Day: March 26, 2015

မြန်မာလူငယ်များကို စွန့်ဦးတီထွင် ပြိုင်ပွဲဝင်ရန် ITU က ဖိတ်ခေါ်

International Telecommunication Union (ITU) သည် Young Innovators Competition ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို ဝင်ရောက်ရန် ၎င်းတို့၏ အဖွဲ့ဝင်နိုင်ဖြစ်သော မြန် မာနိုင်ငံကို ဖိတ်ခေါ်ထားသည်ဟု သိရသည်။ ITU အနေဖြင့်၎င်းတို့၏ အဖွဲ့ ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင်ထူးချွန်သူ နှစ်ဦးကို ရွေးချယ်၍ အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ဟန်ဂေရီနိုင်ငံ Budapest မြို့တွင်ကျင်းပမည့် ITU Telecom World 2015 သို့ ဖိတ်ခေါ်သွားမည်ဟု သိရသည်။ အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အတွင်း ပြိုင်ပွဲဝင်ရောက်လိုသူများသည် မိမိတို့၏ ပြိုင်ပွဲဝင် idea များကို ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲနှင့် ပတ်သက်၍ […]

Read More

မြန်မာအင်ဖိုတက်ခ်က ဆက်သွယ်ရေးအော်ပရေတာ အသစ်၌ ရှယ်ယာ ထည့်သွင်းမည်

ရတနာပုံတယ်လီပို့ အပါအဝင် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင် အများအပြားပါဝင်သည့် ဆက်သွယ်ရေး အော်ပရေတာ အသစ်၌ မြန်မာအင်ဖိုတက်ခ်သည် အစုရှယ်ယာ ကျပ်သိန်းပေါင်း ၁ သောင်းခွဲ ထည့်သွင်းရန် စဉ်းစား ဆုံးဖြတ်ထားသည်ဟု သိရသည်။ နိုင်ငံတော်အစိုးရ၏ ပေါ်လစီအရ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာအရေအတွက်ကို လေးခုထားရှိရန် ဆုံးဖြတ်ထားပြီး လက်ရှိအချိန်၌ ဆက်သွယ်ရေး အော်ပရေတာသုံးခုကို လိုင်စင်ပေး အပ်ပြီး ဖြစ်သည်ဟု သိရသည်။ လိုင်စင်ပေးအပ်ရန် ကျန်ရှိနေသေးသည့် ဆက်သွယ်ရေးအော်ပရေတာတစ်ခုသည် အများပြောဆိုနေသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီကို ပေးအပ်မည်မဟုတ်ကြောင်း၊ ရတနာပုံတယ်လီပို့ အပါ အဝင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဆက်သွယ်ရေး အော်ပရေတာကို လိုင်စင်ပေးအပ်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ လက်ရှိအချိန်၌ ဆက်သွယ်ရေး အော်ပရေတာအသစ်ကို ထူထောင်နိုင်ရန် […]

Read More

Xiaomi Redmi Note သင်္ကြန်အကြို ပရိုမိုးရှင်းပြုလုပ်မည်

Xiaomi အမှတ်တံဆိပ် Redmi Note စမတ်ဖုန်းများကို သင်္ကြန်အကြို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဘုန်းကြီးလမ်းရှိ My Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ သိရသည်။ သင်္ကြန်အကြို ပရိုမိုးရှင်းကို မတ်လ ၂၆ ရက်မှ ဧပြီလ ၁ ရက်အထိ ကျင်းပပြုလုပ် ရောင်းချပေးမည်ဖြစ်ပြီး ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူပါက Redmi Note များကို တန်ဖိုး ၁၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည့်အပြင် လက်ဆောင်အနေဖြင့် MPT GSM SIM ကတ်တစ်ကတ်နှင့် MicroSD 8GB တစ်ကတ် ရရှိနိုင်မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ Redmi Note ဖုန်းများသည် 4G (LTE) ကွန်ရက်အထိ ထောက်ပံ့နိုင်သည့် GSM အမျိုးအစား ဖုန်းများဖြစ်ပြီး SIM ကတ်တစ်ကတ်သုံးဖုန်းများ […]

Read More

အလုပ်အကိုင် အခွင့်အလမ်းရရှိရေး Workshop ကျင်းပပြုလုပ်

လူငယ်များအတွက် ရည်ရွယ်ကာ အလုပ်အကိုင်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား အစီအစဉ်အား ၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက် နံနက် ၉:၃၀ မှ နေ့လယ် ၁၂: ၁၅ အထိ အမှတ် (၂၂၈/ ၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

Read More

Telenor က ဟန်းဆက် အသစ်နှစ်မျိုးကို ဈေးကွက်သို့ တင်သွင်း ရောင်းချသွားမည်

ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် Lava အမျိုးအစား ဟန်းဆက်တစ်မျိုးနှင့် Alcatel အမျိုးအစား ဟန်းဆက်တစ်မျိုးကို ဈေးကွက်အတွင်း မတ်လ ၂၆ ရက်မှ စတင်ကာ ရောင်းချပေးသွားမည်ဟု ကြေညာခဲ့သည်။ ၎င်းတို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း Maximus အမည်ဖြင့် တရုတ်နိုင်ငံထုတ် ဟန်းဆက်နှစ်မျိုးကို ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချခဲ့ကြောင်း၊ အသုံးပြုသူ လိုအပ်ချက်အရ ယခင်ထက် ဈေးနှုန်းအနည်းငယ် ပိုမိုမြင့်မားသည့် ဟန်းဆက်နှစ်မျိုးကို ယခု ထပ်မံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ Telenor သည် ဈေးကွက်အတွင်း ၁၉,၉၀၀ ကျပ်တန် Maximus အမည်ရှိ 2G ကွန်ရက်အသုံးပြု Keypad ဟန်းဆက်များကို အလုံးရေ ၂ သိန်း ၈ သောင်းအထိ ရောင်းချနိုင်ခဲ့ပြီး 3G ကွန်ရက်အသုံးပြုသည့် […]

Read More

Account အများစု တိုက်ခိုက်ခံထားရဖွယ်ရှိဟု Twitch သတိပေး

Gamer များအတွက် ဗွီဒီယိုဝန်ဆောင်မှုဖြစ်သည့် Twitch သည် တိုက်ခိုက်ထားရဖွယ်ရှိကြောင်း ကုမ္ပဏီက blog post တွင် ရေးသားခဲ့သည်။ Amazon မှ ပိုင်ဆိုင်သော Twitch သည် ၎င်း၏ account များ အခွင့်မရှိဘဲ ဝင်ရောက်ထားမှုများကို တွေ့ရကြောင်း၊ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် password များကို ပြောင်းလဲရန်အပြင် live stream ပြုလုပ် ရန်အတွက် Twitter နှင့် YouTube များဖြင့် ချိတ်ဆက်ထားသည့် account များသည်လည်း disconnect ပြုလုပ်ထားကြရန် သတိပေးထားသည်။ ထိုသို့ တိုက်ခိုက်ခံရသည့် သုံးစွဲသူများ၏ အီးမေးလ်လိပ်စာများ ပေါ်ထွက်လာပြီးနောက် ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာ၊ မွေးနေ့နှင့် password များအားလုံးကို ဝင်ရောက်ရှာဖွေ ကြည့်ရှုထားသည့် လက္ခဏာတွေ့ရကြောင်း […]

Read More

ဗြိတိသျှကောင်စီ မြန်မာမှ ကြီးမှူး၍ ယူကေပညာရေးပြပွဲ ပြုလုပ်မည်

ဗြိတိသျှကောင်စီ မြန်မာမှ ကြီးမှူးကျင်းပပြီး ဧရာဝတီဘဏ်မှ အဓိကပါဝင် ကူညီပေးထားသော ယူကေပညာရေးပြပွဲကို ၂၀၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်၊ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိ ရန်ကုန်မြို့ Sule Shangri-La ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာရေးပြပွဲတွင် ဘာသာရပ်ပေါင်းများစွာကို Foundation, A-Level မှအစ ဘွဲ့ကြို (Undergraduate)၊ ဘွဲ့လွန် (Master’sနှင့် PhD Programme) အစီအစဉ်များအထိ သင်ကြားပို့ချ ပေးနေသည့် ယူကေမှတက္ကသိုလ် ကောလိပ်များဖြစ်ကြသည့် Cambridge Tutors College, Harrow International School Bangkok, BBP University, University of Derby, University of […]

Read More

ESPN နှင့် Weather Channel ကဲ့သို့ app များကို Facebook Messenger တွင် အသုံးပြုနိုင်

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Facebook သည် Android နှင့် iOS များတွင် အသုံးပြုနိုင်သော Messenger ဝန်ဆောင်မှုသို့ သီချင်း၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို app developer များ ပေးပို့နိုင်သည့် feature ကို ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ Messenger chat app အတွင်းရှိ ထုတ်ကုန်သစ်နှင့် ဝန်ဆောင်မှုများကို အသုံးပြုသူမှာ တစ်လလျှင် သန်း ၆၀၀ ခန့် ရှိကြောင်း သိရသည်။ ယခုအခါတွင် Messenger ဝန်ဆောင်မှုတွင် ရယ်ရွှင်စရာ ဗွီဒီယိုများ ဖော်ပြပေးသည့် JibJab နှင့် GIF ဖိုင်များ ပေးပို့ပေးသည့် Giphy ကဲ့သို့ app developer များ ရှိလာပြီဖြစ်ကြောင်း F8 developers […]

Read More

Zombie Army

First Person Shooter နှင့် Third Person Shooter ဂိမ်းတွေထဲမှာ ဂိမ်းတိုင်းနီးပါး Sniper ကိုင်တွယ်လို့ရမှာ ဖြစ်သလို Sniper weapon သီးသန့် Single player missions တွေ၊ Sniper အသားပေး ကိုင်တွယ်ရမယ့် Multiplayer Maps/Game Modes တွေ အများကြီးရှိပေမယ့် တစ်ဂိမ်းလုံးကို Sniper သီးသန့်ကိုင်ပြီး Stealth ပုံစံ gameplay ဖြင့် ကစားရတဲ့ video game တွေထဲမှာ နာမည်ကြီး ဂိမ်းနှစ်ခုကတော့ Sniper – Ghost Warriors နှင့် Sniper Elite ဂိမ်းတွေလောက်ပဲ ရှိသေးတာ တွေ့ရမှာပါ။ Sniper Elite III  ရဲ့ Game […]

Read More

Lioa Night

I.E.M Company Limited မှ ကျင်းပပြုလုပ်သော Lioa Night ကိုတော့ မတ်လ ၁၄ ရက်က Sky Star Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More