Day: April 23, 2015

Ooredoo က ကိုယ်ပိုင်အင်တာနက်လိုင်းဖြင့် ဝန်ဆောင်မှုပေးအပ်နေသည် ဟုဆို

ယခင်က မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက် Bandwidth ကို ငှားရမ်းအသုံးပြုနေရသည့် Ooredoo Myanmar သည် ယခုအခါ ၎င်းတို့၏ ကိုယ်ပိုင် အင်တာနက် ဆက်ကြောင်းဖြင့် အင်တာနက် ဝန်ဆောင်မှုများကို ပေးအပ်နေသည်ဟု သိရသည်။ “အရင်က မြန်မာဆက်သွယ်ရေးကွန်ရက်ကို သုံးတုန်းက အသုံးပြုသူတွေထံကို 7 Mbps ပမာဏ ရောက်တယ်။ အခု ကိုယ်ပိုင်အနေနဲ့ ပေးနေတာ 14 Mbps ဆိုတော့ နှစ်ဆဖြစ်သွားပြီ””ဟု Ooredoo Myanmar ၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဒေါ်သီရိကြာညိုက ပြောသည်။ Ooredoo Myanmar သည် ၎င်းတို့၏ ကိုယ်ပိုင်ဖိုက်ဘာ အင်တာနက်ဆက်ကြောင်းကို ထိုင်းနိုင်ငံဘက်မှ သွယ်တန်းလာခဲ့ခြင်းဖြစ်ပြီး ဧပြီလမတိုင်ခင်ကတည်းက စမ်းသပ် အသုံးပြုနေခဲ့သည်ဟု သိရသည်။ “တရားဝင် အသုံးပြုခွင့် ပေးခဲ့တာကတော့ ဧပြီလ […]

Read More

Ooredoo နှင့် StarHub တို့ ပူးပေါင်း

စင်ကာပူနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သော StarHub နှင့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo တို့သည် စီးပွားရေး အရ လက်တွဲ ပူးပေါင်းလိုက်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ စီးပွားရေးနယ်ပယ်မှ ကုမ္ပဏီများကို အရည်အသွေးမြင့်မားသည့် အင်တာနက် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု Ooredoo Myanmar က သတင်းထုတ်ပြန်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းကို အသုံးပြု၍ စင်ကာပူနှင့် မြန်မာနိုင်ငံတို့၌ မိမိတို့၏ ကွန်ရက်များမှတစ်ဆင့် လုံခြုံစိတ်ချရသော အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်သွားမည်ဟု သိရသည်။ “အင်တာနက်လိုင်းကျတဲ့ ပြဿနာတွေ ထပ်မကြုံနိုင်တော့ပါဘူး” ဟု Ooredoo Myanmar ၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။ ယခုကဲ့သို့ […]

Read More

Samsung ထုတ်ကုန်များကို အွန်လိုင်းမှ တစ်ဆင့် မှာယူနိုင်

ပြည်တွင်း၏ အွန်လိုင်းစတိုးတစ်ခုဖြစ်သော Shop.com.mm ၌ Samsung ၏ ထုတ်ကုန်ပစ္စည်းများကို အိမ်အရောက် မှာယူအသုံးပြုနိုင်သည်ဟု သိရသည်။ Samsung Myanmar သည် ၎င်း၏ထုတ်ကုန်များကို တရားဝင် အွန်လိုင်းလက်လီရောင်းချသူအဖြစ် Shop.com.mm နှင့် ယခုလ ပထမအပတ်အတွင်း ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် Samsung ၏ စမတ်ဖုန်းများ၊ တက်ဘလက်များအပြင် တီ ဗီနှင့် ဒီဂျစ်တယ်ပစ္စည်း အသုံးအဆောင်မျိုးစုံတို့ကို ဝယ်ယူနိုင်မည်ဟု သိရသည်။ “မြန်မာနိုင်ငံမှာ အလားအလာရှိတဲ့ e Commerce စနစ်အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ သုံးစွဲသူတွေကို အွန်လိုင်းဈေးဝယ်မှု အတွေ့အကြုံပေးချင်လို အွန်လိုင်း စီးပွားရေး လုပ်ငန်းကိုလည်း တိုးတက်ဖွံ့ဖြိုးလာ စေချင်ပါတယ်။ လက်လီရောင်းချမှု စီးပွားရေးလုပ်ငန်းတွေဟာလည်း e Commerce အဖြစ် အသွင် ကူးပြောင်းနေပါတယ်” ဟု […]

Read More

OCBC ဘဏ်၌ ငွေပေးချေခြင်းကို အင်တာနက်မှတစ်ဆင့် ပြုလုပ်နိုင်

နိုင်ငံခြားဘဏ်တစ်ခုဖြစ်သည့် Oversea Chinese Banking Corporation (OCBC) ဘဏ်သည် မြန်မာနိုင်ငံဘဏ်ခွဲကို ယနေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး အဆိုပါ ဘဏ်ခွဲ၌ ငွေပေးချေခြင်းကို အင်တာနက် ကွန်ရက်မှ တစ်ဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီဟု သတင်းထုတ် ပြန်ခဲ့သည်။ Corporate Customer များကို အင်တာနက်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဝန်ဆောင်မှု ပေးအပ်ခဲ့ခြင်းသည် နိုင်ငံခြားဘဏ်များအနက် ပထမဦးဆုံးဖြစ်ကြောင်း OCBC ၏ အထွေထွေမန်နေဂျာ (ရန်ကုန်) ဖြစ်သူ Mr. Daniel Tan က ပြောသည်။ ပြည်တွင်းဘဏ်များ၏ ဝန်ဆောင်မှုများနည်းတူ ဘဏ်အကောင့် ဖွင့်လှစ်ထားသူများသည် အင်တာနက်စနစ်ကို အသုံးပြု၍ မိမိအကောင့်၏ ငွေစာရင်းကို အချိန်ပြည့် ကြည့်ရှုနိုင်မည့် အပြင် ငွေပေးချေခြင်း ဝန်ဆောင်မှုများကိုပါ အင်တာနက်ပေါ်၌ ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံအခြေစိုက် […]

Read More

Android ဖုန်းများအတွက် Hello dialer app ကို Facebook မိတ်ဆက်

Facebook သည် သုံးစွဲသူများက လက်မခံလိုသည့် ဖုန်းခေါ်ဆိုမှုများကို ပိတ်ပင်ခြင်းအပြင် လူမှုရေးမီဒီယာမှ လူများနှင့် နေရာများကို ရှာဖွေပေးနိုင်သည့် ID-type Android app သစ်ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Hello app သည်သုံးစွဲသူ၏ ဖုန်းခေါ်ဆိုမှုများကို အသုံးမပြုဘဲ Facebook မှပြုလုပ်ပေးသည့် ဆက်သွယ်ရေးနည်းလမ်းကိုသာ အသုံးပြုထားသည်။ Hello app ကိုစမ်းသပ်နေလျက်ရှိကြောင်း Facebook ကပြောကြား ခဲ့ပြီး ယခုအခါ Google Play store တွင်အခမဲ့ download ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Hello သည် Google ၏ Android operation system ဖုန်းများ၏ dialer အဖြစ် အစားထိုး အသုံးပြုနိုင်စေမည် ဖြစ်သည်။ Facebook ၏ […]

Read More

Dark Souls II

အသစ်ထွက်တဲ့ နာမည်ကြီး ဂိမ်းစီးရီးတွေဟာ အရင်ထက် mainstream ပိုပြီး ဖြစ်လာတာနဲ့အလျောက် game publisher နှင့် developer တွေအနေနဲ့လည်း ပိုမိုများပြားလာတဲ့ ပရိသတ်တွေကို ဂိမ်းများများ ရောင်းရအောင်၊ ကစားသူတွေ လက်မလျှော့သွားအောင် ဂိမ်းအများစုကို အရင် NES ကနေ  PlayStation 1 ခေတ်တွေကလောက် ခက်အောင်ရေးလေ့ သိပ်မရှိတော့သလို ဂိမ်းတိုင်းနီးပါး မှာ Easy mode option သို့မဟုတ် power-ups တွေ equipments တွေ ဝယ်ယူဖို့ online store နဲ့ micro transaction စနစ်တွေ ထည့်သွင်းနေကြချိန်မှာ From Software ရဲ့ PlayStation 3 exclusive Action RPG ဂိမ်းဖြစ်တဲ့  Demon’s […]

Read More

ဒေါသထွက်ပြီး ကွန်ပျူတာကို သေနတ်ဖြင့် ပစ်ခတ်သူ တရားစွဲခံရ

အမေရိကန်နိုင်ငံရှိ ကော်လိုရာဒိုစပရင်းစ်မြို့မှ အမေရိကန်နိုင်ငံသားတစ်ဦးသည် ၎င်း၏စက်ချို့ယွင်းနေသည့် ကွန်ပျူတာကို ဒေါသထွက်ကာ သေနတ်ဖြင့် ရှစ်ကြိမ် ပစ်ခတ်ခဲ့ပြီးနောက် တရားစွဲခံခဲ့ရကြောင်း ဒေသခံရဲအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမေရိကန်နိုင်ငံသား၏ ကွန်ပျူတာမှာ နည်းပညာဆိုင်ရာ ပြဿနာဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းကကွန်ပျူတာကို လမ်းကြားထဲသို့ ယူဆောင်သွားပြီး ဖျက်ဆီးခဲ့ကြောင်း ရဲအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့သည်။ ဥပဒေကြောင်းအရ အရေးယူခံခဲ့ရသူ လူးကပ်စ်ဟစ်ခ်ျသည် မြို့ဧရိယာအတွင်း လက်နက်ကိုင်ဆောင် ပစ်ခတ်မှုဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ သို့သော်လည်း ၎င်းအနေဖြင့်မည်သည့် ကိစ္စဖြင့် စွဲချက်တင်ခံရသည့် အကြောင်းကို သတိမပြုမိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းကို ချမှတ်မည့် ပြစ်ဒဏ်အား တရားသူကြီးမှ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။ လူးကပ်စ်သည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ၎င်း၏ ကွန်ပျူတာ နည်းပညာ အခက်အခဲများကြောင့် […]

Read More

နေ့ချင်းရောက်စာဝေစနစ် ပထမအဆင့်စတင်

မြန်မာ့စာတိုက်လုပ်ငန်းမှ နေ့ချင်းရောက်စာဝေစနစ်ကို စတင်ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်ကို ဧပြီလ ၁ ရက်မှ စတင်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော် (အစိုးရရုံးဌာနများ)၊ ရန်ကုန်မြို့တွင်း ၁၀ မြို့နယ်နှင့် မန္တလေးမြို့တွင်း ၆ မြို့နယ်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြို့နယ်များတွင် နံနက် ၁၁ နာရီမတိုင်ခင် ပေးပို့သည့် ပြည်တွင်း အမြန်ချောပို့ ပစ္စည်းများအား နေ့ ချင်းရောက်စာဝေစနစ် (Same Day Delivery) ဝန်ဆောင်မှုလုပ်ငန်း ပထမအဆင့်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ “Same Day Delivery အနေနဲ့ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဘယ်မှာပဲထည့်ထည့် နေ့ချင်းရအောင်ဆောင် ရွက်ပေးမယ့်အနေအထား ဖြစ်ပါတယ်” ဟု မြန်မာ့ စာတိုက်လုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ […]

Read More

Game of War

Strategy Game များကို နှစ်သက်သည့် iOS အသုံးပြုသူများအတွက် Game of War ဆိုသည့် ဂိမ်းသည် မိမိနိုင်ငံကို အခြားသူများ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုနိုင်ရန် ကာကွယ်ရပြီး ရန်သူများကိုလည်း ဗျူ ဟာများ အသုံးပြု၍ သွားရောက်တိုက်ခိုက်ပစ်ရမည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်သည်။ အဆိုပါ ဂိမ်းကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၂၆.၉၉ ပေးသွင်းမှသာ အသုံးပြု ခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါမှာတော့ အချိန်အတိုင်းအတာဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည့်။ iOS Version 5.0 နှင့်အထက် Device များတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

oCam

oCam ဆော့ဖ်ဝဲသည် မိမိကွန်ပျူ တာ၏ Display Screen တွင် ပြုလုပ်သည့်အရာများကို Record ပြုလုပ်ခြင်း Capture ဖမ်းပေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနိုင်သည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲ သည် မော်နီတာပေါ်တွင် ပြုလုပ်သည့်အရာမှန်သမျှကို Record ပြုလုပ်နိုင်ရန်အတွက် စီစဉ်ပေးထားပြီး မိမိလိုအပ်သည့်အပိုင်းလောက်ကိုသာ Record ပြုလုပ်နိုင် ရန် နေရာသတ်မှတ်ပေးနိုင် မည်ဖြစ်သည်။ Record ပြုလုပ်သည့် ဖိုင်ကိုလည်း MP4 File Format အနေဖြင့် ပြန်လည်ထုတ်လုပ်၍ သိမ်းဆည်းပေးနိုင်မည်ဖြစ်သည်။ အခမဲ့ ရရှိသည့် Application တစ်ခုဖြစ်ပြီး၊ Windows XP မှ Windows 8 အထိ ထည့် သွင်းသုံးစွဲနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို […]

Read More