Day: March 27, 2015

Fujifilm ၏ X Series မိတ်ဆက်ပွဲပြုလုပ်

Fujifilm ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တရားဝင် ဖြန့်ဖြူးလျက်ရှိသည့် Myanmar New Bridge Co.,Ltd မှ Fujifilm အမှတ်တံဆိပ် X Series ကင်မရာများ မိတ်ဆက်ပြသပွဲကို မတ် ၂၆ ရက်၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ Signature Restaurant ၌ ကျင်းပပြုလုပ်ခဲ့သည်။

Read More

တစ်နှစ်တာ အတွင်း ဝင်ငွေ ကျပ်သန်းနှစ်ထောင်ခန့် ရှိခဲ့သည်ဟု မြန်မာအင်ဖိုတက်ခ်မှ သတင်းထုတ်ပြ

အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာအင်ဖိုတက်ခ်သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းဝင်ငွေ ကျပ်သန်းနှစ်ထောင်ခန့် ရရှိခဲ့ကြောင်း၊ အဆိုပါဝင်ငွေများကို နည်းပညာ လုပ်ငန်းအတွက် အခန်းတည်နေရာများ ချထားပေးခြင်းမှ အဓိကရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်မှစတင်၍ အများပိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော မြန်မာအင်ဖိုတက်ခ်သည် ၁၀ နှစ်ကျော် ကာလအတွင်း အမြတ်ငွေရရှိခဲ့သည်မှာ နှစ်နှစ်သာရှိသေးသည်ဟု သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ၎င်းတို့သည် အသားတင်ဝင်ငွေ ကျပ်သန်းပေါင်း ၂,၃၃၀ ကျော်ရရှိခဲ့ပြီး အသားတင် အမြတ်ငွေ ကျပ်သန်းပေါင်း ၁,၃၄၈ သန်းကျော် ရရှိခဲ့သည်။ မြန်မာအင်ဖိုတက်ခ်၏ ဒါရိုက်တာအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အစုရှယ်ယာရှင်များကို အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ခွဲဝေပေးမည်ဖြစ်ပြီး အဆိုပါ အမြတ်ငွေများကို ဧပြီလ ၇ ရက်မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း […]

Read More

လန်ဒန်၊ ပဲရစ်နှင့် တိုကျိုမြို့များတွင် Apple Watch အရောင်းဆိုင်များ ဖွင့်လှစ်သွားမည်

Apple သည် ကမ္ဘာတစ်ဝန်း၌ Apple Watch စတိုးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာခဲ့ပြီး ဧပြီလ ၁၀ ရက်တွင် စမတ်နာရီကြိုတင်မှာယူမှုများကို လက်ခံသွားမည် ဖြစ်သည်။ အဆိုပါဆိုင်များကို Apple အနေဖြင့် လန်ဒန်ရှိ Selfridge စတိုးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပဲရစ်မြို့ရှိ Galeries Lafayette နှင့် တိုကျိုရှိ Isetan ကုန်တိုက်များတွင် Apple Watch အရောင်းဆိုင်များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ နာမည်ကျော်ကုန်တိုက်များတွင် Apple Store များအဖြစ် Apple Watch ရောင်းချမည့်ဆိုင်များ၌ ကုမ္ပဏီ၏ လက်လီအရောင်းဝန်ထမ်းများက သုံးစွဲသူများ၏ အခက်အခဲကို ဖြေရှင်းပေးသွားမည် ဖြစ်သည်။ အဆိုပါဆိုင်များကို ဧပြီလ ၁၀ ရက်တွင် တစ်ပြိုင်နက်တည်း […]

Read More

မိမိဆိုင်ကယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် စက်သုံးဆီကို ရွေးချယ်ခြင်း အပိုင်း (၂)

အင်ဂျင်ပိုင်းကို ပံ့ပိုးပေးနိုင်မှု အပိုင်းမှာတော့ အဖြူရောင်အကြည်ဓာတ်ဆီက အကောင်းဆုံးဖြစ်မှာဖြစ်ပြီး သူကတော့ အခုနောက်ပိုင်းမှာ ဈေးကွက်မှာ အရင်လောက် နေရာသိပ်မတွေ့ရပါဘူး။ စက်သုံးဆီ ဆိုင်တွေကလည်း အခြားဆီအရောင်တွေနဲ့ စာရင်အဖြူ အကြည်ရောင် စက်သုံးဆီကို ရောင်းချမှုနည်းတာ တွေ့ရပါတယ်။ နောက်ပြီး ဝယ်ယူသူဘက်က ဈေးနှုန်းပိုင်း ပြန်ချိန်ကြည့်တော့လည်း အဖြူ ရောင်ဆီနဲ့ အနီရောင်နဲ့ဆိုရင် အနီရောင်က ဈေးနည်းသလို အများသုံး ဈေးစကားနဲ့ပြောမယ်ဆိုရင် တစ်ထောင်ဖိုး ဖြည့်တိုင်း အနီရောင်ဆီက ပိုရတာကြောင့် အနီရောင်ကို အသုံးများတာ တွေ့နိုင်ပါတယ်။ ဒါက ဈေးနှုန်းနဲ့ ဈေးကွက် အနေအထားပါ။ ဒီနေရာမှာ ကျွန်တော်တို့ တွက်ရမှာက ဆီအဖြူ၊ အနီ၊ အဝါမှာ ဘယ်စက်သုံးဆီက မိမိဆိုင်ကယ်နဲ့ ကိုက်ညီမလဲ ဆိုတာပါပဲ။ အခု ဆီအရောင် အမျိုးအစားသုံးမျိုးရွေးချယ်စရာ ရှိလာပြီဆိုတော့ တစ်ခုမဟုတ်တစ်ခုကို […]

Read More

ပြည်တွင်းထုတ် Software များကို နိုင်ငံတော်အဆင့် ပြသမည်

Myanmar Software Showcase အမည်ဖြင့် ပြည်တွင်းထုတ် Software များကို နိုင်ငံတော်အဆင့် ပထမဦးဆုံးအကြိမ် ပြသသွားမည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က သတင်း ထုတ်ပြန်ထားသည်။ Enterpreneur များ တီထွင်ဖန်တီးထာသည့် Software များကို အဓိကထားပြသမည်ဖြစ်ပြီး အဆိုပါပြပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီက ဦးဆောင်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။ ပြပွဲကို နေပြည်တော် MICC II ၌ ဧပြီလ ၂ ရက်နှင့် ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတကိုယ်တိုင် တက်ရောက်မည်ဟု သိရသည်။ ပြည်တွင်းရှိလူငယ်များ တီထွင်ဖန်တီးထားသည့် Software များကို ပြခန်းပေါင်း ၄၅ ခန်း၌ ပြသသွားမည်ဖြစ်ပြီး ပြည်တွင်းနည်းပညာ ကုမ္ပဏီကြီးများမှ ဖန်တီးထားသည့် Software များကို ပြခန်းပေါင်း ၂၀ ၌ […]

Read More

အင်တာနက်ချိတ်ဆက်မှု ပေးနိုင်သည့် အဝေးထိန်းလေယာဉ်များကို Facebook တည်ဆောက်နေ

Facebook သည် ဝေးလံသည့်ဒေသများတွင် အင်တာနက်ချိတ်ဆက်မှု ပေးနိုင်ရန် Internet.org နှင့်အတူ အဝေးထိန်းလေယာဉ်များ၊ ဂြိုဟ်တုများနှင့် လေဆာများကို ၎င်း၏ Connectivity Lab တွင် တည်ဆောက် နေကြောင်း ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ အဝေထိန်းလေယာဉ်များ၏ အမည်မှာ Aquila drones ဟုခေါ်ဆိုပြီး NASA ၏ Jet Propulsion Lab နှင့် Ames Research center ကဲ့သို့ နေရာများတွင် လုပ်ကိုင်နေရသည့် အာကာသနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်၍ လုပ်ကိုင်လျက်ရှိကြောင်း မတ်ဇူကာဘတ်က ပြောဆိုခဲ့သည်။ ၎င်း Aquila အဝေးထိန်းလေယာဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရှိရသေး သော်လည်း အဆိုပါ အဝေးထိန်းလေယာဉ်သည် ပင်လယ်ပြင်မျက်နှာပြင်အထက် ပေ ၆၀,၀၀၀ […]

Read More

အမေရိကန်ကားတိုင်း ဆီစားနှုန်းမများပါဘူးဆိုတာ သက်သေခံမယ့် Ford Escape 2015

ကားလောကမှာ အဓိက ကားထုတ်လုပ်ရောင်းချတဲ့ ရပ်ဝန်းကြီး သုံးခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ ရပ်ဝန်းကြီးတွေက အမေရိကရယ်၊ ဥရောပရယ် နောက်ပြီး အာရှရယ် ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကလို အလွယ်ဆိုပေမယ့် တကယ်တမ်း ကားကုမ္ပဏီ အများစုက အမေရိကန်နိုင်ငံ တစ်ခုတည်းမှာပဲ အခြေစိုက်ပြီး ထုတ်လုပ်ရောင်းချတာ ဖြစ်သလို နောက်ထပ် ဥရောပရပ်ဝန်းဆိုတဲ့ နေရာမှာလည်း ဂျာမနီ၊ အီတလီ၊ ပြင်သစ် တို့လို နိုင်ငံတွေက ကုမ္ပဏီတွေကို ကိုယ်စားပြု ပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အာရှရပ်ဝန်းဆိုတဲ့ အပိုင်းမှာလည်း ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့လိုနိုင်ငံတွေ ပါဝင်ပါတယ်။ ဒီနေရာမှာ အလွယ်ဆုံး မှတ်လွယ် ဖတ်လွယ်တဲ့နည်းနဲ့ ပြောရမယ်ဆိုရင် အမေရိကန်ထုတ်ကားတွေက ခိုင်တယ်၊ မာတယ်၊ ဆီစားနှုန်းများတယ်၊ ဥရောပထုတ်ကားတွေက ဈေးကြီးတယ်၊ […]

Read More

Solar Impulse ၏ ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခြင်း အခမ်းအနား

Solar Impulse 2 (Si2) နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဆွစ်ဇာလန်လေယာဉ်မှူး Bertrand Piccard က မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ ၁၉ ရက်ညနေ (1:21 pm GMT) တွင် ဆင်းသက်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၂ မိနစ် (11:52 pm GMT) တွင် ထွက်ခွာခဲ့ပြီးနောက် မန္တလေးမြို့သို့ ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

Read More