Day: March 20, 2015

Factory Grand Opening Ceremony & NEX Switchgear Launching

Schneider Electric ၏ Factory Grand Opening Ceremony & NEX Switchgear Launching ကိုတော့ မတ်လ ၁၄ ရက်က KTK Electrical Engineering Co.,Ltd မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Beats နားကြပ်တစ်ခု၏ တန်ဖိုး အမေရိကန် ၁၄ ဒေါ်လာခန့်သာရှိ

နားကြပ်ဖန်တီးသူ ဒီဇိုင်နာများက Beats နားကြပ်တစ်ခု၏ ကုန်ကျစရိတ်မှာ အမေရိကန် ၁၄ ဒေါ်လာ ခန့်သာရှိဟု ခန့်မှန်းခဲ့ကြကြောင်း New York Times သတင်းစာမှ ဖော်ပြခဲ့သည်။ Apple သည် Beats ကုမ္ပဏီအား ကန်ဒေါ်လာ ၂.၆ ဘီလီယံကို ငွေသားအပြင် ကန်ဒေါ်လာသန်း ၄၀၀ ခန့်ရှိသည့် စတော့ရှယ်ယာများဖြင့် ၂၀၁၄ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ Beats နားကြပ်များကို ကန်ဒေါ်လာ ၁၉၉.၉၉ မှ ဈေးနှုန်းအမြင့်မားဆုံး ၆၉၉.၉၉ အထိ ရောင်းချနေလျက် ရှိကြောင်း ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ Beats ကုမ္ပဏီကို အင်ဒရေယန်းဟု အမည်ရသည့် ဒေါက်တာဒရေနှင့် ဂျင်မီလိုဗိုင်းတို့က ၂၀၀၀ပြည့်နှစ်လည်တွင် တည်ထောင်ခဲ့ကြသည်။ Beats ကုမ္ပဏီ၏ တန်ဖိုး ၃.၂ […]

Read More

CISO (chief information security officer)

The CISO (chief information security officer) ဆိုသည်မှာ စီနီယာအဆင့် အမှုဆောင်တစ်ဦး ဖြစ်ပြီး ၎င်းသည် အသုံးတည့်စေမည့် အချက်အလက်များနှင့် နည်းပညာများကို လုံလောက်စွာ ကာကွယ်နိုင်ရန်အတွက် လုပ်ငန်းသုံး ပရိုဂရမ်များနှင့် စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များဖြင့် လုံခြုံရေး ပမာဏခြေလှမ်းအတွက် ညှိနှိုင်းဆောင်ရွက် လုပ်ကိုင်သူ ဖြစ်သည်။ CISO ၏ လုပ်ငန်းတာဝန်များတွင် အဖွဲ့အစည်း၏ လုပ်ငန်း ဆုံးရှုံးမှုများ လျော့ကျစေရန်အတွက် လုံခြုံရေးနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များကို သတ်မှတ်ခြင်း၊ တိုးတက်အောင် ဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်း နှင့် ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ အခြားလုပ်ငန်း တာဝန်များမှာ အဖွဲ့အစည်းမှ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ကြီးကြပ်ခြင်း၊ အချက်အလက် privacy ကို သေသေချာချာ ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ ကွန်ပျူတာလုံခြုံရေးထိခိုက်မှု […]

Read More

Facebook မှ ဒေးဗစ်ရီကော်ဒွန် အိမ်ဖြူတော်၏ အိုင်တီဒါရိုက်တာ ဖြစ်လာ

Facebook ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် ကာလကြာရှည် တာဝန်ယူခဲ့သည့် ဒေးဗစ်ရီကော်ဒွန်သည် အမေရိကန်သမ္မတ၏ တာဝန်ပေးခြင်းကို ခံခဲ့ရကြောင်း သိရသည်။ Facebook တွင် ခြောက်နှစ်ကြာ တာဝန်ယူလုပ်ကိုင်ခဲ့သည့် ရီကော်ဒွန်သည် အိမ်ဖြူတော်၏ သတင်းအချက်အလက် နည်းပညာ ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရသည်။ အဆိုပါ ရာထူးသည် သမ္မတ အိုဘားမား စီစဉ်ဖန်တီးပေးထားသည့် ရာထူးဖြစ်ပြီး ရီကော်ဒွန်အနေဖြင့် အိမ်ဖြူတော်တွင် အသုံးပြုသည့် နည်းပညာများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ရီကော်ဒွန်အနေဖြင့် အိမ်ဖြူတော်တွင် အသုံးပြုနေသည့် နည်းပညာများ ထိရောက်မှုရှိစေရန်နှင့် လုံခြုံမှုရှိစေရန်အတွက် ဆောင်ရွက်ရမည်ဟု ဖော်ပြခဲ့သည်။ အိုဘားမားသည် လွန်ခဲ့သည့်နှစ်များက ဆီလီကွန်တောင်ကြားမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများကို အိမ်ဖြူတော်သို့ ခေါ်ယူခဲ့သည်။ အိုဘားမားသည် သြဂုတ်လက […]

Read More

Watson

Watson ဆိုသည်မှာ မေးခွန်းများကို နားလည်ခြင်း၊ အဖြေများကို လေ့လာဆန်းစစ်ခြင်းတို့ကို နားလည်သိမြင်နိုင်သည့် ကွန်ပျူတာစနစ်တစ်ခု ဖြစ်သည်။ Watson ဆိုသည့် အမည်ကို IBM တည်ထောင်သူ Thomas J. Watson ၏ အမည်အတိုင်း ပေးထားခြင်းဖြစ်ဖြစ်ပြီး ၎င်းကို ၂၀၀၆ ခုနှစ်က Deep QA ဟုခေါ်သည့် သုတေသန စီမံကိန်းတစ်ခု အဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။ Watson စူပါကွန်ပျူတာတွင် ကွန်ပျူတာနှင့် လူသားတို့၏ ဘာသာစကားတို့အကြား အပြန်အလှန် နားလည်သိရှိနိုင်သည့် natural language processing, အချက်အလက် အများအပြားကို လေ့လာဆန်းစစ်ပေးနိုင်ခြင်းနှင့် သက်သေခံ အထောက်အထားကို အခြေခံပြီး ဆုံးဖြတ်ချက်ပြုလုပ်ပေးသည့် လုပ်ဆောင်ချက်များ ပြုလုပ်ပေးနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်သည်။ ထို့အပြင် Watson တွင် […]

Read More

ဆီစားနည်းနည်း ဈေးနည်းနည်း Honda CR-Z 2015

အခုပြောမယ့် မော်ဒယ်က ပြည်တွင်းဈေးကွက်မှာတော့ သိပ်မတွေ့ရတဲ့ မော်ဒယ်၊ ဒါကလည်း Honda က သူ့ရဲ့ CR-Z ကို ဥရောပ ဈေးကွက်အတွက် အဓိက အားပြုထုတ်လုပ်နေတာကြောင့်၊ ဈေးလည်း နည်းနည်းနဲ့ ရနိုင်မယ့် မော်ဒယ်တစ်ခု၊ အဲဒီထက် ကောင်းသေးတာ တစ်ချက်က ဆီစားနှုန်း၊ ဒါဆို အခုဝယ်မယ်ဆိုရင်လည်း ပိုက်ဆံကုန် သက်သာမယ်၊ နောက်လည်း ဆီစားနှုန်းက သက်သာဦးမယ်ဆိုတော့ ဘာမှတောင် ပြောစရာ၊ မေးစရာ မလိုတော့ဘူး။ ဟုတ်နေပြီ၊ ကြာလာလို့ မကြိုက်ရင်လည်း ပြန်ရောင်းထုတ်ပစ်လိုက်၊ ဈေးနည်းနည်းနဲ့ ဝယ်ထားတာဆိုတော့ ထူးပြီးလည်း အရှုံးပေါ်စရာမလိုတဲ့ မော်ဒယ် မျိုးပေါ့။ ဒါကြောင့်လည်း လက်ရှိ ဥရောပ ဈေးကွက်မှာတော့ Honda ရဲ့ Hatch တွေထဲကဆိုရင် CR-Z က တော်တော်လေး […]

Read More

Bluetooth Headset

အဝိုင်းပုံစံဒီဇိုင်းဖြင့် Bluetooth Headset တစ်မျိုး ဖြစ်သည်။ အရွယ်အစားသေးငယ်ပြီး  ဒီဇိုင်းပုံစံဆန်းသစ်သည့်အတွက် လူငယ်များအနေဖြင့် အကြိုက်တွေ့စေနိုင်မည် ဖြစ်သည်။  iPhone, Android ဖုန်းများဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ Bluetooth Headset ကို အားအပြည့်သွင်းထားပါက ၁၁ နာရီ ဆက်တိုက် ဖုန်းပြောဆိုခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။  ဖုန်းနှင့် ၃၃ ပေအကွာအဝေးအထိ ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် အဖြူ နှင့်အမည်း နှစ်မျိုးရှိမည်ဖြစ်သည်။ တန်ဖိုးမှာ ၁၈,ဝဝဝ ကျပ်ဖြစ်သည်။  Ko Beno IT,Mobile & Game Sale & Service ဖုန်း ၃၈၀၅၃၆ နှင့် ၀၉၇၃၂၂၄၉၈၉ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Sanwa digital Multimeter CD 772

Electrical ဆိုင်ရာ တိုင်းတာရေးသမားများနှင့် Phone, Laptop Service technician များအတွက် အရည်အသွေးမြင့် Multimeter ဝင်ရောက်လာသည်။ Multi ဆိုသည့်အတိုင်း လိုအပ်သော တိုင်းတာရေးဆိုင်ရာ unit မျိုးစုံကို တိုင်းတာနိုင်မည် ဖြစ်သည်။ AC / DC Maximum volt ကို 1000V အထိ တိုင်းတာနိုင်သည့်အတွက် လုပ်ငန်းခွင်တွင် အသုံးပြုရန် အဆင်ပြေစေမည် ဖြစ်သည်။ Digit LCD display  ဖြင့် ပြသပေးမည်ဖြစ်ပြီး AC/DC current, mA, Diode, continuity, ohm, frequency, True RMS များအပြင် Temperature ကိုလည်း တိကျမှန်ကန်စွာဖြင့် တိုင်းတာသိရှိနိုင်မည် ဖြစ်သည်။  Sanwa Electric Instrument […]

Read More

AdwareMedic for Mac

AdwareMedic ဆိုသည့် App သည် Mac OS အသုံးပြုထားသည့် ကွန်ပျူတာများပေါ်တွင် Adware များကို ဖယ်ရှားရှင်းလင်းပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ ကွန်ပျူတာအတွင်း ထည့်သွင်းထားသည့် Application များအပေါ်တွင် အဆိုပါ Adware များ မကပ်ညိစေရန်အတွက် ရှာဖွေပြီး ရှင်းလင်းပေးနိုင်မည်ဖြစ်သည်။ အဆိုပါ App ကို အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်ပြီး၊ Anti-Spyware အမျိုးအစားဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာလည်း 5.7MB ခန့်သာ ရှိမည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

KitCamera (iOS)

ဓာတ်ပုံများအား Professional ကင်မရာဖြင့် ရိုက်ကူးသလို ရိုက်ကူးနိုင်မည့် Camera App တစ်ခုဖြစ်သည်။ KitCamera App သည် ဓာတ်ပုံများကိုသာမက ဗီဒီယိုဖိုင်များကို 1080p အရည်အသွေးထိ ရိုက်ကူးနိုင် မည်ဖြစ်သည်။ ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ဗီဒီယိုတို့ကိုလည်း Cloud Stroage များပေါ်တွင် သိမ်းဆည်းနိုင်ရန်အတွက်လည်း အထောက်အပံ့ပေးထားသည်။ အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁၉.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး၊ ယခုအခါ အချိန်ကန့်သတ်ချက်ဖြင့် အခမဲ့ပေးထားသည်။ iOS Version 6.0 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More