Day: January 14, 2015

ဒေါ်လာ ၉၀ တန် Tizen စမတ်ဖုန်းကို Samsung မိတ်ဆက်

Samsung သည် Tizen operating system အသုံးပြုထားသည့် စမတ်ဖုန်းတစ်မျိုးကို အိန္ဒိယတွင် စတင်ရောင်းချခဲ့သည်။ Samsung Z1 ဟုခေါ်သည့် အဆိုပါ စမတ်ဖုန်းတွင် ၄ လက်မအရွယ် WVGA screen, 3G data, 1.2GHz dual-core processor, 768MB RAM, 1500mAh battery, 3.1-megapixel ကင်မရာနှင့် 4GB သိုလှောင်မှု ပမာဏ (microSD slot ပါဝင်) ကို ထောက်ပံ့ပေးထားသည်။ ၎င်းစမတ်ဖုန်းကို အိန္ဒိယရူပီး ၅,၇၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၉၀ ကျော်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ ဖုန်း၏ spec များမှာ နိမ့်သော်လည်း Samsung ကမူ ဖုန်း၏ boot time […]

Read More

အများပြည်သူသုံး Google Domain beta ဝန်ဆောင်မှု အမေရိကန်တွင် စတင်

ပြီးခဲ့သည့်ဇူလိုင်လက စာရင်းပေးသွင်းပြီး invite ပြုလုပ်မှသာ အသုံးပြုရသည့် Google ၏ domain ဝန်ဆောင်မှုကို ယခုအခါတွင် အမေရိကန်နိုင်ငံရှိ မည်သူမဆို အသုံးပြုနိုင်ရန် ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ Google Domain များတွင် သုံးစွဲသူများက ၎င်းတို့၏ ဝက်ဘ်ဆိုက်များကို ထိန်းသိမ်းရာ၌ အထောက်အကူ ဖြစ်စေရန်အတွက် dashboard ကို ထည့်သွင်းပေးထားသည်။ ထို့အပြင် ဘလော့ဂါများသည် ၎င်း Domain များကို Google ၏ blog post များဖြင့် sync ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုတွင် template များနှင့် Shopify, Squarspace, Wix နှင့် Weebly ကဲ့သို့ပါဝင်သော ဝက်ဘ်ဆိုက်တည်ဆောက်မှု ဈေးနှုန်းများကို ယှဉ်တွဲပြသမည့် […]

Read More

အိုင်စီတီစီးတီးအတွက်မြေနရာ အသစ်ကို ပြန်လည်ရှာဖွေ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိုင်စီတီး စီးတီးတစ်ခုထူထောင်ရန် မြေနေရာအသစ်ကို ပြန်လည်ရှာဖွေ နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် အိုင်စီတီစီးတီး ထူထောင်ရန်အတွက် မြေဧက ၃၀၀ ကို ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သန်လျင်မြို့နယ်၌ သတ်မှတ်ပေးခဲ့သော်လည်း အဆိုပါမြေနေရာသည် သင်္ဘောကျင်းတစ်ခု တည်ဆောက်ရန် လျာထားပြီးဖြစ်သည့်အတွက် မြေနေရာအသစ်ကို ပြန်လည်ရှာဖွေ ပေးမည်ဟု သိရသည်။ “ဘယ်လိုအကောင်အထည် ဖော်ဆောင်ရမယ်ဆိုတဲ့ အိုင်ဒီယာတွေ ကတော့ ရှိနေပြီ။ ရရှိတဲ့မြေနေရာ အကျယ်အဝန်းပေါ်မူတည်ပြီး ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ပြန်စဉ်းစားရမှာပဲ။ မြေနေရာသစ်က ဘယ် နေရာမှာ ရမယ်ဆိုတာလည်း မသိသေးဘူး” ဟု ဦးမျိုးမြင့်ထွန်းက ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံစဉ်က အိုင်စီတီစီးတီးတစ်ခု ထူထောင်ရန် […]

Read More

HP Elitebook Folio 1020

အားသာချက် ပါးလွှာပေါ့ပါးသည့် ဒီဇိုင်းရှိသည်။ ကီးဘုတ်တုံ့ပြန်မှု အပိုင်းအတော်လေးကို ကောင်းမွန်သည်။ Display ပိုင်း resolution ကလည်း အတော်လေးကို ကောင်းမွန်သည်။ ထည့်သွင်းပေးထားသည့် လုံခြုံရေးဆိုင်ရာ feature ကလည်း အတော်လေးကို ကောင်းမွန်သည်။ အားနည်းချက် ထည့်သွင်း သုံးစွဲထားသည့် ဘက်ထရီ၏ ဆက်တိုက် သုံးစွဲနိုင်သည့် သက်တမ်းမှာ သာမန်ထက် အတော်လေးကို နိမ့်ပါးသည်။ Display ပိုင်းတောက်ပ စိုပြည်မှုမှာမူ အခြားသော ပြိုင်ဘက်များထက် အနည်းငယ် အားနည်းနေသည်ကို တွေ့ရသည်။ အသေးစိတ်ဖော်ပြချက် HP Elitebook Folio ၏ ဒီဇိုင်းမှာ MacBook Air ပင်မနာလို ဖြစ်သွားနိုင်သည့် ဒီဇိုင်းဖြစ်သည်။ ပါးလွှာပြီး ထည့်သုံးထားသည့် လုံခြုံရေးပိုင်း feature များမှာ အတော်လေးကို ကောင်းမွန်ပါသည်။ သို့သော် […]

Read More

မိုဘိုင်းဖုန်းပေါ်မှ ငွေလွှဲပို့နိုင်သည့် ဝန်ဆောင်မှု ယခုနှစ်အတွင်း စတင်နိုင်ရန် Ooredoo Myanmar စီစဉ်

ပြည်တွင်းအခြေစိုက် ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar သည် ၎င်းတို့၏ သုံးစွဲသူများ အတွက် မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ငွေလွှဲခြင်း၊ ငွေပို့ခြင်းများကို ဆောင်ရွက်နိုင်မည့် Mobile Money ဝန်ဆောင်မှုသစ်တစ်ရပ်ကို ယခုနှစ်အတွင်း စတင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြည်ပဆက်သွယ်ရေးကုမ္ပဏီသည် Ooredoo ဆင်းမ်ကတ် သုံးစွဲသူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးလွှဲပြောင်းပေးနိုင်မည့် အဆိုပါ ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။ Mobile Money ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် ဘဏ်တွင် ကိုယ်ပိုင်စာရင်းနံပါတ်တစ်ခု ရှိရန်မလိုအပ်ဟု သိရသည်။ “သုံးစွဲသူတွေအနေနဲ့ ဘဏ် account တစ်ခု သီးသန့်ရှိစရာ မလိုပါဘူး။ ဘဏ်နဲ့ ချိတ်ဆက်တဲ့အပိုင်းကို Ooredoo Myanmar ဘက်က ဆောင်ရွက်မှာဖြစ်ပါတယ်” […]

Read More

Voice Translate Pro

ဘာသာစကား ၅၀ ခန့်ကို တစ်ဘာသာမှ အခြား တစ်ဘာသာသို့ ဘာသာပြန်ဆိုပေးနိုင်မည့် App ဖြစ်သည်။ ဘာသာစကားများကို စာသားများဖြင့် မဟုတ်ဘဲ အသံများကို ဘာသာပြန်ဆိုနိုင်မည့် App တစ်ခုလည်း ဖြစ်သည်။ ဒါ့အပြင် စာသားများမှတစ်ဆင့် အသံအနေအထားသို့လည်း ပြောင်းလဲ၍ ဘာသာပြန်ဆိုနိုင်မည် ဖြစ်သည်။ အခမဲ့ Download လုပ်ယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 2 MB ခန့်သာရှိမည် ဖြစ်သည်။ Windows Phone Version 8 နှင့် 8.1 တို့တွင် အလုပ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၃ က Update ထပ်မံပြုလုပ်ပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ဖုန်းသုံးစွဲသူများအကြား ရေပန်းစားနေသည့် Xiaomi Power Bank

Xiaomi သည် စမတ်ဖုန်း သန်းပေါင်းများစွာကို ရောင်းချနေရုံသာမက ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းသည့် Xiaomi Power Bank battery charger မြောက်မြားစွာကိုလည်း ရောင်းချခဲ့ရကြောင်း သိရသည်။ မကြာသေးမီက ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားချက်အရ 10,400 mAh အမျိုးအစား battery charger ရောင်းချမှုသည် တစ်နှစ်အတွင်း အလုံးရေ ၁၀ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ Xiaomi သည် Power Bank အပြင် ကုမ္ပဏီအမှတ်တံဆိပ် ပါဝင်သည့် နားကြပ်များ၊ စပီကာများနှင့် case များကိုပါ ၎င်း၏ homepage မှတစ်ဆင့် ရောင်းချလျက်ရှိသည်။ မည်သည့် ဖုန်းအမှတ်တံဆိပ်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့် Xiaomi Power Bank ကို အမျိုးအစား သုံးမျိုး၊ အရောင် ၇ […]

Read More

Record Pro

Record Pro ဆိုသည့် App သည် iOS အသုံးပြုသူများ iPhone, iPad, iPod Touch အစရှိသည်တို့ပေါ်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ Record ပြုလုပ်သည့်ဖိုင်များကို MP3 ဖိုင်အဖြစ် တိုက်ရိုက် ပြောင်းလဲ၍ သိမ်းဆည်းပေးထားသဖြင့် အသုံးပြုသူများ ဖိုင်ကို ပြန်လည် ထုတ်ယူသည့်အခါတွင် အလွယ်တကူဖြင့် ပြန်လည် အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ App ကို အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ iOS Version 6.0 နှင့်အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ရုပ်ချောသူတိုင်း အခမဲ့ စားသောက်နိုင်မည့် ဝန်ဆောင်မှုကို တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တစ်ခá

တရုတ်နိုင်ငံ၊ ကျန်ဇူးမြို့ရှိ ကိုရီးယား စားသောက်ဆိုင်တစ်ဆိုင်သည် ဆိုင်သို့လာရောက်စားသောက်သူများ၏ မျက်နှာကို scan ပြုလုပ်ပြီး ရုပ်ရည်ချောမောသူများအား အစားအသောက် အခမဲ့ ဧည့်ခင်းတည်ခင်းသည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ အစိုးရသတင်းအေဂျင်စီ ဆင်ဟွာမှ ဖော်ပြခဲ့သည်။ ၎င်းစားသောက်ဆိုင်သည် စားသုံးသူများ၏ မျက်နှာများကို scan ပြုလုပ်ရန်အတွက် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အဆိုပါ ဓာတ်ပုံများပေါ်ရှိ ရုပ်ရည်ရူပကာကို စားသောက်ဆိုင်နှင့် အကျိုးတူပူးပေါင်းထားသော ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး လဲလှယ်သည့် ဆရာဝန်များက ဆုံးဖြတ်ပေးသွားမည်ကြောင်း သိရသည်။ ဆရာဝန်များ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ပြည့်မီသော ရုပ်ရည်ပိုင်ရှင်များသည် Jeju Island ဟုခေါ်သည့် စားသောက်ဆိုင်တွင် အစားအသောက်များကို အခမဲ့တည်ခင်း သုံးဆောင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ကျန်ဇူးမြို့ရှိ ဒေသခံအာဏာပိုင်များသည် ၎င်းအစီအစဉ်ကို နှစ်မြို့ခြင်း မရှိကြကြောင်း Telegraph […]

Read More