Day: April 22, 2015

Lenovo A1000

တန်ဖိုး – ကန်ဒေါ်လာ ၉၉.၉၉ အားသာချက် – Dolby Sound System ပါဝင်ပြီး၊ ဈေးနှုန်းကလည်း ကန်ဒေါ်လာ ၁၀၀ ဝန်းကျင် အမျိုးအစား ထဲမှာသာရှိတဲ့ Tablet တစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် Headphone နဲ့ ဂီတသံစဉ်တွေကို နားထောင်မယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အသံပိုင်းကို ခံစားရမှာလည်း ဖြစ်ပါတယ်။ အားနည်းချက် – Screen အရွယ်အစား အနည်းငယ် သေးကွေးတဲ့အတွက် မြင်ကွင်းကို ကြည့်မြင်ရတဲ့အခါမှာ အနည်းငယ် ကျဉ်းမြောင်းတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Graphic ပိုင်းမှာလည်း 3D Graphic အရမ်းသုံးထားတဲ့ App တွေကို သုံးစွဲတဲ့အခါမှာ အနည်းငယ် ထစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သုံးသပ်ချက် – Lenovo A1000 […]

Read More

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရန်ကုန်ဆေးရုံကြီးနှင့် သဘာဝတရားရိပ်သာသို့ လှူဒါန်းမှုများ ပြုá€

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရန်ကုန်ဆေးရုံကြီးနှင့် သဘာဝတရားရိပ်သာသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းမြို့တို့ရှိ နေရာ ရှစ်နေရာသို့ လှူဒါန်းသွားမည်ဖြစ်သည်ဟု သိရသည်။ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာတွင် MPT စောင့်ရှောက်ရေး ဌာနအမည်ဖြင့် အဆောက်အဦ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်ဆေးရုံကြီးတွင် လူနာတင်လှည်းများကို ၀ယ်ယူလှူဒါန်းပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ အဆိုပါ လှူဒါန်းခြင်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် ဂျပန် KDDI, Sumitomo ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  

Read More

ရတနာပုံတယ်လီပို့၏ Network Facilities Service လိုင်စင်သစ်ဖြင့် ဝန်ဆောင်မှုပိုကောင်းအောင် လုပ်ရန်ရှိဟုဆို

ရတနာပုံတယ်လီပို့၏ Network Facilities Service လိုင်စင်သစ်ဖြင့် ဝန်ဆောင်မှုပိုကောင်းအောင် လုပ်ရန်ရှိကြောင်း တာဝန်ရှိသူက ပြောကြားသည်။ “အခုလက်ရှိမှာ ရတနာပုံတယ်လီပို့အနေနဲ့ လိုင်စင်အသစ်ရပြီဖြစ်တဲ့အတွက် အခုထက်ပိုကောင်းအောင် လုပ်ဖို့ရှိတယ်။ လိုင်စင်သစ်က NFS လိုင်စင်ဆိုတော့ လိုင်စင်ထဲမှာက Application ပိုင်း၊ Infrastructure တည်ဆောက်တဲ့အပိုင်းတွေ လုပ်ခွင့်ရှိတယ်။ အဓိကအနေနဲ့ အင်တာနက်ဝန်ဆောင်မှု ISP အပိုင်းရယ်၊ Application Service ပိုင်းတွေရယ်မှာ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်ခွင့်ရလာမယ်။ Value added service တွေ ဘာတွေ ပါတာပေါ့။ အဲဒါတွေကို အစတည်းကလည်း ဝန်ဆောင်မှုပေးနေတာပဲ၊ Ring Tune တို့ ၊ မီတာဘေလ်ဆောင်တာတို့၊ ဖုန်းဘေလ်ဆောင်တာတို့၊ နောက်ထပ်လည်း ISP ဝန်ဆောင်မယ့်သူတွေကို ထပ်ပြီး လိုင်စင်ချပေးနေတယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ယှဉ်ပြိုင်ရမှာပါပဲ” […]

Read More

at sign (address sign or @)

အင်တာနက်ပေါ်တွင် at သို့မဟုတ် at sign သို့မဟုတ် address sign ဟု အသံထွက်ခေါ်ဆိုသည့် @ သည် အီးမေးလ် လိပ်စာတစ်ခုရှိ သင်္ကေတဖြစ်သည်။ ၎င်းသည် သုံးစွဲသူ၏ အင်တာနက် လိပ်စာတွင် သုံးစွဲသူ၏ အမည်နှင့် အီးမေးလ်လိပ်စာကို ခွဲခြားပေးသည့် သင်္ကေတ ဖြစ်သည်။ ဥပမာ [email protected] စီးပွားရေးလုပ်ငန်းတွင် @ သည် at သို့မဟုတ် each ဟု အဓိပ္ပာယ်ရသည့် သင်္ကေတတစ်ခု ဖြစ်သည်။ ဥပမာ 4 apples @$.35 = $1.40 သည် ပန်းသီးတစ်လုံးလျှင် ၀.၃၅ ဒေါ်လာ ကျသင့်သည်ဟု အဓိပ္ပာယ်ရသည်။

Read More

DBA Launching Ceremony

Myanmar Imperial College မှ ကျင်းပပြုလုပ်သော Doctorate of Business Administration Programme Launching Ceremony ကိုတော့ မတ်လ ၂၈ ရက်က Sule Shangrila Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Spoke နဲ့ Alloy ဘယ်ဘီး အမျိုးအစားကို ရွေးချယ်မလဲ အပိုင်း (၂)

လာပါပြီ၊ ဒလက်တွေရဲ့ အားသာချက်။ အဓိက အနေနဲ့ ပြောစရာရှိတာက နှစ်ချက်။ ပထမတစ်ချက်က စိတ်ကြိုက် ဒီဇိုင်းရွေးချယ်နိုင်မှု။ ဆိုလိုတာက Spoke ဘီးတွေမှာ Spoke ယက်တဲ့ စနစ်က နှစ်မျိုး၊ သုံးမျိုးလောက်ပဲရှိပြီး တကယ်တမ်း ဆိုင်ကယ်ပြင်ဆင်၊ အရောင်းဆိုင်တိုင်းက လွယ်ကူတဲ့ နည်းတစ်နည်းတည်းနဲ့ပဲ Spoke တွေကို ယက်ပြီး ဆိုင်ကယ်မှာ တပ်ဆင်ရောင်းချနေကြတာဆိုတော့ ဘီးက အရောင်ထွက်တာ မှန်ပေမယ့် Spoke တွေရဲ့ ယက်တဲ့ စနစ်မပြောင်းလဲ တာကြောင့် ဒီဇိုင်းကတော့ တစ်မျိုးတည်းပဲ ရနိုင်တာတွေ့ရပါတယ်။ ဒီနေရာမှာ ဒလက်ကတော့ ငါးဒေါက်၊ ခြောက်ဒေါက်၊ ပန်း၊ ကြယ်၊ စသဖြင့် ဒလက်ပုံစံ  အမျိုးမျိုးနဲ့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့် ဒီတစ်ချက်က ဒလက်တွေရဲ့ အားသာတဲ့ တစ်ချက်ပါ။ နောက်တစ်ချက်ကတော့ […]

Read More

ကမ္ဘာ့ပထမဆုံး RAM 4 GB ပါဝင်သော ZenFone 2 မိတ်ဆက်

RAM 4 GB ပါဝင်သော ကမ္ဘာ့ပထမဆုံး ဖုန်းဖြစ်သည့် Zenfone 2 ကို Asus မှ စတင် မိတ်ဆက်လိုက်ပြီး အဆိုပါဖုန်းကို အရှေ့တောင်အာရှ နိုင်ငံများတွင် စတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ASUS ၏ CEO Mr Jerry Shen က ဂျကာတာတွင် ပြုလုပ်သော မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။ “Zenfone 2 ကို ကမ္ဘာတစ်ဝန်းလုံးမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အချိန်တိုအတွင်း အားသွင်းနိုင်တဲ့စနစ် (Fast Charging) အပါအဝင် အခြားထူးခြားတဲ့ စနစ်တွေ ကို တွေ့ရမှာပါ” ဟု Mr Jerry Shen က ပြောသည်။ 4G Lte စနစ် အထောက်အပံ့ပြုကာ ဆင်းမ်ကတ်နှစ်ခု […]

Read More

Slim Bluetooth 3.0 headset

ဖုန်းသီးသန့် ပြောဆိုရန်အတွက် အဆင်ပြေစေနိုင်သော ELECOM အမှတ်တံဆိပ် LBT-MPHS07 မော်ဒယ် Bluetooth Handsfree Headset  ဖြစ်သည်။ Bluetooth Version 3.0 ဖြစ်ပြီး သေးသွယ်ပါးလွှာကာ အသံကို ကြည်လင်စွာဖြင့် ခံစားနားဆင်နိုင်မည် ဖြစ်သည်။ နားနှင့် Bluetooth Handsfree Headset ထိရာနေရာကို Silicon အစွပ် တပ်ဆင်အသုံးပြုထားသောကြောင့် နာကျင်မှုမရှိဘဲ ကြာရှည်စွာအသုံးပြုနိုင်မည် ဖြစ်သည်။ အကွာအဝေး ၁၀ မီတာဝန်းကျင်အတွင်း အဆင်ပြေစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ Lithium polymer rechargeable battery အမျိုးအစားကို အသုံးပြုထားပြီး ပုံမှန်ဖုန်းပြောဆိုပါက နာရီ ၁၀၀၊ ဆက်တိုက်ဖုန်းပြောဆိုပါက ၅ နာရီ အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းနှစ်လုံး ချိတ်ဆက်ထားနိုင်သော စနစ်ပါဝင်သည့်အပြင် နောက်ဆုံး Call […]

Read More

Simbadda Multimedia Speaker

Simbadda အမှတ်တံဆိပ် multimedia speaker ဖြစ်သည်။ 2.1 channel အမျိုးအစားဖြစ်ပြီး USB stick, Micro SD card တို့ဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။  Bluetooth စနစ်ပါဝင်သော ထုတ်ကုန်များဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်သည်။ ထို့အပြင် အခြားသော Player များဖြင့်လည်း တွဲဖက်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ Made in china အမျိုးအစားဖြစ်ပြီး ကြည်လင်ပြတ်သားသည့် Bass အသံထွက်ကို နားဆင်ခံစားနိုင်မည်ဟု သိရသည်။ Ko Beno IT Mobile Game Sale & Service ဖုန်း-  ၃၈၀၅၃၆၊ ၂၅၆၄၁၇ နှင့် ၀၉-၇၃၂၂၄၉၈၉ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Xiaomi Mi Note Wood Edition ပြည်တွင်းဈေးကွက်ဝင်

အသစ်ထပ်မံထုတ်လုပ်လိုက်သည့် Xiaomi တံဆိပ် Mi Note Wood Edition ကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါ ဖုန်းသည် ပုံမှန်ထက် ဝ.၉ မီလီမီတာ အနည်းငယ် ပိုထူမည်ဖြစ်ပြီး အလေးချိန်အားဖြင့် ပုံမှန်ထက် ၅ ဂရမ် ပိုမိုပေါ့ပါးမှုရှိမည်ဖြစ်ကြောင်း သိရသည်။ Mi Note Wood Edition သည် 4G LTE ကွန်ရက်အထိ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး GSM ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော Dual SIM အမျိုးအ စားဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၅.၇ လက်မရှိပြီး အမြန်နှုန်း Quad-core 2.5GHz Krait 400 ရှိသော CPU နှင့် Adreno 330 GPU စနစ်များ […]

Read More