Day: January 22, 2015

ဈေးကွက်ပြိုင်ဆိုင်မှုကို လိုလားကြောင်း Telenor မှ ပြောဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသောဆက်သွယ်ရေး အော်ပရေတာများကို အကြပ်အတည်း မဖြစ်စေရန် ၎င်းတို့၏ ဝန်ဆောင်မှု ဈေးနှုန်းများကို မြှင့်တင် ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း Telenor ၏ CEO ဖြစ် Mr. Petter Furberg က ပြိုင်ဆိုင်မှုကိုသာ လိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “ခေါ်ဆိုခကို ၂၅ ကျပ်အနေနဲ့ စတင်ခဲ့တယ်။ ဒါဟာ ဈေးကွက်ထဲမှာ အပေါဆုံးပဲ။ မကြောက်ဘူး။ MPT နဲ့ ဘာသဘောတူညီမှုမှလည်း မရှိဘူး။ MPT အနေနဲ့ ဈေးနှုန်းကို ဒီထက်လျှော့ချသွားမယ်ဆိုရင် ပြိုင်ဆိုင်သွားဖို့ ရှိတယ်။ ပြိုင်ဆိုင်မှုကို လိုလားပါတယ်””ဟု Petter က ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများအတွက် တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် […]

Read More

လစဉ် ဆင်းမ်ကတ် ၁.၅ သန်း ရောင်းချမည်ဟု Telenor ပြောဆို

မှောင်ခိုဈေးကွက် ပပျောက်အောင် ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားသည့် Telenor Myanmar သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို တစ်လလျှင် အရေအတွက် ၁.၅ သန်း ဈေးကွက်အတွင်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ Telenor ၏ ဆင်းမ်ကတ်များသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ဝယ်ယူရန် အခက်အခဲများ ကြုံတွေ့နေရပြီး အလွယ်တကူ ဝယ်ယူရရှိရန်အတွက် မှောင်ခိုဈေးအနေဖြင့် ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ် တစ်ခုလျှင် ငွေကျပ် ၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။ “အရည်အသွေး ကျဆင်းသွားမှာစိုးလို့ ရန်ကုန်မှာ ဆင်းမ်ကတ်ရောင်းချမှုကို ရပ်လိုက်ရတယ်။ ဒါပေမဲ့ လူတွေက နေပြည်တော်လို နေရာမျိုးတွေကနေပြီးတော့ ဆင်းမ် ကတ်တွေယူပြီးရန်ကုန်မှာ ပြန် ရောင်းကြတာကို အံ့သြစွာတွေ့ရတယ်” ဟု Telenor Myanmar မှ […]

Read More

Xiaomi Redmi 2 စမတ်ဖုန်း ဈေးကွက်ဝင်

Xiaomi အမှတ်တံဆိပ် Redmi 2 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ စမတ်ဖုန်းကို တန်ဖိုး ၁၅၆,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင် မည်ဖြစ်ကြောင်း T-Land Computer & Mobile အရောင်းဆိုင်မှ သိရသည်။ Redmi 2 စမတ်ဖုန်းသည် ဆင်းမ်ကတ်နှစ်ခု ထည့်သွင်း အသုံးပြုနိုင်သော GSM အမျိုးအစား ဖုန်းဖြစ်ပြီး 2G/3G နှင့် LTE ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အမြန်နှုန်း 1.2GHz ရှိ Quad-core CPU နှင့် ဂရပ်ဖစ် အတွက် Adreno 306 GPU စနစ်များ ထောက်ပံ့ပါဝင်ပြီး မြင်ကွင်းအရွယ်အစား ၄.၇ လက်မရှိမည်ဖြစ်သည်။ Internal Memory 1GB RAM […]

Read More

ပြည်တွင်း Facebook သုံးစွဲမှု အိမ်နီးချင်း သုံးနိုင်ငံထက် ခြောက်ရာခိုင်နှုန်း ပိုမိုများပြား

မြန်မာနိုင်ငံ၏ Facebook လူမှုကွန်ရက်ကို သုံးစွဲသူအရေအတွက်သည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း သုံးနိုင်ငံ၏ စုစုပေါင်း သုံးစွဲသူဦးရေထက် ခြောက်ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်း သိရသည်။ ပြည်တွင်း Facebook သုံးစွဲသူအရေအတွက်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်က ၃သန်းရှိခဲ့ရာမှ ယခုလက်ရှိအချိန်တွင် ၃,၂၀၈,၀၀၀ ကျော် ရှိလာပြီဖြစ်သည်။ အာရှဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ Facebook သုံးစွဲသူဦးရေသည် ၁.၉ သန်းရှိပြီး လာအိုနိုင်ငံတွင်း Facebook အသုံးပြုသူ အရေအတွက်မှာ ၅၆၀,၀၀၀ နှင့် ဘရူနိုင်းနိုင်ငံတွင် ၂၄၀,၀၀၀ ခန့်သာရှိသေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ Facebook အသုံးပြုမှုသည် အဆိုပါ အိမ်နီးချင်း သုံးနိုင်ငံထက် ပိုမိုများပြားနေခြင်းဖြစ်ကြောင်း Amara Digital Agency ၏ စစ်တမ်းပါ အချက်အလက်များအရ သိရသည်။ […]

Read More

Dell Inspiron 7000 Series (7447) ကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

Dell မြန်မာမှ Dell Inspiron 7000 Series-Pandora (Code 7447) ကို မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ Product သစ်မိတ်ဆက်ပွဲ အခမ်းအနားကို  ဇန်နဝါရီလ ၂၁ ရက်က Park Royal Hotel Ballroom တွင် ကျင်းပပြုလုပ်ခဲ့ ပြီး အခမ်းအနားတွင် မစ္စတာ ခရစ္စတိုဖာမှ Notebook နှင့်ပတ်သက်၍ အသေး စိတ်ရှင်းလင်းပြောကြားခဲ့သည်။    

Read More

Dell Inspiron 7000 Series (7447) ကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

Dell မြန်မာမှ Dell Inspiron 7000 Series-Pandora (Code 7447) ကို မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ Product အား မြန်မာနိုင်ငံတွင် ဇန်န၀ါရီ ၂၁ ရက်မှ စတင်ကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း Notebook သည် Gaming Performance များနှင့် ဖျော်ဖြေရေးပိုင်းများ အတွက် Turbo Charged Nvidia Geforce GTX 4GB Graphic ပါဝင်သည်။ Processor အနေဖြင့် 4th Generation Intel Quad Core i7 အသုံးပြုထားသည်။ Product သစ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်က […]

Read More

Google Nexus 9

အားသာချက် Google နှင့် HTC တို့ပူးပေါင်း ထုတ်လုပ်ထားသော Nexus 9 သည် Android Lollipo 5.0 အသုံးပြုထားပြီး အချိန်နှင့်အမျှ software update များရရှိစေမည့် ပထမဦးဆုံး tablet ဖြစ်သည်။ ၎င်း tablet သည် တစ်ချိန်တည်းတွင် app များစွာ ဖွင့်ထားနိုင်ပြီး app တစ်ခုနှင့် တစ်ခုကို လျင်မြန်စွာ ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။ အားနည်းချက် Tablet အတွင်း အသုံးပြုထားသည့် Android 5.0 OS သည် app တိုင်းအတွက် အံခွင်ကျ မဖြစ်သေးပေ။ ထို့အပြင် ထုတ်ကုန်ကို အားသွင်းရာတွင် အားပြည့်မှု နှေးကွေးကြောင်း သိရသည်။ Nexus 932GB ဗားရှင်းတွင် […]

Read More

G Flex 2 စမတ်ဖုန်းကို လာမည့် ရက်သတ္တပတ်တွင် LG စတင်ရောင်းချမည်

ကွေးညွှတ်ထားသည့် စမတ်ဖုန်းဖြစ်သော G Flex 2 ကို ဇန်နဝါရီလ ၃၀ ရက်တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း LG Electronics မှ ကြေညာခဲ့သည်။ အဆိုပါ စမတ်ဖုန်းကို တောင်ကိုရီးယား ပြင်ပတွင် လအနည်းငယ်အတွင်း ရောင်းချသွားမည်ဟု ၎င်းကုမ္ပဏီမှ ပြောကြားခဲ့သည်။ LG သည် ကွေးညွှတ်ထားသည့် စမတ်ဖုန်း၏ ပထမဦးဆုံး ဗားရှင်းဖြစ်သော G Flex ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခု ဖြစ်ခဲ့သည်။ ယခုကဲ့သို့ G Flex 2 ကို မိတ်ဆက်ပေးခဲ့ခြင်းသည် LG ၏ ဈေးကွက်ချဲ့ထွင်မှု ခြေလှမ်းတစ်ရပ်ဖြစ်ဖွယ်ရှိသည်။ LG ၏ G Flex 2 တွင် ကွေးညွှတ်ထားသည့် […]

Read More

Facebook သုံးစွဲသူ ပြည်တွင်း ဘောလုံး ပရိသတ်များတွင် မန်ချက်စတာ ယူနိုက်တက် အားပေးသူ အများဆုံးဖြစá€

ပြည်တွင်း Facebook သုံးစွဲသူအရေအတွက် ၃,၂၀၀,၀၀၀ ကျော်တွင် အင်္ဂလိပ် ပရီးမီးယားလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှ မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးသည့် ပရိသတ် အရေအတွက်မှာ ၅၆၀,၀၀၀ အထိရှိလာပြီဖြစ်ပြီး အခြားသော ပြိုင်ဘက်အသင်းကြီး သုံးသင်း၏ ထိပ်ဆုံးတွင် ရှိနေကြောင်း Amara Digital Agency ၏ သုတေသန အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ ၃ သန်းကျော်တွင် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း၏ ပရိသတ် အရေအတွက်သည် အများဆုံးဖြင့် ချယ်လ်ဆီး၊ အာဆယ်နယ်နှင့် လီဗာပူးလ်အသင်းများ၏ အထက်တွင် တည်ရှိနေခြင်းဖြစ်သည်။ ပြည်တွင်း Facebook သုံးစွဲသူ ၃ သန်းကျော်အနက် ချယ်လ်ဆီးအသင်းကို အားပေးသည့် ပရိသတ် အရေအတွက်မှာ ၃၈၀,၀၀၀ ရှိပြီး […]

Read More

Google Chrome Browser ကို Lock ပြုလုပ်၍ ကာကွယ်ခြင်း

PC အသုံးပြုနေတဲ့သူတွေ အနေနဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှာ Google Chrome Browser ကိုလည်း အသုံးပြုကြမှာပါ။ Google Chrome Browser ကို အသုံးပြုသူတွေအနေနဲ့ အခြားသော ဝက်ဘ်ဆိုက်တွေမှာဝင်တဲ့ Password တွေကို Chrome Browser ပေါ်မှာ လုံခြုံစိတ်ချစွာနဲ့ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းထားတဲ့အတွက် မိမိမရှိတဲ့ အခါမျိုးမှာ စက်ကိုအခြားသူတစ်ယောက်က ဝင်ရောက်သုံးစွဲပြီး Save Password တွေကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိစေ ဖို့အတွက် ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ မိမိမရှိတဲ့ အခါမှာ အခြားသူတွေက ကိုယ်အသုံးပြု နေတဲ့ Chrome Browser ကို ဝင် ရောက်အသုံးပြုမယ်ဆိုရင် Guest အနေနဲ့သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Chrome […]

Read More