Day: April 6, 2015

LG AKA

အားသာချက် ဒီဖုန်းဟာ ဖန်စီနှစ်သက် သူတွေအတွက် စိတ်ဝင်စားစရာ အသုံးပြု နည်းစနစ်တွေကို ထည့်သွင်းပေးထားတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းမှာပါဝင်တဲ့ အသုံးပြုစနစ် တွေဟာလည်း ဆန်းသစ်တဲ့ အသုံးပြုပုံစံတွေကို မြင်တွေ့နိုင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်တွေကလည်း ကောင်းမွန်ပါတယ်။ ဒီဖုန်းဟာ ဖန်စီပုံစံ အကောင်လေးတွေရဲ့ စရိုက်တွေနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့ ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် ကိုယ်အသုံးပြုချင်တဲ့ ကာတွန်းကောင်လေးတွေနဲ့ အရောင်အသွေးတွေကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။ အားနည်းချက် ဖုန်းဟာ ကာတွန်းအကောင်လေးတွေရဲ့ စရိုက်တွေနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့အတွက် ဖုန်းမှာကာဗာတစ်ခု အပိုတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းဟာ ပုံမှန်ထက်ပိုပြီး ထူနေတယ်လို့ ခံစားရစေပါတယ်။ ဒီဇီုင်း ပုံစံဒီဇိုင်းမှာတော့ AKA ဖုန်းတွေဟာ […]

Read More

ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကမ္ဘာ့ပထမဆုံးရထား တရုတ်နိုင်ငံတွင် စတင်ပြေးဆွဲ

တရုတ်နိုင်ငံတွင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကမ္ဘာ့ပထမဆုံး ရထားကို သတ်မှတ်ထားသည့် ဧရိယာတစ်ဝိုက်တွင် ခရီးတိုပြေးဆွဲမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ရထားကို China South Rail ကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲ Sifang က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါရထားကို တည်ဆောက်မည့် သုတေသနလုပ်ငန်း အကူအညီဖြင့်  နည်းပညာ အခက်အခဲများ ဖြေရှင်းရန် Sifang အတွက် နှစ်နှစ်ခန့် အချိန်ယူခဲ့ရကြောင်း ကုမ္ပဏီ၏ အင်ဂျင်နီယာ အကြီးအကဲ လင်ဂျန်ယင်က Xinhua သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဟိုက်ဒရိုဂျင်သည် သန့်စင်ပြီးသား လောင်စာတစ်မျိုးဖြစ်ပြီး ရေဓာတ်ကို ပြန်လည် ထုတ်လုပ်ပေးကာ စွမ်းအား သိပ်သည်းမှုလည်း ရှိသည်။ Sifang ၏လျှပ်စစ်ရထားသည် ဟိုက်ဒရိုဂျင် စွမ်းအင်အား သုံးမိနစ်ခန့်အတွင်း […]

Read More

တရုတ်က GitHub အား ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု သုတေသီများဆို

သုတေသီများက GitHub  အား တရုတ်အစိုးရမှ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က GitHub အား ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ငါးရက်ကြာ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စတင်လျော့ကျ သွားခဲ့သည်။ GitHub ၏ ဆိုက်ဘာ တိုက်ခိုက်မှုတွင် တာဝန်ရှိသူဟု စွပ်စွဲခံနေရသည့် တရုတ်အာဏာပိုင်များက  အဆိုပါ တိုက်ခိုက်မှုသည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ GitHub ကမူ ဝက်ဘ်ဆိုက်အတွင်း traffic အလွန်များပြား လာခဲ့ပြီးနောက် ကြီးမားလှသော distributed denial of service (DDoS) တိုက်ခိုက်မှုကို ပထမဆုံး ခြေရာခံမိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် တရားမဝင်နည်းလမ်းဖြင့် ခိုးယူခံခဲ့ရသော ရှာဖွေမှုကုမ္ပဏီ Baidu မှထောက်ပံ့ထားသည့် analytics […]

Read More

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း အတွက် လျှောက်လွှာခေါ်ယူ

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း (PPTT) အမှတ်စဉ် (၂/၁၅) အား ဇွန်လတွင် ဖွင့်လှစ် သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည့် အတွက် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။ လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည် ဖြစ်ပြီး  ပြင်ပဘွဲ့ရများ လျှောက်ထားလိုပါက အသက် ၃၀ နှစ် ဖြစ်ရမည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက် အနည်းဆုံး နှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၃၅ နှစ်ထက် မကြီးသူ ဖြစ် ကြောင်းနှင့် သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။ ဝန်ထမ်းများမှာ လစာမဲ့ခွင့်ဖြင့် သင်တန်းတက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်များတွင်ရေးဖြေ ဖြေဆိုရမည် ဖြစ်သည်။ […]

Read More

LG အမှတ်တံဆိပ် AKA စမတ်ဖုန်း မိတ်ဆက်ပွဲပြုလုပ်

ထူးခြားသော ပင်ကိုစရိုက်များပါဝင်သည့် စမတ်ဖုန်းဖြစ်သော LG အမှတ်တံဆိပ် AKA စမတ်ဖုန်းအမျိုးအစားသစ်၏ မိတ်ဆက်ပွဲခမ်းအနားကို ဧပြီ ၃ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စမတ်ဖုန်း၌ မတူညီသည့် အမျိုးအစားလေးမျိုးရှိပြီး Eggy (အဝါရောင်)၊ Wooky (အဖြုရောင်)၊ Soul (နက်ပြာရောင်)၊ Yoyo (ပန်းရောင်) ဟူ၍ အရောင်လေးမျိုး ရရှိမည်ဖြစ်ကြောင်း သိရသည်။ စမတ်ဖုန်းအားလုံး၏ Processor ကို Quad Core အမျိုးအစား အသုံးပြုထားပြီး မျက်နှာပြင်အကျယ် ၅ လက်မ ရှိမည်ဖြစ်သည်။ ကင်မရာစွမ်းဆောင်ရည်မှာ 8 MP ရှိမည်ဖြစ်ပြီး […]

Read More

Center for Vocational Training/ CVT Myanmar မှ အသက်မွေးဝမ်းကျောင်း ပညာရေးသင်တန်းများ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

Center for Vocational Training/ CVT Myanmar မှ အသက်မွေးဝမ်းကျောင်း ပညာရေးသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် စီးပွားရေးပညာ အထောက်အကူပြုသင်တန်းမှ (၃၇)ဦး၊ လျှပ်စစ်ကျွမ်းကျင်မှု အထောက်အကူပြုသင်တန်း မှ (၃၁)ဦး၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း (၇)ဦး၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း (၂၃)ဦး၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း (၉)ဦး၊ အသက်မွေးမှု အကြိုသင်တန်း(E4Y) (၁၉)ဦးနှင့် CVT Certified Instructors Course (၁၈) ဦး၊ Post Graduated Program for Young […]

Read More

Samsung Galaxy S6 က iPhone 6 Plus ကဲ့သို့ အလွယ်တကူ ကွေးညွှတ်စေနိုင်

အာမခံကုမ္ပဏီတစ်ခုဖြစ်သော SquareTrade သည် HTC One M9 နှင့် Samsung Galaxy S6 Edge စမတ်ဖုန်းများ၏ ခံနိုင်ရည်စွမ်းကို စမ်းသပ်ထားသည့် ဗွီဒီယို တစ်ခုကို ဖြန့်ချိခဲ့သည်။ အဆိုပါဗွီဒီယိုတွင် Samsung Galaxy S6 Edge သည် အလေးချိန် ပေါင် ၁၁၀ ရှိသော ဖိအားကို ခံနိုင်ရည်ရှိသလို One M9 ကမူ အလေးချိန် ပေါင် ၁၂၀ ရှိ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိကြောင်း သိရသည်။ သို့ရာတွင် Samsung Galaxy S6 Edge ၏အလေးချိန် ခံနိုင်ရည်အားသည် iPhone 6 Plus ၏ အလေးချိန် ခံနိုင်စွမ်းနှင့် နှိုင်းယှဉ်၍ စမ်းသပ်ခဲ့ရာ iPhone […]

Read More