Day: April 28, 2015

အဆင့်မြင့် လုံခြုံရေး စနစ်များအတွက် Biometric

Biometric ဆိုသည်မှာ အဘယ်နည်း သင့်အနေဖြင့် Biometric နည်းပညာ ဆိုသည်ကို လုံးဝနားလည်ရန် ခဲယဉ်းသည်ဟု မထင်မှတ် လိုက်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ ဘ၀ထဲတွင် မရှိမဖြစ် အသုံးပြုနေရသော စမတ်ဖုန်းအချို့၌ လက်ဗွေ ဖတ်ရှုနိုင်သည့် (FingerPrint) စနစ်သည်ပင်လျင် Biometric နည်းပညာရပ် တစ်ခုပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် Biometric ၏ သဘော သဘာဝကို သင့်အနေဖြင့် အနည်းငယ် နားလည်နိုင်လောက် ပေမည်။ သမိုင်းကြောင်းအရ ၁၈၉၁ ခုနှစ်တွင် Juan Vucetich ဆိုသူမှ အာဂျင်တီးနားရှိ တရားခံများထံမှ လက်ဗွေသိမ်းဆည်းခြင်း စနစ်ကို စတင်လုပ်ဆောင် ခဲ့ပါသည်။ Biometric နည်းပညာ ဆိုသည်မှာ ကွန်ပျူတာ သိပ္ပံပညာရပ် တစ်ခုကို အသုံးပြုကာ ခန္ဓာကိုယ်ရှိ […]

Read More

Firefox Browser တွင် Video များကို Pop Out ဖြင့် ကြည့်ရှုခြင်း

Firefox Browser ပေါ်ကနေ Youtube, Dailymotion တို့ကလို  Video ဖိုင်တွေ ကြည့်ရှုတာပဲဖြစ်ဖြစ်၊ အခြား Video  တွေကို ကြည့်ရှုတဲ့ အခါမှာပဲဖြစ်ဖြစ် Browser ပေါ်ကနေ ဒီအတိုင်း ကြည့်ရှုမယ်ဆိုရင် အခြားသော Tab တွေ ပေါ်မှာ ဆက်လက် အလုပ်လုပ်ဆောင် နိုင်ခြင်းရှိမှာ မဟုတ်ဘဲ လက်ရှိရောက်ရှိနေတဲ့ Tab တစ်ခုထဲမှာသာ Video ကြည့်ရှုမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ Video ကိုလည်း ကြည့်ရှုမယ်၊ အခြားအလုပ်တွေလည်း ဆက်လက်လုပ်ဆောင် ချင်တယ်ဆိုရင် Firefox မှာ Pop Out တစ်ခုပြုလုပ်ပြီး Video ဖိုင်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Firefox မှာ Pop Out ပြုလုပ်ဖို့အတွက် Firefox […]

Read More

EC-Council အသိအမှတ်ပြု Service+ Engineer တစ်ဦးအဖြစ် လေ့လာသင်ယူနိုင်မည့် လမ်းကြောင်းနှင့် အလုပ်အကိုင် အခွင်á

လက်ရှိ မျက်မှောက်ကာလတွင် ကွန်ပျူတာ၏ အရေးပါအရာရောက်မှုများသည် လုပ်ငန်းခွင်များ အားလုံးတွင် သက်ရောက်မှု အတိုင်းအတာ ပမာဏအားဖြင့် အထူးမြင့်မား လျက် ရှိသည်။ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များ အနေဖြင့်လည်း နေရာတိုင်းတွင် လိုအပ်လျက်ရှိပြီး Computer Engineer တစ်ဦး အဖြစ် လေ့လာသင်ယူလိုသော လူငယ်များမှာလည်း အရေအတွက်အားဖြင့် များစွာမြင့်တက်လျက် ရှိနေသည်။ အဆိုပါ Computer Engineer တစ်ဦးအဖြစ်သို့ လေ့လာသင်ယူနိုင်မည့် လမ်းကြောင်းနှင့် Computer Engineer တစ်ဦး၏ အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။ ကွန်ပျူတာတစ်လုံးအား ဖွဲ့စည်းတည်ဆောက်မှုမှ စတင်လေ့လာသင်ယူရမည် ဖြစ်သောကြောင့် A+ Hardware Course သည် Computer Engineer တစ်ဦး တစ်ယောက် အတွက် မဖြစ်မနေ လေ့လာ သင်ယူသင့်သည့်  ဘာသာရပ်တစ်ခုဖြစ်သည်။ […]

Read More

အထည်ရက်နိုင်သည့် 3D printer သစ်တစ်မျိုးကို Disney Research ဖန်တီး

Disney Research သည်  Carnegie Mellon တက္ကသိုလ်နှင့်  ပူးပေါင်း၍ ကုန်ထုတ်လုပ်ရေးလုပ် ငန်းများအတွက် အထည်ရက်နိုင် သည့် 3D printer ကိုဖန်တီးခဲ့သည်။ ၎င်း 3D printer ကို Layered Fabric 3D Printer ဟုခေါ်ဆိုပြီး ၎င်းတွင် မော်လီကျူးများကို ခွဲခြမ်းပစ်သည့် သဘောတရားကို အသုံးပြုထားသည်။ အဆိုပါ ထုတ်ကုန်သည် အထည်များကို အလွှာများအဖြစ် ခွဲခြမ်းပေးသည့် မတူညီသော နည်းစနစ်နှစ်မျိုးကို အသုံးပြုထားသည်။ Layered Fabric 3D Prin-ter သည် အထည်လိပ်တစ်ခုမှ အလွှာတစ်ခုစီ၏ လိုင်းများကို လေဆာအသုံးပြု၍ ဖြတ်တောက်ပေးသည်။ ထိုလုပ်ငန်းစဉ်သည် print မလုပ်ခင်အထိ ဆက်လက် လုပ်ကိုင်ရပြီး ဖြတ်တောက်လိုက်သည့် အထည်အပိုများကို ဖယ်ရှားပြီးနောက် ပျော့ပြောင်းကာ […]

Read More

WhatsApp တွင် iOS share extension နှင့်သုံးနိုင်မည့် voice call ပါဝင်လာ

WhatsApp သည် iOS သုံး စွဲသူများ အနေဖြင့် မိသားစုနှင့် သူငယ်ချင်းများသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ရန် update သစ်တစ်ခုကို ဖြန့်ချိပေးခဲ့သည်။ အဆိုပါ update တွင် iOS 8 share extension နှင့် feature သစ်များအပြင် သုံးစွဲရလွယ်ကူအောင် ပြုလုပ်ထားသည်။ WhatsApp သည် လွန်ခဲ့သည့် တစ်လခန့်က Skype, Viber နှင့် အခြား VoIP ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန်အတွက် voice call feature ကို Android  တွင် ပထမဆုံး မိတ်ဆက်ခဲ့သည်။ ၎င်း voice call ဝန်ဆောင်မှုကို ဖုန်းအင်တာနက် အပြင် Wi-Fi သို့မဟုတ် 3G/4G တို့ အသုံးပြု […]

Read More

ကွန်ပျူတာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားများခေါ်ယူ

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များတွင် ကွန်ပျူတာပါရဂူ (PhD-IT) သင်တန်းသားများ ခေါ်ယူနေကြောင်းသိရသည်။ ပါရဂူဘွဲ့အကြို သင်တန်းများကို ဇွန်လ ၆ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်သည်။ တက်ရောက်လိုသူများ အနေဖြင့် ကွန်ပျူတာဘာသာရပ် (သို့မဟုတ်) သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဘာသာရပ်အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခုရရှိသူပြီးသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ သင်တန်းအား အချိန်ပြည့် တက်ရောက်နိုင်သူဖြစ် ရမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Referee နှစ်ဦးထံမှ Letter of Recommendation ကို တင်ပြနိုင်ရမည်ဖြစ်သည်။ သင်တန်းမှာ အချိန်ပြည့် သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း တစ်နှစ်နှင့် သုတေသနကျမ်းပြု နှစ်နှစ် တက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထားသူများသည် အရည်အချင်းစစ်ဝင်ခွင့်စာမေးပွဲအတွက် မေလ ၂၃ […]

Read More

လက်ကောက်ဝတ်ဒဏ်ရာကြောင့် နာမည်ကျော် ဂိမ်မာတစ်ဦး အနားယူ

နာမည်ကျော် ဂိမ်မာတစ်ဦးဖြစ်သူ ဟိုင်လန်သည် လက်ကောက်ဝတ် ဒဏ်ရာကြောင့် eSports လောကမှ အနားယူသွားခဲ့ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဟိုင်လန်သည် Cloud9 အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်းအဖွဲ့သည် အွန်လိုင်း multiplayer ဂိမ်းတစ်ခုဖြစ်သော League of Legends အတွက် အမေရိကန် eSports အသင်းများအနက် အကောင်းဆုံး တစ်သင်းဖြစ်သည်။ “ကျွန်တော်ရဲ့ လက်ကောက်ဝတ် ဒဏ်ရာက လျစ်လျူမရှုနိုင်တဲ့ အရာပါ။ ဒီဒဏ်ရာက ဂိမ်းကစားတဲ့အခါမှာ လိုအပ်တဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ် ဖြစ်စေသလို စွမ်းဆောင်ရည် ပိုကောင်းလာဖို့အတွက်လည်း အတားအဆီး ဖြစ်စေပါတယ်။ အသင်းဖော်တွေနဲ့ ကစားတဲ့ Solo Queue ဂိမ်းကိုလည်း ဆက်မကစားနိုင်တာကြောင့် အသင်းဖော်တွေ အတွက် မမျှတဘူးလို့ ခံစားမိပါတယ်။ လက်ကောက် […]

Read More

Google Chrome ကိုအသုံးပြု၍ မလိုအပ်သည့် အီးမေလ်းများကို Block ပြုလုပ်ခြင်း

Gmail သုံးစွဲသူများ အနေဖြင့် မိမိ Inbox ထဲသို့ဝင်လာသည့် ကြော်ငြာ ဖြန့်ဝေသည့် အီးမေလ်းများ၊ ထို့ပြင်အခြားသော မလိုလားအပ်သည့် အီးမေလ်းများကို Block ပြုလုပ်ချင်တယ်ဆိုရင် Google Chrome ကိုအသုံးပြုပြီး Block ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Chrome ရဲ့ Extension ကို အသုံးပြုပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Google Chrome မှာအီးမေလ်းကို Block ပြုလုပ်ဖို့အတွက် Block Sender ဆိုတဲ့ Extension ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Block Sender Extension ဟာ မိမိအီးမေလ်း Inbox တွင်းသို့ Spam Mail များဝင်ရောက်မှု မရှိနိုင်စေရန် နှင့် မိမိထံ မပေးပို့လိုသူရဲ့ အီးမေလ်းလိပ်စာများ ထည့်သွင်း၍ […]

Read More

The Morphling

Premium အဆင့် ကစားပွဲတွေမှာ ခပ်စိပ်စိပ် မြင်လာရတဲ့ Mid Carry Hero, The Morphling ဟာ ကစားပွဲအစ၊ အလယ်၊ အဆုံး Ganker တစ်ကောင်လည်း ဖြစ်ပါတယ်။ Item Build အမျိုးမျိုးပြောင်းလဲ စဉ်းစားနိုင်တဲ့ Morphling ဟာ Frozen Throne Dota ကတည်းက လူကြိုက်များတဲ့ Hero တစ်ကောင်ဖြစ်ခဲ့ပေမယ့် Dota 2 မှာတော့ Phantom Assassin, Riki, Sniper တို့လောက် လူယူ မများဘဲ ပေါ်ပြူလာအဖြစ်ဆုံး နံပါတ် ၆၉ မှာသာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ Morphling ဟာ သေသေသပ်သပ် ကိုင်တွယ်နိုင်တဲ့ ကစားသမားတွေအတွက်တော့ Carry, Nuker, […]

Read More

eYangon အွန်လိုင်း ဝန်ဆောင်မှု၏ ပထမအဆင့် ဝန်ဆောင်မှုရှစ်ခု စတင်အသုံးပြုနိုင်

eYangon အွန်လိုင်းဝန်ဆောင်မှု၏ ပထမအဆင့်ဝန်ဆောင်မှုရှစ်ခု စတင်အသုံးပြုနိုင်ကြောင်း သိရသည်။ မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်ခွင့်လျှောက်ထားခြင်း၊ စက်သုံးဆီဆိုင်ဖွင့်လှစ်ခြင်း၊ သိုလှောင် ကန်အသစ် တည်ဆောက်ခွင့်နှင့် သိုလှောင်ခွင့် လိုင်စင် လျှောက် ထားခြင်း၊ စက်သုံးဆီသိုလှောင်ကန် ထပ် မံတိုးချဲ့တည်ဆောက်ခွင့် လျှောက်ထားခြင်း၊ စက်သုံးဆီဆိုင် ပြန်လည်မွမ်းမံတည်ဆောက်ခွင့် လျှောက် ထားခြင်းတို့ကို အွန်လိုင်း မှ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယင်းအပြင် စက်သုံးဆီတင်သွင်းခွင့်ကုမ္ပဏီ အမည်ပြောင်းလဲခွင့် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုမ္ပဏီများ မှ မော်တော် ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ နယ်မှ လိပ်စာပြောင်း (နယ်ဝင်)လျှောက်ထားခြင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုများကို www.1881.com.mm […]

Read More