Day: January 21, 2015

ဂျပန်ချေးငွေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍခြောက်ခု အတွက် ဆောင်ရွက်မည်

ဂျပန်ချေးငွေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍခြောက်ခုအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အရ သိရသည်။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ဂျပန်ယန်း ၁၀ ဒသမ ၅၀၀ ဘီလီယံ ချေးယူခွင့်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။ အဆိုပါချေးငွေဖြင့် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံနှင့် အင်တာနက်စနစ် အဆင့်မြှင့်တင်ရေး ကိစ္စရပ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကိစ္စရပ်ခြောက်ခု အတွက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စရပ်ခြောက်ခုမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးပင်မ ဖိုက်ဘာဆက်ကြောင်းအတွက် စက်ပစ္စည်း တိုးမြှင့်တပ်ဆင်ခြင်း၊ ရန်ကုန်မြို့တွင် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်းတို့ […]

Read More

Hush လူမှုကွန်ရက် App ကို တက္ကသိုလ်ကျောင်းသားများကြားတွင် အသုံးပြုမှု တွင်ကျယ်လာစေရန် ဦးတည်သွားမá

ပြည်တွင်းအခြေစိုက် NEX Mobile Studio က မိုဘိုင်းဖုန်းများပေါ်မှတစ်ဆင့် သုံးစွဲသူ၏ စိတ်ခံစားချက်များကို လွတ်လပ်စွာ ရေးသားထုတ်ဖော်နိုင်သော Hush အမည်ရှိ လူမှုကွန်ရက် Mobile App ကို တက္ကသိုလ်ကျောင်းသားများကြားတွင် အသုံးပြုမှု တွင်ကျယ်လာစေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက Google Play Store ပေါ်တွင် စတင်ဖြန့်ချိခဲ့သော အဆိုပါ လူမှုကွန်ရက် တစ်ခုဖြစ်သည့် mobile app ကို တက္ကသိုလ်ကျောင်း သားနှင့် လူငယ်များအကြားတွင် တွင်ကျယ်စွာ အသုံးပြုလာစေရန်အတွက် လိုအပ်သည့် feature အသစ်များကို ထည့်သွင်းပေးရန် စီစဉ်နေကြောင်း အထက်ပါ ကုမ္ပဏီမှ သိရသည်။ “အစီအစဉ်အသစ်အနေနဲ့ တက္ကသိုလ်က ကျောင်းသားတွေကို ဦးတည်ထားပါတယ်။ လူငယ်တွေကြားမှာ ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး […]

Read More

ထိပ်တန်း ultraportable laptop (၁၀) မျိုး

Laptop ကဲ့သို့ သယ်ဆောင်ရ လေးလံခြင်းနှင့် tablet ကဲ့သို့ အလွယ်တကူ စာမရိုက်ခြင်း ပြဿနာများကို ရှောင်ရှားလိုသူများတွင် တတိယရွေးချယ်စရာတစ်ခု ရှိသည်။ ၎င်းမှာ ultrabook ခေါ် ultraportable laptop ဖြစ်သည်။ Ultrabook ကို ၂၀၁၁ ခုနှစ်တွင် တရုတ်(တိုင်ပေ) ၌ နှစ်စဉ်ကျင်းပပြုလုပ်သော ကွန်ပျူတာပြပွဲတစ်ခုတွင် Intel က ပထမဦးဆုံး မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် laptop ထုတ်လုပ်သူများသည် Intel မှ သတ်မှတ်ထားသော spec များနှင့် ကိုက်ညီသည့် ultrabook များကို ထုတ်လုပ်လာခဲ့ကြသည်။ သတ်မှတ်ထားသည့် spec များတွင် အထူ အနည်းဆုံး ၀.၈ လက်မ ရှိရန်နှင့် အမြင့် ၂၃ မီလီမီတာထက် မကျော်ရန်တို့ […]

Read More

Lego ဖြင့် ဖန်တီးထားသည့် မျက်မမြင်စာ ပုံနှိပ်စက်ကို ဆယ်ကျော်သက်တစ်ဦး တီထွင်

အသက် ၁၃ နှစ်အရွယ်ရှိ ရှပ်ဟန်ဘာနာဂျီဆိုသည့် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် ကျောင်း၏ သိပ္ပံစီမံကိန်းတစ်ခု အတွက် Lego အတုံးလေးများဖြင့် ဖန်တီးထားသော မျက်မမြင်စာ ပုံနှိပ်စက် (printer) ကို ၎င်း၏ မိသားစုအကူအညီဖြင့် တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။ ၎င်းဖန်တီးလိုက်သည့် မျက်မမြင်စာ ပုံနှိပ်စက်ကြောင့် Braigo Labs ကုမ္ပဏီသစ် (start-up) တစ်ခုဖြစ်လာရန်အတွက် နည်းပညာကုမ္ပဏီ Intel မှ ဘဏ္ဍာရေး အထောက်အပံ့ ပြုလုပ်ခဲ့သည်။ ရှပ်ဟန်သည် အွန်လိုင်းတွင် မျက်မမြင်စာများ သုတေသနပြုလုပ်ပြီးနောက် မျက်မမြင်များအတွက် ပုံနှိပ်စက်များဝယ်ယူရာတွင် ကန်ဒေါ်လာ ၂,၀၀ ၀နှင့် အထက် ကျသင့်မည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် ရှပ်ဟန်အနေဖြင့် လူအများစု ဝယ်ယူနိုင်မည့် ဈေးနှုန်းသက်သာသော မျက်မမြင် ပုံနှိပ်စက်ကို ဖန်တီးရန် ဆန္ဒရှိခဲ့သည်။ […]

Read More

ဒုတိယအကြိမ်မြောက် UCSY IT CAMP ကျင်းပ

University of Computer Studies, Yangon (UCSY) မှကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် IT CAMP ကို ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄း၃၀ အချိန်ထိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ IT CAMP ၏ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) ၏ Assembly Hall တွင်ကျင်းပခဲ့ပြီး အဖွင့်အမှာစကားကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) ၏ ပါမောက္ခချုပ် ဒေါ်မီမီသက်သွင်က ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ Griffith University မှ School of Information and Communication Technology […]

Read More

Ubuntu OS 14.10 တွင် Google Play Store Downloader ကို ထည့်သွင်းခြင်း

Ubuntu OS 14.10 ကို အသုံးပြုနေသူတွေအနေနဲ့ Google Play Store မှ App တွေကို Download ပြုလုပ်ချင်တဲ့ အခါမှာ Google Play Store Downloader ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google Play Store Downloader ကို ထည့်သွင်းထားခြင်းဖြင့် Play Store မှ App တွေကို Ubuntu OS အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်သို့ တိုက်ရိုက် Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Google Play Store Downloader  ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ […]

Read More

Samsung Galaxy V ဆုချီးမြှင့်ပွဲ အခမ်းအနား

Samsung Galaxy V ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ ဇန်န၀ါရီလ ၁၂ ရက်က Sedona Hotel  မင်းတုန်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

Read More

SM Asia Corporation Co.,Ltd ဖွင့်ပွဲ အခမ်းအနား

Panasonic Telecommunication နှင့် Security ပစ္စည်းများကို တရားဝင် ဖြန့်ဖြူးရောင်းချနေသော SM Asia Corporation Co.,Ltd ဖွင့်ပွဲအခမ်းအနားကိုတော့ ဇန်န၀ါရီလ ၁၅ ရက်က အမှတ် ၄၂၉ (အေ ၁/၂)၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။    

Read More

User Interface (UI)

အချက်အလက် နည်းပညာတွင် user interface (UI) သည် အချက်အလက်ထုတ်ကုန် တစ်ခုတွင် လူသားနှင့် အပြန်အလှန် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုထားသည့် အရာအားလုံးဖြစ်သည်။ ၎င်းတွင် display screen, keyboard, mouse, light pen အပြင် desktop တစ်ခု၏ အသွင်အပြင်၊ အရောင်ဖြင့် ဖော်ပြနိုင်သည့် အက္ခရာများ၊ help message များနှင့် application program ဒါမှမဟုတ် website တစ်ခုမှ ဖိတ်ကြားမှုများကို အပြန်အလှန် တုံ့ပြန်ဆောင်ရွက်ခြင်းများ ပါဝင်သည်။ အစောပိုင်း ကွန်ပျူတာများတွင် user interface အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် သုံးစွဲသူတစ်ဦးက ကွန်ပျူတာတစ်လုံးနှင့် အပြန်အလှန် ဆောင်ရွက်နိုင်မည့် လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ user interface […]

Read More