Day: February 17, 2015

လူကြည့်အများဆုံး ဝက်ဘ်ဆိုက် ၅၀ တွင် ပြည်တွင်း ဝက်ဘ်ဆိုက် ၇ ခုသာ ပါဝင်

မြန်မာနိုင်ငံ၌ လူကြည့်အများဆုံးသော ဝက်ဘ်ဆိုက် ၅၀ စာရင်းကို Similarweb.com မှ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း၊ အဆိုပါစာရင်းအရ ဝက်ဘ်ဆိုက် ၅၀ တွင် ပြည်တွင်းဝက်ဘ်ဆိုက် ၇ ခုသာ ပါဝင်သည်ဟု သိရသည်။ Similarweb.com သည် ကမ္ဘာပေါ်၌ ဝက်ဘ်ဆိုက်အသုံးပြုခြင်း အရေအတွက်ကို တွက်ချက်ပေးနေခြင်း ဖြစ်ပြီး အသုံးပြုမှု အများဆုံးသော ဝက်ဘ်ဆိုက်များကို သုံးလလျှင်တစ်ကြိမ် ထုတ်ပြန်ပေးလေ့ ရှိသည်ဟု သိရသည်။ ယခင်သုံးလအကြာ စစ်တမ်း၌ ပြည်တွင်း၏ အသုံးပြုမှု အများဆုံးသော ဝက်ဘ်ဆိုက် ၅၀ တွင် ဒေသတွင်းမှ ဝက်ဘ်ဆိုက် ၁၀ ခု ပါဝင်ခဲ့သော်လည်း ယခုအခါ ၇ ခုသာ ပါဝင်ခဲ့သည့် အတွက် ပြည်တွင်း ဝက်ဘ်ဆိုက်များအပေါ် စိတ်ဝင်စားမှုနှုန်း လျော့ကျလာခြင်းဖြစ်သည်ဟု သိရသည်။ Similarweb.com […]

Read More

ASUS Zenfone များအား Firmware တင်ခြင်း

Asus Zenfone တွေကို Firmware ကိုယ်တိုင် တင်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Asus Zenfone တွေကို Firmware တင်ဖို့အတွက် လိုအပ်တဲ့ Application တွေကိုတော့ Download ပြုလုပ်ရပါလိမ့်မယ်။ ပထမဆုံး လိုအပ်တာကတော့ Asus ဖုန်းတွေအတွက် Flash Tool ဖြစ်ပါတယ်။ Flash Tool ကိုရယူနိုင်ဖို့ အတွက် Google ပေါ်မှာ Asus Flash Tool Download လို့ရိုက်ထည့်ပြီး ရှာလိုက်ရင် ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။ ဖော်ပြထားတဲ့ လင့်ကိုနှိပ်လိုက်ရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။ ဗားရှင်း နှစ်ခုရှိပါတယ်။ ကိုယ့်စိတ်ကြိုက် ဗားရှင်းကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ Download ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ခုလိုမျိုး […]

Read More

Sony Xperia Concept Store အသစ်ဖွင့်လှစ်

Sony Xperia Concept Store ကို အမှတ် – ၆၉၊ အနော်ရထာလမ်းနှင့် လသာလမ်းထောင့်၊ လသာမြို့နယ်တွင် ထပ်မံဖွင့်လှစ်လိုက်ကြောင်း၊ အဆိုပါ Xperia Concept Store သည် Sony ၏ မြန်မာပြည် တရားဝင် ဖြန့်ချိခွင့်ရ ကိုယ်စားလှယ်ဖြစ်သည့် Alpha Technology & Communication Co., Ltd. မှ ဖွင့်လှစ်သည့် တတိယမြောက် Sony Xperia Concept Store ဖြစ်ကြောင်း သိရသည်။ Sony Xperia Concept Store များတွင် Sony ၏မိုဘိုင်းဖုန်း ထုတ်ကုန်နှင့် ဆက်စပ်ပစ္စည်းများကို စိတ်တိုင်းကျ စမ်းသပ်ဝယ်ယူ နိုင်မည်ဖြစ်ပြီး Concept Store နှင့်အတူ Sony ဆားဗစ်စင်တာများကိုပါ […]

Read More

မျက်နှာပြင် ၃ ခုပါဝင်သော စမတ်ဖုန်းကို Samsung ဖြန့်ချိ ရောင်းချဖွယ်ရှိ

Samsung သည် အရွယ်အစား ၅.၁ လက်မရှိသည့် မျက်နှာပြင် အပါအဝင် ဖုန်း၏ဘေးဘယ်ညာ နှစ်ဖက်တွင် ဆင်ခြေလျှော မျက်နှာပြင်နှစ်ခု ပါဝင်သည့် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာနမှဖော်ပြသွားခဲ့သည်။ အဆိုပါ စမတ်ဖုန်းသည် Samsung ၏ မျက်နှာပြင်ကွေး တစ်ခုပါဝင်သည့် Galaxy Note Edge နှင့်ဆင်တူမှု ရှိသည်။ Samsung သည် မတ်လတွင် သတ္တုကိုယ်ထည် စမတ်ဖုန်းနှစ်ခုကို မိတ်ဆက်ဖွယ်ရှိပြီး အခြားစမတ်ဖုန်း တစ်ခုမှာ မျက်နှာပြင် အရွယ်အစား ၅.၁လက်မရှိသည့် ပုံမှန်စမတ်ဖုန်း တစ်ခုသာ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အများပြည်သူသို့ ထွက်ရှိလာသော ဓာတ်ပုံများအရ Samsung သည် စမတ်ဖုန်း ငါးမျိုးကို ထုတ်လုပ်သွားဖွယ် ရှိကြောင်းသိရသည်။ ၎င်းဓာတ်ပုံတွင် […]

Read More

ကန်ဒေါ်လာ ၈၄၈ သန်း အသုံးပြု၍ ဆိုလာစက်ရုံ တည်ဆောက်ရန် Apple စီစဉ်

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Apple သည် ကယ်လီဖိုး နီးယားပြည်နယ် မွန်တာရေးဒေသတွင် First Solar ကုမ္ပဏီနှင့် ပူးပေါင်း၍ မြေဧက ၁,၃၀၀ ၌ ကန်ဒေါ်လာ ၈၄၈ သန်းအသုံးပြု၍ အကြီးမားဆုံး ဆိုလာစက်ရုံ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်က ပြောဆိုခဲ့သည်။ အဆိုပါစက်ရုံမှ ထွက်ရှိသော စွမ်းအင်သည် Apple ၏ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုရှိ ရုံးချုပ်၊ နယူးဝါ့ခ်မြို့ရှိ data စင်တာအပြင် ကယ်လီဖိုးနီးယားရှိ Apple ရုံးနှင့် စတိုး ၅၂ ခုကိုလည်း ထောက်ပံ့ပေးသွား မည်ဖြစ်သည်။ ထို့အပြင် Apple ကုမ္ပဏီအတွက် အရေးပါသည့် စွမ်းအင်သုံးစွဲမှုကိုလည်း သက်သာစေမည်ဖြစ်ကြောင်း တင်မ်ကွတ်က ပြောကြားခဲ့သည်။ ၎င်းဆိုလာ စီမံကိန်းသည် မွန်တာရေး […]

Read More

Sunway University မှ ပေးအပ်သော ရာနှုန်းပြည့် ပညာသင်ဆုကို မြန်မာမှ နှစ်ဦးရရှိ

မလေးရှားနိုင်ငံ Sunway University မှပေးအပ်သည့် ရာနှုန်းပြည့်ပညာသင်ဆုကို မြန်မာနိုင်ငံမှ မောင်သီရိန်စိုးနှင့် မမေရည်မွန်အေးတို့မှ ရရှိကြောင်းသိရသည်။ ၎င်းတို့နှစ်ဦး အနေဖြင့် ပညာ သင်ဆုရရှိသည့် အတွက် ဇူလိုင်လကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး လေးနှစ်ကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ဘာသာရပ်များအနေဖြင့် မောင်သီရိန်စိုးမှ International Hospitality Management (B.Sc(Hons)) ကို တက်ရောက်ရမည်ဖြစ်ပြီး မမေရည်မွန်အေးမှာ Accounting & Finance ဘာသာရပ်ကို တက်ရောက်ရမည်ဖြစ် သည်။ “အဓိကကတော့ အင်္ဂလိပ်စာ နားထောင်နိုင်စွမ်းနဲ့ ပြောနိုင်စွမ်းကို အဓိကလုပ်ရတယ်။ ပညာသင်ဆု လျှောက်တော့ Skype နဲ့အင်တာဗျူးဖြေရတယ်။ ကိုယ့်ဖခင်ရဲ့ဝင်ငွေက တစ်လလျှင် ပျှမ်း မျှအားဖြင့် ငါးသိန်းထက် မပိုရဘူးဆိုတဲ့ မြို့နယ်ရုံးက ထောက်ခံချက် ပေးရတယ်။ ကိုယ့်ရဲ့ ပညာရေးအနေနဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ […]

Read More

MPU နှင့် 2C2P ပူးပေါင်းပြီး အာရှဒေသတွင်း အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုကို စတင်

မြန်မာငွေပေးချေမှု အဖွဲ့အစည်း MPU (Myanmar Payment Union) သည် ပြည်တွင်းရှိ MPU ကတ် သုံးစွဲသူများအတွက် အွန်လိုင်းပေါ်မှ ငွေပေးချေမှုပြုလုပ်ပြီး ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှု အတွက် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် 2C2P နှင့် လက်တွဲလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်း၌ ပထမဆုံး အကောင်အထည်ဖော်လိုက်သည့် အဆိုပါ ဝန်ဆောင်မှုသည် အာရှဒေသ နိုင်ငံများအတွင်း MPU ကတ်များဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေပေးချေသည့် စနစ်ကို အသုံးပြု လာနိုင်မည်ဖြစ်သည်။ ယခုလ ၁၃ ရက်က MPU နှင့် 2C2P တို့သည် အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို ယခုလအတွင်း စတင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းကုန်သွယ်မှုဆိုင်ရာ […]

Read More

Viber က တရုတ်နှစ်ကူးအတွက် Sticker အသစ်များ ထုတ်လုပ်

Viber သည် တရုတ်လူမျိုးများ၏ ဆိတ်နှစ်ကို ကြိုဆိုသောအားဖြင့် နှစ်ကူးအထိမ်းအမှတ် Sticker ၁၆ ခုကို အသစ်ထုတ်လုပ်လိုက်သည်ဟု ကြေညာသည်။ အသစ်ထုတ်လုပ်လိုက်သည့် Sticker ၁၆ ခုကို Viber sticker market ၌ အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် Sticker အသစ်များကို မျှဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။ အရောင်အသွေး စုံလင်လှသည့် တရုတ်နှစ်ကူး အထိမ်းအမှတ် Viber Sticker ၁၆ ခုသည် တစ်ခုချင်းစီအလိုက် ရိုးရာလှုပ်ရှားမှုကို ပေါ်လွင်စေရန် ဖန်တီးထားခြင်းဖြစ်ပြီး အဓိပ္ပာယ်များအနေဖြင့် ဆုမွန်ကောင်းတောင်းခြင်း၊ နှုတ်ခွန်းဆက်သခြင်း၊ အံပေါင်းပေးခြင်းနှင့် အခြားသော အကြောင်းအရာများ ပါဝင်သည်ဟု သိရသည်။ တရုတ်နှစ်ကူးနှင့် ပတ်သက်သည်များကို Sticker များနှင့် အဆင်ပြေစွာ ဆက်သွယ်နိုင်ရန် ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး […]

Read More

မြန်မာနိုင်ငံသို့ ရေအောက်ကေဘယ်လ် ဝင်ရောက် ချိတ်ဆက်မည့် နေရာတွင် Survey လုပ်ငန်းများ ဆောင်ရွက်á€

နိုင်ငံတကာဆက်သွယ်ရေး ဆက်ကြောင်းသစ် SEA_ME_WE 5 (South East Asia-Middle East-Western Europe-5) မြန်မာနိုင်ငံသို့ ရေအောက်ကေဘယ်လ် ဝင်ရောက် ချိတ်ဆက်မည့်နေ ရာတွင် Survey လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆက်ကြောင်းသစ် အာရှ-ဥရောပ ရေအောက်ကေဘလ် စီမံကိန်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့်အတွက် မြန်မာနိုင်ငံသို့ ရေအောက်ကေဘလ် ဝင်ရောက်ချိတ်ဆက်မည့် ငွေဆောင်ကမ်းခြေရှိ Beach Man Hole (BMH) နှင့် Brunching Unit (BUID) တို့အကြား ကေ ဘယ်လ်ချခင်းမည့် လမ်းကြောင်းတစ်လျှောက်ကို Survey လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်း ဆောင်ရွက်ရန် RV EGS Explorer သင်္ဘောနှင့် RV.Northern Endeavour သင်္ဘောတို့သည် ဇန်နဝါရီလ […]

Read More

Helpouts ဝန်ဆောင်မှုကို ဧပြီလ ၂၀ ရက်တွင် ရပ်ဆိုင်းမည်ဟု Google ကြေညာ

ကုမ္ပဏီ၏ မျှော်မှန်းချက်အတိုင်း တိုးတက်လာခြင်း မရှိသောကြောင့် တစ်နှစ်သက်တမ်းသာရှိသေးသည့် ဗီဒီယို tutorial ဝန်ဆောင်မှုဖြစ်သော Helpouts ကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Google မှ ကြေညာခဲ့သည်။ “Helpouts community မှာ ပုံစံသုံးစွဲနေသူအချို့ ပါဝင်ပေမယ့် ကုမ္ပဏီက မျှော်မှန်းထားတဲ့အတိုင်း တိုးတက်မှုတွေ မရှိခဲ့ပါဘူး” ဟု Helplouts blog post တွင် ဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ပေးခဲ့သည့် Helpouts သည် ကြည့်ရှုသူများအတွက် အကူအညီပေးနိုင်မည့် ဗီဒီယို သင်ကြားပို့ချမှုများကို ၎င်းတို့၏ ဝန်ဆောင်မှုမှ ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ၎င်းတွင် video chat တစ်ခု ပါဝင်ပြီး အခမဲ့နှင့် အခပေး tutorial ကဏ္ဍကိုလည်း ထောက်ပံ့ပေးထားသည်။ ဗီဒီယိုဖြင့် […]

Read More