Day: February 12, 2015

Speed Kyat ဝန်ဆောင်မှုကို ယခုလအတွင်း မိတ်ဆက်ဖွယ်ရှိ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်းများကို အသုံးပြု၍ ငွေကြေးပေးချေခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းကို ပြုလုပ်နိုင်မည့် Speed Kyat အမည်ရှိသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကို ယခုလအတွင်း အသုံးပြုသူများထံ မိတ်ဆက်ပေးသွားနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ ကစ္ဆပနဒီလီမိတက်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ဘဏ်မလိုအပ်သော ငွေကြေး ဝန်ဆောင်မှုဖြစ်သည်ဟု သိရသည်။ ”ဘဏ်မလိုအပ်ဘဲ အားလုံးပူးပေါင်းပါဝင် အသုံးပြုနိုင်မှာပါ။ ဒီလအတွင်းမှာ မိတ်ဆက်ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ကစ္ဆပနဒီလီမိတက်မှ ကိုသော်ဇင်က ဆိုသည်။ အဆိုပါဝန်ဆောင်မှုကို ဝက်ဘ်ဆိုက် အနေဖြင့်သော်လည်းကောင်း၊ SMS စနစ် (USSD) အနေဖြင့်သော်လည်းကောင်း၊ Mobile Application အနေဖြင့်သော်လည်းကောင်း အသုံးပြုနိုင်မည်ဟု သိရသည်။ ”အင်တာနက်သုံးတဲ့ လူတွေကော အင်တာနက်မသုံးတဲ့ လူတွေပါ အသုံးပြုနိုင်မှာပါ။ အင်တာနက်မလိုဘဲ သုံးလို့ရအောင် စီစဉ်ထားတယ်” […]

Read More

MPT က ဆင်းမ်ကတ် တစ်သန်းကျော်ကို ဈေးကွက်အတွင်း ဆက်လက်ဖြန့်ချိသွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ် တစ်သန်းကျော်ကို ဆက်လက်ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ MPT သည် ပြီးခဲ့သည့်လ တတိယပတ်တွင် ဆင်းမ်ကတ် တစ်သန်းဝန်းကျင်ကို ပြည်တွင်းဈေးကွက်အတွင်း၌ ဖြန့်ချိရောင်းချပြီးဖြစ်ပြီး နောက်ထပ် ဆင်းမ်ကတ် တစ်သန်းခန့်ကို ယခုလပိုင်းအတွင်း ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ စုံစမ်းသိရသည်။ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် MPT သည် ၎င်းတို့၏ ဝန်ဆောင်မှုအသစ်များ စတင်ခဲ့သော ယခုနှစ် ဇန်နဝါရီလ ၁၂ ရက် နောက်ပိုင်းမှစတင်၍ လစဉ် ဆင်းမ်ကတ် တစ်သန်းကို ပုံမှန်ဖြန့်ချိပေးသွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ KDDI ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စတာ တာကာရှိနာကာရှီးမားက ပြောကြားခဲ့သည်။ ယခုလက်ရှိ […]

Read More

Telenor ဖုန်းလိုင်းအသုံးပြုသူ ၃.၅ သန်းရှိ

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှစတင်၍ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခဲ့သည့် Telenor Myanmar သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၌ အသုံးပြု ၃.၅ သန်းကို ပိုင်ဆိုင်ခဲ့သည်ဟု Telenor Myanmar မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ သုံးလကျော်ကာလအတွင်း မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ၃ သန်းကျော်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း Telenor အနေဖြင့် သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်း၏ အဓိကပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သူ Ooredoo က ယနေ့အချိန်အထိ ၎င်းတို့၏ အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ၌ အသုံးပြုသူ ၁၁.၆ သန်းကို ပိုင်ဆိုင်ထားသည်။ Ooredoo Myanmar […]

Read More

Ubuntu OS တွင် Plank Dock ကို ထည့်သွင်းခြင်း

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ မိမိရဲ့ Ubuntu OS  Desktop Screen မှာ Plank Dock ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်း အလွယ်တကူနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu  OS ပေါ်မှာ Plank Dock ကို ထည့်သွင်းထားမယ်ဆိုရင် မိမိအသုံးပြုချင်တဲ့ Application တွေကို အလွယ်တကူနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS မှာ Plank Dock ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို […]

Read More

ရန်ကုန်ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေး၌ အင်တာနက် အခမဲ့အသုံးပြုနိုင်

ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ရန်ကုန်ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေးတို့၌ အင်တာနက်ကို အခမဲ့ စတင်အသုံးပြုနိုင်ပြီဟု Red Link ကုမ္ပဏီက ကြေညာခဲ့သည်။ Wifi Free Zone အဖြစ် Red Link ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ တည်နေရာ စုစုပေါင်း ၆ ခုတွင် အခမဲ့အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီဟု သိရသည်။ ရွှေတိဂုံစေတီ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကန်တော်ကြီး အစရှိသည့် နေရာများ၌ အခမဲ့အင်တာနက်စနစ်ကို ပေးအပ်ခဲ့ပြီးဖြစ်ပြီး ယခုအခါ ရန်ကုန် ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေးတို့၌ ထပ်မံပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မန္တလေးမြို့၌ မဟာမြတ်မုနိ၊ ဆေးတက္ကသိုလ် ၁ စသည့်နေရာများတွင် အခမဲ့အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီး ပုဂံမြို့၌ အာနန္ဒာဘုရား၊ သဗ္ဗေ္ဗညုဘုရား၊ ရွှေစည်းခုံဘုရားနှင့် ပုဂံလေဆိပ်တို့တွင်လည်း […]

Read More

အခမဲ့ပညာရေး အတွက် မြန်မာကျပ်ငွေ ၂၉ ဘီလီယံကျော်ကို သုံးစွဲရန်လျာထား

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် အခမဲ့ပညာရေးကဏ္ဍအတွက် မြန်မာကျပ်ငွေ ၂၉ ဘီလီယံကျော်ကို သုံးစွဲရန် လျာထားကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်သိရသည်။ အဆိုပါ ဘဏ္ဍာရေးနှစ်တွင် မူလတန်းအဆင့် ကျောင်းသား ငါးသန်းကျော်အတွက် တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ၊ အလယ်တန်း အဆင့် ကျောင်းသား ၂.၈ သန်းကျော်နှင့် အထက်တန်း ကျောင်းသား ရှစ်သိန်းကျော်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များအား အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်သည်။ အခြေခံပညာကဏ္ဍတွင် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ကာ အခမဲ့ မူလတန်းပညာရေးနှင့် အလယ်တန်းပညာရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ တွင် အခမဲ့ ပညာရေးစနစ်ကို အထက်တန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုများအနေဖြင့်လည်း မြို့နယ်တစ်ခုလျှင် သုံးဦးစီနှင့် မြို့နယ်ခွဲတစ်ခုလျှင် နှစ်ဦးစီဖြင့် အလယ်တန်း ကျောင်းသား […]

Read More

စီးပွားရေးလုပ်ငန်းများအတွက် အင်တာနက်ဘဏ်စနစ်အား သမဝါယမဘဏ် မိတ်ဆက်

စီးပွားရေးလုပ်ငန်းသုံး အင်တာနက်ဘဏ်စနစ် (Business Internet Banking) ကို သမဝါယမဘဏ်မှ စတင်မိတ်ဆက်လိုက်သည်။ အဆိုပါ ဝန်ဆောင်မှုမှာ ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် ကုမ္ပဏီ၏ ငွေစာရင်းများကို ရာထူးအဆင့်အလိုက် စီမံခန့်ခွဲနိုင်ခြင်း၊ အင်တာနက်ရရှိနိုင်သော နေရာဒေသမှ အချိန်မရွေး ဆောင် ရွက်နိုင်ခြင်း၊ ဝင်ငွေ ထွက်ငွေ စာရင်းများကို အလွယ်တကူကြည့်ရှုနိုင်ခြင်း၊ အခြားနိုင်ငံခြား ဘဏ်များအား အချိန်ကုန်သက်သာစွာဖြင့် ငွေလွှဲပို့နိုင်ခြင်း (non trade) တို့အား ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သမဝါယမဘဏ်၏ အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောသည်။ “CB ဘဏ်မှာ စာရင်းတစ်ခုရှိရုံနဲ့ Business Internet Banking ကို CB ဘဏ် ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ဝင်ရောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးကျော်လင်းကပြောသည်။ အဆိုပါ Business […]

Read More

Sony MC2500 New Product Launch

Sony MC2500 New Product Launch ကိုတော့ ဖေဖော်ဝါရီလ ၄ ရက်က ဗိုလ်အောင်ကျော်လမ်းရှိ Sony Professional Department မှာ တည်ရှိသော 3D Cinema မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Read More

Lenovo Notebook ဝယ်ယူသူတိုင်းအား လက်ဆောင် ပစ္စည်းများ ပေးအပ်မည်

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ Lenovo Notebook ဝယ်ယူသူတိုင်းအား မေတ္တာ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ဆောင်အစီအစဉ်ကို အပိုင်းသုံးပိုင်းခွဲထားပြီး ပထမ အစီအစဉ်အဖြစ် Lenovo Pentium Series Notebook ဝယ်ယူသူတိုင်းအတွက် Original Lenovo Earphone နှင့် Original Lenovo Pendrive (OTG) အား လည်းကောင်း၊ ဒုတိယ အစီအစဉ်အဖြစ် Lenovo Intel Core i7 ဝယ်ယူသူတိုင်းအတွက် Original Lenovo External Hard Disk 1TB အားလည်းကောင်း၊ တတိယ အစီအစဉ်အဖြစ် Lenovo Intel Core i5 Series Notebook […]

Read More

Bottom Load ရေပူ – ရေအေးစက်

အီတလီ နည်းပညာကို အသုံးပြုထားပြီး ရေသန့်ဘူးကြီး ၂၀ လီတာဘူးအား အပန်းတကြီး မတင်စရာမလိုဘဲ စက်၏ အောက်ခြေတွင် အလွယ်တကူ ထည့်သွင်း အသုံးပြုရသည့် ရေပူ၊ ရေအေးသုံးစက် မော်ဒယ်သစ် တစ်မျိုးကို Grand Imperial တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ Hidden type ဟု ခေါ်ဆိုပြီး Zerowatt အမျိုးအစားမော်ဒယ် GZW-3B-01 ဖြစ်သည်။ ရေပူ၊ ရေအေး၊ ရိုးရိုးရေ သုံးမျိုးရနိုင်ပြီး ခေါင်းသီးသန့်ခွဲပေးထား သည့်အပြင် ရေပူစနစ်တွင် ကလေးငယ်များ မှားယွင်းနှိပ်ခြင်းနှင့် ဆော့ကစားရင်း အန္တရာယ် မဖြစ်စေရန်အတွက် Clild safety lock စနစ် ထည့်သွင်း ပေးထားသည်။ ဘူးကို အထဲတွင် ထည့်ထားသည့် အတွက် ရေကုန်သွားသည့်အခါ မသိလိုက် မဖြစ်ရစေရန် […]

Read More