Day: March 4, 2015

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ITPEC စာမေးပွဲများ ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို မေလ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ Information Technology Passport Examination (IT Passport) စာမေးပွဲသည် IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်သောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်သူများအတွက် လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဗဟုသုတအခြေခံ ကျွမ်းကျင်မှု ရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများ နှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အတွက်လည်းကောင်း၊ Applied […]

Read More

တိုင်းရင်းသားစာပေဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ တစ်နံတစ်လျားမှ စာပေယဉ်ကျေးမှု၏ နက်ရှိုင်းမှုကို စင်တင်ပြသရန် ရည်ရွယ်၍ မိလေးမွန်၊ Rev.N-Gan Tang Gun၊ စောချစ်သန်း အစရှိသည့် တိုင်းရင်းသား စာရေးဆရာ ၂၀ ကျော်၊ ပုံနှိပ်ထုတ်ဝေသူများနှင့် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ စာပေနှင့် ယဉ်ကျေးမှု အသင်းများမှ ဥက္ကဋ္ဌများ ပါဝင်သော နှစ်ရက်တာ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို ဗြိတိသျှကောင်စီနှင့် PEN Myanmar တို့မှ စီစဉ်၍ ရန်ကုန်မြို့တွင် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်များ၌ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပထမနေ့ မတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း ၇ […]

Read More

နိုင်ငံတကာကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းလိုသူများ ဝင်ခွင့် စာမေးပွဲဖြေဆိုရန် အတွက် လ

နိုင်ငံတကာကျောင်းများနှင့်  နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များသို့ ပြောင်းရွှေ့ သင်ကြားလိုသူများကို အခြေခံ ပညာဦးစီးဌာနများတွင် လျှောက်လွှာများ လာရောက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။ စာမေးပွဲဖြေဆိုရန် လျှောက်လွှာများကို သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ် ပညာရေး ညွှန်ကြား ရေးမှူးရုံးများတွင်  အခမဲ့ လာရောက်ထုတ်ယူနိုင်ပြီး ၂ဝ၁၅ ခုနှစ် ဧပြီလ ၃ဝ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။ မိမိ တက်ရောက်ခဲ့သည့် ကျောင်းမှ ဖြေဆိုအောင်မြင်ခဲ့သည့် အဆင့်အတွက် ထောက်ခံချက် မူရင်း သို့မဟုတ် အောင်လက်မှတ်မူရင်းနှင့် အသက်ထောက်ခံချက်ကိုပါ လျှောက်လွှာနှင့်အတူ တင်ပြရမည်ဟု သိရသည်။ လွန်ခဲ့သည့်နှစ်က ထိုကဲ့သို့ ဝင်ခွင့်စာမေးပွဲကို သုံးကြိမ် စစ်ဆေးခဲ့သော်လည်း ယခုနှစ်တွင် တစ်ကြိမ်သာ […]

Read More

ကျောင်းစာကြည့်တိုက် လုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိ

ကျောင်းစာကြည့်တိုက် လုပ်ငန်းများ ပိုမိုတိုးတက်ရန် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။ “ပညာရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားပညာရေး ရည်မှန်းချက်များအရ နိုင်ငံရဲ့ ကျောင်းသား လူငယ်တွေရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးနေသော လုပ်ငန်းများ မှာတစ်ခု အပါအဝင်ဖြစ်တဲ့ ကျောင်းစာကြည့်တိုက် လုပ်ငန်းတွေကို ပိုမိုတိုးတက်ရန် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ယခု လက်ရှိအချိန်တွင် ကျောင်းအင်္ဂါရပ်များနှင့်  ကိုက်ညီသော စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပြီး ကျောင်းစာသင်ချိန်နှင့် ပုံမှန်လှုပ်ရှားမှုများ၏ အားလပ်ချိန်များတွင် စာဖတ်စေခြင်းများ ပြုလုပ် ထားသည်။  ပြန်ကြားရေး ဝန်ကြီးဌာနကလည်း အခြေခံ ပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် စည်းရုံး […]

Read More

Netflix Video Player ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Ubuntu OS သုံးစွဲသူတွေအတွက် Video Player များစွာရှိပါတယ်။ ဒီထဲက Netflix Video Player ကို စမ်းသပ်သုံးစွဲ ချင်သူတွေ သုံးစွဲနိုင်ဖို့အတွက် ထည့်သွင်းပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Netflix Video Player ဟာ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားပြီး သုံးစွဲသူတွေ အလွယ်တကူနဲ့ သုံးစွဲနိုင်အောင် စီစဉ်ပေးထားတဲ့ Player တစ်ခုလည်း ဖြစ်ပါတယ်။ Ubuntu OS မှာ Netflix Video Player ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu […]

Read More

Xiaomi MI3 ဖုန်းများအား Root မလုပ်ဘဲ မြန်မာစာ ထည့်သွင်းခြင်း

Xiaomi MI3 ဖုန်းတွေကို မြန်မာစာဖောင့် ထည့်သွင်းတဲ့အခါမှာ ဖုန်းကို Root လုပ်ဖို့ မလိုအပ်ပဲ အလွယ်တကူ ထည့်သွင်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော Device တွေမှာတော့ အနည်းငယ် အခက်အခဲ ရှိတတ်တာကိုလည်း တွေ့ရပေမယ့် များသောအားဖြင့်တော့ အဆင်ပြေကြပါတယ်။ စတင်ပြီးလေ့လာ ကြည့်ကြပါမယ်။ မြန်မာစာ ထည့်သွင်းဖို့အ တွက် Zawgyi One 2014 ဆိုတဲ့ဖောင့်ကို လိုအပ်ပါတယ်။ ဒါကြောင့် ဒီဖောင့်ကို Download ပြုလုပ်ရပါမယ်။ ဖောင့်ကို Download ပြုလုပ်ဖို့အတွက် Playstore ပေါ်မှာ ရှာဖွေနိုင်သလို Google ပေါ်မှာလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဖောင့်ကို Download ပြုလုပ်ရရှိပြီ ဆိုရင်တော့ ရရှိလာတဲ့ ဖောင့်ကိုဖုန်းရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ Folder […]

Read More

ဂျပန်နိုင်ငံရှိ မြို့ပေါင်း ၉၀ ကျော်တွင် Uber ထက် Line Taxi ကိုပိုမိုအသုံးပြုလာ

Line Taxi သည် ဂျပန်နိုင်ငံတွင်းရှိ မြို့ပေါင်း ၉၀ ကျော်တွင် ၎င်း၏အငှားယာဉ် ဝန်ဆောင်မှုကို တိုးချဲ့လိုက်ကြောင်း သိရသည်။ messaging ဝန်ဆောင်မှု ကုမ္ပဏီ Line သည်အငှားယာဉ် ဝန်ဆောင်မှု Line Taxi ကို ဇန်နဝါရီလက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စတင်မိတ်ဆက်ခဲ့သည်။ အခြားအငှားယာဉ် ဝန်ဆောင်မှု Uber သည်လည်း ၎င်း၏ဝန်ဆောင်မှုကို တိုကျိုမြို့အပြင် ဖူကိုအိုကာမြို့တွင်ပါ တိုးချဲ့ခဲ့သည်။ Line Taxi မှတိုးချဲ့ခဲ့သည့် ဝန်ဆောင်မှုသည် တိုကျိုနှင့် အိုဆာကာအပြင် မြို့ပေါင်း ၂၀ ကိုလွှမ်းခြုံ ထားသည်။ ၎င်း၏ဝန်ဆောင်မှု လွှမ်းခြုံထားသည့် နယ်မြေတွင် ယိုကိုဟားမား၊ ဆန်ဒိုင်းနှင့် ဆာပိုရိုမြို့တို့ ပါဝင်လျက်ရှိသည်။ ထို့အပြင် Line Taxi သည် ဟီရိုရှီးမား၊ ဖူကူအိုကာနှင့် […]

Read More

Superfish adware ကြောင့် Lenovo တရားစွဲဆိုခံရ

Lenovo သည်၎င်း၏ laptop များအတွင်း Superfish adware ထည့်သွင်းခဲ့မှုကြောင့် တစ်ကိုယ်ရေ လွတ်လပ်ခွင့် ချိုးဖောက်မှုနှင့် တစ်ဦးတည်းပိုင် ဥစ္စာပစ္စည်းပေါ်သို့ ကျူးကျော်ဝင်ရောက် မှုတို့ဖြင့် တရားစွဲ ဆိုခံခဲ့ရကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဘလော့ဂါ ဂျက်စီကာဘန်းနက်ဆိုသူက Superfish software သည်၎င်း၏ အင်တာနက် အသုံးပြုမှုကို ခြေရာခံခဲ့ပြီး တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ထိပါးခဲ့ကြောင်း၊ ကွန်ပျူတာကိုလည်း ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့ခြင်းကြောင့် ကယ်လီဖိုးနီယား ပြည်နယ်တောင်ပိုင်းရှိ အမေရိကန်နယ်မြေ တရားရုံးတွင် Lenovo ကို သီးခြားတရား စွဲဆိုခဲ့ခြင်းဖြစ်သည်။ Lenovo ၏ ဇန်နဝါရီလတွင် ဖွင့်ဟဝန်ခံချက်အရ Superfish adware program တစ်ခုကို ကုမ္ပဏီ၏ ကွန်ပျူတာများတွင် ထည့်သွင်းခဲ့ကြောင်းနှင့် ၎င်းကိုကြော်ငြာအတွက် ပုဂ္ဂိုလ်ရေး […]

Read More

မသိရင်မေး

လူသားအချင်းချင်း ဆက်သွယ်တဲ့အခါ နှုတ်နဲ့ သို့မဟုတ် အရေးအသားနဲ့ ဆက်သွယ်ကြပါတယ်။ စာရွက်ပေါ် ရေးသားဆက်သွယ်တဲ့ အခါ နားမလည်ရင် အပြန်ပြန် အလှန်လှန် ပြန်ဖတ်ကြည့်လို့ ရပေမယ့် စကားနဲ့ ပြောဆိုတဲ့အခါမှာတော့ နားမလည်ရင်၊ မကြားလိုက်ရင် ပြောသူက ပြန်ပြော “repeat”  လုပ်ရပါတယ်။ အင်္ဂလိပ်စကားနဲ့ ဆက်သွယ်ပြောဆိုရာမှာ မိမိကမကြားလိုက်တဲ့ အခါ၊ နားမလည်တဲ့အခါ ဒါမှမဟုတ် ကိုယ်ကြားလိုက်ရတဲ့ စကားဟာ ရီစရာ သို့မဟုတ် စိတ်ဆိုးချင်စရာ ဖြစ်တယ် ဆိုရင် ပြောသူကို ပြန်ပြောခိုင်းလေ့ ရှိပါတယ်။ ပြောသူနဲ့ နားထောင်သူ နှစ်ဦးတို့ကြားက ရင်းနှီးမှုကို မူတည်ပြီး ပြောဆိုပုံကွာခြားပါတယ်။ အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ်နားမလည် မကြားလိုက်ရလို့ ပြန်ပြောဖို့ ဘယ်လိုတောင်းဆိုမလဲ။ ကြည့်လိုက်ရအောင်နော်။ ရင်းနှီးတဲ့ ပုံစံ စကားပြောနေရင်း မကြားလိုက်ရဘူး၊ […]

Read More

LG Watch Urbane LTE ကို တောင်ကိုရီးယားနိုင်ငံတွင် ကန်ဒေါ်လာ ၅၈၉ ဖြင့် ရောင်းချခဲ့

LG သည် ၎င်း၏ LG Watch Urbane LTE ကို တောင်ကိုရီးယားနိုင်ငံတွင် ဝမ် ၆၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ LG Watch Urbane LTE သည် စမတ်ဖုန်းဖြင့် တွဲဖက်အသုံးပြုစရာ မလိုအပ်ဘဲ ဖုန်းခေါ်ဆိုနိုင်ခြင်းနှင့် လက်ခံနိုင်ခြင်းအပြင် text message များကို ပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် ကွန်ရက်တစ်ခုအတွင်း အခြားဖုန်းများနှင့် ဆက်သွယ်နိုင်သည့် push-to-talk ခေါ်ဆိုမှုများ ပြုလုပ်ခြင်းနှင့် near-field-communication မှတစ်ဆင့် မိုဘိုင်းငွေပေးချေမှုများ ပြုလုပ်နိုင်သည်။ ၎င်းစမတ်နာရီတွင် ကိုယ်ပိုင် universal SIM ကတ်ပါဝင်ပြီး 4G LTE ကွန်ရက်ဖြင့် ဖုန်းခေါ်ဆိုမှုများ ပြုနိုင်သည်။ စမတ်နာရီ အများစုသည် လုပ်ဆောင်မှု ကန့်သတ်ချက်များကြောင့် […]

Read More