Day: April 27, 2015

အရည်အသွေးမြင့်မိုဘိုင်း ဝက်ဘ်ဆိုက်များကို အဓိက ဖော်ပြသွားရန် Google စီစဉ်

Google သည် စမတ်ဖုန်းများဖြင့် အချက်အလက်များ ရှာဖွေမှုပြုရာတွင် မိုဘိုင်းဖြင့် ကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်များကို အဓိက ဖော်ပြပေးပြီး မိုဘိုင်းအတွက် မဟုတ်သည့် ဝက်ဘ်ဆိုက် များကိုလည်း ပြုပြင်ပေး သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က Google သည် မိုဘိုင်းရှာဖွေမှု ရလဒ်အတွင်း မိုဘိုင်း ဝက်ဘ်ဆိုက်များကို ဦးစားပေး ဖော်ပြခဲ့သည်။  အထူးသဖြင့် သုံးစွဲသူများသည် စမတ်ဖုန်းဖြင့် အချက်အလက်များ ရှာဖွေမှု ပြုလုပ်ရာတွင် မိုဘိုင်း ဝက်ဘ်ဆိုက် များစွာကို တွေ့မြင်ရမည် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် mobile-friendly update ကို တစ်ကမ္ဘာလုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း blog post တွင် ဖော်ပြသွားခဲ့သည်။ ယခုအခါတွင် သုံးစွဲသူများသည် ရှာဖွေမှုများ ပြုလုပ်ထားသည့် အရည်အသွေးမြင့် သင့်တော်မှုရှိသည့် […]

Read More

လေကြောင်းဆိုင်ရာ ဆိုက်ဘာ တိုက်ခိုက်မှုကို သတိထားကြရန် FBI သတိပေး

အမေရိကန် ဖက်ဒရယ်စုံစမ်း ရေးအဖွဲ့(FBI) က လေကြောင်း လိုင်းများအနေဖြင့် ဟက်ကာများ ၏အန္တရာယ်ကို သတိထားကြရန် ထုတ်ပြန် သွားခဲ့သည်။ လုံခြုံရေး ကျွမ်းကျင်ပညာရှင် ခရစ်ရောဘတ်သည် လေယာဉ် စီးနေစဉ်အတွင်း United Airlines လေယာဉ်၏ Wi-Fi ကွန်ရက်ကို ထိန်းချုပ်နိုင်ကြောင်း tweet ဖြင့် နောက်ပြောင် ရေးသားခဲ့ပြီးနောက် FBI သတိပေးမှုများ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ United Air-lines သည် မစ္စတာရောဘတ်အား ၎င်းတို့၏ လေယာဉ်စီးနင်းခွင့်ကို ပိတ်ပင်ခဲ့သည်။ FBI နှင့် အမေရိကန် ခရီးသွားလာရေး ဆိုင်ရာလုံခြုံမှု အုပ်ချုပ်ရေး (TSA) တို့သည် လေယာဉ်၏ WiFi မှတစ်ဆင့် လေယာဉ်ပျံသန်းမှု စနစ်ကို နှောင့်ယှက်နိုင်သည့် အချက်အလက်များကို မရှိသေးသော်လည်း သက်သေများကို […]

Read More

OPPO Mirror 3

Device Support : OPPO Price : 219,000 Ks အားသာချက် ဖုန်းရဲ့ အရွယ်အစားနဲ့ ပုံစံဒီဇိုင်းပိုင်းမှာ သေသပ်ပါတယ်။ ဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ Color OS ဟာ Version 2.0.0i ဖြစ်သွားတဲ့အတွက် OS Interface ပိုင်းမှာလည်း နောက်ပိုင်းထွက် တန်ဖိုးမြင့် OPPO စမတ်ဖုန်းတွေလို မြင်ကွင်းမျိုးဖြစ်ပြီး ကင်မရာ အသုံးပြု စနစ်ပိုင်းတွေမှာ ပြည့်စုံကောင်းမွန် လာတာတွေ့ရမှာပါ။ Gesture Sensor စနစ်ပိုင်း တွေမှာလည်း ပြည့်ပြည့်စုံစုံ ပါဝင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်တာ တွေ့ရပါတယ်။ မြန်မာစာ စနစ်တစ်ပါတည်း ပါဝင်တဲ့အပြင် ဖုန်းကို ဘက်ထရီ အားသွင်းတဲ့ […]

Read More

Basic GIS နည်းစနစ်များကို အစိုးရဝန်ကြီးဌာနများသို့ အခမဲ့ အသုံးပြုခွင့်ပေး

နေပြည်တော်တွင်အခြေစိုက်ထားသော MCC Group GIS Portal မှ Basic GIS နည်းစနစ်များကို အစိုးရဝန်ကြီးဌာနများသို့ အခမဲ့ အသုံးပြုခွင့်ပေးထားပြီး နောက်ပိုင်း တွင်လည်း ဦးစီးဌာနအဆင့်များသို့ပါ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း MCC မှ တာဝန်ရှိသူများကပြောသည်။ MCC GIS Portal သည် နေပြည်တော်တွင်အခြေစိုက်ပြီး GIS Portal သို့ဝင်ရောက်သုံးစွဲသူများ၏ သက်ဆိုင်ရာလုပ်ငန်းများကို ကုန်ကျစရိတ် သက်သက်သာသာဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်သည်ဟု သိရသည်။ မြေပုံများကို သာမန်ရှာဖွေ ကြည့်ရုံသုံးစွဲခြင်းသာမက မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းများကို GIS နည်းပညာအသုံးပြုပြီး ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်သည်အထိ ဝန်ဆောင်မှုပေးမည့် Portal ဖြစ်ကြောင်းသိရသည်။ “Basic GIS Feature တွေကို ဝန်ကြီးဌာနတွေအတွက် အခမဲ့ ပေးသုံးထားတာဖြစ်ပါတယ်။ ကိုယ့်ဌာနအတွက်ကိုက်ညီမယ့်  […]

Read More

လူပုံတူအရုပ်များထုတ်လုပ်နိုင်သော 3D printer တစ်မျိုးကို Twindom ကုမ္ပဏီဖန်တီး

Twindom ကုမ္ပဏီသည် လူပုံတူအရုပ်များ ထုတ်လုပ်နိုင်သော စက်ရုံသုံး colour 3D printer များကို တက်ဆက်စ်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ American Physical Society အဖွဲ့၏ ပြပွဲ၌ ထုတ်ဖော်ပြသခဲ့သည်။ ၎င်းပြပွဲတွင် ကင်မရာ တပ်ဆင်ထားသည့် နေရာ၌ လည်ပတ်နေသည့် ဆုံလည်အဝိုင်းတစ်ခုရှိပြီး အဆိုပါဆုံလည်ပေါ်သို့ လူတက်ရောက်လိုက်သည့်အခါ ကင်မရာများက scan ပြုလုပ်ပေးပြီး ပုံတူအရုပ် ထုတ်လုပ်ပေးမည် ဖြစ်သည်။ သို့ရာတွင် ပြပွဲအတွင်းရှိ ပုံတူအရုပ်များ ထုတ်လုပ်ရန်အတွက် scan ပြုလုပ်ပြီးသား အချက်အလက်များကို ကယ်လီဖိုးနီးယားပြည်နယ် အီမရီဗီလီမြို့ရှိ Twindom ကုမ္ပဏီ၏ ဌာနချုပ်သို့ ပေးပို့ကာ စက်ရုံသုံး 3D printer ဖြင့် ပုံတူအရုပ်များ ထုတ်လုပ်ပေးသွားမည် ဖြစ်သည်။ လူချစ်လူခင်များသော တစ်စုံတစ်ယောက်၏ ပုံတူအရုပ်ကို ထုတ်လုပ်၍ […]

Read More

R programming language

R programming language ဆိုသည်မှာ ကြိုတင်ခန့်မှန်းနိုင်သော စိစစ်တွက်ချက်မှုများနှင့် data visualization အတွက် open source scripting language တစ်ခု ဖြစ်သည်။ R ကို လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက ပညာရှင်များနှင့် အခြားသောသူများမှ ရှုပ်ထွေးသော အချက်အလက် စာရင်းဇယား စိစစ်တွက်ချက်မှုကို စွမ်းဆောင်ပေးနိုင်သည့် ခေတ်မီဆန်းပြားသည့် programming skill များကို ပေးစွမ်းနိုင်ပြီး visual graphics မြောက်များစွာ၏ ရလဒ်များကိုလည်း ဖော်ပြပေးနိုင်သည်။ R သည် များပြားလှသည့် အချက်အလက်များကို စိစစ်တွက်ချက်ရာတွင် နှေးကွေးလွန်းသောကြောင့် ဝေဖန်ခံခဲ့ရပေမယ့်လည်း လက်တလော ဖြန့်ချိထားသည့် ဗားရှင်းများတွင်မူ အဆိုပါ ပြဿဿနာကို ဖြေရှင်းထားသည်။ ယနေ့ခေတ်တွင် R ကို enterprise […]

Read More

Xiaomi ဆိုတာ

ပြည်တွင်းစမတ်ဖုန်း သုံးစွဲသူတွေကြားတွင် ရေပန်စားလျက်ရှိသည့် Xiaomi သည် တရုတ်နိုင်ငံဘေကျင်းမြို့တွင် အခြေစိုက်သော ပုဂ္ဂလိကပိုင် တရုတ်အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်ဖြန့်ချိသူဖြစ်သည့် Xiaomi သည် စမတ်ဖုန်းများ၊ မိုဘိုင်း app များနှင့် လူသုံးကုန်အီလက်ထရွန်နစ်များကို ထုတ်လုပ်ရောင်း ချနေသည့် ကုမ္ပဏီဖြစ်သည်။ ၂၀၁၁ ခုနှစ် သြဂုတ်တွင် ကုမ္ပဏီ၏ ပထမဦးဆုံးစမတ်ဖုန်းကို ဖြန့်ချိ ရောင်းချပြီးသည့်နောက် Xiaomi ၏ ဈေးကွက် ရှယ်ယာက တရုတ်ပြည် မကြီးတွင် ပိုမိုမြင့်တက်လာခဲ့ပြီး အိမ်သုံးစမတ် ထုတ်ကုန်အပါဝင် လူသုံးကုန် အီလက်ထရွန်နစ်များကိုလည်း ချဲ့ထွင်လုပ်ဆောင်ခဲ့သည်။ ကုမ္ပဏီကိုတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ လီဂျွန်သည် တရုတ်နိုင်ငံ၏ ၂၃ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ်တွင် စမတ်ဖုန်း သန်း ၆၀ […]

Read More

Gnome Disk Utility ကို Ubuntu OS တွင် Install ပြုလုပ်ခြင်း

Ubuntu OS သုံးစွဲသူတွေ အနေနဲ့ မိမိအသုံးပြုတဲ့ ကွန်ပျူတာ အတွင်းက  Partition တွေကို  Backup ပြုလုပ်ထား ချင်လို့ပဲဖြစ်ဖြစ်၊ Partition တွေကို Disk Image တစ်ခုအနေနဲ့ သိမ်းဆည်းထား ချင်တာပဲဖြစ်ဖြစ် အသုံးပြုနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ Disk Utility တစ်ခုဖြစ်ပါတယ်။ Gnome Disk Utility ကနေ မိမိရဲ့ အခြားသော Data တွေကို Backup & Restore အလွယ်တကူ ပြုလုပ်နိုင်စေရန်အတွက် စီစဉ်ပေးထားပါတယ်။ Ubuntu OS မှာGnome Disk Utility ကို ထည့်သွင်း ဖို့အတွက် Ubuntu OS System ရဲ့  Package တွေကို ပထမဦးဆုံး Update တွေ  […]

Read More

Samsung Ativ Book 9

အားသာချက် Samsung မှ ထုတ်လုပ်လိုက်သော ၁၂ လက်မ အရွယ်ရှိ အလွန်ပါးလွှာသည့်  Ativ Book 9 တွင် port များစွာ ပါဝင်သည်။ ၎င်း laptop တွင် Core M ပရိုဆက်ဆာ အသုံးပြုထားသည့် Windows  စနစ် ပါဝင်သောကြောင့် ဘက်ထရီသက်တမ်း တာရှည်ခံသည်။ အားနည်းချက် သို့သော်လည်း Apple ၏ ၁၂ လက်မ အရွယ်ရှိ Macbook ထက်ဘက်ထရီ တာရှည်ခံမှု မရှိသလို ဈေးနှုန်းလည်း ပိုမိုမြင့်မားသည်။ ထို့အပြင် Samsung Ativ Book 9 တွင် touch screen နှင့် small touch pad တို့လည်း ပါဝင်လာခြင်း မရှိပေ။ […]

Read More

ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ခဲ့သည့် ဂျပန် maglev ရထား

ဂျပန်နိုင်ငံ၏ လျှပ်စစ်သံလိုက် စွမ်းအင်သုံးရထားကို ဖူဂျီတောင် အနီးတွင် စမ်းသပ်မောင်းနှင်ခဲ့ရာတွင် တစ်နာရီလျှင် ၆၀၃ ကီလိုမီတာ (၃၇၄မီတာ) အထိ မောင်းနှင်နိုင်ခဲ့ပြီး ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် အထက်ပါ စမ်းသပ်မှုသည် တစ်နာရီလျှင် ၅၉၀ ကီလိုမီတာ မောင်းနှင်နိုင်သည့် ယခင်စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ Maglev ရထားများသည် သံလမ်းပေါ်တွင် ရွေ့လျားသွားလာနိုင်ရန် လျှပ်စစ်သံလိုက်များဖြင့် မတင်ပေးထားသည့် နည်းပညာဖြင့် မောင်းနှင်ခြင်းဖြစ်သည်။ ၎င်းရထားများကို ပိုင်ဆိုင်သည့် Central Japan Railway (JR Central) သည် ၂၀၂၇ ခုနှစ်တွင် နာဂိုရာမြို့အချက်အချာ နေရာနှင့် တိုကျိုမြို့အကြားတွင်  maglev ရထားများ ပြေးဆွဲနိုင်ရန် မျှော်လင့်လျက်ရှိသည်။ Maglev ရထားသည် ၂၈၀ ကီလိုမီတာရှိ အဆိုပါ […]

Read More