Day: February 3, 2015

ဖြန့်ချိပြီး သုံးလအကြာတွင် Lollipop အသုံးပြုသည့် Android ထုတ်ကုန် ၂ ရာခိုင်နှုန်းအောက်သာရှိ

လွန်ခဲ့သည့် သုံးလက ဖြန့်ချိခဲ့သည့် Google ၏ နောက်ဆုံးပေါ် Android operating system ဖြစ်သော Lollipop ကို အသုံးပြုသည့် Android ထုတ်ကုန် အရေအတွက်သည် ၁.၆ ရာခိုင်နှုန်းသာ ရှိကြောင်း Android Developers Dashboard ၏ နောက်ဆုံးဖော်ပြချက်အရ သိရသည်။ Android ဈေးကွက်တွင် ရှယ်ယာ အနည်းဆုံး ဗားရှင်းမှာ Android 2.2 (Froyo) ဖြစ်ပြီး Android 4.1/4.2/4.3 (Jelly Bean) ကို အသုံးပြုသည့် ထုတ်ကုန်အရေအတွက်မှာ ၄၄.၅ ရာခိုင်နှုန်းဖြင့် အများဆုံး ရပ်တည်လျက်ရှိသည်။ Android 4.4 (KitKat) ၏ ဈေးကွက်ရှယ်ယာမှာ ၃၉.၇ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိတွင် Google […]

Read More

Red Dot ကို ရှာဖွေစို့ ပြိုင်ပွဲရက် တိုးမြှင့်

Red Dot ကိုရှာဖွေစို့ ပြိုင်ပွဲကို မူလ သတ်မှတ်ထားသောရက်မှ တိုးမြှင့်လိုက်ကြောင်း Red Dot မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Red Dot Logo နှင့် ဓါတ်ပုံရိုက်ကာ ငွေကျပ်တစ်သိန်း ရယူနိုင်မည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၄ ရက်အထိ သတ်မှတ်ထားရာမှ ဖေဖော်ဝါရီလ ၁၅ ရက်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ Red Dot အမှတ်အသားရှိ ဆိုင်တစ်ဆိုင်ကို တွေ့အောင်ရှာဖွေပြီး ယင်း Red Dot logo အမှတ်အသားနှင့်အတူ ပျော်ရွှင်ဖွယ် ဓာတ်ပုံတစ်ပုံ ရိုက်ယူရမည်ဖြစ်ကြောင်း၊ ယင်းဓါတ်ပုံ ရိုက်သူ၏ မိုဘိုင်းဖုန်းဘီလ်ကို ထိုဆိုင်တွင် ငွေဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ဖုန်းဘီလ်ဖြည့်ကာ ငွေရပြေစာ ရယူထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းပုံကို Red Dot ၏ […]

Read More

Raspberry Pi 2 အတွက် Windows 10 ကို Microsoft အခမဲ့ ထောက်ပံ့ပေးမည်

၂၀၁၂ ခုနှစ်က ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သည့် Raspberry Pi တန်ဖိုးနည်း ကွန်ပျူတာ၏ ဒုတိယမြောက် မျိုးဆက်ဖြစ်သော Raspberry Pi 2 တွင် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည့် ပရိုဆက်ဆာနှင့် နှစ်ဆပိုမိုသည့် RAM တို့ ပါဝင်လာမည်ဟု Raspberry Pi Foudation မှ ထုတ်ပြန်ပြီးနောက်တွင် အဆိုပါ ထုတ်ကုန်အတွက် Windows 10 ကို အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။ Raspberry Pi 2 အတွက် ထောက်ပံ့ပေးမည့် Windows 10 ဗားရှင်းကို အတိအကျ မသိရှိရသေးသော်လည်း Microsoft အနေဖြင့် အဆိုပါ operating system ကို Windows Developer […]

Read More

တက္ကသိုလ်များ သီးခြား လွတ်လပ်စွာ ရပ်တည် ကြရတော့မည်ဟု ပြည်ထောင်စုဝန်ကြီးဆို

မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းပေါင်း ၁၃၆ ကျောင်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် မဟုတ်ဘဲ တက္ကသိုလ်များသည် သီးခြားလွတ်လပ်စွာ ရပ်တည်ကြ ရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တက္ကသိုလ်များ သီးခြားလွတ်လပ်စွာ ရပ်တည်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သိရသည်။ “လာမယ့် ဘဏ္ဍာရေးနှစ်မှာ တက္ကသိုလ်တွေဟာ ကိုယ့်ကျောင်းတာဝန်ကို ကိုယ်တာဝန်ယူ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီကျောင်းတွေရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကိုသာ ပညာရေးဝန်ကြီးဌာနကနေ တစ်ဆင့် လွှတ်တော်သို့ တင်ပြပေးတဲ့ တာဝန်ကိုသာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ၂၀၁၅ ဘဏ္ဍာရေးနှစ်အစ ဖြစ်တဲ့ ဧပြီ ၁ ရက်မှာ ဘဏ္ဍာရေး ကူးပြောင်းမှု ဆောင်ရွက်ပြီး ပညာသင်နှစ်အစ ဒီဇင်ဘာမှာ Academic ကဏ္ဍမှာ ကူးပြောင်းမှုရှိမှာဖြစ်ပါတယ်” […]

Read More

နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုအတွက် လူတွေ့စာမေးပွဲ ကျင်းပမည်

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် လူတွေ့စာမေးပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ၏ ပညာသင်တော်သင်ဆုအတွက် အရည်အချင်းစစ် စာမေးပွဲတွင် IELTS 6.0 နှင့်အထက် ညီမျှသော Aptis Test ၌ အဆင့် C ဖြင့် အမှတ်အများဆုံးရရှိသူ ၁၄၂ ဦး ရှိသည်။ အဆိုပါ ရွေးချယ်ခံထား ရသူများအား ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများသည် သွားရောက် လိုသောနိုင်ငံ၊ တက်ရောက်လိုသော တက္ကသိုလ်၊ လျှောက်ထားလိုသော အထူးပြု ဘာသာနယ်ပယ်တို့ ထည့်သွင်းဖော်ပြ ပါရှိသော Updated ကိုယ်ရေးမှတ် တမ်းများကို Schlormm2015@gmail.com သို့ ဖေဖော်ဝါရီလ […]

Read More

MCTA ၏ ၉ ကြိမ်မြောက် နှစ်ပတ်လည် ဆုပေးပွဲ ပျော်ပွဲရွှင်ပွဲ

MCTA ၏ ၉ ကြိမ်မြောက် နှစ်ပတ်လည် ဆုပေးပွဲ၊ ပျော်ပွဲရွှင်ပွဲကိုတော့ ဇန်နဝါရီလ ၃၀ ရက်က အဆိုပါကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Star Wars Old Republic Online ဂိမ်းသစ်ထွက်ရှိ

ယခင်က World of WarCraft ကဲ့သို့ လစဉ်ကြေးပေး၍ ကစားခဲ့ရသော Star Wars – The Old Republic ကို Game Client အခွေဝယ်ယူပြီးရုံဖြင့် Electronic Arts ၏ Official Server တွင် အခမဲ့ (Free to play) ကစားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ Dragon Age နှင့် Mass Effect တို့၏ developer BioWare မှ ရေးဆွဲထားခြင်းဖြစ်ပြီး Knights of the Old Republic ဇာတ်လမ်းအပြီး နှစ်ပေါင်း ၃၀၀ ကျော်နှင့် Star Wars ရုပ်ရှင်ဇာတ်ကားများ မတိုင်ခင် နှစ်ပေါင်း ၃,၅၀၀ ကျော်တွင် […]

Read More

App Cleaner For Mac (Free)

http://goo.gl/DqJY3p  ဆော့ဖ်ဝဲအမျိုးအစား – File Management ဗားရှင်း – 2.3 ဖိုင်အရွယ်အစား – 2.15 MB အသုံးပြုနိုင်သည့် OS – Mac OS 10.6 / 10.7 / 10.8 / 10.9 / 10.10 ဖိုင်အရွယ်အစား သေးငယ်ပြီး  အသုံးဝင်တဲ့ App Cleaner ဆိုတဲ့ ဆော့ဖ်ဝဲဟာ Mac OS အတွင်း ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေကို ပြန်လည်ဖယ်ရှားတဲ့အခါမှာ အသုံးဝင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါ တယ်။ ဆော့ဖ်ဝဲတွေကို ပြန်လည် ဖယ်ထုတ် ရှင်းလင်းတဲ့ အခါမှာလည်း အဆိုပါ ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ ဖိုင်တွေမကျန်ရှိစေဖို့အတွက်လည်း ရှင်းလင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဖိုင်တွေကို […]

Read More

Telenor ဆင်းမ်ကတ်များအား ဈေးပိုမဝယ်ရန် ပြောကြား

Telenor ဆင်းမ်ကတ်များအား သတ်မှတ်ထားသောဈေးထက် ပို၍မဝယ်ယူကြရန် Telenor မှ Mr.Hanne Knudsen (VP, Head of Communication), CEO Office က ပြောကြားသည်။ “Telenor သုံးစွဲတဲ့သူတွေကို ပြောချင်တာက ၁,၅၀၀ ကျပ်ထက် ပိုပေးပြီးတော့ မဝယ်ကြပါနဲ့။ Telenor ရဲ့ သက်ဆိုင်ရာ လက်လီအရောင်းဆိုင်တွေကို မြန်မာနိုင်ငံ အနှံ့မှာ ဖြန့်ကြက် ထားပြီး ဖြစ်ပါတယ်။ အဲဒီ ဆိုင်တွေကနေ ပုံမှန်နှုန်းထားနဲ့ လွယ်လွယ်ကူကူ ဝယ်လို့ရရှိနိုင်ပါတယ်” ဟု Mr.Hanne Knudsen က ပြောကြားသည်။ လက်ရှိတွင် Telenor ဆင်းမ်ကတ်များအား ပုံမှန်နှုန်းထားထက်ပို၍ ရောင်းချနေကြခြင်းနှင့် ပတ်သက်၍ ပြော ကြားခြင်း ဖြစ်သည်။ ဈေးကွက်အတွင်း ဆင်းမ်ကတ်များ လိုအပ်ချက်ကို ဖြည့် […]

Read More

Windows PC အား အချိန်ဖြင့် Shutdown ပြုလုပ်ရန် သတ်မှတ်ခြင်း

Windows Operating System အသုံးပြု သူများအနေဖြင့် မိမိ PC ကို ညပိုင်းတွေမှာ Download ပြုလုပ်တာပဲဖြစ်ဖြစ် အခြားသော အလုပ်ကိစ္စများအတွက် ခိုင်းစေထားတဲ့ အခါမှာပဲဖြစ်ဖြစ် PC ကို ဖွင့်ထားပြီး ညပိုင်း Auto Shutdown ပြုလုပ်ချင်တဲ့အခါမှာ အခြားသော Third Party Software တွေကို အသုံးမပြုဘဲ Windows Operating System မှာ Built-in ပါဝင်တဲ့ Task-Scheduler ဆို တာနဲ့ ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။ Task-Scheduler ကို ဖွင့်ဖို့အတွက် ပထမဆုံး Start Button ကို နှိပ်လိုက်ပါ။ Program Search Box မှာ Task-Scheduler ဆိုတဲ့ Keyword […]

Read More