Day: April 1, 2015

Android ဖုန်းများရှိ App Encryption & Guest Mode

နောက်ပိုင်းထွက် နည်းပညာမြင့် Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ စနစ်တွေဖြစ်တဲ့ Guest Mode နဲ့ App Encryption ဆိုတဲ့ စနစ်တွေရဲ့ အကြောင်းနဲ့ အသုံးပြု ပုံစံတွေကိုဖော် ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်နှစ်ခုဟာ အသုံးပြု ပုံစံချင်းဆင်တူ သလိုရှိပေမယ့် တကယ်တမ်း အသုံးပြုတဲ့ အခါမှာတော့ ကွဲပြားခြား နားမှုရှိပါတယ်။ App Encryption ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ဖုန်းထဲ မှာရှိနေတဲ့ ကိုယ့်ရဲ့ App တွေကို လုံခြုံရေး စနစ်တစ်ခုအနေနဲ့ ကာကွယ်ထားနိုင်တဲ့ စနစ်ဖြစ်ပြီး Guest Mode ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ ဖုန်းမှာရှိနေတဲ့ OS ကို ကွန်ပျူတာတွေမှာ Windows နှစ် ခုခွဲထားသလိုမျိုး အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။ […]

Read More

Myanmar LEGO League 2015 ကျင်းပမည်

Myanmar LEGO League 2015 (MLL-2015) ပြိုင်ပွဲအား ဇွန်လတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲအား ၂၁ ရာစု၏ Learning Skills များကို အခြေခံထားပြီး မိမိကိုယ်ကို မိမိယုံကြည်စိတ်ချခြင်းကို တည်ဆောက်နိုင်ရန်၊ ပညာဗဟုသုတများရရှိခြင်း၊ တန်ဖိုးကြီးသော အသက်မွေးဝမ်းကျောင်း ပညာနှင့် ဘဝတွက်တာ ကျွမ်းကျင်စရာများကို တည်ဆောက်နေစဉ် သိပ္ပံနှင့် စက်မှုဆိုင်ရာ နည်းပညာ ဘာသာရပ်များကို တွေ့ရှိသိမြင်စေရန် ရည်ရွယ်ကာပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအား အသက် ၉ နှစ်မှ ၁၄ နှစ်အထိ (ဂျူနီယာ) နှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ (စီနီယာ) ဟုပိုင်းခြားထားပြီး အဖွဲ့လိုက်ယှဉ်ပြိုင်ရမည် ဖြစ် သည်။ ပြိုင်ပွဲဝင် လူငယ်အဖွဲ့များမှ သတ်မှတ်ထားသည့် ခေါင်းစဉ်အပေါ် […]

Read More

Public Chat အတွက် Viber နှင့် အင်တာနက်ဂျာနယ် ပူးပေါင်း

အင်တာနက်ဂျာနယ်သည် စာဖတ်ပရိသတ် များအား သတင်းနှင့် အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ဖော်ပြနိုင်ရန်အတွက် OTT mobile communications platform တွင် ဦးဆောင်နေပြီး messaging အပြင် HD အရည်အသွေး ဖုန်းနှင့် ဗီဒီယိုခေါ်ဆိုမှုတို့ကို အခမဲ့ ထောက်ပံ့ ပေးသည့် Viber နှင့် ပူးပေါင်းကာ Public Chat ကို ဆောင်ရွက်ခဲ့သည်။ အင်တာနက်ဂျာနယ်၏ Public Chat သည် ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းများ၊ ထုတ်ကုန်သုံးသပ်ချက် များ၊ ဆော့ဖ်ဝဲသုံးသပ်ချက်များ၊ နည်းပညာပြပွဲများ၊ ဆွေးနွေးမှုများ၊ အရောင်းမြှင့်တင်မှုများ၊ အင်တာဗျူးများ စသည်တို့ကို နေ့စဉ် ဖော်ပြပေးမည် ဖြစ်သည်။ ထို့အပြင် အင်တာနက်ဂျာနယ် Public Chat ကို follow ပြုလုပ်သူများသည် […]

Read More

HDMI ပါဝင်သည့် monitor ကို ကွန်ပျူတာအဖြစ် အသုံးပြုနိုင်မည့် Chromebit အား Google မိတ်ဆက်

Google သည် Chrome laptop များအပြင် HDMI ပါဝင်သည့် screen နှင့် monitor များတွင် Chrome operating system အသုံးပြုနိုင်မည့် Chromebit ထုတ်ကုန်ကို မိတ်ဆက်ခဲ့သည်။ Google ၏ မိုဘိုင်း operating system ဖြစ်သည့် Android သည် phone နှင့် tablet များတွင် နာမည် အကျော်ကြားဆုံး ဆော့ဖ်ဝဲ ဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် laptop နှင့် desktop ကွန်ပျူတာများတွင် အသုံးပြုနေသော Chrome OS အား သုံးစွဲမှု တွင်ကျယ်လာစေရန် အားစိုက်လုပ်ဆောင်လျက်ရှိသည်။ ယခုအခါ Google က မိတ်ဆက်ခဲ့သည့် flash drive ထက် အရွယ်အစား အနည်းငယ်ကြီးမားသော […]

Read More

Lenovo A3500

တန်ဖိုး – ၁၃၃,၀၀၀ ကျပ် အားသာချက် – SIM Card ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် ခရီးသွားလာလေ့ ရှိသူများ အလွယ်တကူ သယ်ယူပြီး Mobile Data ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာကိုလည်း တွေ့မြင်ရမှာဖြစ်သလို၊ ဈေးနှုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူအသုံးပြု နိုင်မှာဖြစ်ပါတယ်။ အားနည်းချက် – ကင်မရာပိုင်းမှာ Megapixel အမြင့်မားကြီး မဟုတ်ဘဲ ပုံမှန်အသုံးပြု နိုင်လောက်စေရန်သာ ထည့်သွင်းပေးထားပါတယ်။ နည်းပညာ ပိုင်းမှာလည်း ထူးခြားတဲ့ နည်းပညာသစ်တွေ ပါဝင်လာတာကို တွေ့ရမှာတော့ မဟုတ်ပါဘူး။ သုံးသပ်ချက် – Lenovo A3500 ဟာ သပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို […]

Read More

Virtual Storage

Virtual storage ဆိုသည်မှာ network storage device မြောက်များစွာမှ physical သိုလှောင်မှုများကို အဓိက console တစ်ခုကနေ စီမံထိန်းချုပ်ထားသော storage device တစ်ခုပေါ်တွင် စုပေါင်းထားခြင်းဖြစ်သည်။ Storage virtualization software သည် X86 ဆာဗာတစ်လုံးကို storage controller တစ်ခုအနေဖြင့် ပြောင်းလဲပေးပြီး ဆာဗာအတွင်းရှိ သိုလှောင်မှုများကို သိုလှောင်မှုစနစ်အနေနှင့် ပြောင်းလဲပေးသည်။ Virtualization ၏ အကျိုးကျေးဇူးမှာ အသုံးတည့်စေမည့် hardware သို့မဟုတ် ဈေးနှုန်းသက်သာသော သိုလှောင်မှုစနစ်ကို ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ Storage virtualization သည် backup, archive, recovery စသည်တို့ကို storage administrator မှ အလွယ်တကူနှင့် အချိန်တိုတွင်း ပြုလုပ်နိုင်အောင် အထောက်အပံ့ […]

Read More

ပေါ့ပါးပြီး ဈေးနှုန်းသက်သာသည့် Surface 3 ကို Microsoft မိတ်ဆက်

Microsoft သည် Surface 3 ကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ tablet ကို အမေရိကန်ဒေါ်လာ ၄၉၉ ဖြင့် မေလ ၅ ရက်တွင် ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ကြိုတင်မှာယူမှုများကို အင်္ဂါနေ့မှ စတင်ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။ Microsoft ၏ Surface 3 သည် ယခင် Surface ထုတ်ကုန်များကဲ့သို့ app များ အားလုံး ထောက်ပံ့မှုမရရှိသည့် Windows RT ဗားရှင်းကို အသုံးပြုထားခြင်း မရှိပေ။ ယခင်က Microsoft Surface Pro မော်ဒယ်များတွင် ပုံမှန်အသုံးပြုနေသည့် Windows ပါဝင်လာချိန်တွင် Surface ၌ Windows RT ကို အသုံးပြုခဲ့သည်။ Surface 3 သည် အပါးလွှာဆုံး […]

Read More

Kira Kira Hobby Mart ဖွင့်ပွဲအခမ်းအနား

Anime, Manga, Comic Books နှင့် ရုပ်ရှင်ဂိမ်းဇာတ်ကောင်များနှင့် ပတ်သက်သည့် ကုန်ပစ္စည်းမျိုးစုံနှင့် Cosplay ပစ္စည်းများကို ရောင်းချပေးမည့် Kira Kira Hobby Mart ကို  မတ်လ ၂၂ ရက်က အမှတ် ၇၅၊ မြေညီထပ်၊ ကျွန်းတောလမ်းမ၊ ဟင်္သာတလမ်းနှင့် ငှက်ပျောတောလမ်းကြားမှာ ဖွင့်လှစ်ခဲ့ပါတယ်။

Read More

2 in 1 PROLiNK IP Camera with Wi-Fi Extender

ရုံးတွင်း၊ အိမ်တွင်း တပ်ဆင်အသုံးပြုနိုင်သော အင်တာနက်မလိုဘဲ IP Camera မှ Wi-Fi တိုက်ရိုက်ချိတ်ဆက်ကာ ကြည့်ရှုနိုင်သည့် PROLiNK အမှတ်တံဆိပ်  PIC2001WE မော်ဒယ် 2 in 1  IP Camera with Wi-Fi Extender ဖြစ်သည်။ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သည့် True Plug & Play IP Camera ဖြစ်သည်။ High Definition IP Camera ဖြစ်သည့်အတွက် Internet Web browser မှ ဖြစ်စေ ၊ Mobile Phone, Tablet မှဖြစ်စေ Live Video ကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကြည်လင်ပြတ်သား တိကျသော ပုံရိပ်များကို ဖမ်းယူပေးထားမည် […]

Read More

Telenor ကုတ်နံပါတ် ခေါ်ဆိုခိုင်းနေသော Promotion အတုများ သတိပြုရန် ပြောကြား

Telenor ကုတ်နံပါတ် ခေါ်ဆိုခိုင်းနေသော Promotion အတုများ သတိပြုရန် Telenor မှ အသိပေးထားသည်။ Telenor မှ Promotion ဟု ခေါ်ဆိုကာ Telenor အသုံးပြုသူများအား Code နံပါတ်များကို ခေါ် ဆိုခိုင်းနေသော Promotion အတုများ မြင်နေရကြောင်း၊ ထို Code နံပါတ်အတုများကို တွေ့ရှိပါက အသုံးမပြုမိစေရန် Telenor Myanmar မှ ပြောကြားလိုက်သည်။ Promotion များအားလုံးကို Telenor ၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာမှဖြစ်စေ၊ SMS မှဖြစ်စေ ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကြေညာမှသာလျှင် Promotion အစစ်အမှန်များဖြစ်ပြီး အခြားသော စာမျက်နှာများ၊ လူတစ်ဦးချင်းစီမှ ပေးပို့လာသော Promotion များကို မယုံကြည်ရန် Telenor မှ ပြောကြားခဲ့သည်။

Read More