Day: January 26, 2015

Firefox browser တွင် Virtual Reality ထောက်ပံ့မှုကို Mozilla ထည့်သွင်း

Mozilla သည် ၎င်း၏ Firefox browser update အသစ်တွင် virtual reality ထောက်ပံ့မှုကို ထည့်သွင်းပေးထားကြောင်း PCMag မှဖော်ပြသွားခဲ့သည်။ Mozilla အနေဖြင့် ၎င်း၏ browser အတွက် Nightly နှင့် Developer Edition update များတွင် WebVR ထောက်ပံ့မှုကို ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် web browser မှတစ်ဆင့် virtual reality ကို ခံစားနိုင်မည် ဖြစ်သည်။ VR ထောက်ပံ့မှုပါဝင်သော browser ကိုသုံးစွဲရာတွင် တည်ငြိမ်မှုရှိစေရန် ဖန်တီးထားပြီး virtual ပတ်ဝန်းကျင်များကို ကြည့်ရူနိုင်ရန်အတွက် update များအား ပြုလုပ်ပေးသွားမည် ဖြစ်သည်။ ထို့အပြင် Mozilla ၏ WebVR […]

Read More

Quality

အချက်အလက် နည်းပညာထုတ်ကုန်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုတွင် quality သည် သုံးစွဲသူ၏ လိုအပ်ချက်များနှင့် ကိုက်ညီခြင်းကို ခေါ်ဆိုသည်။ Quality assurance ကို ဖွံ့ ဖြိုးတိုးတက်လျက်ရှိသည့် ထုတ်ကုန်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ အောင်မြင်မှုခြေလှမ်းများအတွက် အရည်အသွေး သေချာမှုရှိစေသည့် စနစ်ကျသော မည်သည့် လုပ်ငန်းစဉ်ကိုမဆို ခေါ်ဆိုသုံးနှုန်းနိုင်သည်။ ISO 9000 သည် လုပ်ငန်းဆိုင်ရာ အလေ့အထကို အကောင်းဆုံး ဆောင်ရွက်ပေးခြင်းအား သေချာစေမည့် ကုမ္ပဏီတစ်ခု၏ quality assurance စနစ်အတွက် စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။

Read More

Roshan The Immortal

Hero ပေါင်း ၁ဝဝ ကျော်ရှိတဲ့ Dota ကစားပွဲတစ်ပွဲဟာ Hero ၁ဝ ကောင်သာ ပါဝင်ကစားခွင့်ရှိတာကြောင့် Hero တိုင်းဟာ ပွဲတိုင်း မပါနိုင်ပေမယ့် Hero တစ်ကောင်ကဲ့သို့ သတ်မှတ်ခံထားရတဲ့သူတစ်ယောက် ရှိပါတယ်။ ကစားပွဲတစ်ပွဲရဲ့ အပြောင်းအလဲကို အဓိက ဖြစ်ပေါ်စေမယ့် Hero တစ်ကောင်ကို သေဆုံးသွားတဲ့နေရာမှာ ပြန်လည် ရှင်သန်လာစေနိုင်တဲ့ Aegis of the Immortal ကို ပိုင်ဆိုင်ထားသော “Roshan The Immortal”  ပဲ ဖြစ်ပါတယ်။ Hindi ဘာသာစကားအရ “အလင်းရောင်” လို့ အဓိပ္ပါယ်ရတဲ့ Roshan ဟာ Dota 2 မြေပုံရဲ့ အလယ်မှာခြားထားသော မြစ်ရဲ့ ညာဘက်ခြမ်း၊ Bottom lane နဲ့ နီးကပ်တဲ့ […]

Read More

ဆွစ်ဇာလန်နိုင်ငံရှိ HTMi တွင် Postgraduate Diploma in International Hotel and Tourism Management ကို တက်ရောက်သင်ကြားမည့် မဂျာဖာအောင်၏ Student

ဒီအပတ်မှာတော့ Hotel and Tourism Management Institute (HTMi) Switzerland မှာ Postgraduate Diploma in International Hotel and Tourism Management ကို တက်ရောက်သင်ကြားမယ့် မဂျာဖာ အောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အမည်နဲ့ တက်ရောက်မယ့် ဘာသာရပ်၊ အတန်း၊ ကျောင်းကို ပြောပြပေးပါ။ မဂျာဖာအောင်လို့ ခေါ်ပါတယ်။ Postgraduate Diploma in International Hotel and Tourism Management ကို Hotel and Tourism Management Institute (HTMi) Switzerland မှာ သွားရောက် သင်ယူမှာ ဖြစ်ပါတယ်။ ပြည်ပမှာ […]

Read More

လေသံစစ်စစ်နဲ့ စကားပြောခြင်းရဲ့ လျှို့ဝှက်ချက်

ဘာသာစကားတစ်ခုကို ကျွမ်းကျင်အောင် ပြောဆိုနိုင်တဲ့အပြင် အဲဒီ ဘာသာစကားပြောတဲ့ လူမျိုးတွေရဲ့ လေသံစစ်စစ်နဲ့ ပြောနိုင်တယ် ဆိုရင်တော့ တောက်ပြောင်နေတဲ့ ရွှေပေါ် မြဆင့် လိုက်သလိုပါပဲ။ လေသံဆိုအမျိုးမျိုးရှိလေရဲ့။ အမေရိကန် လေသံလို အသံလိပ်လိပ်နဲ့ အိုင်းရစ်လေသံလို တေးသွားသံတွေလိုမျိုး သိသိသာသာ ခွဲခြားသိနိုင်တဲ့ လေသံတွေ ရှိသလို တချို့လေ သံတွေဟာ တော်တော်ကျွမ်းကျင်စွာ နားထောင် ကျက်မှတ်မိထားမှ ခွဲခြားပြောနိုင်လောက်အောင် သိမ်မွေ့လွန်းပါတယ်။ ဒါပေမဲ့ လေ့လာသူများ အတွက်ကတော့ ကမ္ဘာ့အရပ်ဒေသ အသီးသီးက လူမျိုးအသီးသီးတို့ရဲ့ လေသံတွေရဲ့ သာမန်ကွဲပြားမှုတွေကိုတော့ သတိထားမိမှာပါ။  ဒီလိုလေသံတွေကို တူအောင်လိုက်ပြောဖို့ လေ့ကျင့်မယ်ဆိုရင် အချိန်တော်တော် ပေးရပါမယ်။ ဒါပေမဲ့ အကျိုးတော့ မယုတ်ပါဘူး။ အင်္ဂလိပ်စကားပဲဖြစ်ကြတဲ့ အမေရိကန်နဲ့ ဗြိတိသျှလေသံတွေကို နှိုင်းယှဉ်ကြည့်ရအောင်။ သူတို့ စကားပြောအသံထွက်တွေက မတူညီတဲ့ ပါးစပ်ရဲ့ […]

Read More

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ Training for Customer Care သင်တန်း ဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူး၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဆရာမများ သင်ကြားပို့ချသော Training for Customer Care သင်တန်းအား ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းအား စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ နှင့် ၁၅ ရက် တို့အတွက် ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ အသင်းဝင်များအား ၂၀ ရာခိုင်နှုန်း Discount ပေး သွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းရုံးခန်း၊ အဆောင်(၉) ၊ မြေညီထပ် ၊ ဖုန်း – ၂၃၀၅၀၃၄၊ ၀၉ ၄၂၅၀၂၂၉၇၆ နှင့် yangonrcia@gmail.com သို့ […]

Read More

2015 Global Undergraduate Exchange Program လျှောက်ထားနိုင်

အမေရိကန်သံရုံး၊ ရန်ကုန်မှ ၂၀၁၅ ခုနှစ်အတွက် Global Undergraduate Exchange Program (Global UGRAD) ပရိုဂရမ် အား လျှောက်ထားရန် ဖိတ်ခေါ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ လျှောက်လွှာ နောက်ဆုံးပေးပို့ရမည့် ရက်မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် (သို့မဟုတ်) ကောလိပ်တစ်ခုခုတွင် နယ်ပယ်စုံ၊ နေရာစုံမှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပြီး များပြားလှသော exchange အတွေအကြုံများ ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ သင်ကြားနိုင်သည့် နယ်ပယ်အနေဖြင့် ဘွဲ့ကြိုအဆင့် ပညာရေးဆိုင်ရာ နယ်ပယ်စုံသင်ကြားနိုင်ပြီး ဆေးပညာ၊ ဥပဒေ၊ အင်္ဂလိပ် ဘာသာစကားသင်ကြားခြင်းနှင့် ဆေး ဝါးပညာရပ်များအား ဘွဲ့ကြိုအဆင့်တွင် သင်ကြားပေးမည် မ ဟုတ်ကြောင်းသိရှိရသည်။ လျှောက်ထားနိုင်သူများမှာ […]

Read More

ပြည်တွင်းသီးသန့် Public Chat တစ်ခုကို Viber နှင့် BuzzFeed ပူးပေါင်း တည်ထောင်မည်

ရုပ်သံခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းစသည့် ဝန်ဆောင်မှုများ ပေးနေသည့် Viber သည် လူမှုရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ သတင်းများ ရေးသားသည့် BuzzzFeed နှင့် ပူးပေါင်း၍ ပြည်တွင်းသီးသန့် Viber Public Chat တစ်ခုတည် ထောင်သွားမည်ဖြစ်ပြီး ၎င်း Public Chat တွင် ပြည်တွင်းမှ နာမည်ကြီး နည်းပညာ ကုမ္ပဏီ သတင်းများ၊ ဖက်ရှင်ဒီဇိုင်းဆိုင်ရာ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ၊ အွန်လိုင်း ဈေးဝယ်ခြင်းဆိုင်ရာ၊ အိုင်တီနှင့် ဆော့ဖ်ဝဲဆိုင်ရာ၊ ပြည်တွင်းတေးဂီတဆိုင်ရာ၊ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများဆိုင်ရာ သတင်းများနှင့် အထက်ပါ နယ်ပယ်များမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ နေ့စဉ် လှုပ်ရှားမှုဆိုင်ရာများ ပါဝင်မည်ဖြစ်ကြောင်း Viber Myanmar မှ သိရသည်။ “ဒီလိုမျိုး Public Chat တွေက နိုင်ငံအလိုက် […]

Read More

3D printer ဖြင့် ဖန်တီးထားသော ကမ္ဘာ့ပထမဆုံး လူနေအဆောက်အအုံကို တရုတ်နိုင်ငံတွင် တည်ဆောက်ထား

တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော WinSun သည် ကျန်ဇူးပြည်နယ် ဇူကျူစက်မှုဇုန်အတွင်း 3D printer အသုံးပြု၍ အတွင်းခန်း အပြင်အဆင်များ အပါအဝင် အကျယ် ၁,၁၀၀ စတုရန်းမီတာရှိသည့် ငါးထပ် အဆောက်အအုံကို တည်ဆောက်ခဲ့ကြောင်း သိရသည်။ ဗိသုကာဆိုင်ရာ ကုမ္ပဏီများသည် 3D printer ကိုအသုံးပြု၍ လူနေတိုက်များ တည်ဆောက်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေလျက် ရှိသည်။ ပြီးခဲ့သည့်နှစ် မတ်လက WinSun ကုမ္ပဏီသည် ဆောက်လုပ်ရေး ဆိုင်ရာပစ္စည်းနှင့် စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကို ပေါင်းစပ်နိုင်သော 3D printer ဖြင့် ၂၄ နာရီအတွင်း လူနေအိမ် ၁၀ လုံး ဆောက်လုပ်ခဲ့သေးသည်။ ယခုအခါ WinSun ကုမ္ပဏီသည် ပိုမိုထိရောက်သည့် နည်းပညာများဖြင့် ငါးထပ် အဆောက်အုံ တစ်ခုကို […]

Read More

အဝေးသင်တက္ကသိုလ်နှင့် နိုင်ငံတကာရေကြောင်းတက္ကသိုလ်တို့ ချိတ်ဆက်ပြီး ဘွဲ့လွန်ရေကြောင်း ဥပေá€

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် နိုင်ငံတကာရေကြောင်း တက္ကသိုလ်တို့ ချိတ်ဆက်၍ ဘွဲ့လွန်ရေကြောင်း ပညာဥပဒေဘာသာရပ်ကို မကြာခင် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားခဲ့သည်။ “နိုင်ငံတကာ အဝေးသင် တက္ကသိုလ်တွေက ဆရာတို့တက္ကသိုလ်ကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာတွေရှိပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းတိုင်း ဆရာတို့က လက်ခံတာမ ဟုတ်ဘဲ စိစစ်ပြီးမှ ချိတ်ဆက်လက်ခံတာပါ။ အားလုံး အခုတက္ကသိုလ်ပေါင်း ၂၀ လက်ခံပြီးပါပြီ။ နိုင်ငံတကာရေ ကြောင်းတက္ကသိုလ်တွေရှိ ရေကြောင်းပညာရပ်တွေနဲ့ ချိတ်ဆက်ပြီး ရေကြောင်းဥပဒေ ဒီပလိုမာကိုလည်း သင်္ဘောသားများ အတွက် ဖွင့်လှစ်သွားဖို့ နိုင်ငံတကာအဝေးသင် တက္ကသိုလ်များ နည်းတူ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတကာ အဝေးသင်တက္ကသိုလ်မှာကျင့်သုံးတဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက်ကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားခဲ့သည်။ […]

Read More