Day: January 29, 2015

OPPO ၏ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံရိုက်ပြိုင်ပွဲကို ပြည်တွင်းမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်

OPPO ၏ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံရိုက်ပြိုင်ပွဲကို မြန်မာပြည်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း OPPO Myanmar မှသိရသည်။ အဆိုပါ “It’s Your Turn” အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံရိုက်ပြိုင်ပွဲကို ဇန်န၀ါရီလ ၂၆ ရက်မှစတင်၍ “Selfie Showdown”၊ “Our World” နှင့် “Inspiring Moments” စသည့် ခေါင်းစဉ် ၃ ခုဖြင့် သုံးပတ်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခေါင်းစဉ်နှင့် ကိုက်ညီမှုရှိသည့် ဓာတ်ပုံများကို မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ “ဒီဓာတ်ပုံပြိုင်ပွဲကို တစ်ကမ္ဘာလုံးက လူတွေနည်းတူ မြန်မာနိုင်ငံကနေလည်း ဝင်ပြီးယှဉ်ပြိုင်နိုင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ ရိုက်ထားတဲ့ပုံကို သုံးပြီး ယှဉ်ပြိုင်ရမှာပါ။ OPPO ဖုန်းနဲ့ ရိုက်မှမဟုတ်ပါဘူး။ ဘယ်ဖုန်းနဲ့မဆို ရိုက်ပြီး ဝင်ပြိုင်လို့ရပါတယ်။ ပြိုင်ပွဲမှာ […]

Read More

The 6th Asia/Myanmar Mobile Money + E-Commerce Summit 2015 ကျင်းပ

The 6th Asia/Myanmar Mobile Money + E-Commerce Summit 2015 အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံရှိ တယ်လီကွန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများပါဝင်ခဲ့ပြီး မိုဘိုင်းငွေကြေးများဆိုင်ရာ၊ E-Commerce ဆိုင်ရာများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန် ရှိသူများက ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် May Bank, CB Bank, KDDI Corporation, Ooredoo, Telenor, YTP အစရှိသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပါဝင်ခဲ့သည်။  

Read More

Red Dot Logo နှင့် ဓာတ်ပုံရိုက်ကာ ငွေကျပ်တစ်သိန်း ရယူနိုင်မည့်အစီအစဉ်ကို ဖေဖော်ဝါရီ ၄ ရက်အထိ ပါဝင်á

Red Dot Logo နှင့် ဓါတ်ပုံရိုက်ကာ ငွေကျပ်တစ်သိန်း ရယူနိုင်မည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၄ ရက်အထိ ပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Red Dot Network မှသိရသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် နေထိုင်သူများအနေဖြင့် မြို့အနှံ့တွင်ရှိသော Red Dot Logo ရှိ ဆိုင်များကိုရှာဖွေကာ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဆောင်ရွက်ရ မည့် အချက် များ အနေဖြင့် Red Dot ဆိုင်တစ်ဆိုင်ကို တွေ့အောင်ရှာဖွေပြီး ယင်း Red Dot logo မှတ်အသားနှင့်အတူ ပျော်ရွှင်ဖွယ် ဓာတ်ပုံတစ်ပုံ ရိုက်ယူရမည်ဖြစ်ကြောင်း၊ ၎င်းဓာတ်ပုံ ရိုက်သူ၏ မိုဘိုင်းဖုန်းဘီလ်ကို ထိုဆိုင်တွင် ငွေဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ယင်းပုံကို Red Dot ၏ […]

Read More

Audiobox THOR 900 2.1 Superbass Speaker

Audiobox အမှတ်တံဆိပ် Thor 900 မော်ဒယ် 2.1 Superbass Speaker ဖြစ်သည်။ USB Input ပါဝင်သလို  SD ကတ် ထည့်သွင်းပြီးလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ FM လိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။ Remote Control ပါဝင်သည့်အတွက် အဝေးမှထိန်းချုပ် အသုံးပြုနိုင်မည် ဖြစ်သည်။ LED display နှင့် AUX Port များလည်း ပါဝင်သည်။  Bluetooth စနစ်ဖြင့် ချိတ်ဆက်အသုံးပြုလိုပါက bluetooth Dongle ကို စပီကာတွင် တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။  အသုံးပြုလိုသူများအနေဖြင့် Ko Beno Game Sales & Service ဖုန်း ၂၅၆၄၁၇ ၊၃၈၀၅၃၆ နှင့်၀၉၇၃၂၂၄ ၉၈၉ […]

Read More

ဖုန်းပြန်လည်ခေါ်ဆိုရန် Message အခမဲ့ ပေးပို့နိုင်

မိုဘိုင်းဖုန်းဘီလ် လျော့နည်းနေချိန်ဖြစ်စေ၊ ကုန်ဆုံးနေချိန်ဖြစ်စေ မိုဘိုင်းဖုန်း ပြန်လည်ခေါ်ဆိုပေးရန်အတွက် Message အခမဲ့ ပေးပို့နိုင်သည်ဟု Telenor Myanmar က ကြေညာသည်။ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် *979# သို့ ခေါ်ဆိုပြီးသည့်အခါ နံပါတ် ၃ ကို ပထမတစ်ကြိမ်နှိပ်၍ နံပါတ် ၂ ကို ဒုတိယတစ်ကြိမ် ထပ်မံနှိပ်ပေးရန် လိုအပ်သည်ဟု သိရသည်။ နံပါတ် ၂ ကို နှိပ်ပြီးသည့်နောက် မည်သည့် မိုဘိုင်းဖုန်းနံပါတ်ကိုမဆို Call Me Back ဟု ရေးသား၍ အခမဲ့ ပေးပို့နိုင်သည်ဟု Telenor က ကြေညာထားသည်။ အခမဲ့ Message ပေးပို့နိုင်သည့် ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ မိုဘိုင်းဖုန်းနံပါတ်များကို ရေးသားရာ၌ ၀၉ ဟု ထည့်သွင်းရေးသားရန် […]

Read More

Wireless hotspot များ အသုံးမပြုနိုင်ရန် တားဆီးခြင်းမှာ တရားမဝင်ဟု FCC ဆို

တစ်ကိုယ်ရေသုံး Wi-Fi hotspot ပိတ်ပင်မှုသည် တရားမဝင်ကြောင်း ကိုယ်ပိုင်ကွန်ရက်များကို ဖိအားပေး ပိတ်ပင်မှုအပေါ် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က Federal Communications Commission (FCC) ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ အေဂျင်စီသည် တစ်ကိုယ်ရေသုံး hotspot များကို ပိတ်ပင်နေသည့် ဟိုတယ်နှင့် ညီလာခံကျင်းပရာ နေရာများသည် တရားဥပဒေကို ချိုးဖောက်နေသောကြောင့် ဒဏ်ငွေများကို ပေးဆောင်ရမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သွားခဲ့သည်။ ကုမ္ပဏီများသည် Wi-Fi hotspot များကို ပိတ်ပင်လိုမှု သို့မဟုတ် မသမာသော နည်းလမ်းဖြင့် ပိတ်ပင်လိုမှုများနှင့် ရင်ဆိုင်နေရပြီး ဒဏ်ငွေပေးဆောင်ရနိုင်သည့် အခြေအနေရှိကြောင်း FCC ကထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အစိုးရအေဂျင်စီ FCC သည် ၎င်း၏ ထုတ်ပြန်ချက်တွင် တစ်ကိုယ်ရေသုံး Wi-Fi hotspot များကို […]

Read More

Telenor ၏ အင်တာနက် ဆက်ကြောင်း ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်မိမည်ဟုဆို

ပြိုင်ဘက်အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း နှေးကွေးနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် Telenor Myanmar သည် အင်တာနက် အမြန်နှုန်းမြှင့်တင်နိုင်ရန် ထိုင်းနိုင်ငံဘက်မှ ဆက်ကြောင်းတစ်ခုနှင့် ချိတ်ဆက်နေသည်ဟု သိရသည်။ Telenor အနေဖြင့် ထိုင်းနိုင်ငံဘက်က အင်တာနက်ဆက်ကြောင်းနှင့် ချိတ်ဆက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လာမည့် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ချိတ်ဆက်နိုင်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “Brandwidth အနေနဲ့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ယူလို့ရတယ်။ စစချင်းမှာတော့ 10 GB ယူသွားမယ်” ဟု Telenor မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။ မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူများ၏ အဆိုအရ ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo […]

Read More

QuickDraw ကံစမ်းမဲ Application အသုံးပြု၍ iPhone 5s ကံစမ်း ရယူနိုင်

QuickDraw အမည်ရှိ ကံစမ်းမဲ Appplication ကို အသုံးပြု၍ iPhone 5s ၊ ကမ်းခြေအပန်းဖြေ ခရီးသွားလက်မှတ်နှင့် ဂျပန်အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ ကံစမ်းရယူနိုင် မည်ဖြစ်ကြောင်း ဆော့ဖ်ဝဲလုပ်ငန်းဖွံ့ဖြိုးရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Acroquest Myanmar Technology Co., Ltd. မှ သိရသည်။ “ဆုရရှိသူကို ကျွန်တော်တို့ ဆုရရှိမှုအတွက် ဂုဏ်ပြုကြောင်း message နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ပို့ပေးပါတယ်။ မဲပေါက်တဲ့သူက ကျွန်တော်တို့ဆီကို ဖုန်းနဲ့ ဆက်သွယ်လိုက်ရုံပါပဲ။ တကယ်လို့ မဆက်သွယ်ခဲ့ရင်တော့ ဆုအတွက် အခြားတစ်ယောက်ကို ရွေးချယ်သွားမှာပါ။ QuickDraw ကို အသုံးပြုပြီး ဆုတွေကိုရယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု Acro-quest Myanmar Techno-logy Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက […]

Read More

ထူးခြားသော ပင်ကိုစရိုက်များ ပါဝင်သည့် LG AKA စမတ်ဖုန်းများ မကြာမီ ပြည်တွင်းဈေးကွက်ဝင်မည်

အရောင်တစ်မျိုးစီအလိုက် ထူးခြားသော ပင်ကိုစရိုက်များ ပါဝင်သည့် LG AKA စမတ်ဖုန်းများအား မကြာမီ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ AKA စမတ်ဖုန်းများကို ၂၀၁၅ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် ပြည်တွင်းဈေးကွက်၌ စတင်မိတ်ဆက် ပေးသွားဖွယ်ရှိပြီး ၎င်းဖုန်းများတွင် ဖုန်းရှေ့ကာဗာတစ်ခု အပိုပါဝင်ကာ ၎င်းကာဗာကို တပ်ဆင်လိုက်ပါက ဖုန်း screen ၌ မျက်လုံးတစ်စုံက သုံးစွဲသူအား စောင့်ကြည့်နေသည့်အလား တုံ့ပြန်ဆောင်ရွက်နိုင်မည့်အပြင် YO YO, WOOKY, SOUL, EGGY စသည့် မော်ဒယ်အလိုက် တုံ့ပြန်မှုများ ပါဝင်မည်ဖြစ်သည်။ “LG AKA ဖုန်းတွေမှာ ထူးခြားတဲ့ ပင်ကိုစရိုက်လေးတွေ ရှိပါတယ်။ ပန်းရောင် YOYO က အမြဲတမ်း ဝိတ်တက် လာတယ်လို့ ထင်ရတဲ့ ကောင်မလေးနဲ့ […]

Read More

HTC Roadshow Special ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် HTC စမတ်ဖုန်း အမျိုးအစားများကို တရားဝင်ဖြန့်ဖြူး ရောင်းချလျက်ရှိသော Apex Distribution မှ ကျင်းပပြုလုပ်သည့် HTC Roadshow Special ကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၁၀ နာရီက စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ အမှတ်(244 F) ရှိ HTC Concept Store ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲ၌ HTC စမတ်ဖုန်း မျိုးစုံနှင့် ဒီဇင်ဘာလကုန်ပိုင်းလောက်မှ ဝင်ရောက်လာသည့် HTC Desire 816G ကို ခင်းကျင်းပြသထားပြီး လက်တွေ့စမ်းသပ် အသုံးပြုနိုင်စေရန် စီစဉ်ထားရှိသည်။ အထူးအစီအစဉ်အနေဖြင့် HTC One max နှင့် HTC One တို့ကို အထူးဈေးနှုန်းများဖြင့် ပရိုမိုးရှင်း ပြုလုပ် […]

Read More