Day: February 13, 2015

အချစ်နှင့် ပတ်သက်သည့် Sticker ကို ပြည်တွင်း သုံးစွဲသူများ နှစ်သက်ခြင်း မရှိဟု Viber ကျေပြာဆို

၂၀၁၄ ခုနှစ်အတွင်း Viber အသုံးပြုသူများအကြား Sticker ၂၂ သန်းကျော်ကို အပြန်အလှန် ပေးပို့ခဲ့သော်လည်း အချစ်နှင့် ပတ်သက်သည့် Sticker ကို မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ အနေဖြင့် အပြန်အလှန်ပေးပို့ခြင်း မရှိခဲ့ကြောင်း Viber က သတင်းထုတ်ပြန်သည်။ ၎င်းတို့၏ စစ်တမ်းအရ မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံးသော Sticker ၁၀ခု၌ အချစ်နှင့် ပတ်သက်သည့် Sticker ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ Viber အနေဖြင့် ၎င်းတို့ ထုတ်လုပ် ရောင်းချ ခဲ့သည့် Sticker များကို စစ်တမ်းကောက်ယူ၍ ယခုကဲ့သို့ သတင်းထုတ်ပြလိုက်ခြင်း ဖြစ်သည်။ အချစ်နှင့် ပတ်သက်သည့် Sticker ရောင်းချမှုကို နိုင်ငံ ၁၀ နိုင်ငံ၌ Viber က စစ်တမ်းကောက်ယူခဲ့ခြင်း […]

Read More

Dell SonicWALL Firewall Products & Solutions မိတ်ဆက်ပွဲ အခမ်းအနား

Access Spectrum မှ ကြီးမှူးကာ Dell SonicWALL Firewall Products & Solutions  မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၁၃ ရက်က မြန်မာ အင်ဖိုတက်ခ်၊ အခန်း ၂၀၃ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

iMessages နှင့် FaceTime အတွက် two-step authentication ကို Apple မိတ်ဆက်

Apple သည် iPhone, iPad နှင့် Mac ကွန်ပျူတာများပေါ်တွင် iMessages နှင့် FaceTime ကို အသုံးပြုသည့် သုံးစွဲသူများကို two-step authentication ဖြင့် ကာကွယ်ပေးနိုင်မည့် လုံခြုံရေး feature တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ လုံခြုံရေး feature တွင် ဟက်ကာများက သုံးစွဲသူ၏ account များကို အသုံးပြုရန် ကြိုးပမ်းမှုများအား ကာကွယ်ပေးနိုင်မည့် အပိုဆောင်း layer တစ်ခုကို ထည့်သွင်းပေးထားသည်။ သုံးစွဲသူမှ username နှင့် password တို့ကို အသုံးပြုကာ log in ပြုလုပ်ချိန်တွင် two-factor က ဒုတိယမြောက် လုံခြုံရေး code ကို သုံးစွဲသူ၏ messaging နှင့် video […]

Read More

Data loss prevention

Data loss prevention (DLP) ဆိုသည်မှာ corporate network အပြင်ဘက်သို့ end user များမှ အရေးကြီးသည့် အချက်အလက်များ ပေးပို့မှု မပြုလုပ်နိုင်ရန် အသေအချာပြုလုပ်ထားသော နည်းဗျူဟာတစ်ရပ် ဖြစ်သည်။ အဆိုပါ အသုံးအနှုန်းကို software ထုတ်ကုန်များမှာ အသုံးပြုလေ့ရှိပြီး network administrator တစ်ဦးမှ end user များ ရွှေ့ပြောင်းနိုင်သော အချက်အလက်များကို စီမံထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်စေသည်။ DLP ကို data leak prevention, information loss prevention နှင့် extrusion prevention ဟူ၍လည်း ခေါ်ဆိုကြသည်။ DLP software ထုတ်ကုန်များသည် အသုံးပြုသူများမှ ဖွင့်ဟထုတ်ဖော်ခြင်း မရှိသော အရေးကြီး အချက်အလက်များကို […]

Read More

Browser များ ပြောင်းလဲ အသုံးပြုသင့်သည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကြံပြု

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုရာတွင် Data အသုံးပြုနှုန်း နည်းပါးစေရန် အကြံပြုချက် ၄ ချက်ကို မြန်မာဆက်သွယ်ရေးလုပ်ငန်းက ကြေညာခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာ၌ အကြံပြုချက် ၄ ချက်ကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ အကြံပြုချက်၌ အသုံးပြုသူများ အနေဖြင့် Browser များ ပြောင်းလဲ အသုံးပြုသင့်သည်ဟု ပါရှိသည်။ မိုဘိုင်းအင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံနေခဲ့ရာမှ နိုင်ငံတကာနည်းတူ Data စနစ်ဖြင့် ကောက်ခံခဲ့သည့် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုသူများက ဝေဖန်ခဲ့သည့်နောက်ပိုင်း ၎င်းတို့က ယခုကဲ့သို့ အကြံပြုချက်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor က ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံးပြုသူများကို Opera Mini Browser နှင့် မိတ်ဆက်ပေးခဲ့ပြီး […]

Read More

Ooredoo နှင့် Telenor ကို မြို့နယ် ၁၀၀ ကျော်၌ အသုံးပြုနိုင်

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ မိုဘိုင်းဖုန်းလိုင်းများကို ရောင်းချပေးခဲ့ကြသည့် Ooredoo Myanmar နှင့် Telenor Myanmar တို့သည် ယနေ့အချိန်၌ ၎င်းတို့၏ မိုဘိုင်းဖုန်း လိုင်းများကို နိုင်ငံ အတွင်း မြို့ပေါင်း ၁၀၀ ကျော်၌ သယ်ဆောင် အသုံးပြုနိုင်ပြီဟု ကြေညာခဲ့သည်။ အော်ပရေတာ လုပ်ငန်းစဉ်အတွက် ကွန်ရက်ချဲ့ထွင်ခြင်းလုပ်ငန်းသည် ၎င်းတို့အတွက် အခက်အခဲဆုံးအလုပ်ဖြစ်သည်ဟု အော်ပရေတာများက ပြောဆိုထားပြီး ဖြစ်သော်လည်း အစိုးထံ ပေးအပ် ထားသည့် ကတိကို အကောင်အထည်ဖော်ဆောင်ရန် ကွန်ရက်ချဲ့ထွင်ခြင်းကို ကြိုးစားဆောင်ရွက် နေသည်ဟု သိရသည်။ လက်ရှိအချိန်၌ Ooredoo ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ကွန်ရက်ကို မြို့နယ်ပေါင်း ၁၉၂ မြို့နယ်၌လွှမ်းခြုံထားပြီး Telenor ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ကွန်ရက်သည် […]

Read More

ဈေးနှုန်းသင့်တင့်သော Newings ဟန်းဆက်များ ဈေးကွက် ဝင်ရောက်

Myanmar Newings Communication Co.,LTD မှ တရားဝင်တင်သွင်းသည့် Newings အမည်ဖြင့် ဟန်းဆက်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်းသိရသည်။ CDMA 800MHz အတွက် လိုင်းဆွဲအားကောင်းမွန်ပြီး မြန်မာစာဖြင့် မက်ဆေ့ ပို့/ဖတ်နိုင်သော Keypad ဟန်းဆက်များ၊ WCDMA အတွက် 3G Network ကို အပြည့်အဝ ထောက်ပံ့ပေးပြီး ဆင်းမ်ကတ် နှစ်မျိုး (2G/3G) တစ်ပြိုင်နက် အသုံးပြုနိုင်ကာ Facebook ပါ အသုံးပြုနိုင်မည့် Keypad ဟန်းဆက်များ ရောင်းချမည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး CDMA 800MHz, WCDMA, GSM သုံးမျိုး အသုံးပြုနိုင်မည့် V-840 မော်ဒယ်(Dual Sim) စမတ်ဖုန်းကိုလည်း ရောင်းချမည်ဖြစ်ပြီး 2G နှင့် […]

Read More

Honda CB500 က အိပ်မက်ထဲက မော်ဒယ်တစ်ခု…

လက်ရှိ ပြည်တွင်းမှာ အစီးများနေတဲ့ မော်တော်ဆိုင်ကယ်တွေရဲ့  ပုံမှန်အင်ဂျင်က ၁၁၀ စီစီသုံးနဲ့ ၁၂၅ စီစီသုံး အင်ဂျင်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၅၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်လောက်ဆိုရင်ပဲ နယ်ဘက်မှာ Fighter တစ်စီးအနေနဲ့ ဆရာကျနေပြီ ဖြစ်ပေမယ့် အဲဒီလောက်နဲ့ သင့်စိတ်ကူးထဲက Fighter တစ်စီးကို သင် မောင်းနှင်နိုင်ခွင့်ရနေတာ ဟုတ်ပါရဲ့ လား။ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း မော်တော်ဆိုင်ကယ်ကို ရူးသွပ်သူ တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော့်မှာလည်း အိပ်မက်ရှိတာပေါ့။ အင်ဂျင်ပါဝါ ၅၀၀ စီစီလောက်သာရှိတဲ့ အင်ဂျင်တပ် မော်ဒယ်လောက်ကိုများ စီးလိုက်ရရင်တော့ဆိုတဲ့ အတွေးလေးက စိတ်ထဲမှာ အမြဲ ရှိနေတာပါ။ ဟုတ်လည်း ဟုတ်တယ်၊ တည်ဆောက်မှု အပိုင်းသာ အားကောင်းမယ်ဆိုရင် ၅၀၀ စီစီ […]

Read More

ဆင်တူတဲ့ ရုပ်ထွက်မျိုးမရှိတဲ့ Cadillac CTS 2015

မော်ဒယ်ရဲ့ အနေအထားကတော့ တော်တော်လေး ဆွဲဆောင်မှု အားကောင်းပါရဲ့။ အထူးသဖြင့် အပြင်ဘက် ရုပ်ထွက်က သိသာပေါ်လွင်လွန်းနေတာပါ။ ခေါင်းစဉ်မှာ ပြောထားသလိုပါပဲ၊ ဆင်တူတဲ့ ရုပ်ထွက်မျိုးနဲ့ မော်ဒယ်ကိုပဲ ကျွန်တော် မတွေ့ ဖူးသေးတာပါ။ Cadillac ရဲ့ ATS နဲ့ အခု CTS မှာပဲ အခုလို ရုပ်ထွက်မျိုးရှိတာ ဖြစ်ပြီး ဒီတစ်ချက်နဲ့တင် မော်ဒယ်က လူကြိုက်များနေတော့တာပါ။ အတွင်းခန်း အပိုင်းမှာလည်း မဆိုးလှပေမယ့် နည်းနည်းတော့ မျက်စိရှုပ်တယ်လို့ ဆိုနိုင်အောင် Control တွေ များနေပေမယ့် Feature တွေ အများကြီး ထည့်သွင်းထားတဲ့ မော်ဒယ်က Luxury ဆန်ဆန်နဲ့ သင့်အနေနဲ့သာ စမ်းပြီးမောင်းနှင်ကြည့်မယ်၊ သုံးကြည့်မယ်ဆိုရင် အဆင်ပြေလိုက်တာလို့ စကားထွက်လာမှာ အမှန်ပါ။ ထားပါတော့၊ အခုတော့ ကျွန်တော်တို့ […]

Read More

Viber ကို လစဉ်သုံးစွဲသူဦးရေ ၂၃၆ သန်းရှိလာ

ဂျပန်နိုင်ငံ၏ အကြီးဆုံး e-commerce ကုမ္ပဏီဖြစ်သော Rakuten Inc ၏ စတုတ္ထသုံးလပတ် အမြတ်ငွေသည် ၇၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး Viber ကို လစဉ်သုံးစွဲသူဦးရေမှာလည်း ၂၃၆ သန်းအထိ မြင့်လာခဲ့ကြောင်း သိရသည်။ Rakuten ၏ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အမြတ်ငွေသည် ယန်း ၃၃.၂၈ ဘီလီယံအထိ ရှိခဲ့ပြီး လေ့လာဆန်းစစ်သူများ ခန့်မှန်းထားသည့် ယန်း ၃၁.၂ သန်းထက် သာလွန်ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဒေါ်လာ သန်း ၉၀၀ ဖြင့် ဝယ်ခဲ့သည့် Viber messaging app ကို လစဉ်သုံးစွဲသူ ဦးရေမှာလည်း စတုတ္ထသုံးလပတ်တွင် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၃၆ သန်းအထိ ရှိလာခဲ့သည်။ Rakuten […]

Read More