Day: April 3, 2015

ရတနာပုံတယ်လီပို့ရုံးချုပ် ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံတွင် ADSL, Metro Ethernet အစရှိသည့် အင်တာနက်လိုင်း ဝန်ဆောင်မှုများကို အဓိကရောင်းချလျက်ရှိသော ရတနာပုံတယ်လီပို့၏ အရောင်းနှင့် ဝန်ဆောင်မှုရုံးချုပ်ကို ဧပြီလ ၃ ရက်၊ နံနက် ၇ နာရီအချိန်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ် (၁၅၊ က-၄) ၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ရတနာပုံတယ်လီပို့မှ အမှုဆောင်အရာရှိချုပ် ဦးရှိန်းသူအောင်နှင့် အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်အေးတို့မှ ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ “သင်္ကြန် အထူးအစီအစဉ်အနေနဲ့ ဧပြီလအတွင်း လစဉ်ကြေးပေးဆောင်ပါက ရတနာပုံတယ်လီပို့ရဲ့ လက်ဆောင်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကျွန်မတို့ ရတနာပုံတယ်လီပို့ရုံးကို လှိုင်တက္ကသိုလ်နယ်မြေထဲမှာ ဖွင့်လှစ်ထားတာပါ။ အခု ဝယ်ယူအားပေးတဲ့ customer များအနေနဲ့ အဆင်ပြေချောမွေ့အောင် ဒီကိုပြောင်းပြီး ဖွင့်လှစ်လိုက်တာပါ။ […]

Read More

Desktop operating system ဈေးကွက်တွင် Windows XP က ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နေ

မတ်လအတွင်း ကမ္ဘာတစ်ဝန်း desktop operating system သုံးစွဲမှုတွင် Windows XP က ၁၆.၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သော်လည်း ဈေးကွက်၏ ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ကြောင်း Net Application မှ ဖော်ပြခဲ့သည်။ Windows XP ၏ ဈေးကွက်ရှယ်ယာသည် ဖေဖော်ဝါရီလက ၁၉.၁ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော်လည်း ၎င်းသည် Windows 8 နှင့် Windows 8.1 တို့၏ စုစုပေါင်း ဈေးကွက်ရှယ်ယာ ၁၄ ရာခိုင်နှုန်းထက် သာလွန်နေဆဲ ဖြစ်သည်။ Windows 8.1 ၏ ဈေးကွက်ရှယ်ယာသည် ၁၀.၅ ရာခိုင်နှုန်းရှိပြီး တတိယနေရာ၌ ရပ်တည်နေကာ Windows 8 မှာ ၃.၅ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ၌ […]

Read More

Siri

Siri ဆိုသည်မှာ iOS ထုတ်ကုန်များအတွက် ပြုလုပ်ထားသော Apple ၏ voice-recognition ဝန်ဆောင်မှု ဖြစ်သည်။ Siri သည် အသုံးပြုသူ နှုတ်ကမေးလိုက်သော မေးခွန်းများကို Web Search နှင့် Calendar ကဲ့သို့သော app များက သက်ဆိုင်ရာ အချက်အလက်များဖြင့် ပြန်လည်ဖြေကြားပေးသည်။ ထို့အပြင် ၎င်းဝန်ဆောင်မှုသည် အသုံးပြုသူထံ ရောက်ရှိလာသည့် email များနှင့် message များကိုလည်း ဖတ်ကြားပေးသည်။ Siri ၏ voice-recognition အချို့နှင့် တုံ့ပြန်ချက်အချို့သည် iOS ထုတ်ကုန်ပေါ်တွင်သာ လုပ်ဆောင်ကြသော်လည်း အချို့မှာ cloud ပေါ်မှ လုပ်ဆောင်ကြသည်။ ၎င်းသည် အသုံးပြုသူ၏ တောင်းဆိုမှု ခက်ခဲရှုပ်ထွေးမှုအပေါ် မူတည်သည်။ iPhone နှင့် iPad အတွက် […]

Read More

စတုတ္ထမြောက် အော်ပရေတာအား လိုင်စင်ထုတ်ပေးရန် စီစဉ်နေ

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာအား လိုင်စင်ထုတ်ပေးရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ “Royal ရတနာပုံလို့ ခေါ်ပါတယ်။ အဲဒီထဲမှာ ရတနာပုံတယ်လီပို့လည်း ပါမယ်။ တခြားလုပ်ငန်းအဖွဲ့တွေ လည်း ပါလိမ့်မယ်။ သူတို့ကို လိုင်စင်ထုတ်ပေးသွားဖို့ လုပ်နေပါ တယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ အော်ပရေတာလိုင်စင် ထုတ်ပေးရန်အတွက် လိုအပ်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ စတုထ္ထမြောက် အော်ပရေတာဖြစ်လာမည့် Royal ရတနာပုံအနေဖြင့် ပြည်တွင်းဒုတိယမြောက် အော်ပရေတာဖြစ်လာမည် ဖြစ်သည်။ Royal ရတနာပုံ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor ၊ Ooredoo စသည့် ကုမ္ပဏီလေးခုတို့ အော်ပရေတာလုပ်ငန်းများကို ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။ တယ်လီကွန်းအော်ပရေတာ လုပ်ငန်းဆိုသည်မှာ Fixed Lines ဆက်သွယ်ရေးလုပ်ငန်း၊ […]

Read More

Go Green in the City စီမံခန့်ခွဲမှုပြိုင်ပွဲ ကျင်းပ

ကမ္ဘာတစ်ဝှမ်း၏ စွမ်းအင်စီမံခန့်ခွဲမှု နယ်ပယ်တိုင်းတွင် ဦးဆောင်လျက်ရှိသော ပြင်သစ်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သည့် Schneider Electric ကုမ္ပဏီမှ နှစ်စဉ် ကျင်းပ လျက် ရှိသည့် Go Green in the City အမည်ရှိ တီထွင် ဆန်းသစ်သော စိတ်ကူး အကြံဥာဏ်များပြိုင်ပွဲကို Schneider Electric (Myanmar) ရုံးချုပ်၏ အစည်းအဝေးခန်းမ၌ ဧပြီ ၂ ရက်က ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်ကျင်းပလျက် ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ အရှေ့အာရှပြိုင်ပွဲဝင် အသင်းများအနေဖြင့် အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ပြိုင်ပွဲဝင် အသင်းများ၏ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ၂၀၁၅ […]

Read More

Software Show Case ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်

နေပြည်တော်တွင် ယနေ့ကျင်းပလျက်ရှိသော Software Show Case ပြပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ပြည်တွင်းမှ ထုတ်လုပ်သည့် နည်းပညာများကို ကြည့်ရှုလ့လာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် Software Show Case ပြပွဲသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည့်အပြင် ပြည်တွင်းမှ နည်းပညာရှင်များ ၊ ကွန်ပျူတာတက္ကသိုလ် အသီးသီးနှင့် နည်းပညာတက္ကသိုလ် အသီးသီးမှကျောင်းသား၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား ၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတော်တွင် သယံဇာတ ပေါကြွယ်ဝသ်ာလည်း သယံဇာတများကို ထုတ်ယူ အသုံးပြုရသည့် အတွက် အဆိုပါ သယံဇာတများသည် အချိန်တန်လျှင် ကုန်ဆုံးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ အနာဂတ်အတွက် လူစွမ်းအားအရင်းအမြစ်နှင့် လူငယ်တို့၏ […]

Read More

CDMA 450 MHz ဖုန်းများ ထပ်မံ တိုးချဲ့ရန်နှင့်ပြောဆိုခနှုန်းထားလျှော့ ချရန် အစီအစဉ် မရှိ

CDMA 450 MHz ဖုန်းများ ထပ်မံတိုးချဲ့ရန်နှင့် ပြောဆိုခနှုန်းထားလျှော့ချရန် အစီအစဉ်မရှိကြောင်း သိရသည်။ နိုင်ငံတကာတွင် CDMA 450 MHz စနစ်ထက် GSM/UMTS စနစ်ကို အသုံးပြုလာသဖြင့် ရေဒီယိုစက် ပစ္စည်းများနှင့် ဟန်းဆက်ထုတ်လုပ်သူ ရှားပါးလာခြင်းကြောင့် လည်းကောင်း၊ International Roaming ဆောင်ရွက်ရာတွင်အခက်အခဲရှိ၍ ကျယ်ပြန့်စွာအသုံးပြုမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း CDMA 450 MHz စနစ်ကို ထပ်မံတိုးချဲ့ပေးရန်နှင့် CDMA 450 MHz မိုဘိုင်းတယ်လီဖုန်း ပြောဆိုခနှုန်းထားများကို လျှော့ချပေးရန် အစီအစဉ်မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောကြားသည်။ အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပရာ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းထုတ်ပေးထားသော CDMA […]

Read More

အရှေ့တောင်အာရှမှ နာမည်ကြီးအနုပညာရှင် အမြောက်အမြား ပါဝင်သော Samsung Galaxy S6 and S6 edge မိတ်ဆက်ပွဲကျင်းပ

Samsung မှ အရှေ့တောင်အာရှလုံးဆိုင်ရာအတွက် ၎င်းတို့၏ ထုတ်ကုန်သစ် Samsung Galaxy S6 နှင့် S6 edge ကို Fashion Content တစ်ခုအနေဖြင့် ပွဲထုတ်မိတ်ဆက်ပွဲကို ဧပြီ ၁ ရက် ညနေပိုင်းက စင်ကာပူနိုင်ငံရှိ Amara sanctuary Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ Samsung ၏ Brand Ambassador တစ်ဦးဖြစ်သူ Bobby Soxer က မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ပါဝင် တက်ရောက်ခဲ့သည်။ မိတ်ဆက်ပွဲတွင် Samsung ၏ နည်းပညာသစ်များကို မိတ်ဆက်ပြသပေးခဲ့ပြီး Samsung Galaxy S6 နှင့် S6 edge ၏ ဖက်ရှင်ကျလှပမှုများကိုလည်း နာမည်ကြီး ဖက်ရှင်မော်ဒယ် များဖြင့် […]

Read More

Microsoft scanning app Office Lens ကို iOS နှင့် Android တွင် အသုံးပြုနိုင်မည်

ယခင်က Windows Phone တွင်သာ အသုံးပြုနိုင်သည့် Office Lens scanning app ကို Microsoft က iOS နှင့် Android အတွက် ဖြန့်ချိမည်ဟု ပြောကြားခဲ့သည်။ Microsoft သည် iOS အတွက် Office Lens ကို Apple App Store တွင် ဖြန့်ချိခဲ့သော်လည်း Android ဗားရှင်းကိုမူ preview အနေဖြင့်သာ မိတ်ဆက်ခဲ့သည်။ Apple iOS နှင့် Google Android တို့အတွက် ဖြန့်ချိထားသည့် Office Lens သည် Windows Phone ဗားရှင်းကဲ့သို့ပင် အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ Office Lens သည် သုံးစွဲသူများအား […]

Read More

Clubman ပြီးတော့ MINI Cooper ရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ Paceman

အခုပြောမယ့် Paceman မော်ဒယ်ဆိုတာက ဥရောပအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ MINI ရဲ့ မော်ဒယ် တစ်မျိုး။ သက်တမ်းအားဖြင့် တွက်မယ်ဆိုရင် ဒီလောက်ကြီး မကြာသေးဘူးလို့ဆိုရမယ့် မော်ဒယ်ဖြစ်ပေမယ့် တစ်ခုရှိတာက အခု MINI ရဲ့ မော်ဒယ်တွေက နောက်ပိုင်း mini ကားလောကမှာ ဈေးကွက်ပိုင်ဆိုင်မှု အများကြီးရရှိလာတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်ဂျင်ပိုင်းစွမ်းဆောင်ရည် ကောင်းမွန်မှုကနေ မော်ဒယ်က လူကြိုက်များလာတာလည်း ဖြစ်ပါတယ်။ ပုံမှန်အတိုင်း တွက်ရမယ်ဆိုရင် mini တော်တော်များများက အင်ဂျင်အသေးကို တပ်ဆင်ထုတ်လုပ်ထားတတ်တာကြောင့် စွမ်းဆောင်မှုပိုင်း အားနည်း တတ်ကြပေမယ့် အခု MINI ရဲ့ မော်ဒယ်တွေကတော့ စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်တာကြောင့် လူကြိုက်များတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Paceman ဆိုတာက ဥရောပဈေးကွက်အတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ် ထားတာဖြစ်တာကြောင့် […]

Read More