Day: March 19, 2015

တရုတ်နိုင်ငံ ဆင်ဆာဆန့်ကျင်ရေးအဖွဲ့ DDoS တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရ

တရုတ်နိုင်ငံ အွန်လိုင်းဆင်ဆာနှင့် ပတ်သက်၍ မကြာသေးမီက ဖော်ပြခဲ့သော Wall Street Journal ၏ ဆောင်းပါးတစ်ပုဒ်တွင် ရည်ညွှန်းဖော်ပြခံခဲ့ရသည့် Greatfire သည် DDoS တိုက်ခိုက်မှုတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ Greatefire.org သည် သုံးစွဲသူများက Great Firewall ဟု လူသိများသည့် တရုတ်အစိုးရ၏ ဆင်ဆာတားမြစ်ချက်များကို သိရှိနိုင်ရန် ဝက်ဘ်ဆိုက်များနှင့် keyword များကို အသုံးပြုကာ ရှာဖွေနိုင်စေမည့် ဝက်ဘ်ဆိုက်ဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် Google, Boxun နှင့် microblogging ဝက်ဘ်ဆိုက် Weibo ကဲ့သို့သော နာမည်ကျော် ဝက်ဘ်ဆိုက်များ၏ mirror များ ပါဝင်သောကြောင့် သုံးစွဲသူများက ၎င်းတို့ကို ကန့်သတ်တားမြစ်မှုများ မရှိဘဲ အသုံးပြုနိုင်သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ၂၀၁၄ ခုနှစ်တွင် […]

Read More

Ooredoo က နံပါတ်အလှများကို iPhone နှင့် တွဲဖက်ရောင်းချရန် စီစဉ်

Ooredoo Myanmar သည် ၎င်း၏ မိုဘိုင်းဖုန်း နံပါတ်အလှများကို iPhone နှင့် တွဲဖက်ရောင်းချရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။ Ooredoo ၏ မိုဘိုင်းဖုန်း အသုံးပြုသူများထံ မတ်လ ၁၇ ရက်က SMS တစ်စောင် ဝင်ရောက်လာခဲ့ပြီး အဆိုပါ SMS တွင် iPhone 6 နှင့် iPhone 6 Plus ကို ၎င်းတို့၏ တရားဝင် အရောင်း ဆိုင်များ၌ မကြာခင် ဝယ်ယူနိုင်တော့မည်ဟု ရေးသားဖော်ပြထားကြောင်း သိရသည်။ “ဒါက နံပါတ်အလှတွေနဲ့ တွဲရောင်းဖို့ စီစဉ်ထားတာပါ။ Apple ကို တရားဝင် ကိုယ်စားလှယ် ရရှိထားတဲ့ TMW နဲ့ ပေါင်းပြီး လုပ်ထားတာပါ။ မကြာခင်မှာ ထပ်ပြီး ကြေညာပေးပါမယ်” […]

Read More

နေ့ချင်းရောက် စာဝေစနစ် စတင် ဆောင်ရွက်မည်

နေ့ချင်းရောက် စာဝေစနစ် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ Deputy General Manager ဦးခမ်းအောင်က ပြောသည်။ အဆိုပါစနစ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် စတင်အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ “ရန်ကုန်ကနေ ရန်ကုန်ကို ၁၂ နာရီအတွင်း ထည့်မယ်ဆိုလို့ရှိရင် ဒီနေ့ချက်ချင်းရအောင်ကျွန်တော်တို့ ဝေပေးမှာ ဖြစ်ပါတယ်။ ၁၂ နာရီကျော်သွားရင် နောက်တစ်နေ့ဖြစ်သွားမှာ။ အဲတော့ Same Day Delivery အနေနဲ့ကတော့ ၁၂ နာရီအတွင်းမှာ ထည့်တဲ့စာအနေနဲ့က ဘယ်မှာပဲထည့်ထည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဘယ်မှာပဲထည့်ထည့် နေ့ချင်းရအောင် ဆောင်ရွက်ပေးမယ့် အနေအထား ဖြစ်ပါတယ်” ဟု ဦးခမ်းအောင်က ပြောကြားသည်။ Long Term Plan အနေဖြင့် ရန်ကုန်၊ […]

Read More

မိုဘိုင်းကြော်ငြာ ကုမ္ပဏီသစ် InMobi ကိုဝယ်ယူရန် Google စီစဉ်နေ

Google သည် အိန္ဒိယအခြေစိုက် မိုဘိုင်းကြော်ငြာ ကုမ္ပဏီ In-Mobi   ကုမ္ပဏီကို ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း  India Times သတင်းစာမှ ဖော်ပြသွားခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများသည် လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင့်အဖြစ်သာ ရှိသေးသည်။ ၎င်းကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် mKoj အမည်ဖြင့် တည်ထောင်ခဲ့ပြီးနောက် ပူးပေါင်းတည်ထောင် သူများက နာမည်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ကာ မိုဘိုင်းကြော်ငြာ ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ ယခုအခါ InMobi သည် iOS, Android နှင့် Windows Phone operating system အသုံးပြုထားသော ထုတ်ကုန်များပေါ်ရှိ ကုမ္ပဏီမှ သုံးစွဲသူများသို့ ကြော်ငြာများ ထောက်ပံ့ပေးလျက်ရှိသည်။ InMobi ကုမ္ပဏီသည် လစဉ်ကမ္ဘာတစ်ဝန်းရှိ ကြော်ငြာပေါင်း ၁၃၈ […]

Read More

iPhone နှင့် iPad စနစ်အတွင်းသို့ ဝင်ရောက်ရန် CIA နှစ်ပေါင်းများစွာ ကြိုးစားခဲ့ဟုဆို

Central Intelligentce Age-ncy (CIA) သည် Apple ၏မိုဘိုင်း ထုတ်ကုန်များသို့ back door ရှာဖွေ၍ ဝင်ရောက်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြောင်း NSA အေးဂျင့်ဟောင်း အက်ဒ်ဝပ်စနိုးဒင် ထောက်ပံ့သည့် စာရွက်စာတမ်းများအရ Intercept သတင်းဌာနမှ ဖော်ပြခဲ့သည်။ CIA သည် iPhone နှင့် iPad များရှိ encrypt ပြုလုပ်ထားသော တစ်ကိုယ်ရေ အချက်အလက်ရှိ လုံခြုံရေးကို ထိုးဖောက်နိုင်ရန် အာရုံစိုက်ခဲ့ကြောင်း Intercept  မှဆောင်းပါး တစ်ခုဖြင့် ဖော်ပြခဲ့သည်။ CIA ရှိ သုတေသီများသည် Apple ၏လုံခြုံရေးကို ထိုးဖောက်ပြီး ထုတ်ကုန်၏ firmware ကိုထိန်းချုပ်ရန် နည်းလမ်းပေါင်းစုံ ရှာဖွေခဲ့ကြသည်။ အကယ်၍ Apple ၏ firmware သို့ […]

Read More

Android ဖုန်းများပေါ်မှ ဗီဒီယိုဖိုင်များ တည်းဖြတ်ခြင်း

Android ဖုန်းတွေပေါ်ကနေ Video ဖိုင်တွေကို အလွယ်တကူ Edit ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ် ပါတယ်။ Edit ပြုလုပ်ဖို့အတွက် Android Video Edit ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Video Edit + (Video Editor) ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အသုံးပြုဖို့အတွက် လွယ်ကူတဲ့အပြင် ဆော့ဖ်ဝဲကိုလည်း Play Store ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးရှိပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့် မယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Create New Project ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။ ဒါကတော့ ကိုယ်ပြုလုပ်မယ့် ဗီဒီယို […]

Read More

LG G Flex2 စမတ်ဖုန်း မော်ဒယ်သစ် ပြည်တွင်းဈေးကွက်သို့ မကြာမီ ဝင်ရောက်မည်

LG ၏ မျက်နှာပြင်ကွေး စမတ်ဖုန်းတစ်ခုဖြစ်သော G Flex မော်ဒယ်၏ ဒုတိယမျိုးဆက် G Flex2 မော်ဒယ်စမတ်ဖုန်းအား ယခုနှစ် ဧပြီလ၏ နောက်ဆုံးပတ်၌ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း LG ၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ စမတ်ဖုန်းသည် မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိကာ G Flex ကဲ့သို့ ကွေးနိုင်ဆန့်နိုင်သည့် Curved P-OLED Display အမျိုးအစားကို အသုံးပြုထားပြီး နောက်ဘက် ကာဗာသည် ခြစ်ရာ၊ အစင်းရာများကို အလိုအလျောက် ဖျောက်နိုင်သည့် Self-healing ကာဗာအမျိုးအစားဖြစ်ကြောင်း သိရသည်။ အမြန်နှုန်း 1.5 GHz နှင့် 2.0 GHz processor နှစ်လုံး ထည့်သွင်းအသုံးပြုထားသည့် Octa-core Snapdragon 810 […]

Read More

တရားမဝင် အသုံးပြုနေသည့် Spectrum များကို စစ်ဆေး တွေ့ ရှိသည်ဟုဆို

တရားမဝင် အသုံးပြုနေသည့် Spectrum များကို လိုက်လံစစ်ဆေးလျက်ရှိကြောင်း၊ လတ်တလော စစ်ဆေးချက်များအရ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ တရားမဝင် အသုံးပြုနေသည့် Spectrum များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ “တရားမဝင် အသုံးပြုနေတာတွေ တွေ့တယ်။ ဘာတွေတွေ့လဲ ဆိုတာကတော့ အရေးယူရမယ့် ကိစ္စရပ်တွေရှိနေတော့ ထုတ်ပြီးမပြောသင့်သေးဘူး။ အရေးယူတယ်ဆိုတဲ့နေရာမှာ ဆက်သွယ်ရေး ဥပဒေထဲမှာ ပါတဲ့အတိုင်းပဲ လုပ်ဆောင်ရမှာပါ” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ Spectrum နှင့်ပတ်သက်၍ အများပြည်သူ အသုံးပြုနိုင်ရန် Wifi စနစ်နှင့် Bluetooth Device များကို ခွင့်ပြုထားပြီး ဖြစ်သော်လည်း သုံးစွဲခွင့်မရှိသည့် Frequency များကို မိုဘိုင်း ကွန်ရက်များ အတွင်းမှ ဝင်ရောက်၍ Walki Talki နှင့် Tow- […]

Read More

Android Wear ကို iPhone အတွက် အထောက်အပံ့ပေးရန် Google လုပ်ဆောင်နေ

Google အနေဖြင့် iPhone အတွက် Android Wear ကို အထောက်အပံ့ပေးရန် လုပ်ဆောင်နေကြောင်း မကြာသေးမီက ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ကုမ္ပဏီမှ တရားဝင် ပြောကြားမှုများ မပြုလုပ်ခဲ့ပေ။ သို့သော်လည်း အဆိုပါ firmware တွင် ပါဝင်သည့် code များအရ iOS နှင့် တွဲဖက်အသုံးပြုနိုင်မည့် Android Wear ထုတ်ကုန်ကို Google မှ လုပ်ဆောင်နေသည်ဟု သက်သေပြသပင်ခြင်း ဖြစ်ကြောင်း သက်သေအထောက်အား ရှာဖွေတွေ့ရှိခဲ့သူ developer တစ်ဦးက ပြောကြားလိုက်သည်။ iOS အတွက် အထောက်အပံ့ သက်သေများ ရှာဖွေတွေ့ရှိခဲ့သူမှာ မိုဟာမက် အဘူဂါဘရီယာဟုခေါ်သည့် developer ဖြစ်ပြီး ၎င်းသည် Moto 360 ကဲ့သို့သော ထုတ်ကုန်များကို hack […]

Read More

MEC ကို လိုင်စင်ချပေးရန် စီစဉ်နေသည် ဟုဆို

မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၅ သိန်းဖြင့် စတင်ရောင်းချပေးခဲ့သည့် Myanmar Economic Corporation (MEC) ကို ဆက်သွယ်ရေး နည်းဥပဒေအရ လိုင်စင်အသစ် ချထားပေးရန် စီစဉ်နေသည်ဟု သိရသည်။ “ဘယ်လိုပုံစံမျိုးနဲ့ လိုင်စင်ပေးရမလဲဆိုတာ စဉ်းစားနေတယ်။ နည်းဥပဒေအရတော့ Mobile Virtual Operator (MVO) လို့ ခေါ်ပါတယ်။ သူကတော့ ကိုယ်ပိုင် Frequency တော့ မရှိဘူးပေါ့။ အော်ပရေတာနဲ့ ညှိနှိုင်းပြီး သဘောတူညီမှု ယူရပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ နိုင်ငံတော်အစိုးရ၏ ပေါ်လစီအရ နိုင်ငံ၏ဆက်သွယ်ရေး အော်ပရေတာကို လေးခုသာ သတ်မှတ်သွားမည်ဟု အတိအလင်း ကြေညာထားသည့်အတွက် MEC […]

Read More