့ပြီးနောက် စမတ်ဖုန်းများ၊ ဂိမ်းစက်များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာများနှင့် အိမ်သုံး စမတ် gadget များတွင် အသုံးပြုနိုင်မည့် Android အခြေခံ OS ကို တရုတ် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Tencent က မိတ်ဆက်ပေးခဲ့သည်။ TOS+ ဟုခေါ်သည့် အဆိုပါ operating system ကို ဘေဂျင်းတွင် ကျင်းပပြုလုပ်ခဲ့သော GMIC ကွန်ဖရင့်စ်တွင် Tencent မှ စီအိုအို ရန်ယူရှင်က ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ ၎င်း OS သည် မိုဘိုင်းနှင့် စမတ် gadget များတွင် Xiaomi နှင့်လည်းကောင်း၊ စမတ်တီဗီကဲ့သို့သော အိမ်သုံးစမတ်ထုတ်ကုန်များတွင် Alibaba နှင့်လည်းကောင်း ယှဉ်ပြိုင်မည် ဖြစ်သည်။ Tencent သည် အထက်ပါ OS […]

Read More

Windows 10 ထုတ်ကုန် တစ်ဘီလီယံ ရောင်းချနိုင်ရန် Microsoft ရည်မှန်းထား

Microsoft သည် Windows 10 ကို ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး သုံးနှစ်အတွင်း Windows ထုတ်ကုန်အရေအတွက် တစ်ဘီလီယံ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း ကုမ္ပဏီ၏ operating system ဒုဥက္ကဋ္ဌ တယ်ရီမိုင်ယာဆန်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော Build developer ကွန်ဖရင့်စ်တွင် ပြောကြားခဲ့သည်။ Windows 10 သည် Microsoft ၏ ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး အဆိုပါ operating system ကို ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ၎င်းသည် အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် မိုဘိုင်းအတွေ့အကြုံအတွက် လမ်းဖွင့်ပေးခြင်း ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် နာဒယ်လာက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြောကြားသွားခဲ့သည်။ Windows 10 သည် ထုတ်ကုန်အားလုံးပေါ်တွင် […]

Read More

Grand Theft Auto V

PC မှာ ထွက်ဖို့အတွက် လပေါင်းများစွာ အကြိမ်ကြိမ် ရက်ရွှေ့ခဲ့တဲ့ Grand Theft Auto V ဟာ ဧပြီလ ၁၄ ရက်မှာတော့ PC Version ထွက်ရှိလာပါပြီ။ Rockstar Games အနေနဲ့ကလည်း console မှာ အရင် ထွက်ပြီး ဂိမ်းတွေ PC မှာ ပြန်ထွက်တဲ့အခါ Port Quality ကျဆင်းတာမျိုးကို လုံးဝအဖြစ်မခံဘဲနဲ့ အချိန်ပေး ပြင်ဆင်ထားတဲ့အတွက် ထွက်ထားသမျှ GTA V Version တွေထဲမှာ PC Version ကတော့ အကောင်းဆုံးအဖြစ် ရပ်တည်နေနိုင်တာ တွေ့ရမှာပါ။ PS4 နှင့် Xbox One မှာ ထွက်ရှိပြီးဖြစ်တဲ့ Remastered Version ကိုပဲ […]

Read More

Click-to Run

Microsoft Click-to-Run သည် Office 2010, Office 2013 နှင့် Office 365 ဗားရှင်းအပါအဝင် Microsoft ထုတ်ကုန်များကို လျင်မြန်စွာ install ပြုလုပ်နိုင်စေမည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။ သာမန် software သည် endpoint ကွန်ပျူတာ တစ်ခုပေါ်တွင် ထုတ်ကုန်ကို unpackage လုပ်ခြင်း၊ install လုပ်ခြင်းနှင့် အသုံးမပြုမီ လိုအပ်သည့် အရာများကို အပြည့်အစုံ download ပြုလုပ်သည်။ Click-to-Run သည် streaming နှင့် application virtualization ကို ပေါင်းစပ်ခြင်းဖြင့် virtual disk တစ်ခုပေါ်တွင် ထုတ်ကုန်ကို ရွေ့လျားစေသည်။ Virtualized ဖွဲ့စည်းတည်ဆောက်ပုံသည် သုံးစွဲသူများအား local system ပေါ်တွင် package […]

Read More

CVT Myanmar ၏ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းဆင်းပွဲအခမ်းအနား

Center for Vocational Training/ CVT Myanmar မှ အသက်မွေးဝမ်းကျောင်း ပညာရေးသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကိုတော့ ဧပြီလ ၄ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More