ရှန်ဟိုင်းတွင် ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် Hurun နည်းပညာပစ္စည်း အကောင်းဆုံး ဆုပေးပွဲတွင် Huawei ၏ စမတ်ဖုန်း အသစ်တစ်ခုဖြစ်သော Mate7 က ၂၀၁၅ ခုနှစ်၏ အကောင်းဆုံး စမတ်ဖုန်း အသစ်ဆုကို ရရှိခဲ့သည်။ အဆိုပါ ဆုပေးပွဲတွင် ဇိမ်ခံပစ္စည်းအမျိုးအစား ၁၀၀ ကျော် ဖြစ်သည့် ကား၊ နာရီ၊ ဖက်ရှင်တံဆိပ်များနှင့် လက်ဝတ်ရတနာ၊ ရွက်လှေသင်္ဘော၊ ဂျက်လေယာဉ်၊ ပုဂ္ဂလိကဘဏ်လုပ်ငန်း အစရှိသော ဇိမ်ခံပစ္စည်းများကို ဆုများချီးမြှင့်ခဲ့ပြီး Huawei Mate7 က ရောင်းရအမြန်ဆုံး၊ အကျော်ကြားဆုံး၊ တိုးတက်မှုအမြန်ဆုံး ဖုန်းတစ်ခုဖြစ်သည့်အတွက် အထက်ပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ စတင်ရောင်းချခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ယနေ့အထိ ကမ္ဘာတစ်ဝှမ်းတွင် Huawei Mate7 အလုံးရေ နှစ်သန်းကျော်ကို […]
Read Moreမိုဘိုင်းဖုန်းအတွင်း ငွေလက်ကျန် နည်းနေသည့်အခါတွင်ဖြစ်စေ၊ ငွေလက်ကျန် ကုန်ဆုံးသွားသည့် အခါတွင် ဖြစ်စေ မိမိထံသို့ ဖုန်းပြန်လည် ခေါ်ဆိုစေရန် Call me back စနစ်ဖြင့် အကြောင်း ကြားနိုင်သည်ဟု Ooredoo က ကြေညာသည်။ မကြာသေးခင်က Call me back ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် Telenor ကလည်း ကြေညာခဲ့သည်။ Telenor အနေဖြင့် Call me back ကို မည့်သည့် ဖုန်းလိုင်းကိုမဆို ပေးပို့နိုင်သည်ဟု ကြေ ညာခဲ့သော်လည်း Ooredoo သည် ၎င်းတို့ ဖုန်းသုံးစွဲသည့် မည်သည့် နံပါတ်ကိုမဆို ပေးပို့နိုင်သည်ဟု ကြေညာခဲ့သည်။ Call me back ဝန်ဆောင်မှုကို ၎င်းတို့အနေဖြင့် အသုံးပြုသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် […]
Read MoreRaspberry Pi ကို ကျောင်းများတွင် အခြေခံ ကွန်ပျူတာသိပ္ပံ သင်ကြားနိုင်ရန်အတွက် Raspberry Pi Foundation က ၂၀၁၂ ခုနှစ်တွင် ရည်ရွယ်ထုတ်လုပ်ခဲ့သည့် တန်ဖိုးနည်း အသေးစား ကွန်ပျူတာတစ်မျိုး ဖြစ်သည်။ မူလ Raspberry Pi ကို Broadcom BCM2835 system on a chip (SoC) တွင် အခြေခံထားပြီး ARM1176JZF-S 700MHz processor, VideoCore IV GPU နှင့် 256MB RAM ဖြင့် တင်ပို့ရောင်းချခဲ့သည်။ နောက်ပိုင်းထုတ်လုပ်သည့် Model B နှင့် Model B+ တွင် 512MB အထိ အဆင့်မြှင့်တင်ပေးခဲ့သည်။ အဆိုပါ Raspberry Pi […]
Read MoreGPS Tracking စနစ်ကို အသုံးပြုသည့် အငှားယာဉ်များကို မိုဘိုင်းဖုန်းဖြင့် လွယ်ကူစွာ ဆက်သွယ်ခေါ် ယူနိုင်မည်ဟု အဆိုပါ အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်နေသည့် Dagon Logistics ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။ ရန်ကုန်မြို့တွင်း၌ ရောင်နီဦးအမည်ဖြင့် ပြေးဆွဲနေသည့် အငှားယာဉ်များကို GPS စနစ် တပ်ဆင်ပေးပြီး On Call စနစ်ဖြင့် ဆက်သွယ်ခေါ်ဆိုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ “1876 လိုမျိုး ဂဏန်းလေးလုံးနဲ့ Call Center သဘောမျိုးအတွက် လိုင်စင်လျှောက်ရတာ အရမ်းခက်နေတယ်။ ဒီတော့ ခေါ်ဆိုလို့လွယ်တဲ့ ရိုးရိုးတယ်လီ ဖုန်းနံပါတ်တွေနဲ့ လုပ်ကိုင်သွားပါမယ်” ဟု ဦးအောင်ဝင်းက ပြောသည်။ ရန်ကုန်မြို့အတွက် အငှားယာဉ် ၁ ထောင်ဝန်းကျင်ရှိမှသာ အဆိုပါ ဝန်ဆောင်မှုကို ကောင်းမွန်စွာ လည် […]
Read Moreမြန်မာနိုင်ငံမှ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးများဖြစ်သည့် ကုသိုလ်တော်ဘုရားရှိ ကျောက်စာမှ ကျောက်ထက်အက္ခရာများကို ဂျပန်၏ ငွေကြေးထောက်ပံ့မှုဖြင့် သုံးနှစ် ကာလစီမံချက် Digitalize ပြုလုပ်ပြီး ဝက်ဘ်ဆိုက်တည်ဆောက်ကာ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာအနှံ့သို့တင်ပြသွားမည်ဟု ဇန်န၀ါရီလ ၂၂ ရက်က ကျင်းပခဲ့သော အမျိုးသားလွှတ်တော်တွင် ယဉ်ကျေးမှုဝန်ကြီး ဌာနဒုတိယ ဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထိုနေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒအမှတ်(၁)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမော်ထွန်း၏ ကြယ်ပွင့်ပြ မေးခွန်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးသန်းဆွေက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့၊ ကုသိုလ်တော်ဘုရားဝန်းအတွင်းရှိ ကျောက်စာ များအား UNESCO ၏ ကမ္ဘာ့မှတ် တမ်းအမွေအနှစ် အစီအစဉ် Memory Of the World Program သို့ […]
Read Moreနည်းပညာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသော ဗီယက်နမ် ကုမ္ပဏီတစ်ခုဖြစ်သည့် FPT Myanmar ဖွင့်လှစ်ခြင်းကို ဇန်နဝါရီလ ၁၆ ရက်က ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းနည်းပညာနှင့် ဆက်သွယ် ရေးဆိုင်ရာဒုဝန်ကြီး ဦးသောင်းတင်နှင့် ဗီယက်နမ်နိုင်ငံ သတင်း နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဒုဝန်ကြီး Mr. Nguyen Minh Hong တို့နှင့်အတူ ဂျပန်၊ မြန်မာ၊ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ၊ ဗီယက်နမ်သံရုံးမှ တာဝန်ရှိ ပုဂ္ဂ္ဂိုလ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ FPT Myanmar သည် တရားဝင် လုပ်ငန်းလုပ်ဆောင်ခွင့်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင် ရရှိခဲ့ပြီး […]
Read MoreSamsung Electronics Myanmar သည် ဇန်နဝါရီလ ၂၇ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ အ.ထ.က (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား လူငယ်များကို အကူအညီဖြစ်စေရန် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ စာသင်ကျောင်းအား စာသင်စားပွဲနှင့် ထိုင်ခုံ အလုံး ၁၀၀၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်စေရန်အတွက် ပြန်လည်ပြုပြင် ဆေးသုတ်ပေးခြင်းနှင့် သောက်သုံးရေ အဆင်ပြေစွာ ရရှိနိုင်စေရန် ၁,၅၀၀ လီတာဆံ့ Steel တိုင်ကီ ၃ လုံးတို့အား ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြင့် အသိပညာ၊ အတတ်ပညာများ သင်ယူနိုင်ရန် ရှေးရှုပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Samsung Myanmar မှ ကျင်းပပြုလုပ်ခဲ့သည့် Samsung […]
Read MoreDuo Camera ဆိုတာက တော့ HTC One (M8) စမတ်ဖုန်းမှာ စတင်အသုံးပြုလာတဲ့ ကင်မရာ နည်းပညာတစ်ခုဖြစ်ပြီး ဒီစနစ်က ဖုန်းရဲ့နောက်ကျောဘက် ကာဗာပေါ်မှာ ကင်မရာ sensor နှစ်လုံးကို အသုံးပြုဖန်တီးထား တာလည်းဖြစ်ပါတယ်။ 4.1 megapixel (UltraPixel) အမျိုးအစား အဓိက sensor နဲ့ 2 megapiel (depth) အမျိုးအစားအရံ sensor နှစ်လုံးကို ထည့်သွင်းထား တာဖြစ်ပြီး သူ့မှာအသုံးပြုထားတဲ့ အရံ ကင်မရာ sensor က ပုံရိပ် တွေရဲ့ အကွာအဝေးနဲ့ သူ့ဘေး ဘက်အကျယ်အ၀န်းကို တိုင်းတာဖို့အတွက် ထည့်သွင်းထားတာတော့မဟုတ်ပါဘူး။ UltraPixel sensor နဲ့တွဲဖက် အသုံးပြုထားတဲ့ 28mm မှန်ဘီ လူးက ပတ်ဝန်းကျင်အလင်းရောင် မတည်ငြိမ်တဲ့ […]
Read MoreMicrosoft သည် lock screen ပေါ်တွင် အသုံးတည့်စေမည့် လုပ်ဆောင်ချက်များ၊ အသုံးဝင်မည့် shortcut များနှင့် လှပသည့် ဓာတ်ပုံများ ပါဝင်သော အခမဲ့ Android app တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ Picturesque Lock Screen ဟုခေါ်သော အဆိုပါ app ကို ဒုတိယမြောက် home screen တစ်ခုကဲ့သို့ အသုံးပြုနိုင်သည်။ ၎င်းတွင် scroll လုပ်နိုင်မည့် screen အများအပြား ပါဝင်ပြီး Bing search bar အပြင် စိတ်ကြိုက်ပြင်ဆင်နိုင်သည့် news feed နှင့် ရာသီဥတုအစီရင်ခံမှု တို့ကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် device notification များနှင့် အသုံးပြုလေ့ရှိသည့် app များ၏ shortcut […]
Read MoreSamsung သည် ၎င်း၏ နာမည်ကျော် Galaxy ထုတ်ကုန်သစ်ကို မတ်လ ၁ ရက်တွင် ပွဲထုတ်မိတ်ဆက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ Samsung သည် နှစ်စဉ် ပုံမှန်ကျင်းပသည့် Galaxy Unpacked ပွဲအတွက် ဂျာနယ်လစ်များကို ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အနက်ရောင် ဖိတ်စာပေါ်တွင် What’s Next ဟူသော စာသားနှင့် ကွေးညွှတ်ထားသည့် ထုတ်ကုန်တစ်ခုကို အရိပ်အမြွက် ဖော်ပြခဲ့သည်။ ကောလာဟလ သတင်းများတွင်မူ Samsung သည် Galaxy S6 စမတ်ဖုန်းကို Mobile World Congress ကုန်စည်ပြပွဲ မတိုင်မီ မိတ်ဆက်ပြသဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ကိုရီးယားကုမ္ပဏီကြီးသည် သုံးလပတ် ငါးကြိမ်ဆက်တိုက် အမြတ်ငွေ ကျဆင်းခဲ့သလို မိုဘိုင်းဈေးကွက်ရှယ်ယာမှာလည်း ကျဆင်းခဲ့သောကြောင့် နာမည်ကျော် […]
Read MoreCopyright © 2021 | Internet Journal