Day: February 19, 2015

Xiaomi Mi Note ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်

Xiaomi ၏ နောက်ဆုံးထွက် Flagship မော်ဒယ်ဖြစ်သော Mi Note ကို ပြည်တွင်းဈေးကွက် ၌ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “ဖေဖော်ဝါရီ လထဲမှာပဲ ဝင်မှာပါ။ အရောင်ကတော့ လောလောဆယ် အဖြူရောင် အရင်ဝင်ပါမယ်။ ဈေးကတော့ ငါးသိန်း ခြောက်သောင်းလောက် ဖြစ်ပါမယ်။ သူက 64GB အမျိုးအစားပါ” ဟု Mi Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Mi Note သည် GSM 2G/3G နှင့် LTE ကွန်ရက်များထိ ထောက်ပံ့ပေးနိုင်ပြီး SIM ကတ်နှစ် ကတ်ထည့်သွင်း အသုံးပြုသော Dual SIM အမျိုးအစား စမတ်ဖုန်းဖြစ်သည်။ မြင်ကွင်းအကျယ် ၅.၇ လက်မရှိသည့် IPS LCD […]

Read More

Ubuntu OS 14.04 တွင် Calcurse ကို ထည့်သွင်းခြင်း

Calcurse ဆိုတာကတော့ Ubuntu OS အသုံးပြုသူတွေရဲ့ အမှတ်တရ အထိမ်းအမှတ်နေ့မှာ ချိန်းဆိုမှုတွေနဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် အလုပ်တွေကို Ubuntu OS ရဲ့ Command Line ကနေ အသုံးပြုနိုင်ဖို့အတွက် ထားရှိပေးထားတဲ့ ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။ Terminal ကနေ အသုံးပြုချင် သူများအနေနဲ့ Event တွေကို အလွယ်တကူနဲ့ မှတ်သားထားနိုင်ရန်နဲ့ မိမိချိန်းဆိုထားတဲ့ အလုပ်ကိစ္စတွေကို ကြည့်ရှုရန်အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS မှာ Calcurse ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ  Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu […]

Read More

နည်းပညာလုပ်ငန်းငယ်များ စတင် လည်ပတ်နိုင်ရေး MCC က ငွေကြေး ထောက်ပံ့ပေးရန် စီစဉ်

Myanmar Computer Company (MCC) သည် စွန့်ဦးတီထွင် လုပ်ငန်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နည်းပညာလုပ်ငန်းငယ်များ စတင်လည်ပတ်နိုင်ရန် ငွေကြေးထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ စီအီးအိုဖြစ်သူ ဒေါ်ချောခင်ခင်က ပြောသည်။ ”စွန့်ဦးတီထွင် လုပ်ကိုင်ချင်သူတွေ၊ ပိုင်အိုးနီးယားဖြစ်ချင်သူတွေကို လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် စတင်ထောက်ပံ့ပေးမယ်ဆိုတဲ့ သဘောပါ။ အများကြီးရယ်လို့ မဟုတ်ပေမယ့် နောက်ပိုင်း မှာ ပြည်တွင်းက ကုမ္ပဏီကြီးတွေကလည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံ သွားတာမျိုးလည်း ဖြစ်လာနိုင်တာပဲ” ဟု ဒေါ်ချောခင်ခင်က ဆိုသည်။ နည်းပညာလုပ်ငန်းငယ်များ စတင်နိုင်ရန် ငွေကြေးမည်မျှ ထောက်ပံ့ပေးသွားမည်ကို MCC အနေဖြင့် ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း အိုင်ဒီယာ အပေါ်မူတည် ရွေးချယ်ဆောင်ရွက် သွားမည်ဟု ဒေါ်ချောခင်ခင်က ဆိုသည်။ MCC အနေဖြင့် လက်ရှိအချိန်၌ အက်ပလီကေးရှင်းပြပွဲများကို ကျင်းပပေးခဲ့ပြီး နောက်ပိုင်းအစီအစဉ်များအနေဖြင့် […]

Read More

ကျေးလက်ဒေသများ၏ မိုဘိုင်းဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးမှု အတွက် ဂျပန် အကူအညီပေးမည်

မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသည့် ကျေးလက်ဒေသများတွင် နေထိုင်သည့် ဒေသခံများ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရန်အတွက် ဂျပန်နိုင်ငံက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားရန်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ အထူးသဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး၊ အင်တာနက် အသုံးပြုခြင်းတို့တွင် မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသများကို ဦးစားပေး ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်ပြီး ထိုဒေသများ၏ အိုင်စီတီ ကဏ္ဍ တိုးတက်မှုအတွက် ဂျပန်နိုင်ငံရှိ ပုဂ္ဂလိ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီအချို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အိုင်စီတီဖွံ့ဖြိုးမှုအတွက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍများနှင့် အလှမ်းဝေးနေသော ဒေသများကို ဂျပန်နိုင်ငံက ကူညီ ဆောင်ရွက်ပေးလိုခြင်းဖြစ်ပြီး နှစ်အနည်းငယ်အတွင်း မြို့ပြနှင့် ဝေးလံသည့် ယင်းဒေသများတွင် […]

Read More

Apple Pay နှင့် ယှဉ်ပြိုင်ရန်အတွက် LoopPay ကို Samsung ဝယ်ယူ

Samsung သည် Apple Pay နျင့် ယှဉ်ပြိုင်ရန်အတွက် မိုဘိုင်းငွေပေးချေမှု ကုမ္ပဏီ LoopPay ကို ဝယ်ယူခဲ့ကြောင်း သိရသည်။ သို့ရာတွင် LoopPay ကို ဝယ်ယူခဲ့သည့် ငွေပမာဏအား ကုမ္ပဏီမှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိပေ။ Samsung သည် မတ်လ ၁ ရက်တွင် Galaxy S6 စမတ်ဖုန်းကို မိတ်ဆက်ရာတွင် မိုဘိုင်းငွေပေးချေမှုစနစ်သစ်ကို တစ်ပါတည်း မိတ်ဆက်ပေးရန် စီစဉ်လျက်ရှိသည်။ “ကုမ္ပဏီရဲ့ ရည်မှန်းချက်က ပိုမိုလုံခြုံမှုရှိပြီး သုံးစွဲသူတွေ အလွယ်တကူ အသုံးပြုနိုင်မယ့် mobile wallet အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ ဖြစ်ပါတယ်။ အခုလို LoopPay က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဖြစ်မြောက်လာစေတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်” ဟု Samsung ၏ […]

Read More

နည်းပညာမြင့် တိရစ္ဆာန် ထိန်းကျောင်းစက်

Petainer ဟု အမည်ရပြီး အိမ်မွေး တိရစ္ဆာန်ခွေး၊ ကြောင်နှင့် တခြား တိရစ္ဆာန်များတွင်ပါ တပ်ဆင် အသုံးပြုနိုင်သော Wireless စနစ်သုံး တိရစ္ဆာန် ထိန်းကျောင်းစက် တစ်မျိုးဖြစ်သည်။ လည်ပတ်တွင် တပ်ဆင်ပေးရမည်ဖြစ်ပြီး တပ်ဆင်မည့် တိရစ္ဆာန်၏ အမွေးအတို၊ အရှည်အလိုက် ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။ တိရစ္ဆာန် အကြီး၊ အသေး မရွေး တပ်ဆင်ပေးနိုင်သည်။ အကောင်အကြီး၊ အသေးအလိုက် ခံနိုင်ရည် ပြောင်းလဲပေးနိုင်ပြီး အဆင့် ၀ မှ ၁၀၀ အထိ ရွေးပေးနိုင်သည်။ ကိုယ့်စိတ်ကြိုက် ခိုင်းနိုင်မည့်ပုံစံဖြင့် တိရစ္ဆာန်ကို လိုအပ်သလို ထိန်းကျောင်း လေ့ကျင့်ပေးနိုင်ပြီး လက်ကိုင် Remote ခလုတ်မှ စိတ်ကြိုက်ခိုင်းစေနိုင်မည် ဖြစ်သည်။ ခိုင်းစေမှုပုံစံကို အသံ၊ ကျင်စက်နှင့် Vibrate ဆိုပြီး […]

Read More

SAMSUNG 32” LED SMART (DVB-T2) TV

Samsung အမှတ်တံဆိပ် ၃၂ လက်မအရွယ် LED  Smart TV ဖြစ်သည်။ Hyper real engine ကို အသုံးပြုထားပြီး လှုပ်ရှားမှု ပုံရိပ်တိုင်းကို ကြည်လင်ပြတ်သားပြီး ထစ်ခြင်းမရှိသော Clear motion rate 100Hz နည်းပညာဖြင့် ဖွဲ့ စည်းထားသည်။ Wireless lan built in ပါရှိသော Smart internet TV ဖြစ်သောကြောင့် Internet ချိတ်ဆက်ပြီး Facebook, Youtube နှင့် Skype  စသည်တို့ကို အသုံးပြုနိုင် မည် ဖြစ်သည်။ ထို့အပြင် Wifi Direct ပါရှိသောကြောင့် လက်ကိုင်ဖုန်းမှ Movie, Music, Photos, Game များကို TV ပေါ်တွင် […]

Read More

LIFE IS STRANGE

Developer Telltale Games ဂိမ်းရဲ့  Jurassic Park – The Game နှင့် Back to the Future – The Game တို့ကနေ အစပျိုးပြီး The Walking Dead ဂိမ်းလို Video Game Publications တွေနဲ့ Media တွေ ချီးမြှင့်တဲ့ Game of the Year ဆုပေါင်းများစွာ၊ Best Adventure Game ဆုပေါင်းများစွာကို ရရှိခဲ့ပြီးနောက် လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုအသားပေး Action ဂိမ်းတွေကြားထဲမှာ ဇာတ်လမ်း အငြိမ်လေးတွေနဲ့ ခံစားမှုအသားပေး Graphics Adventure ဂိမ်းလေးတွေကို အခုနောက်ပိုင်း mainstream ဂိမ်းလောကထဲမှာ ပြန်မြင်လာရပါတယ်။ Graphics […]

Read More

PS3 အတွက် PES 2013 update ထွက်ရှိ

PS3 PES 2013 အတွက် Update ထွက်ရှိလာကြောင်း PHYO IT PLAZA မှ သိရသည်။ “ Konami ကနေ PS3 အတွက် ထွက်ရှိသမျှ PES အခွေတွေထဲမှာ 2013 ဟာ လူအများ လက်ခံပြီး ယခုအချိန်အထိ ကစားနေခြင်းကြောင့် ယခုလို Update ထွက်ရှိလာတာ ဖြစ်ပါတယ်။ Premier league, Ligue1, Series A, Laliga, Russian premier league, D2 league မှ တန်းတက်အသင်းများ၊ ကစားသမားအသစ်များ၊ ဂျာစီအမှန်များအားလုံး Update ပါဝင်ပါတယ်။ Graphic user interface တွေဟာလည်း Full HD graphic တွေသုံးထားတဲ့အတွက် ရုပ်ထွက်ပိုင်း […]

Read More

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ နိုင်ငံ တစ်ဝန်းလုံး ဖွင့်လှစ်ရန် စီစဉ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံတစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦးဖွင့်လှစ်သွားမည် ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာတော့ ရန်ကုန်မှာ ငါးဆိုင်၊ မန္တလေးမှာ သုံးဆိုင်၊ နေပြည်တော်မှ နှစ်ဆိုင် ဖွင့်သွားဖို့စီစဉ်နေပါတယ်။ နောက်ပိုင်း အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တစ်နေရာနှစ်ဆိုင်စီ ဖွင့်သွားမယ်။ အဲဒါပြီးရင် ခရိုင်မြို့ကြီးတွေမှာပါ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Brand Shop များတွင် MPT မှထုတ်သော ထုတ်ကုန်များ (ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်) များကို တိုက်ရိုက်ရောင်းချသွားမည် […]

Read More