Day: April 29, 2015

မော်ဒယ်နိမ့် တီဗွီနှင့် iOS ထုတ်ကုန်များအတွက် YouTube app ထောက်ပံ့မှု Google ရုပ်သိမ်း

Google သည် မော်ဒယ်နိမ့် Google တီဗွီအပြင် တီဗွီများနှင့် Blu-ray players, iPhone နှင့် iPad ထုတ်ကုန်များတွင် YouTube app အား ထောက်ပံ့သွားတော့မည် မဟုတ်ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ရသည့် အကြောင်းကို Google က YouTube Help စာမျက်နှာတွင် အသေးစိတ် ရှင်းပြခဲ့သည်။ Google သည် ၎င်း၏ဝန်ဆောင်မှုတွင် feature များစွာ ပါဝင်လာရန် YouTube Data API (applications programming in-terface) အဆင့်မြှင့်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် ၎င်းအစီအစဉ်ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က developer များအား အသိပေးခဲ့သည်။ ထို့ကြောင့် Google သည် YouTube ၏ထွက်ရှိခဲ့သော ဗားရှင်းဟောင်းများကို […]

Read More

Snapdragon 810 အသုံးပြုထားသည့် Xperia Z4 ကို Sony မိတ်ဆက်

Sony သည် ၎င်း၏ဂျပန်ဘာ သာဝက်ဘ်ဆိုက်တွင် ရေစိုခံ And- roid စမတ်ဖုန်း Xperia Z4 ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ Sony ၏ဂျပန်ဘာသာ ဝက်ဘ်ဆိုက်တွင် Xperia Z4 spec အနှစ်ချုပ်ကို ဖော်ပြထားပြီး ဂျပန်နိုင်ငံတွင် နှစ်လယ်ပိုင်းအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် Xperia Z4 ကို နိုင်ငံတကာတွင် မည်သည့်အချိန်၌ စတင်ရောင်းချမည်ကို Sony မှထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ Z4 တွင် ၅.၂ လက်မ အရွယ်ရှိ full- HD display ပါဝင်လာပြီး ဖုန်း၏အထူမှာ ၆.၉ မီလီမီတာနှင့် အလေးချိန်မှာ ၁၄၄ ဂရမ်ရှိသည်။ Z4 ၏ဖုန်းမျက်နှာပြင် အကျယ်မှာ ၁၄၆ မီလီမီတာ […]

Read More

ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် KMD တို့ ပူးပေါင်း၍ Web Development နှင့် Network Communication Diploma သင်တန်းများ ဖွင့်လှစ်á

ပြည်တွင်း၊ ပြည်ပ၌ Web Developer တစ်ယောက် (သို့မဟုတ်) Network ပညာရှင် တစ်ယောက်အနေဖြင့် အသက်မွေး ဝမ်းကျောင်းပြုလိုသူများ အတွက် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန (ရန်ကုန် အဝေးသင်တက္ကသိုလ်) နှင့် KMD တို့ပူးပေါင်း၍ Web Development နှင့် Network Communication Diploma သင်တန်းများ ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။ Web Development Diploma သင်တန်းတွင် ဝက်ဘ်ဆိုက်များ ဖန်တီးရေးသားရာ၌ သိသင့်သိထိုက်သော နည်းပညာများ၊ စီးပွားရေးလုပ်ငန်းတစ်ခုကို အကောင် အထည် ဖော်ရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ System Analyst တစ်ယောက် လုပ်ဆောင်ရမည့် တာဝန်များ၊ e-Government လုပ်ငန်းများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းများအတွက် Dynamic Web […]

Read More

ရွေ့လျားနေသည့် ပစ်မှတ်နောက်သို့ လိုက်နိုင်သော ကျည်ဆန်များကို အမေရိကန်စမ်းသပ်

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ရွေ့လျားနေသော ပစ်မှတ်များအား အလိုအလျောက် ထိန်းကျောင်းပစ်ခတ်နိုင်သည့် ကျည်ဆန်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းကျည်ဆန်ကို စမ်းသပ်သူများသည် ရွေ့လျားနေသည့် ပစ်မှတ်များကို တိုက်ခိုက်ရန် အထက်ပါ နည်းပညာကို အသုံးပြုခဲ့ပြီး စမ်းသပ်အသုံးပြုသူများက ရွေ့လျားနေသော ပစ်မှတ်များကို ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို Extreme Accuracy Tasked Ordnance သို့မဟုတ် EXACTO ဟုခေါ်ဆိုပြီး အမေရိကန်အစိုးရ၏ စစ်ဘက်ဆိုင်ရာ သုတေသနအေဂျင်စီ Darpa မှ ဖန်တီးထားခြင်း ဖြစ်သည်။ အမေရိကန် အစိုးရအနေဖြင့် အဆိုပါနည်းပညာစမ်းသပ်ခဲ့ပုံ အသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း ကျည်ဆံကို စမ်းသပ်ပစ်ခတ်ရန်အတွက် သေးငယ်သည့် ဆူးတောင်များကို အသုံးပြုခဲ့ဖွယ်ရှိပြီး ၎င်းဆူးတောင်များ၏ လမ်းကြောင်းအတိုင်းလိုက်၍ ပစ်မှတ်ကို တိုက်ခိုက်ခဲ့ဖွယ်ရှိသည်။ လက်ရှိအသုံးပြု […]

Read More

ကမ္ဘာ့ပထမဆုံး RAM 4GB ပါဝင်သည့် Asus Zenfone 2 ပြည်တွင်းဈေးကွက်ဝင်

ကမ္ဘာ့ ပထမဆုံး RAM 4GB ထည့်သွင်း အသုံးပြုထားသည့် Asus အမှတ်တံဆိပ် Zenfone 2 မော်ဒယ် ၃ မျိုးကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Zenfone 2 အား RAM 4GB နှင့် သိုလှောင်မှုပမာဏ 32GB ပါဝင်သော Zenfone 2 ZE551ML ၊ RAM 2GB နှင့် သိုလှောင်မှုပမာဏ 32GB ပါဝင်သော Zenfone 2 ZE551ML၊ RAM 2GB နှင့် သိုလှောင်မှုပမာဏ 16GB ပါဝင်သော Zenfone 2 ZE551ML ဟူ၍ မော်ဒယ် ၃ မျိုး ရှိမည်ဖြစ်ပြီး RAM 4GB […]

Read More

Dell Venue 7

တန်ဖိုး – ကန်ဒေါ်လာ ၁၅၉ အားသာချက် – ဒေါ်လာ ၂၀၀ အောက် Tablet အမျိုးအစား တစ်ခုဖြစ်ပြီး၊ Screen Size ၇ လက်မလောက်နဲ့ အသုံးပြုနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Micro SD Card ကိုလည်း တိုးချဲ့အသုံးပြုနိုင် စေဖို့အတွက် စီစဉ်ပေးထား တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အားနည်းချက် – App တွေကို Download ပြုလုပ်တဲ့ အချိန်မှာတော့ ဒီ Tablet ဟာ အလုပ်လုပ်ဆောင်ချက် အနည်းငယ် နှေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Tablet ရဲ့ သွင်ပြင်ကလည်း စွဲဆောင်မှု ရှိလောက်အောင် ဖန်တီးထားတာမျိုး မရှိတာကို တွေ့ရပါမယ်။ သုံးသပ်ချက် […]

Read More

မိုဘိုင်းအင်တာနက် အတွက် 2 GB Plan ကို Telenor မှ ရောင်းချ

မိုဘိုင်းအင်တာနက် အသုံးပြုရန် 1 GB Plan အထိသာ ရောင်းချပေးခဲ့သော Telenor Myanmar သည် လက်ရှိအချိန်၌ 2GB Plan ကို ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနက် Telenor ၏ အင်တာနက် အသုံးပြုနိုင်သော Plan သည် အနည်းဆုံးသော Plan ဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Ooredoo က လစဉ်သုံး Plan အဖြစ် 10 GB ကို ရောင်းချပေးနေသည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လစဉ်သုံး Plan ကို 5 GB အထိ ပေးအပ်ထားပြီး Telenor သည် ၎င်း၏ အသုံးပြုသူများကို မတ်လအကုန်ပိုင်းမှ စတင်၍ […]

Read More

Forking (software fork)

Forking ဆိုသည်မှာ open source program တစ်ခုမှ source code ရယူပြီး program အသစ်တစ်ခုလုံးကို တိုးတက်ပြောင်းလဲအောင် ပြုလုပ်ခြင်း ဖြစ်သည်။ Forking သည် တစ်ခါတစ်ရံတွင် open source စီမံကိန်းတစ်ခု၏ တိုးတက်မှုမရှိသော အခြေအနေတစ်ခုကြောင့် လုပ်ဆောင်ချက်အားလုံး ရပ်ဆိုင်းတာမျိုး ဖြစ်စေနိုင်သည်။ ၎င်းသည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်သည့် အဖွဲ့ဝင်များက ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အခါ သို့မဟုတ် နောက်ထပ် ခြေလှမ်းသစ်များအတွက် အများဆန္ဒအရ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အခါ ဖြစ်ပေါ်လေ့ရှိသည်။ Software fork များသည် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို မလိုအပ်ဘဲ နှစ်ဆပြုလုပ်သည့်အခါ အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်။ သို့သော်လည်း fork သည် open source software […]

Read More

လက်ကောက်ဝတ်တွင် တက်တူးထိုးထားသူ အချို့၌ Apple Watch ပုံမှန် အလုပ်လုပ်နိုင်ခြင်း မရှိဟုဆို

Apple Watch စမတ်နာရီကို လက်ကောက်ဝတ်အထိ တက်တူးထိုးထားသော လက်တွင် ဝတ်ဆင်သည့်အခါ notification များ လက်ခံရရှိခြင်း မရှိသလို ထုတ်ကုန်မှာလည်း အမြဲလိုလို lock ကျသွားကြောင်း သုံးစွဲသူတစ်ဦးက Reddit post တစ်ခုတွင် ဖော်ပြခဲ့သည်။ ၎င်းသည် Apple သို့ ဆက်သွယ်ခြင်း မပြုမီ တက်တူးမရှိသည့် လက်၌ စမ်းသပ်ဝတ်ဆင်ရာ Apple Watch က ပုံမှန်အတိုင်း အလုပ်လုပ်ခဲ့ကြောင်း ဆိုသည်။ Apple Watch စမတ်နာရီ ကျောဘက်ရှိ light sensor များသည် photoplethysmography ဟုခေါ်သည့် နည်းလမ်းမှတစ်ဆင့် နှလုံးခုန်နှုန်းကို ခြေရာခံနိုင်သည်။ ၎င်းနည်းပညာသည် အနီအောက်ရောင်ခြည်နှင့် အစိမ်းရောင် LED မီးသီးများမှတစ်ဆင့် သွေးစီးဆင်းမှုကို ခြေရာခံပြီး မိနစ်တိုင်းတွင် နှလုံးခုန်သည့် […]

Read More

DJ Hero for PS2 & PS3

DJ ဝါသနာပါသူများအတွက် PS2 နှင့် PS3 ဂိမ်းစက်တွင် အသုံးပြုနိုင်သော DJ Hero စက် ဖြစ်သည်။ ဝယ်ယူသူများကို DJ Hero အခွေလက်ဆောင်ထည့်ပေးမည်ဟု သိရသည်။ PS2 နှင့် PS3 ဂိမ်းစက်တွင် အသုံးပြုနိုင်ပြီး USB receiver ကို PS2 နှင့် PS3 စက်တွင် ထိုးထားပေးရမည်ဖြစ်သည်။ ဂိမ်းခွေအတွင်း ပါဝင်သောသီချင်းများ၏  DJ အကွတ်များမှာ တစ်ပုဒ်နှင့်တစ်ပုဒ် မတူညီသည့်အပြင် Easy, Normal, Hard ပေါ်မူတည်ပြီးလည်း အကွက်များမှာ မတူညီကြောင်း သိရသည်။ DJ ပရိသတ်များ အကြိုက်တွေ့ ကျေနပ်စေမည့် device ဖြစ်သည်ဟု သိရသည်။ ဖုန်း – ၀၂၃၃၄၃၁ နှင့် ၀၉၇၉၇၅၅၅၅၁၅ ၌ […]

Read More