Day: January 16, 2015

3D printer ဖြင့်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံးကားကို ဒတ်ထရိုက်မြို့တွင် ထုတ်ဖော်ပြသ

အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ ဒတ်ထရိုက်မြို့၌ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော Motor Show တွင် 3D printer ဖြင့် ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ကားကို ထုတ်ဖော်ပြသခဲ့သည်။ Strati ဟုအမည်ရသည့် အဆိုပါ နှစ်ယောက်စီးကားသည် မြို့ပြခရီးတိုများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားပြီး တစ်နာရီလျှင် ၄၀ ကီလိုမီတာအထိ မောင်းနှင်နိုင်သည်။ ၎င်းကားကို 3D printer ဖြင့် ထုတ်လုပ်ရန်အတွက် အချိန်တစ်ရက်ကျော် ယူခဲ့ရကြောင်း သိရသည်။ Strati ကားကို ထုတ်လုပ်သည့် Local Motors အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဂျေးလ်ရော်ဂျာက လက်ရှိတွင် digital ဖြင့် တိုက်ရိုက် ထုတ်လုပ်မှုများ ပြုလုပ်၍ ယာဉ်တစ်စီး တည်ဆောက်ရန် ၄၄ နာရီခန့် အချိန်ယူခဲ့ရကြောင်း၊ ယခုနှစ်ကုန်တွင် အချိန် ၂၄ […]

Read More

ဆိုင်ကယ်တစ်စီးကို ဝယ်တော့မယ်ဆိုရင် အပိုင်း (၁)

အခုတစ်ပတ်မှာတော့ ကျွန်တော်က ဆိုင်ကယ်တစ်စီးကို Brand New ကို ဝယ်မလို့ပဲဖြစ်ဖြစ်၊ Used ကို ပြန်ဝယ်မယ်ပဲဖြစ်ဖြစ် စစ်ဆေးဖို့ နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။ ဒါတွေက Brand New အ ပိုင်းမှာတော့ ဒီလောက်ကြီး အသုံးတည့်မှာ မဟုတ်ပေမယ့် Used အပိုင်းမှာတော့ အသုံးတည့်မှာဖြစ်လို့ မှတ်ထား၊ ဖတ်ထားမယ်ဆိုရင် ဆိုင်ကယ်တစ်စီးရဲ့ အခြေခံလေးတွေကို စစ်ဆေးတဲ့နေရာမှာ အဆင်ပြေစေ ပါလိမ့်မယ်။ (၁) မီးခလုတ်တွေကို စစ်ဆေးပါ အသုံးများတဲ့ မော်တော်ဆိုင်ကယ်တစ်စီးရဲ့  ခေါင်းပိုင်း တည်ဆောက်မှုအပိုင်းမှာ Control အတွက် ခလုတ်တွေ ပါပါတယ်။ Start, Signal, Headlights, Up and Down, Horn စသဖြင့် အဆိုပါ ခလုတ်တိုင်းကို လိုက်လံ စစ်ဆေးကြည့်ပါ။ ခလုတ်တွေ […]

Read More

Phone charger အသွင်ပြုလုပ်ထားသည့် wireless keyboard keylogger

Wireless keyboard ဖြင့် ရိုက်နှိပ်သမျှကို ကြားဖြတ်ရယူနိုင်သည့် hardware keylogger ဖြစ်သည်။ USB wall charger အသွင် ပြုလုပ်ထားပြီး Arduino micro-controller ပေါ်တွင် အခြေခံ ပြုလုပ်ထားသည်။ ၎င်းကို KeySweeper ဟုခေါ်တွင်ပြီး အချက်အလက်များကို တိုက်ခိုက်သူများထံ ပေးပို့နိုင်သည်။ ၎င်း keylogger ကို ဖန်တီးသူကမူ KeySweeper သည် Microsoft ၏ မည်သည့် wireless keyboard ကိုမဆို hack လုပ်နိုင်သည်ဟု ဆိုထားသည်။ KeySweeper တွင် micro-controller နှင့်အတူ အချက်အလက်များကို ရယူရန်အတွက် NRF24L01 2.4GHz radio frequency chip ကို အသုံးပြုထားသည်။ ထို့အပြင် keyboard ပေါ်ရှိ […]

Read More

3rd Mobile & Tablet Fair

3rd Mobile & Tablet Fair ပြပွဲကြီးအား ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းမပေါ်ရှိ တပ်မတော်ခန်းမတွင်  ဖွင့်လှစ်ခဲ့သည်။ ပြပွဲအား ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ သုံးရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။      

Read More

Persona Q: Shadow of the Labyrinth

Persona Series ဟာ အအောင်မြင်ဆုံး RPG franchise တစ်ခုဖြစ်တဲ့ Shin Megami Tensei ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး Role Playing Game နှင့် Simulation နှစ်မျိုးပေါင်းစပ်ထားတဲ့ ထူးခြားသော gameplay၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ နားထောင်ကောင်းတဲ့ soundtrack နဲ့ Anime style artwork တွေကြောင့် RPG ပရိသတ်ကြားမှာရော Animation ပရိသတ်တွေကြားမှာပါ အောင်မြင်ခဲ့တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ Nintendo 3DS အတွက် သီးသန့် exclusive ထွက်ရှိလာတဲ့ Persona Q: Shadow of the Labyrinth ဂိမ်းသစ်ကတော့ Persona 3 နှင့် Persona 4 က […]

Read More

PS3 လက်ကိုင်များကို အထူး ပြု ပြင်ပေးမည်

Playstation 3 ၏ dual shock 3 လက်ကိုင်များကို အထူး ပြု ပြင်ပေးမည်ဖြစ်ကြောင်း သိရသည်။ PS3 တွင် အဖြစ်အများဆုံး အချက်များဖြစ်သည့် အားသွင်းမရခြင်း၊ ပါဝါမလာခြင်း၊ bluetooth ချိတ်ဆက် မရနိုင်ခြင်း၊ ဘုမကောင်းခြင်း၊ လက်ခလုတ်များ ကောင်းမွန်စွာ နှိပ်မရခြင်း စသည်တို့ကို တတ်ကျွမ်းသော ဆားဗစ်ပညာရှင်များမှ အကောင်းဆုံးပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Service Spare Parts များကိုလည်း လက်လီလက်ကား ဝယ်ယူရရှိနိုင်မည်ဟု သိရသည်။ အသေးစိတ် အချက်အလက်များကို  PHYO IT PLAZA (MOBILE, CAMERA, GAME) ဖုန်း ၀၂-၃၃၄၃၁ ၌ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။

Read More

အမြန်လမ်းမ တစ်လျှောက်တွင် မောင်းနှင်နေသော အဝေးပြေး မှန်လုံယာဉ်များတွင် မော်တော်ယာဉ် ဘေးအန

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် မောင်းနှင်နေသော အဝေးပြေးခရီးသည်တင် မှန်လုံယာဉ်များကို GPS စနစ်ဖြင့် မော်တော်ယာဉ်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးစနစ်ကို အသုံးပြုသော B’smart စနစ်ဖြင့် စောင့်ကြည့်ထိန်းချုပ်နိုင်မည့် အစီအစဉ်ကို စမ်းသပ်ကာလအဖြစ် ၂၀၁၅ ဇန်န၀ါရီလ ၁ ရက်တွင် စတင်ပြီဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။ အဆိုပါစနစ်မှာ B’Smart Telematics Myanmar Co., Ltd မှ သက်ဆိုင်ရာ ဌာနများသို့ ၂၀၁၄ ခုနှစ် ဇွန်လ စတုတ္ထအပတ်ခန့်က စတင်မိတ်ဆက်တင်ပြလာခြင်းဖြစ်ပြီး ယင်းစနစ်အား ကျင့်သုံးနိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ အမြန်လမ်းတစ်လျှောက်တွင် ဆက်သွယ်ရေးစနစ် လိုအပ်ချက်များ ရှိနေခြင်းကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနဖြင့်ပါ နောက်ဆုံးညှိနှိုင်း […]

Read More

စိတ်ကူးယဉ်ဆန်ဆန် ဒီဇိုင်းနဲ့ Porsche 911 Coupe 2015

Sport ကားတစ်စီးကို သင့်စိတ်နဲ့ ဒီဇိုင်းရေးဆွဲစဉ်းစားကြည့်ဖူးပါသလား။ ဒါမှမဟုတ် စိတ်ကူးနဲ့ မြန်နှုန်းမြင့်မြင့် ကားတစ်စီးကို လေထဲတိုက်အိမ်ဆောက်ပြီး ပျံဝဲကြည့်ဖူးပါသလား။ အဲဒီလိုစိတ်ကူးမျိုး ရှိဖူးတယ် ဆိုရင် အခုကျွန်တော်မိတ်ဆက်ပေးမယ့် 911 ကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါဦး။ သူက ဒီဇိုင်းလည်း လန်းရမယ်။ မြန်နှုန်းလည်း မြင့်ရမယ်။ နောက်ပြီး လူငယ်တွေ စိတ်ကြိုက်ဖြစ်မယ့် Coupe တန်းဝင်၊ သူ့အကြောင်း ပြည့်စုံအောင် သင်သိပြီဆိုရင် Porsche 911 ကို သင့်ရှေ့ က လမ်းမပေါ် အခုပဲ ဆွဲတင်လိုက်ဖို့ သင်တွေးမိလာပါလိမ့်မယ်။ ကောင်းပါပြီ။ ကျွန်တော် ဆက်မညွှန်းချင်တော့ပါဘူး။ သူ့အကြောင်းပဲ ဆက်ပြောပါတော့မယ်။ အားသာချက် အရွယ်အစားနဲ့ သတ်မှတ်ခွဲခြားမယ်ဆိုရင် အငယ်စား Sport ကားတစ်စီးဖြစ်တာကြောင့် မြို့ တွင်းလို ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းတွေမှာတောင် […]

Read More

Samsung Galaxy A Smart Phone မိတ်ဆက်ပွဲအခမ်းအနား

Samsung Galaxy A Smart Phone မိတ်ဆက်ပွဲအခမ်းအနားကိုတော့ ဇန်န၀ါရီလ ၈ ရက်က ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။  

Read More

Acer Liquid Z5

Acer Liquid Z5 တွင် Media Tek MT6572 Cortex A7 Dual Core 1.3GHz Processor အသုံးပြုထားပြီး Memory 1GB ပါရှိသည်။ Internal Storage Memory 4GB ပါဝင်ပြီး 32GB အထိ တိုးမြှင့်အသုံးပြုနိုင်မည် ဖြစ်သည်။ Graphic ပိုင်းအတွက် Mali 400 512MB GPU ပါဝင်ပြီး မျက်နှာပြင်မှာ ၅ လက်မ ကျယ်ဝန်းကာ FWVGA (854 x 480) Resolution ရှိမည် ဖြစ်သည်။ နောက်ကျောဘက် အခြမ်းတွင် 5MP ရှိသည့် ကင်မရာပါဝင်ပြီး စကရင်ဘက်အခြမ်းတွင် 0.3MP ရှိသည့် ကင်မရာပါဝင်သည်။ Dual SIM […]

Read More