Day: March 25, 2015

မြန်မာမှုပြုထားသော Line Application စတစ်ကာများအား သူငယ်ချင်းများဖိတ်ခေါ်စရာမလိုဘဲ အသုံးပြုနိုင်ရန် စီ

မြန်မာမှုပြုထားသော Line Application စတစ်ကာများအား သူငယ်ချင်းများ ဖိတ်ခေါ်စရာမလိုဘဲ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း Line Myanmar မှ အထွေထွေ မန်နေဂျာက ပြောကြား သည်။ လက်ရှိတွင် မြန်မာမှုပြုထားသော Line စတစ်ကာများအား အသုံးပြုနိုင်ရန် သူငယ်ချင်းသုံးယောက် ဖိတ်ခေါ်ရမည်ဖြစ်သည်။ “လက်ရှိ Line Application တွေကို App Store နဲ့ ဖုန်းအရောင်းဆိုင်တွေမှာ ရယူနိုင်မှာဖြစ်ပါတယ်၊ သူငယ်ချင်းတွေ ဖိတ်ခေါ်စရာမလိုဘဲ ဒေသတွင်းစတစ်ကာတွေ ရယူနိုင်အောင် ဆောင်ရွက် လျက် ရှိပါတယ်” ဟု ပြောသည်။ Line မှာ မက်ဆေ့ခ်ျများပေးပို့ခြင်း၊ Voice Call, Video Call နှင့် Group Chat များအသုံးပြုခြင်းကို ပြည်တွင်းပြည်ပ အခမဲ့ချိတ်ဆက် ဆောင်ရွက်နိုင်သည့် Application […]

Read More

သုံးစွဲသူ၏ post အဟောင်းများကို ပြန်လည်ပြသပေးမည့် On This Day feature ကို Facebook မိတ်ဆက်

Facebook သည် သုံးစွဲသူများ၏ post အဟောင်းများကို ပြန်လည်ပြသပေးမည့် On This Day feature ကို မိတ်ဆက်ခဲ့ကြောင်းသိရသည်။ Facebook သည် သုံးစွဲသူများ၏ အမှတ်တရ ဖြစ်စရာများကို ပြန်လည်ဖော်ပြပေးနိုင်သည့် app ကို ဖန်တီးရန် ၂၀၁၀ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့သည်။ ထို့နောက် Facebook သုံးစွဲသူများသည် ၎င်းတို့၏ အမှတ်ရစရာများကို ဖော်ပြပေးသည့် Timhop app ကို သုံးစွဲခဲ့ကြသည်။ အဆိုပါ app ကို အသုံးပြုသူ အရေအတွက်သည် မိုဘိုင်းတွင် တစ်ရက်လျှင် ခြောက်သန်းအထိ ရှိလာသည်။ Facebook ၏ On This Day feature သည် လွန်ခဲ့သည့် တစ်နှစ်တိတိက သုံးစွဲသူများ၏ ဓာတ်ပုံများ သို့မဟုတ် […]

Read More

ဘေးဘောင်မပါဝင်သည့် Oppo R7 စမတ်ဖုန်း ဗွီဒီယို တရုတ်လူမှုရေးမီဒီယာတွင် ထွက်ပေါ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo ၏ အသစ်ထွက်ရှိမည့် R7 စမတ်ဖုန်းဒီဇိုင်းကို ဖော်ပြထားသည့် ဗွီဒီယိုသည် တရုတ်လူမှုရေးမီဒီယာ youku ဆိုက်၌ ထွက်ပေါ်လာကြောင်း သိရသည်။ ၎င်းဗွီဒီယို၏ ဖော်ပြချက်အရ မျက်နှာပြင်အရွယ်အစား ကြီးမားသော Oppo R7 တွင် ဘေးဘောင်မပါဝင်ကြောင်း ဗွီဒီယိုမှ ပြန်လည်ရိုက်ကူးထားသော ပုံတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ဘေးဘောင်မပါဝင်သည့် စမတ်ဖုန်းကို Sharp Aquos Crystal က ထုတ်လုပ်ခဲ့ဖူးသော်လည်း ၎င်းတွင် ဘေးဘောင် အနည်းငယ် ပါဝင်သည်။ အခြားထွက်ပေါ်လာသည့် အသေးစိတ် အချက်အလက်များအရ Oppo R7 တွင် octa-core MediaTek ပရိုဆက်ဆာ၊ 4G ထောက်ပံ့မှုနှင့် ကျောဘက်ကင်မရာ 20.7 megapixel ပါဝင်လာဖွယ်ရှိကြောင်း၊ ဖုန်း၏အထူမှာ R5 ကဲ့သို့ […]

Read More

SM Asia Corporation Co.,LTD ၏ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲနှင့် VoIP အကြောင်း မိတ်ဆက်ပွဲ ပြုလုပ်

Panasonic Telecommunication & Security Systems နှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်းများကို တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် SM Asia Corporation Co.,LTD ၏ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲနှင့် VoIP (Voice over Internet Protocol) အကြောင်း မိတ်ဆက်ပွဲကို မတ်လ ၂၄ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်ရှိ Sule Shangri-La Hotel (Myanmar Ballroom 2) ၌ ကျင်းပပြုလုပ်ခဲ့သည်။

Read More

Nvidia Shield Tablet

တန်ဖိုး – ကန်ဒေါ်လာ ၂၉၉ အားသာချက် – Gaming အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး၊ Stroage များများ အသုံးပြုချင် သူများအတွက် microSD ကို ပမာဏ များများစားစား အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Android 5.0 Lollipop Version ကိုအသုံးပြုထားပြီး၊ Play Store ကို အပြည့်အဝ အသုံးပြုနိုင်အောင် စီစဉ်ပေးထားသလို၊ Nvidia Shield Tablet မှာပါဝင်တဲ့ Add-on ဟာ Wireless Game Controller တွေကို ချိတ်ဆက်အသုံးပြု နိုင်အောင်လည်း စီစဉ်ထားပါတယ်။ Streaming Video များနဲ့ Game များကို TV […]

Read More

Zombie Derby (Windows Phone)

Zombie များကို ကားတစ်စင်းဖြင့် လိုက်လံသတ်ဖြတ်ရမည့် ဂိမ်းဖြစ်သည့် Zombie Derby ဂိမ်းသည် Windows Phone အသုံးပြုသူများအကြိုက်တွေ့သည့် Game App တစ်မျိုးဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် Zombie များကို ကားဖြင့် သတ်နိုင်သလောက် လိုက်လံသတ်ဖြတ်ပြီး အဝေးဆုံးရောက်ရှိအောင် သွားနိုင်ရမည် ဖြစ်သည်။ 3D Graphic ကို အသုံးပြုပေးထားပြီး ၊ Market Place တွင် Download ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 36MB ခန့်ရှိမည်ဖြစ်ပြီး၊ Windows Phone Version 8 နှင့် 8.1 တို့တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

First Person Shooter ဂိမ်းသစ် Battlefield Hardline

Electronic Arts နှင့် Dead Space ဂိမ်း၊ Army of Two ဂိမ်း များကို ရေးဆွဲခဲ့သော Visceral Games တို့မှ ဖြန့်ချိသည့် Battlefield Hardline ဂိမ်းသစ်ကို PC, PS3, PS4, Xbox360 နှင့် Xbox One ဂိမ်းစက် များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။ EA ၏ Battlefield Hardline ဂိမ်းသစ်မှာ ယခင်ဂိမ်းများကဲ့သို့ တိုက်ပွဲအကြီးစားများနှင့် နိုင်ငံတကာ စစ်မြေပြင်များအတွင်း ကစားရသည့် ပုံစံမဟုတ်ဘဲ ရဲများ၊ ထောက် လှမ်းရေး သမားများဘက် မှ (သို့) မူးယစ်ဂိုဏ်းများ၊ ဖောက်ခွဲရေးသမားများဘက်မှ တိုက်ခိုက်ရမည့်ဂိမ်း ဖြစ်သည်။ ဇာတ်လမ်းအသားပေး Single player Campaign […]

Read More

Inhon Tablet

၇.၈၅ လက်မအရွယ် Capacitive Touch screen ဖြင့် Inhon အမှတ်တံဆိပ် မော်ဒယ်သစ် Tablet ဖြစ်သည်။ မှန်ငါးမျိုး ရော၍ ပြုလုပ်ထားသည့်အတွက် အဆင်း/အခြစ်ရာများကို လွယ်ကူစွာ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးမည်ဟု သိရသည်။ Built-in memory 16 GB ပါဝင်ပြီး Android v4.2.2 OS ကို အသုံးပြုထားသည်။ Cortex A9 1.6 GHz CPU နှင့် RAM 1GB DDR3 ထည့်သွင်းအသုံးပြုထားပြီး 802.11 b/g/n Wi-Fi စနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ 5.0 MP ရှိသည့် နောက်ကင်မရာနှင့်  2.0MP ရှိသည့် ရှေ့ကင်မရာများ ပါဝင်သည်။ Built in […]

Read More

Week Calendar (iOS)

မိမိ ပြုလုပ်ရမည့် အစီအစဉ်များကို မှတ်သားထားနိုင်ပြီး၊ ပြုလုပ်စရာရှိသည့် ကိစ္စများကို အရောင်များဖြင့် ခွဲခြား၍ မှတ်သားသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ Week Calendar App သည် ဘာသာစကားပေါင်း ၂၄ မျိုးခန့်ကို အထောက်အပံ့ပေးထားပြီး Event များတွင် ပါဝင်မည့် လူများနှင့်လည်း ချိတ်ဆက်ကာအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါမှာ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်သည်။ iOS Version 5.1.1 နှင့်အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More