Day: February 10, 2015

Thailand M.I.C.E Road Show Myanmar 2015 ကျင်းပပြုလုပ်

Thailand Convention & Exhibition Bureau (TCEB) နှင့် UMFCCI တို့ ပူးပေါင်းစီစဉ် ကျင်းပသော Thailand M.I.C.E Road Show Myanmar 2015 အား ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကန်တော်ကြီးပတ်လမ်း၊ ဖိုးစိန်လမ်းရှိ Chatrium Royal Lake Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် ထိုင်းနိုင်ငံသို့ သွားရောက် ကျင်းပနိုင်မည့် နှစ်ပတ်လည် အစည်းအဝေးများ၊ ကုမ္ပဏီများ၏ Incentives Program များကို ခရီးစဉ်တစ်ခုအနေဖြင့် လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးပြီး အစည်းအဝေး ကျင်းပနိုင်သော မြို့ကြီး ၅ မြို့ဖြစ်သည့် ဘန်ကောက်၊ ပတ်တရား၊ ဖူးခက်၊ ချင်းမိုင်နှင့် ခွန်ကေဲန်းတို့တွင် ကျင်းပပြုလုပ်နိုင်ကြောင်း Bangkok Airways […]

Read More

Horizon International Schools မှပေးအပ်မည့် ပညာသင်ဆုကို အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်

ပညာရေးတွင် အလားအလာကောင်းပြီး  ပါရမီရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်စေရန်  ရည်ရွယ်၍ Horizon International Schools မှ ပညာသင် ဆုများ ပေးအပ်သွားမည်ဖြစ်ပြီး အခြေခံပညာ စတုတ္ထတန်း၊ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ ပညာသင်ဆုစာမေးပွဲအ တွက် သတ်မှတ်ထားသော ပညာသင်ဆုပေးမည့် အတန်းအသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသည့်  အရည်အချင်း ပြည့်မီသော ကျောင်းသား၊ ကျောင်းသူ များလျှောက်ထားနိုင်ပြီး ဝင်ခွင့်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၈ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ၀င်ခွင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို Horizon ကျောင်း ၏ နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်ခွင့်ပေးမည်ဖြစ်ပြီး နွေရာသီအင်္ဂလိပ်စာ သင်တန်း တက်ရောက်နေစဉ် ကာလတွင်လည်း လူတွေ့စစ်ဆေးခြင်းနှင့် အခြားသော […]

Read More

CIMA မှ ပေးအပ်သော နိုင်ငံတကာ ထူးချွန်ဆုကို ပထမဦးဆုံး အကြိမ် မြန်မာကျောင်းသူနှစ်ဦး ရရှိ

Chartered Institute of Management Accountants (CIMA) မှ ပေးအပ်သော နိုင်ငံတကာထူးချွန်ဆုကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျောင်းသူနှစ်ဦးဖြစ်သည့် မသီတာဦးနှင့် မဖြူလင်းကျော်တို့မှ ရရှိခဲ့ကြောင်း သိရသည်။ CIMA မှပေးအပ်သော နိုင်ငံတကာ ထူးချွန်ဆုကို ရရှိခဲ့သူနှစ်ဦးထဲမှ မသီတာဦးသည် CIMA Professional Gateway စာမေးပွဲတွင် ကမ္ဘာ့အမှတ်အများဆုံး ရရှိခြင်းအတွက် ပေးအပ်ခံရခြင်းဖြစ်ပြီး CIMA ၏ သက်တမ်း တစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျောင်းသူတစ်ဦးမှ ကမ္ဘာ့အမှတ် အများဆုံးအဖြစ် ထိပ်ဆုံးနေရာတစ်ခုကို ရရှိခြင်းဖြစ်ကြောင်း သိရသည်။ အခြားထူးချွန်ဆုရရှိခဲ့သူ မဖြူလင်းကျော်သည် CIMA Professional Gateway စာမေးပွဲတွင် ကမ္ဘာ့ တတိယ အမှတ်အများဆုံး ရရှိခဲ့၍ နိုင်ငံတကာထူးချွန်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာထူးချွန်ဆု ရရှိခဲ့သူနှစ်ဦးမှာ ZawBusiness […]

Read More

KDDI ၏ AU prepaid e money ကတ်ဝန်ဆောင်မှု ပေးရန်စီစဉ်

KDDI အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ပူးပေါင်း၍ AU prepaid e money ကတ် ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။  “AU Prepaid e money ကတ်ကို စတိုးဆိုင်တွေမှာ၊ ရှောပင်းစင်တာတွေ အစရှိတဲ့နည်းလမ်း ပေါင်းစုံနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာပါ”ဟု KDDI မှတာဝန်ရှိသူက ပြောသည်။ KDDI အနေဖြင့် au WALLET အမည်ရှိ အဆိုပါ Prepaid e-money ကတ်ကို နိုင်ငံတကာ ဈေးကွက်တွင် ၂၀၁၄ ခုနှစ် မေလ အတွင်းကစတင် မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါကဒ်အား သုံးစွဲသူပေါင်း ငါးသန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်အား နည်းမျိုးစုံဖြင့်ငွေဖြည့်သွင်းနိုင်ရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ […]

Read More

OPPO R5 ရွှေရောင်နှင့် N3 တို့ကို ချစ်သူများနေ့ မတိုင်မီ ဝယ်ယူနိုင်မည်

OPPO R5 ရွှေရောင်နှင့် N3 မော်ဒယ်များကို ချစ်သူများနေ့ မတိုင်မီ ပြည်တွင်း၌ ဝယ်ယူနိုင်မည် ဖြစ်ပြီး R5 ရွှေရောင်သည် အလုံးရေ ကန့်သတ်ထားသည့် အတွက် ဦးရာလူစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။ “N3 ကိုလည်း ဖေဖော်ဝါရီ ၁၃ မှာ ပြည်တွင်းမှာ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။  နောက်ပြီး R5 ရွှေရောင်ကို ချစ်သူများနေ့ မတိုင်ခင်မှာ ပြည်တွင်းမှာ ဝယ်ယူနိုင်မှာပါ။ ရွှေရောင်ကအလုံးရေ အကန့်အသတ်နဲ့ ထုတ်တာပါ။ ဒါကြောင့် OPPO အနေနဲ့ ဦးရာလူစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ OPPO R5  ရွှေရောင်ကို OPPO ကောင်တာရှိသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် […]

Read More

Sunrise ကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် Microsoft ဝယ်ယူ

Microsoft သည် calendar app ဖန်တီးသည့် Sunrise ကုမ္ပဏီကို ကန်ဒေါ်လာသန်း ၁၀၀ ဖြင့် ဝယ်ယူလိုက်ကြောင်း သိရသည်။ Sunrise သည် မိုဘိုင်းနှင့် desktop သုံးစွဲသူများအတွက် calendar ထုတ်ကုန် suite တစ်ခု ထုတ်လုပ်ထားသလို အခြား provider များတွင် အသုံးပြုနိုင်ရန် ကျစ်လျစ်မှုရှိသော calendar များကို ဖြန့်ချိထားသည်။ ၎င်းသည် iPhone, iPad, Android ထုတ်ကုန်နှင့် Mac App Store အပြင် web client တွင်လည်း ထုတ်လုပ်ထားသည်။ သုံးစွဲသူများ အနေဖြင့် Sunrise calendar များကို အခြား third-party app များမှ ချိတ်ဆက်နိုင်သလို Google, iCloud […]

Read More

တရုတ်နိုင်ငံ၏ ရေပန်းအစားဆုံး ဇိမ်ခံပစ္စည်းအဖြစ် Apple ရပ်တည်

Apple သည် တရုတ်နိုင်ငံတွင် Louis Vuitton နှင့် Hermes အမှတ်တံဆိပ်ကို ဖြတ်ကျော်၍ နိုင်ငံအတွင်း လက်ဆောင်ပေးရန် အသင့်တော်ဆုံး ထုတ်ကုန်တစ်ခု ဖြစ်လာကြောင်း ဒေသတွင်း ဇိမ်ခံပစ္စည်းဆိုင်ရာ ပုံနှိပ်ကုမ္ပဏီ ဟူရန်သုတေသနမှ ထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရသည် နိုင်ငံတွင်းရှိ ဇိမ်ခံပစ္စည်းများ သုံးစွဲနေမှုကို စည်းကမ်းတကျ ဖြစ်စေရန် ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံရှိ လူချမ်းသာများသည် iPhone နှင့် နာရီများကဲ့သို့ ပစ္စည်းများကို ဝယ်ယူရန် ပိုမိုနှစ်သက် လာနေကြကြောင်း ဟူရန်သုတေသနမှ ပြောကြားခဲ့သည်။ လာမည့်တရုတ် နှစ်သစ်ကူးတွင် တရုတ်နိုင်ငံတွင် လက်ဆောင်ပေးမှု အမြင့်ဆုံးရောက်ရှိ လာမည်ဖြစ်ပြီး Apple သည် ယခုနှစ်အတွက် လူတိုင်းမျက်စိကျနေသော လက်ဆောင်ပေးရန် အကောင်းဆုံး အမှတ်တံဆိပ် ဖြစ်ကြောင်း ဟူရန်သုတေသနမှ ထုတ်ပြန်ခဲ့သည်။ Apple ၏ပြိုင်ဘက် […]

Read More

Info Myanmar College တွင် HND Diploma in Computing (UK) ကို တက်ရောက် သင်ကြားနေသော မောင်ချစ်သဲနိုင်၏ Student Life

ဒီအပတ်မှာတော့ ယခင်ပြည်ပနိုင်ငံများသို့ သွားရောက်သင်ယူခဲ့ရတဲ့ QCF (Level-5) အဆင့်ရှိ Higher National Diploma ဖြစ်တဲ့ HND Diploma in Computing ကို Info Myanmar College မှာ တက်ရောက်နေ တဲ့ မောင်ချစ်သဲနိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အမည်၊ အသက်၊ ပညာအရည်အချင်းနဲ့ ဘယ်ဇာတိကလဲ ပြောပြပေးပါ။ ကျွန်တော့်နာမည်ကတော့ ချစ်သဲနိုင်ပါ။ အသက် ၁၉ နှစ် ရှိပါပြီ။ မုံရွာကွန်ပျူတာတက္ကသိုလ်မှာ ဒုတိယနှစ်အထိ ပြီးထားပါတယ်။ ဇာတိက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ဖြစ်ပါတယ်။ အခု တက်ရောက်နေတဲ့ Edexcel (UK) ကချီးမြှင့်တဲ့ (BETH HND) Higher National Diploma […]

Read More

Xiaomi ဖုန်းများအား MIUI ROM တင်ခြင်း

လက်ရှိ ပြည်တွင်း ဈေးကွက်ထဲမှာ လူသုံးများလာခဲ့တဲ့ Xiaomi ဖုန်းတွေအတွက် MIUI ROM ကို ကိုယ်တိုင် တင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ Device နဲ့ သက်ဆိုင်တဲ့ ROM ကိုတော့ Download ပြုလုပ်ရပါလိမ့်မယ်။ ROM ဖိုင်ကို Download ပြုလုပ်ဖို့အတွက် google ပေါ်မှာ Xiaomi MIUI ROM free download ဆိုပြီး ရှာဖွေလိုက်မယ်ဆိုရင် MIUI Downloads – Xiaomi MIUI Official Forum ဆိုတဲ့လင့်ကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း en.miui.com/download.html ဆိုတဲ့လင့်မှာ MIUI ROM တွေကိုရှာဖွေပြီး Download ပြုလုပ်နိုင်ပါတယ်။ ROM ကို Download […]

Read More

နယူးဒေလီမြို့၌ Telenor ဆင်းမ်ကတ် အသုံးပြုနိုင်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ Telenor ၏ ဆင်းမ်ကတ်များ စတင်အသုံးပြုနိုင်ပြီဟု Telenor Myanmar က ကြေညာသည်။ International Roaming အနေဖြင့် အသုံးပြုနိုင်ခြင်းဖြစ်ပြီး အဆိုပါ Roaming စနစ်ကို အသုံးပြုရန် အပိုငွေကြေး ပေးဆောင်မလိုအပ်ကြောင်း သိရသည်။ ဆင်းမ်ကတ်များအနေဖြင့် ဝယ်ယူစဉ်ကလည်း Roaming စနစ် ပါဝင်ပြီးဖြစ်သည့်အတွက် အော်ပရေတာအနေဖြင့် Roaming ဖွင့်လှစ်ပေးသည့် နိုင်ငံတိုင်း၌ မိုဘိုင်းဖုန်းလိုင်းကို ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် Roaming စနစ်ကို အသုံးမပြုလိုတော့ပါက ၉၇၉ ကို ဆက်သွယ် ပြောဆိုနိုင်ကြောင်း Telenor က ကြေညာထားသည်။ Roaming စနစ်အတွက် ကျသင့်ငွေကို စတင်အသုံးပြုပြီဆိုသည်နှင့် Telenor မှ အသုံးပြုသူထံကို နိုင်ငံအလိုက် ကျသင့်ငွေကို ကြေညာပေးသွားမည် […]

Read More