အချိန်ကြာမြင့်စွာ စမ်းသပ်အသုံးပြုလာခဲ့သည့် Mobile Banking စနစ်ကို ယနေ့မှစတင်၍ အသုံး ပြုနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က ပြောသည်။ ဧရာဝတီဘဏ်၏ M Banking စနစ်ကို အသုံးပြုရာ၌ အင်တာနက်စနစ်ကို အခြေခံသည့် မိုဘိုင်း အက်ပလီကေးရှင်းအနေဖြင့်သာမက အင်တာနက်စနစ် ပါဝင်ခြင်းမရှိသော SMS စနစ်ကိုပါ အသုံးပြု နိုင်သည်ဟု သိရသည်။ Internet Banking စနစ်ကို မိတ်ဆက်ခဲ့ပြီးဖြစ်သည့် ဧရာဝတီဘဏ်သည် Mobile Banking စနစ်ကို မိတ်ဆက်ခဲ့သည့်အခါ ငွေကြေးစစ်ဆေးခြင်းနှင့် လွှဲပြောင်းခြင်းများကို မြန်မာကျပ်ငွေသာမက ယူရို၊ အမေရိကန်နှင့် စင်ကာပူ ငွေကြေးစနစ်များကို စစ်ဆေးခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင်ရန် စီစဉ်ပေး ထားသည်ဟု သိရသည်။ တစ်ရက်လျှင် အများဆုံးငွေကြေးပမာဏ ကျပ် ၁၀ သိန်းကို […]
Read Moreအွန်လိုင်းမှတဆင့် ဈေးဝယ်ခြင်းနှင့် ရောင်းချခြင်းများကို ကိုယ်တိုင် ပြုလုပ်နိုင်သည့် အွန်လိုင်း ဝန်ဆောင်မှု ဈေးကွက် kaymu.com.mm ၏ Android OS Application ကိုရယူ အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း၊ အဆိုပါ kaymu Android Application ကို Google Play Store နှင့် http://bit.ly/1tMB4gd မှတစ်ဆင့် အခမဲ့ရယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ App ကို မိုဘိုင်းဖုန်း တွင်သာမကဘဲ Tablet PC များဖြင့်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိတို့ ရောင်းချလိုသည့် ကုန်ပစ္စည်းများကို မိုဘိုင်းမှတစ်ဆင့် အလွယ်တကူ ရောင်းချနိုင်မည့်အပြင် kaymu အွန်းလိုင်းဈေးမှလည်း နှစ်သက်ရာကို ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် App မှတစ်ဆင့် မိမိတို့ရောင်းချချင်သည့် ကုန်ပစ္စည်း […]
Read MoreUNIT ၄ လုံး တစ်ပြိုင်နက် Parallel တပ်ဆပ်ထားသည့် အတွက်ကြောင့် အသံထွက်တည်ငြိမ် ကျယ်လောင်ပြီး အသံအဝေး ရောက်နိုင်မှု ပိုရှိသည့် လော်စပီကာ ဖြစ်သည်။ NANOVA မော်ဒယ်ဖြစ်ပြီး Unit ၁ လုံးစီတွင် VC IMP 16 Ohm ရှိသည်။ Unit တစ်လုံးစီတွင် RMS ပါဝါ 150 Watts မှ အမြင့်ဆုံးပါဝါ 200 Watts ရှိသည်။ လော်စပီကာ အထိုင်သံဖရိန်ကို တစ်ပါတည်း တပ်ဆင်ပေးထားသည်။ အလှူ၊ ဧည့်ခံ ပွဲလမ်းသဘင်များတွင် သုံးစွဲရန် သင့်တော်သည်။ တန်ဖိုး ၂၈၀,၀၀၀ ကျပ်ဖြင့် မျိုးသိန်း အီလက်ထရောနစ် ဖုန်း ၀၂-၃၅၃၃၂ ၌ ဆက်သွယ်ဝယ်ယူ နိုင်မည် ဖြစ်သည်။
Read MoreGSM ဆင်းကတ် လေးကတ် အသုံးပြုနိုင်သော G’ Five W1 ဟန်းဆက် ဝင်ရောက်လာသည်။ Keypad အမျိုးအစားဖြစ်ပြီး စကရင်မှာ ၂.၂ လက်မ အရွယ် ဖြစ်သည်။ 0.3 MP ရှိသည့် ကင်မရာ ပါဝင်ပြီး Digital Zoom စနစ် အသုံးပြုနိုင်သည်။ Smile detection, Scenes, Continuous Shooting, Multi Shot စသည့် ကင်မရာစနစ်များ ထောက်ပံ့ပါဝင်သည်။ Micro SD ကတ်ဖြင့် 6 GB အထိ ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ 2500 mAH Li-ion ဘက်ထရီကို ထည့်သွင်း အသုံးပြုထားပြီး Stand By အနေဖြင့် နာရီပေါင်း ၉၆၀ […]
Read MoreProlink Power Solution & Products Workshop ကို ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၉း၃၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မန္တလေး Sedona Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ပွဲတွင် Prolink အမှတ်တံဆိပ် online UPS, Inverter Power Supply, ဆိုလာစနစ်၊ Monitor အမျိုးမျိုး၊ Computer UPS, Solar Inverter, Networking ဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ Wireless IP Camera, Wifi Broadband, Wireless Router နှင့် Wireless Modem Router များအကြောင်းကို ရှင်းလင်းပြောကြား ခဲ့သည်။ […]
Read Moreအားသာချက် ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်မှု ရှိနေတာ တွေ့ရပါတယ်။ အွန်လိုင်းအသုံးပြု စနစ်တွေမှာလည်း Google ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တာ တွေ့ရတဲ့အပြင် Browser စနစ်မှာလည်း Mozilla နဲ့ Chrome ကိုထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ အားနည်းချက် ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ နည်းပါတယ်။ ဖုန်းမှတ်ဉာဏ်ဟာ နည်းတဲ့အတွက် Micro SD Card ကိုတော့ အသုံးပြု ရပါလိမ့်မယ်။ ဒီဇီုင်း ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ လေးထောင့်ဆန်ဆန် ပုံစံမျိုးမဟုတ် ပါဘူး။ ထောင့်အနား လေးဖက်ဟာ ဝိုင်းပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင် ပတ်လမ်းကြောင်းဟာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုပုံစံမျိုးဖြစ်ပြီးနောက်ဘက် ကာဗာကတော့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ပလတ်စတစ် ကာဗာပါ။ အရွယ်အစား […]
Read Moreပြည်တွင်းမှ ရေးသားထုတ်ဝေသည့် နည်းပညာ ဂျာနယ်တစ်ခု ဖြစ်သည့် Internet Journal ၏ မိုဘိုင်း Application ကို အခမဲ့ရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ ယခုထွက်ရှိသည့် Application အား Android OS စနစ်သုံး Device များတွင်သာ အသုံးပြုနိုင် ဦးမည်ဖြစ်ပြီး iOS အတွက် Application အား မကြာမီ ထပ်မံထုတ်လုပ် ဖြန့်ချိသွားမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ Application ကို အိုင်တီ နည်းပညာသတင်း၊ မိုဘိုင်းသတင်း၊ ကွန်ပျူတာ နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့် ကဏ္ဍမျိုးစုံ၊ ထုတ်ကုန်သစ် သတင်းများ၊ အီလက်ထရွန်းနစ် ထုတ်ကုန်နှင့် မိုဘိုင်းထုတ်ကုန် သတင်းများကို မိုဘိုင်းဖုန်းမှတဆင့် အလွယ်တကူ ဖတ်ရှုနိုင်စေရန် ရည်ရွယ် ထုတ်လုပ်ခြင်း ဖြစ်သည်။ App […]
Read MoreGoogle သည် Android 4.3 ဗားရှင်းတွင် WebView component ဆိုင်ရာ ချို့ယွင်းချက်တစ်ခု တွေ့ရှိခဲ့သော်လည်း ပြင်ဆင်သွားမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြဿနာကို Android လုံခြုံရေး အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ပြီး Google သို့ အသိပေးခဲ့သည်။ သို့ရာတွင် Google က Android 4.4 ဗားရှင်းရှေ့တွင် ထွက်ရှိခဲ့သော ဗားရှင်းများအတွက် ပြန်လည်ပြင် ဆင်မှုများကို ပြုလုပ်မပေးတော့ကြောင်း၊ ကုမ္ပဏီ အနေဖြင့် Android 4.4 ရှေ့တွင် ထွက်ရှိခဲ့သော ဗားရှင်းများ၏ ပြဿနာများကိုလည်း ဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ အဆိုပါ အားနည်းချက်ကို OEM (ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများ) များထံ အကြောင်းကြား ပေးသွားမည် ဖြစ်သော်လည်း ၎င်းချို့ယွင်းချက်ကိုမူ ပြင်ဆင်သွားမည် […]
Read Moreမောင်းနှင်သူ၏ မျက်နှာအမူအရာဖြင့် ထိန်းချုပ်၍ ရန်သူများကို ပစ်ခတ်နိုင်သည့် Kuratas စက်ရုပ်ကို Amazon Japan ဝက်ဘ်ဆိုက်တွင် ဒေါ်လာ ၁ သန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် ရောင်းချမည့် Kuratas စက်ရုပ်တွင် ပစ်ခတ်နိုင်မည့် feature ပါဝင်ဖွယ်မရှိကြောင်း သိရှိရသည်။ Kuratas သည် ဟောလီဝုဒ် ဇာတ်ကားများမှ စက်ရုပ်ကဲ့သို့ဖြစ်ပြီး ၎င်း၏ အလေးချိန်မှာ ၅ တန်ရှိကာ အမြင့် ၁၃ ပေရှည်ကြောင်း သိရသည်။ ၎င်းစက်ရုပ်ကို မောင်းနှင်ရာတွင် တင့်ကားတစ်စီးအတွင်း ဝင်ရောက်နေရသကဲ့ ခံစားရမည် ဖြစ်ပြီး ဓာတ်ဆီ ထည့်သွင်းအသုံးပြုရသော အဆိုပါ Kuratas ကို တစ်နာရီလျှင် ၆ မိုင်အထိ မောင်းနှင်နိုင်မည် ဖြစ်သည်။ Kuratas ကို […]
Read MoreCopyright © 2021 | Internet Journal