Day: April 4, 2015

IZarc2Go(Free)

 ဆော့ဖ်ဝဲအမျိုးအစား – File Compression ဗားရှင်း – 4.1.9 ဖိုင်အရွယ်အစား – 3.75MB အသုံးပြုနိုင်သည့် OS -Windows XP/Vista/7/8 http://goo.gl/PBcYmD ဖိုင်အရွယ်အစားများကို ချုံပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် IZarc2Go ဆောဖ့်ဝဲသည် IZArc ဆော့ဖ်ဝဲ၏ Portable ဆော့ဖ်ဝဲအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ Zip File အများအပြားကို အသုံးပြုနိုင်အောင် စီစဉ်ဖန်တီးပေးထားသည်။ ဒါ့အပြင် Language အများအပြားကိုလည်း အထောက်အပံ့ပေးထားသည်။ Download ပြုလုပ်လိုသူများအနေနှင့် အခမဲ့ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခု Version တွင် ယခင် Version အဟောင်းမှာရှိသည့် Move ပြုလုပ်သည့်အခါတွင်ဖြစ်တတ်သည့် ပြဿ     နာများ၊ Password ထည့်သွင်းသည့်အခါဖြစ်သည့် ပြဿ     နာ များကိုပါ ဖြေရှင်းပေးထားသည်။

Read More

Software Outsource လုပ်ငန်းမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ ဝင်ငွေရရှိနေသည်ဟုဆို

မြန်မာနိုင်ငံ၌ Software ရေးသားသူအရေအတွက် ၂,၅၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို Outsource လုပ်ငန်းမှ ဝင်ငွေရှာဖွေပေးနေသည် ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်၌ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်ကို Software Outsource ရေးသားသည့်လုပ်ငန်းမှ ရရှိလာမည်ဖြစ်ပြီး Software ရေးသားသူ အရေအတွက်သည်လည်း လူဦးရေ ၈ ထောင်ခန့်သို့ ရောက်ရှိလာမည်ဟု သိရသည်။ အဆိုပါခန့်မှန်းချက်အရ နှစ်စဉ် Software ရေးသားသည့် ပညာရှင်တိုးတက်မှုနှုန်းသည် ၂၅ ရာခိုင်နှုန်းရှိပြီး ပညာရှင်တစ်ဦးချင်းစီ၏ ထုတ်လုပ်မှုတန်ဖိုး မြင့်တက်ခြင်းမှာ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ တိုးတက်မှုရာခိုင်နှုန်းသည် […]

Read More