App Expo2015 ကို ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတွင် လက်တွေ့ အသုံးချမိုဘိုင်းဆိုင်ရာ နည်းပညာများအကြောင်း အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ထည့်သွင်း ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ MICT Park Room(205) တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ရန်ကုန်မြို့ ရှိ မိုဘိုင်း ဖုန်းပြုပြင်ရေး သင်တန်းကျောင်းများမှ ပညာရှင်များကို ဖိတ်ကြားသွားမည်ဖြစ်ပြီး တက်ရောက်ဆွေးနွေး မှုများအား မှတ်တမ်းပြုစုခြင်းနှင့် တက်ရောက်ဆွေးနွေးမှုအတွက် အသိအမှတ်ပြု […]
Read MoreFacebook နှင့် Instagram ဝန်ဆောင်မှုများသည် ၄၅ မိနစ်ခန့် ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Facebook နှင့် Instagram ဝန်ဆောင်မှုများ ပြတ်တောက်မှုနှင့် ပတ်သက်၍ Twitter ပေါ်တွင် #Facebookdown ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် Tinder, AIM နှင့် HipChat ကဲ့သို့သော platform များတွင်လည်း ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ဝန်ဆောင်မှုများ ပြတ်တောက်မှု ဖြစ်ပွားရခြင်း အကြောင်းကို မသိရှိရသေးပေ။ Ref: ABCNews
Read MoreApple Watch ကို မတ်လတွင် စတင်ရောင်းချဖွယ်ရှိကြောင်းနှင့် အဆိုပါထုတ်ကုန်များကို ပထမသုံးလပတ်တွင် အလုံးရေ ၅ သန်း ရောင်းချရဖွယ်ရှိကြောင်း KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူက သုံးသပ် ပြောကြားလိုက်သည်။ ထို့အပြင် အစောပိုင်း အစီရင်ခံစာများတွင်လည်း Apple Watch ကို မတ်လတွင် ဖြန့်ချိဖွယ်ရှိကြောင်း MacRumours မှ ဖော်ပြခဲ့သည်။ Apple သည် Apple Watch ကို စက်တင်ဘာလကုန်ပိုင်းက ပထမဦးဆုံး မိတ်ဆက်ပြသခဲ့ပြီး အဆိုပါ စမတ်နာရီကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။ Apple သည် ထုတ်ကုန်ကို စတင်မရောင်းချမီ ကြိုတင်မှာယူမှု အချက်အလက်များ အပါအဝင် စမတ်နာရီနှင့် […]
Read MoreSaints Row ဂိမ်းစီးရီး၏ နောက်ဆုံးထွက်ဂိမ်းသစ် Saints Row: Gat out of Hell မှာ PC, PS3 နှင့် Xbox360 ဂိမ်းစက်များအတွက် ထွက်ရှိလာကြောင်း သိရသည်။ Johnny Gat နှင့် Kinzie Kensington တို့ နေရာမှ ဝင်ရောက် ကစားရမည်ဖြစ်ပြီး Saints Row IV ဂိမ်းရဲ့ ဇာတ်လိုက်ဖြစ်သူ အမေရိကန်သမ္မတကို စေတန်နှင့် ငရဲသားများ လက်အောက်က ကယ်ဆယ်ရပုံ ကစားရမည့် ဇာတ်လမ်းသစ် ဖြစ်သည်။ Open World မြေပုံသစ် New Hades နယ်မြေတွင် ကစားရမည်ဖြစ်ပြီး Shantytown, Barrens, Downtown, Forg နှင့် Den အမည်ရ ကျွန်းငါးခု […]
Read MoreStrong password ဆိုသည်မှာ လူတစ်ဦး သို့မဟုတ် ပရိုဂရမ်တစ်ခုမှ ရှာဖွေဖော်ထုတ်ရန် ခက်ခဲသည့် password ကို ခေါ်ဆိုခြင်း ဖြစ်သည်။ Password တစ်ခုကို အသုံးပြုခြင်းကြောင့် အခွင့်အာဏာရှိသူတစ်ဦးကသာ ရင်းမြစ်များကို အသုံးပြုနိုင်စေသည့်အတွက် အဆိုပါ password ကို အလွယ်တကူ ခန့်မှန်းနိုင်ပါက လုံခြုံရေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည်။ Strong password တစ်ခု၏ အခြေခံ အစိတ်အပိုင်းများတွင် ပြည့်စုံလုံလောက်သည့် စာလုံးအရေအတွက်နှင့် ရောနှောထားသည့် အက္ခရာများ ပါဝင်သည်။ ခန့်မှန်းရလွယ်ကူသည့် weak password များသည် စာလုံးရေ အနည်းငယ်သာပါပြီး စာလုံးအက္ခရာများကိုလည်း single case ဖြင့်သာ အသုံးပြုကြသည်။ ထို့အပြင် လူအများသည် password များကို ဖန်တီးရာတွင် ၎င်းတို့၏ နာမည်များ၊ အိမ်မွေးတိရစ္ဆာန်တို့၏ အမည်များကို […]
Read MoreWai Yan (Bago) အရောင်းပြခန်းသစ် ဖွင့်ပွဲအခမ်းအနားကိုတော့ ဇန်နဝါရီလ ၁၇ ရက်က အမှတ် ၁၅၊ မင်းလမ်း၊ ပန်းလှိုင်ရပ်၊ ပဲခူးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read MoreCopyright © 2021 | Internet Journal