Day: April 24, 2015

e Government Master Plan ကို ဧပြီလကုန်၌ ထုတ်ပြန်ဖွယ်ရှိ

e Government Master Plan ကို မှုကြမ်းရေးဆွဲပြီးစီးခဲ့ပြီ ဖြစ်သည့်အတွက် အဆိုပါ Plan ကို ဧပြီလအကုန်အပြီး၌ ထုတ်ပြန်ကြေညာပေးသွားရန်ရှိသည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ လက်ရှိအချိန်၌ အဆိုပါ Master Plan ကို အကြံပေး၍ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ရန် အချိန်ပေးထားကြောင်း သိရသည်။ e Government Master Plan ကို ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက Asian Development Bank အကူအညီဖြင့် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။ အဆိုပါ Master Plan ကို ထုတ်ပြန်၍ အစီအစဉ်အတိုင်း လိုက်လံဆောင်ရွက်ပါက အစိုးရ လိုလားချက်ဖြစ်သော Good […]

Read More

Apple Watch store မှ app ၃,၀၀၀ ကျော် ရယူအသုံးပြုနိုင်မည်

Apple Watch ကို အသုံးပြုသူများသည် ၎င်းတို့၏ စမတ်နာရီအတွက် Apple Watch store မှ app အရေအတွက် ၃,၀၀၀ ကျော်ကို ရယူအသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Apple Watch အတွက် App Store ကို ကြာသပတေးနေ့က စတင် အသုံးပြုခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး လာမည့်နှစ်တွင် app အရေအတွက် တစ်သိန်းကျော် ရှိလာလိမ့်မည်ဟု App store လေ့လာဆန်းစစ်ရေး ကုမ္ပဏီ appFigures မှ ဆိုခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကတည်းက စမတ်နာရီများကို ရောင်းချခဲ့သည့် Samsung ၏ Gear wearables app store တွင် app အရေအတွက် ၃,၀၀၀ ခန့်သာ ရှိသည်။ […]

Read More

BYOI (bring your own identity)

BYOI (bring your own identity) ဆိုသည်မှာ end user တစ်ယောက်၏ username နှင့် password ကို ထိန်းချုပ်သည့် third party ၏ digital authentication နည်းစနစ်တစ်ခု ဖြစ်သည်။ BYOI ကို website စစ်မှန်ကြောင်း သက်သေပြခြင်း (website authentication) အတွက် ပိုမိုအသုံးပြုကြသည်။ Website ကို လည်ပတ်ကြည့်ရှုသူ အနေဖြင့် မှတ်ပုံတင်သည့် လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း username နှင့် password သစ် ဖန်တီးကာ log in ဝင်ရောက်ခြင်း အစား လည်ပတ်ကြည့်ရှုသူ (visitor) များ၏ Facebook, Twitter, LinkedIn, Google+, Amazon စသည့် […]

Read More

Digital Camera Watch

လက်ပတ်နာရီပုံစံဖြစ်ပြီး မှတ်တမ်းတင်ချင်သော အကြောင်းအရာများကို လျှို့ဝှက်စွာဖြင့် ရိုက်ကူးထားနိုင်သည့် SPY camera  watch ဖြစ်သည်။ အရေးကြီး လုပ်ငန်းဆောင်ရွက်ရာနေရာများတွင် အသုံးတည့်စေနိုင် မည်ဟု သိရသည်။ အမည်းရောင်ဒိုင်ခွက်အတွင်း နာရီလက်တံ စာလုံးများကြားထဲတွင် Camera ကို ထည့်သွင်း တည်ဆောက်ပေးထားသော Spy camera ဖြစ်သည်။ ဓာတ်ပုံ၊ ရုပ်သံနှစ်မျိုး ပါဝင်သော ဗီဒီယိုနှစ်မျိုးစလုံးကို စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်သည်။ Memory 4 GB ပါဝင်ပြီး ကြည်လင် ပြတ်သားသော Resolution 640 x 480 / 720 x 480 / 1280 x 960  AVI Format ဖြင့် သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ […]

Read More

Galaxy Gear 2(Clone)

ပြည်တွင်း မိုဘိုင်းဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် Galaxy Gear 2 (Clone) ဖြစ်သည်။ အဆိုပါ Smart နာရီကို Android ထုတ်ကုန်များဖြင့်သာမက iDevice များဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။ Phone, message, pedometer, music player, calendar, Sound record, Video record, Alarm, calculator, sleep monitor, Anti lost Alarm တို့ ပါဝင်သည်။ Anti lost Alarm စနစ်မှာ မိမိဖုန်းအား တစ်နေရာတွင် ကျန်ခဲ့ပါက အချက်ပေးသံ ထွက်ပေါ်ပေးမည် ဖြစ်သည်။ နာရီပုံစံများကို မိမိနှစ်သက်သည့် ပုံစံပြောင်းလဲ အသုံးပြုနိုင်သည်။ ဖုန်းအနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး MPT နှင့် Telenor ဆင်းမ်ကတ်များကို […]

Read More

World Class Education Exhibition 2015

Regent ပညာရေး ကုမ္ပဏီမှ ကြီးမှူးကျင်းပသော World Class Education Exhibition 2015 ကိုတော့ မတ်လ ၂၆ ရက်တွင် မန္တလေးမြို့ Hotel Mandalay နှင့် မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ Sule Shangri-La Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Read More

Free YouTube Video Downloader (Free)

http://goo.gl/sGKkZ8  ဆော့ဖ်ဝဲအမျိုးအစား – Video Downloader ဗားရှင်း – 2015.2.25 ဖိုင်အရွယ်အစား – 628.4 KB အသုံးပြုနိုင်သည့် OS – Windows XP/Vista/7/8 YouTube ပေါ်မှ ဗီဒီယိုဖိုင်များကို Download ပြုလုပ်လိုသူများအတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေသာမက အသံဖိုင်များကိုပါ Download ပြုလုပ်နိုင်မှာဖြစ်ပြီး၊ MP3, AAC, Ogg အစရှိတဲ့ အသံဖိုင်တွေကို ရယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေအနေနဲ့  MP4, AVI, FLV, 3GP Format များကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ရယူအသုံးပြုနိုင်မယ့် Video Downloader Software တစ်ခု ဖြစ်ပါတယ်။

Read More

အင်ဂျင်အရွယ် ကြီးလွန်းတယ်လို့ ဆိုရမယ့် Audi S6 2015

အခုပြောမယ့် မော်ဒယ်က ဆီဒင်၊ အကြီးစားတန်းဝင်၊ ဒါပေမဲ့ တပ်ဆင်ထားတဲ့ အင်ဂျင်က V8 အင်ဂျင်၊ ကျွန်တော့် အမြင်မှာတော့  Luxury တန်းဝင်အောင် ထုတ်လုပ်ထားတာ မှန်ပေမယ့် ဒီလောက် အင်ဂျင်အရွယ်လောက်ထိအောင် တပ်ဆင်ထားဖို့ လိုအပ်ပါ့မလား။ ဒီလို အင်ဂျင်အရွယ်ကြီးကြီးကို တပ်ဆင်ထားတာရဲ့ နောက်ဆက်တွဲမှာ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာတာ တစ်ချက်ကလွဲလို့ တခြားအချက်တွေတော့ များများစားစား မတွေ့ရဘူးလေ။ အားနည်းချက်အနေနဲ့ပဲ ဖြစ်လာတာက ဆီစားနှုန်းများသွားတာ၊ တကယ်တမ်း အကြီးစားတန်းဝင် မော်ဒယ်တစ်ခုဖြစ်တဲ့ အတွက်ကြောင့်၊ နောက်ပြီး စွမ်းအင်ထုတ်လုပ်မှု ကောင်းကောင်းနဲ့ အင်ဂျင်သံပါ  တည်ငြိမ်ချင်တယ်ဆိုရင် V6 အင်ဂျင်လောက် တပ်ဆင်ထားမယ်ဆိုရင်လည်း ဖြစ်နိုင်လောက်ပါရဲ့နဲ့ S6 မှာ တော့ V8 နဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။ ဒီတော့ ဘာကြောင့်များ […]

Read More

ကန်ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချမည့် Mi 4i စမတ်ဖုန်းကို Xiaomi မိတ်ဆက်

Xiaomi သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် Mi 4i စမတ်ဖုန်းကို ယမန်နေ့က မိတ်ဆက်ပေးခဲ့သည်။ Xiaomi ကုမ္ပဏီ၏ ဒုဥက္ကဌဖြစ်သူ ဟူဂိုဘာရာက Mi 4i ကို မိတ်ဆက်ပေးစဉ်အတွင်း “i” အမှတ်တံဆိပ်သည် အိန္ဒိယနိုင်ငံကို ကိုယ်စားပြုကြောင်း ပြောကြားသွားခဲ့သည်။ Mi 4i စမတ်ဖုန်း၏ ဒီဇိုင်းသည် Mi 4 နှင့် အလွန်ကွာခြားခြင်း မရှိဘဲ သင့်တော်သည့် ပြောင်းလဲမှုများကိုသာ ပြုလုပ်ထားသည်။ Mi 4 ၏ သတ္တုဘောင်ကို ပိုလီကာဗွန်နိဒ်ဖြင့် ပြုလုပ်ထားသော်လည်း Mi 4i တွင်မူ ဖုန်း၏ထောင့်ချိုးများနှင့် နေရာအနှံ့အပြားတွင် ပိုလီကာဗွန်နိဒ်ကို အသုံးပြုထားသည်။ Xiaomi သည် Mi 4 ကို မိတ်ဆက်ခဲ့ရာတွင် ဈေးနှုန်းကြောင့် ဝေဖန်ခံခဲ့ရခြင်းကို […]

Read More

Lazesoft Mac Data Recovery for Mac

Lazesoft Mac Data Recovery ဆော့ဖ်ဝဲသည် Mac OS သုံးစွဲသူများအတွက် အခမဲ့ ရယူအသုံးပြုနိုင်မည့် Data Recovery Software အမျိုးအစား တစ်ခုဖြစ်သည်။ ပျောက်ဆုံးပျက်စီးသွားသည့်ဖိုင်များကို အလျင် အမြန် Scan ပြုလုပ်ပေးနိုင်မည်ဖြစ်ပြီး၊ HFS, HFS+, FAT, FAT32, NTFS အစရှိသည့် Partition များပေါ်တွင် အလုပ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ Lazesoft Mac Data Recovery ဆောဖ့်ဝဲကို အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 13.94MB ခန့်ရှိမည်ဖြစ်သည်။ Mac OS X 10.5 မှ 10.10 အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More