Day: February 5, 2015

နာမည်ကြီးဟန်းဆက်များ ရောင်းအားကျဆင်းလာ

ဟန်းဆက်အရောင်း ဈေးကွက်အတွင်း ယခင်က Huawei နှင့် Samsung က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သော်လည်း ဟန်းဆက် Brand မျိုးစုံဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းတို့၏ ရောင်းအားများ ကျဆင်းလာခဲ့သည်ဟု ဈေးကွက်လေ့လာသူတို့က ပြောသည်။ “အရင်ကဆိုရင် Huawei က ထိပ်ဆုံးကပဲ။ အခုတော့ သူလိုမျိုး ဈေးနှုန်းနိမ့် ဟန်းဆက်တွေကလည်း အများကြီးဝင်လာတော့ ဈေးကွက်ဝေစုက မျှသွားတဲ့သဘော ဖြစ်သွားတယ်။ Samsung ဆိုရင်လည်း အမြင့်ပိုင်း မော်ဒယ်တွေဖြစ်တဲ့ ဟန်းဆက်တွေ (Note Series) လောက်ပဲ အခြား Brand တွေနဲ့ ရောင်းအားယှဉ်နိုင်တော့တယ်” ဟု Mr. Fone မှ တာဝန်ရှိသူက ပြောသည်။ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တယ်လီကွန်းဈေးကွက် ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် နိုင်ငံတကာမှ […]

Read More

Telenor အရောင်းဆိုင်များတွင် Nano Sim များကို ဝယ်ယူနိုင်ပြီဖြစ်

Telenor Myanmar က Nano Sim အသုံးပြုလိုသူများအတွက် ၎င်းတို့၏ အရောင်းဆိုင်များ အားလုံးတွင် အဆိုပါ ဆင်းမ်ကတ်များကို စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီ၏ ပုံမှန်ဆင်းမ်ကတ်များကို အသုံးပြုနေသူများ အနေဖြင့် Nano Sim ကို ပြောင်းလဲအသုံးပြုလိုပါက နီးစပ်ရာ အရောင်းဆိုင်များတွင် မှတ်ပုံတင်မိတ္တူ ကို ပြသပြီး ၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ Telenor ၏ မူလဆင်းမ်ကတ်များကို အသုံးပြုနေသူများမှ Nano Sim ဖြင့် လဲလှယ်သည့်အခါတွင် သုံးစွဲသူ၏ အချက်အလက် လုံခြုံရေးအတွက် သက်ဆိုင်ရာ အရောင်းဆိုင်များမှ လုံခြုံရေး ဆိုင်ရာ မေးခွန်းအနည်းငယ် မေးမြန်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။  

Read More

ရန်ကုန်မြို့တွင်း အငှားယာဉ်များ ငှားရမ်းရ ခက်ခဲသည့် ပြဿနာကို ဖြေရှင်းပေးမည့် Hoho Mobile App အသုံြးá€

ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် အငှားယာဉ်များ ငှားရမ်းရခက်ခဲသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်းအခြေစိုက် Myantel Co.,Ltd က Hoho အမည်ရှိ Mobile App တစ်ခုကို ယခုလ ၆ ရက်တွင် စတင်ဖြန့်ချိတော့မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ကိုဓနက ပြောသည်။ အဆိုပါ Hoho App သည် ခရီးသည်များမှ မိမိသွားလိုသည့် ခရီးစဉ်ကို နီးစပ်ရာ အငှားယာဉ်မောင်းများထံ Mobile App မှတစ်ဆင့် ဆက်သွယ်ခြင်းဖြင့် ခေါ်ယူငှားရမ်းနိုင်မည့် ဝန်ဆောင်မှု တစ်ခုဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို အငှားယာဉ်မောင်းနှင့် ခရီးသည်ဘက်မှ နှစ်ဦးစလုံး အသုံးပြုမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်စနစ် ချိတ်ဆက်ထားကာ GPS ထည့်သွင်း ထားသည့် စမတ်ဖုန်းအသုံးပြုသူတိုင်း ထည့်သွင်းထားနိုင်မည် […]

Read More

Telenor ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက် စတင် ပျောက်ကွယ်လာသည် ဟုဆို

မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များနည်းတူ မှောင်ခိုအနေဖြင့် ဈေးနှုန်းမြင့်မားခဲ့သည့် Telenor ဆင်းမ်ကတ်များသည် ယခုလမှစတင်၍ ဈေးနှုန်းကျဆင်းလာခဲ့ကြောင်း ဟန်းဆက် အရောင်းဆိုင်များထံမှ သိရသည်။ ငွေကျပ် ၅ ထောင်နှင့်အထက် ပေါက်ဈေးရှိနေခဲ့သည့် Telenor ၏ ဆင်းမ်ကတ်များသည် ယခုလအတွင်း ဈေးနှုန်း ၂ ထောင်ကျပ်အဖြစ်သို့ ကျဆင်းလာခဲ့ကြောင်း Today ဟန်းဆက် အရောင်းဆိုင်မှ ကိုနေလင်းထွန်းက ပြောသည်။ “ကတ်တွေက မထွက်တာတော့ မဟုတ်ဘူး။ အရေအတွက် အကန့်အသတ်နဲ့ အပတ်စဉ်တော့ လာပေးတယ်။ အရင်လောက်တော့ မခက်တော့ဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့ မလောက်တဲ့အခါ အပြင်ကဝယ်ရတော့ ၂ ထောင်ကျပ် ဖြစ်သွားတယ်။ ပေါပေါသီသီကြီးရယ်လို့တော့ မဟုတ်သေးဘူး” ဟု ကိုနေလင်းထွန်းက ဆိုသည်။ Telenor သည် ၎င်း၏ ဆင်းမ်ကတ်များကို ဇန်နဝါရီလမှစတင်၍ တစ်လလျှင် […]

Read More

WhatsApp ကို web ပေါ်တွင် အသုံးပြုခြင်း

ယခုအခါမှာ WhatsApp ကို Chrome browser ကနေတစ်ဆင့် web ပေါ်မှာ အသုံးပြုနိုင်ပြီ ဖြစ်တဲ့အတွက်ကြောင့် သုံးစွဲသူ အနေနဲ့ မိမိတို့ရဲ့ WhatsApp account ကို ဖုန်းအပြင် tablet, laptop နဲ့ PC တို့မှာ တစ်ပြိုင်နက် အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ WhatsApp on the web က Android, BlackBerry, Nokia နဲ့ Windows Phone တွေမှာသာ အလုပ်လုပ်နိုင်ပါသေးတယ်။ iOS အတွက် support မပေးထားတာကြောင့် iPhone, iPad နဲ့ iPod Touch သုံးစွဲသူတွေကတော့ WhatsApp on the web ကို အသုံးပြုလို့ မရနိုင်သေးပါဘူး။ […]

Read More

ဒုတိယအကြိမ်မြောက် Myanmar Health Expo 2015 ကျင်းပ

ဒုတိယအကြိမ်မြောက် Myanmar Health Expo 2015 ကို ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Myanmar Health Expo 2015 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဖွင့်လှစ်ပေးခဲ့ပြီးနောက် တပ်မတော်ခန်းမတွင်းရှိ ဆိုင်ခန်းများ၏ အခြေအနေအား လိုက်လံကြည့်ရှုခဲ့သည်။ အဆိုပါပြပွဲတွင် ဆေးပညာ နယ်ပယ်အသီးသီးမှ ဆေးကုမ္ပဏီများမှ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  

Read More

မြန်မာတောင်သူလယ်သမားများ Mobile Application သုံးစွဲနိုင်ရန် GSMA က ထောက်ပံ့ပေးမည်

ကမ္ဘာတစ်ဝန်းရှိ မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသည့် GSMA (Groupe Speciale Mobile Association) က မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အသုံးပြုနိုင်မည့် Mobile application တစ်ခုကို ထုတ်လုပ်နိုင်ရန် ထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ GSMA အဖွဲ့စည်းအနေဖြင့် မြန်မာတောင်သူလယ်သမားများအတွက် Mobile application တစ်ခု ထုတ်လုပ်ရန်အတွက် ပြည်တွင်း၌ လုပ်ကိုင်နေသည့် Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းသွားမည်ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန်အတွက် mAgri ဟူသည့် အစီအစဉ်ဖြင့် တောင်သူလယ်သမားများအတွက် Mobile application များကို ထုပ်လုပ်ရန် ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် GSMA အဖွဲ့အစည်းသည် mAgri အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ လယ်ယာမြေစိုက်ပျိုးရေး […]

Read More

အဝေးထိန်းလေယာဉ်ဖြင့် ကုန်ပစ္စည်းပေးပို့သည့် အစီအစဉ်ကို Alibaba စမ်းသပ်

Alibaba သည် အဝေးထိန်းလေယာဉ် (drone) ဖြင့် ကုန်ထုပ်ပစ္စည်းများအား ပေးပို့သည့် အစီအစဉ်ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြောင်း Taobao တွင် ဖော်ပြခဲ့သည်။ Amazon အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်၏ စိတ်ကူးကို အကောင်အထည်ဖော်သည့် အနေဖြင့် Alibaba ၏ နာမည်ကျော် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် Taobao ကို Shanghai YTO Express နှင့် ပူးပေါင်းကာ ဖေဖော်ဝါရီလ ၄ ရက်မှ ၆ ရက်အထိ ကုန်ထုပ်ပစ္စည်းများအား စမ်းသပ်ပေးပို့ခဲ့ခြင်း ဖြစ်သည်။ Amazon ၏ စမ်းသပ်မှုတွင် ဖောက်သည် ၄၅၀ ဦးထံသို့ ကုန်ပစ္စည်းများကို အဝေးထိန်းလေယာဉ်ဖြင့် ပေးပို့ခဲ့ပြီး ပေးပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ သကြားပါဝင်သော ဂျင်းလဘက်ရည်တစ်မျိုးတည်းသာ ဖြစ်ကြောင်း Alibaba မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက […]

Read More

လူမှုရေးမီဒီယာ account များတွင် မူရင်းနာမည်ကို အသုံးပြုရန် တရုတ် တောင်းဆို

လူမှုရေးမီဒီယာ account အတုများ လျော့ပါးစေရန်အတွက် တရုတ်အစိုးရက blog များ၊ လူမှုရေးကွန်ရက်များ၊ ဖိုရမ်များနှင့် IM ဝန်ဆောင်မှုများတွင် မူရင်းနာမည် အသုံးပြုရန် နည်းဥပဒေသစ်များ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အပြောင်းအလဲသည် တရုတ်အစိုးရ၏ နိုင်ငံအတွင်း အွန်လိုင်းအသုံးပြုမှု စိစစ်ရေးအတွက် တိုးမြှင့်လုပ်ဆောင်မှုတစ်ရပ် ဖြစ်သည်။ Account အတုများသည် လူသိများထင်ရှားသည့် ပုဂ္ဂိုလ်များ သို့မဟုတ် group အစစ်အမှန်များအသွင် တုပပြီး လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေရန် ပြုလုပ်လျက်ရှိကြောင်း၊ အချို့သော ကိစ္စရပ်များတွင် account အတုများသည် တရုတ်အစိုးရဌာနများအသွင် တုပကာ ပြည်သူများအား အထင်အမြင်မှားစေသလို မီဒီယာအဖွဲ့အစည်းများအတွင် တုပပြီး သတင်းအတုများ ထုတ်ပြန်နေကြောင်း တရုတ်နိုင်ငံ၏ အင်တာနက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။ အဆိုပါ account အတုများကို တားမြစ်ရန်အတွက် အင်တာနက် […]

Read More

Tablet ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Portable EVD Player များ ဈေးကွက်ဝင်

Tablet ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် AEK တံဆိပ် Portable EVD Player များကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ပြီး အပြာ၊ အနီ၊ ရွှေ ကာလာသုံးရောင်ဖြင့် ထုတ်လုပ် ထားကြောင်း သိရသည်။ အဆိုပါ EVD Player များအား စားပွဲပေါ်တွင်ထောင်ကာ အသုံးပြုနိုင်မည့်အပြင် ပေါင်ပေါ်တင်သုံးခြင်းနှင့် လက်ဆွဲအနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၉.၈ လက်မရှိပြီး TFT LED Display အမျိုးအစားဖြစ်သည်။ ၃ လက်မ စပီကာကို ထည့်သွင်းထားသည့်အတွက် အသံထွက် ကျယ်လောင်မှု ရှိမည်ဖြစ်ပြီး DVD, VCD, MP3, MP4, MP5, WMA, MPEG, AVI, VOB, DIVX, JPEG စသည့် အခွေမျိုးစုံ ဖတ်နိုင်မည်ဖြစ်ကြောင်း […]

Read More