Day: April 8, 2015

အမေရိကန် နိုင်ငံသား ၇ ရာခိုင်နှုန်းသာ စမတ်ဖုန်းတွင် အင်တာနက် အသုံးပြုဟုဆို

အမေရိကန်ရှိ နိုင်ငံသား ၇ ရာခိုင်နှုန်းခန့်သည် စမတ်ဖုန်းဖြင့် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ထားလေ့ ရှိကြကြောင်း Pew သုတေသန၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ အွန်လိုင်းအသုံးပြုခွင့် ရခြင်းသည် ကမ္ဘာတစ်ဝန်း၌ လိုအပ်ချက် တစ်ခုဖြစ်လာပြီး အမေရိကန်ရှိ အရွယ်ရောက်ပြီးသူ ၈၉ ရာခိုင်နှုန်းခန့်သည် အင်တာနက် အသုံးပြုနေကြောင်း Pew သုတေသနက ဖော်ပြခဲ့ဖူးသည်။ အမေရိကန် နိုင်ငံသားများစွာသည် စာကြည့်တိုက် သို့မဟုတ် အလုပ်ခွင်၌  ကွန်ပျူတာ၊ ဖုန်း သို့မဟုတ် tablet များဖြင့် အွန်လိုင်းကို ထုတ်ကုန်အမျိုးမျိုးဖြင့် အသုံးပြုလျက် ရှိသည်။ သို့သော်လည်း Pew ၏ဖော်ပြချက်အရ အမေရိကန် နိုင်ငံသား၏ ၇ ရာခိုင်နှုန်းခန့်သည် အပြင်သွားလာ သည့်အခါတွင် အင်တာနက် အသုံးပြုရန် စမတ်ဖုန်းများကို အားထားကြသည်။ စမတ်ဖုန်းဖြင့် […]

Read More

Surface 3 ကို iPad ဈေးနှုန်းဖြင့် Microsoft ရောင်းချမည်

Microsoft သည် Surface 3 tablet ကို မိတ်ဆက်ခဲ့ပြီး ၎င်းထုတ်ကုန်ကို ကန်ဒေါ်လာ ၄၉၉ ဖြင့် မေလ ၅ ရက်တွင် ဖြန့်ချိရောင်းချ သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် Surface 3 ကိုအင်္ဂါနေ့မှတင်၍ ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သွားခဲ့သည်။ Microsoft ၏ Surface 3 သည် ယခင် Surface ထုတ်ကုန်များကဲ့သို့ app များအားလုံး ထောက်ပံ့မှုမရရှိသည့် Windows RT ဗားရှင်းကို အသုံးမပြုထားပေ။ ယခင်က Microsoft Surface Pro မော်ဒယ်များတွင် ပုံမှန် Windows ပါဝင်လာချိန်တွင် Surface ၌ Windows RT ကို အသုံးပြုထားသည်။ […]

Read More

LG ဖုန်းများတွင် ပါဝင်သော QuickCircle Case & Home Touch Buttons

LG ဖုန်းတွေမှာ ပါဝင်တဲ့ QuickCircle Case နဲ့ Home Touch Buttons ဆိုတဲ့ စနစ်နှစ်ခုရဲ့ အသုံးပြုပုံစံကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ QuickCircle Case ဆိုတဲ့ စနစ်ကတော့ LG ဖုန်းတွေမှာပဲ မြင်တွေ့ရတဲ့ နည်းပညာ တစ်ခုဖြစ်ပြီး ဒီစနစ်ဟာဖုန်းကို ကာဗာတပ်ပြီး အသုံးပြုချိန်မှာ ကာဗာကိုဖွင့်ဖို့ မလိုအပ်ပဲနဲ့ ကာဗာမှာပါဝင်တဲ့ အပေါက်လေးကနေပြီး ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို အသုံးပြုနိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့အတွက် တော့ LG ကနေ ထုတ်လုပ်တဲ့ QuickCircle Case ကာဗာကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။ ဖုန်းနဲ့ ကာဗာနဲ့ တပ်ဆင်ထားတဲ့ အချိန်မှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။ ဒါကတော့ ကာဗာတပ်ဆင် ထားချိန်မှာ […]

Read More

Level 5 Diploma in Computing ဒုတိယနှစ်စာမေးပွဲတွင် ကမ္ဘာ့အမှတ်အများဆုံး ထူးချွန်ဆု (Global High Achiever) ရရှိခဲ့သူ မအိခိုá

ဒီအပတ်မှာတော့ တစ်ကမ္ဘာလုံး တစ်ပြိုင်နက်တည်း ကျင်းပတဲ့ level 5 Diploma in Computing ဒုတိယနှစ် စာမေးပွဲမှာ ကမ္ဘာ့ အမှတ်အများဆုံး ထူးချွန်ဆု (Global High Achiever) ရရှိခဲ့သူ မအိခိုင်မွန်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အမည်၊ ပညာအရည်အချင်း နဲ့ နေရပ်လိပ်စာပြောပြပေးပါ။ ကျွန်မနာမည်ကတော့ မအိခိုင်မွန် ဖြစ်ပါတယ်။ လက်ရှိ MCC Training Institute(Yangon Campus) မှာ B.Sc (Hons) Business IT ဘွဲ့သင်တန်း နောက်ဆုံးနှစ် တန်းခွဲ(၇)မှာ တက်ရောက် သင်ကြားနေပါတယ်။ နေရပ်လိပ်စာကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်ဖြစ်ပါတယ်။ B.Sc(Hons) Business IT ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို ဘာကြောင့်တက်ဖြစ်ခဲ့တာလဲ။ ကျွန်မအနေနဲ့ Business နဲ့ […]

Read More

HND Diploma in Computing & Systems Development သင်တန်းများ ပြည်တွင်းတွင် တက်ရောက် သင်ကြားနိုင်

YOUTH Computer Center I တွင် HND Diploma in Computing & Systems Development သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။ အဆိုပါ HND သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးသူ (သို့) IGCSE, GCE-A Level အောင်မြင်ပြီးသူများနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်သည်။ Under- graduate ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Pre HND တက်ရန် လိုအပ်မည်ဖြစ်သည်။ Pre HND တွင် ကျောင်းသားများအား IELTS and English 4 Skill နှင့် IT […]

Read More